ပြည်နယ်နဲ့တိုင်းက (၁၄)ခု၊ လူမျိုးက (၁၃၅) နဲ့ အနာဂတ်ဖယ်ဒရယ်မြန်မာနိုင်ငံတော် (အပိုင်း ၂) ပိုင်စိုး-------------------------------
အပိုင်း(၁) ဖတ်ရန်
https://t.me/paing_soe21/37ကမ္ဘာပေါ်မှာ တရားဝင်လက်နက်ကိုင်အဖွဲအစည်း တစ်ခုထက်ပိုရှိတာ ၇ နိုင်ငံရှိပြီး အဲ့ဒီ နိုင်ငံတွေထဲက တရုတ်နိုင်ငံရဲ့ လ-က်န-က်ကိုင်အဖွဲ (၃) ခုဖြစ်တဲ့ PLA, PAP နဲ့ ပြည်သူ့စစ်သုံးခုလုံးဟာလည်း ဗဟိုအစိုးရဖြစ်တဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ အမိန့်ကို နာခံရပါတယ်။ (တရုတ်ကို ဖယ်ဒရယ်လိုပြောတာမဟုတ်ပါ၊ လက်နက်ကိုင်(၁)ဖွဲထက်ပိုတဲ့နိုင်ငံတွေအကြောင်းပြောတာဖြစ်ပါတယ်)
ဘယ်နိုင်ငံကတော့ လက်နက်ကိုင်အဖွဲဘယ်လောက်ရှိတယ်လို အမည်တွေ တပ်ထားလည်းပဲ အုပ်ချုပ်တဲ့အဖွဲအစည်းကတော့ တစ်ခုတည်းပဲရှိပါတယ်။ မြန်မာနိုင်ငံမှာဆို တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဆိုပြီး တရားဝင်အဖွဲအစည်း နှစ်ခုရှိပြီး ရဲတပ်ဖွဲကလည်း တပ်မတော်ရဲ့ လက်အောက်ကအဖွဲအစည်းတစ်ခုဆိုပြီး နိုင်ငံတကာက သတ်မှတ်ပါတယ်။ နယ်ခြားစောင့်တပ်ဟာလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရပါတယ်။
ဆိုတော့ ကိုယ့်နိုင်ငံကိုလည်း ဖယ်ဒရယ်အုပ်ချုပ်မှုစနစ် ဖြစ်လာဖိုဆိုရင် အခုလို လက်နက်ကိုင်အဖွဲအစည်းတွေကို အနည်းဆုံးတော့ ပြည်နယ်တစ်ခုမှာ တစ်ဖွဲတည်း ဖြစ်သွားအောင် စုစည်းရမှာဖြစ်ပြီး အဲ့ဒီတစ်ဖွဲကလည်း ဒေသခံ ရဲတပ်ဖွဲအနေနဲ့ ဖြစ်စေ ပြည်သူ့စစ်အဖွဲအနေနဲ့ဖြစ်စေ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို နာခံဖို လိုအပ်ပါတယ်။
အဲ့ဒီတော့ အနောက်နိုင်ငံအထောက်အပံ့တွေနဲ့ လူသူလက်နက်အင်အားတောင့်တင်းလာပြီး ကိုယ့်ကိုယ်ကို ဘုရင်လောင်းတွေလောက် အထင်ရောက်လာကြတဲ့ သက်ဆိုင်ရာ လ-က်န-က်ကိုင်အဖွဲခေါင်းဆောင်တွေအနေနဲ့ ဗဟိုအစိုးရရဲ့အုပ်ချုပ်မှုကို လက်ခံနိုင်မလားဆိုတာဟာ အကြီးဆုံးစိန်ခေါ်မှုပါပဲ…။
ဒါတောင် ဒီစိန်ခေါ်မှုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်မြောက်နယ်မြေဖြစ်ဦးပါမှ၊ တပ်ဘက်ကို အနိုင်အရှုးအဖြူအမဲ သဲကွဲပါမှ စဉ်းစားခွင့်ရမယ့် ကိစ္စဆိုတော့ တော်ယုံလူတွေ သိပ်မစဉ်းစားဖြစ်ပဲ အရေးမကြီးတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေရတယ်။
တကယ်တော့ ဒီပြဿနာဟာ သိပ်ကို အရေးကြီးတယ်။ အားကစားပြိုင်ပွဲတစ်ပွဲ ကျင်းပရင်တောင် အားကစားပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ရှိရတယ်၊ ပြိုင်ပွဲဝင်အသင်းတွေကလည်း ရည်မှန်းချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေ အနိုင်ယူနိုင်မယ့် နည်းဗျူဟာတွေ ကြိုတင်ချမှတ်ရတယ်။ စည်းကမ်းနဲ့ ဆုကြေးတွေ ကြိုတင်ညှိနှိင်းရတယ်။ ဒါမှသာ အဆုံးသတ်မှာ အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာလိုရမယ်။ အခုလို လူ့အသ-က်တွေ အများကြီးရင်းထားရတဲ့ တေ-ာ်လှန်ရေးကိစ္စဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။
ဒါဆို လက်နက်ကိုင်ခေါင်းဆောင်တွေ အဲ့ဒီအတွက် ကြိုတင်ညှိနှိင်းမှုတွေ လုပ်ထားကြပြီးပြီလား??
ကျွန်တော့် အနေနဲ့ သုံးသပ်ရရင်တော့ “အန်ကယ်ကတော့ နိုးပါ”လို ပဲ ဦးသိန်းတန်ဆန်လိုက်ပါရစေ..။
ဖယ်ဒရယ်၊ ဖယ်ဒရယ်နဲ့ ဘယ်လောက်ပဲပြောနေပါစေ၊ အားလုံးခေါင်းထဲမှာ ဖယ်ဒရယ်အတွက် ဘယ်သူမှမတွေးဘူး၊ ကိုယ်ပိုင်နိုင်ငံထောင်ရင်ထောင်၊ မထောင်ရင် ကွန်ဖယ်ဒရိတ်သွားမယ့် လူချည်းပါပဲလို တင်ပြလိုပါတယ်။
ကွန်ဖယ်ဒရိတ် အကြောင်းကိုတော့ နောက်တစ်ပိုင်းမှာ ဆက်ပါဦးမယ်။
(#ပင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21facebook တွင်ဖတ်ရန်
https://www.facebook.com/share/p/1EvpjPgyd7/Telegram