Myanmar Hard Talk


Channel's geo and language: Myanmar, Burmese


This is the News Channel

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


❝ဒေါ်လာ၊ ယွမ်နဲ့ ဘတ်တွေကို သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ဗဟိုဘဏ် ထပ်မံထုတ်ရောင်း❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (5~NOV)

အမေရိကန်ဒေါ်လာ (၁၅) သန်းနဲ့ ထိုင်းဘတ်သန်း (၁၀၀) ကျော်အပြင် တရုတ်ယွမ် (၁) သန်းခွဲကို Online Trading Platform ကတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ဗဟိုဘဏ်ဘက်က ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်နေ့က စတင်ပြီး ဒေါ်လာသန်းနဲ့ချီ ထုတ်ရောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ ဒီကနေ့အထိ သုံးလအတွင်းမှာ ဒေါ်လာသန်း ၂၅၆ ကျော်၊ ဘတ် ၁.၀၃၄ ဘီလျံနဲ့ ယွမ် ၄၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားခဲ့တာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရတာဖြစ်ပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-9


❝အမည်မည်းစာရင်း ရေးသွင်းခံထားသူတွေ ပြည်ပကို မထွက်ခွာနိုင်ရေး လုံခြုံရေးအသိသတိနဲ့ ဆောင်ရွက်ကြဖို့ လေဆိပ်က လ/ဝ/ကဝန်ထမ်းတွေကို ပြည်ထောင်စုဝန်ကြီး သတိပေးမှာကြား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (5~NOV)

အမည်မည်းစာရင်း ရေးသွင်းခံထားသူတွေ ပြည်ပကို ထွက်ခွာခွင့်မရရှိစေနိုင်ရေးအတွက် လုံခြုံရေးအသိသတိနဲ့ ဆောင်ရွက်ကြဖို့ လေဆိပ်မှာ တာဝန်ဆောင်နေတဲ့ ဝန်ထမ်းတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သတိပေးမှားကြားလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်ပြီး လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမမှာ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို သတိပေးမှာကြားလိုက်တာ ဖြစ်ပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-8


Video is unavailable for watching
Show in Telegram
မြန်မာနိူင်ငံမှာ ယုံကြည်စွာလာရောက်ရင်းနှီးမြုတ်နှံကြဖို့တရုတ်ရင်းနှီးမြုတ်နှသူတွေကို ဗိုလ်ချုပ်မှူးကြီးဖိတ်ခေါ်။

3.8k 1 20 6 118

❝မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဟိုတယ်/ခရီးဝန်ကြီး ပြော❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (5~NOV)

မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့၊ UFMCCI မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားနဲ့ တရုတ်ခရီးသွားဈေးကွက် မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

အဲဒီအခမ်အနားတွေကို ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုနယ်ပယ်အတွင်း ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးနဲ့ တရုတ်ခရီးသွားဈေးကွက်မြှင့်တင်ရေးတို့အတွက် အထောက်အကူပြုစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး သင်တန်းများတွေဖွင့်လှစ်နိုင်ရေးနဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ အစိုးရနဲ့ CFRD မှ တာဝန်ရှိသူတွေက ကူညီပံ့ပိုးပို့ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-7


❝ရန်ကုန်တိုင်းအတွင်း တစ်ရက်ကို ၈ နာရီ လျှပ်စစ်မီးပြတ်တောက်မည်ဟုကြေညာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟓》

ရန်ကုန်တိုင်းဒေသကြီးထဲက ခရိုင်လေးခုလုံးမှာ တစ်ရက်ကို ၈ နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးတွေမှာ ကြေညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ လျှပ်စစ်မီးပြတ်တောက်မယ့်အစီအစဥ်ကို ဒီကနေ့ (နိုဝင်ဘာ ၅ ရက်) မှာ စတင်မှာဖြစ်တယ်လို့ သိရပြီး အုပ်စု(A) မှာ မနက် ၅ နာရီကနေ မနက် ၉ နာရီအထိတစ်ကြိမ်နဲ့ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မှာဖြစ်သလို အုပ်စု (B) မှာတော့ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိတစ်ကြိမ်နဲ့ ညနေ ၅ နာရီကနေ ည ၉ နာရီအထိတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုကြေညာထားပေမယ့် လက်ရှိမှာ တာမွေ၊ သာကေတ၊ ပုဇွန်တောင်၊ ကမာရွတ်၊ အင်းစိန်နဲ့ ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် မြို့နယ်တော်တော်များများမှာ အလှည့်ကျလျှပ်စစ်မီးလာရမယ့်အချိန်မှာလည်း မီးပြတ်တောက်မှုများရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


❝နစကဥက္ကဋ္ဌနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကူမင်းမြို့မှာတွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုတ်နှံမှုတွေလာလုပ်ဖို့ဖိတ်ခေါ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟓》

စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခရီးစဥ်ကို ဒီကနေ့ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းမှာ စတင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတွေ့ဆုံမှုကို ကူမင်းမြို့မှာရှိတဲ့ Hualuxe Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့နဲ့ လိုအပ်ချက်ရှိနေတဲ့ ဘိလပ်မြေထုတ်လုပ်ဖို့အတွက် ဘိလပ်မြေစက်ရုံတွေ တည်ထောင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို ဗိုလ်ချုပ်မှူးကြီးက ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion...

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-6


❝နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ထွက်ခွာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟓》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia- Lao PDR-Myanmar-Vietnam (CLMV) Summit သို့ တက်ရောက်ရန်အတွက် ယနေ့ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ....

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-5


❝မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နစက ဒုတိယဥက္ကဋ္ဌ ပြော❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟓》

မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွားစဉ်ဆက် နှစ်ပေါင်းများစွာက ရှိခဲ့သော ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးကို ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲများမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းညီလာခံတွင် အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်သကဲ့သို့....

Read More... https://telegra.ph/Myanmar-Hard-Talk-11-05-4


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၅ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎


Video is unavailable for watching
Show in Telegram
MHTNewsရဲ့(04-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- န.စ.က ဥက္ကဌရဲ့တရုတ်ပြည် ခရီးစဉ်နှင့်ဒေသတွင်းသက်ရောက်လာနိူင်မှုများ၊
- ဥပဒေကိုမျက်ကွယ်ပြုနေတဲ့ရွှေဆိုင်တွေကိုဘယ်လိုထိမ်းမလဲ၊
- ဒေါ်နယ်ထရန့် သမ္မတဖြစ်ဖို့များနေတဲ့အမေရိကန်ရွေးကောက်ပွဲ၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews


MHTNewsရဲ့(04-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- န.စ.က ဥက္ကဌရဲ့တရုတ်ပြည် ခရီးစဉ်နှင့်ဒေသတွင်းသက်ရောက်လာနိူင်မှုများ၊
- ဥပဒေကိုမျက်ကွယ်ပြုနေတဲ့ရွှေဆိုင်တွေကိုဘယ်လိုထိမ်းမလဲ၊
- ဒေါ်နယ်ထရန့် သမ္မတဖြစ်ဖို့များနေတဲ့အမေရိကန်ရွေးကောက်ပွဲ၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

6.8k 0 23 1 185

❝မရှိ၍မလင်းသူမရှိစေရ အစီအစဉ်နဲ့ တိုက်ကြီးခရိုင်အတွင်းက မျက်စိရောဂါဝေဒနာရှင်တွေကို အခမဲ့ကုသပေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (4~NOV)

"မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်နဲ့ တိုက်ကြီးခရိုင်အတွင်းက မျက်စိရောဂါ ဝေဒနာရှင်တွေကို ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိသူတွေက ပြည်သူ့ဆေးရုံကြီးနဲ့ တိုက်နယ်ဆေးရုံများတွေမှာ အခမဲ့ ကုသပေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အခမဲ့ ကုသေရေးကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို အခမဲ့ကုသပေးရာမှာ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၊ ဥက္ကံတိုက်နယ်ဆေးရုံ၊ အဖျောက်မြို့တိုက်နယ်ဆေးရုံ၊ အိုင်ကလောင်တိုက်နယ်ဆေးရုံတွေမှာ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆရာဝန်ကြီး၊ တိုက်နယ်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ မြို့တွေက ရပ်ကွက်/ ကျေးရွာတွေက ပြည်သူတွေကို မျက်စိရောဂါ စမ်းသပ်ကုသရာမှာ ခွဲစိတ်ဖို့ လိုအပ်တဲ့ မျက်စိဝေဒနာရှင်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံတွေက အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎


❝မရှိ၍မလင်းသူမရှိစေရ အစီအစဉ်နဲ့ တိုက်ကြီးခရိုင်အတွင်းက မျက်စိရောဂါဝေဒနာရှင်တွေကို အခမဲ့ကုသပေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (4~NOV)

သတင်းအပြည့်အစုံ

👇👇👇👇👇👇👇


❝ဂျပန်ကုမ္ပဏီ ၄၃၀ ကျော်က မြန်မာလုပ်သား ၁၄၀၀ ဝန်းကျင် ခေါ်ယူရန်ကမ်းလှမ်းထား❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟒》

ဂျပန်ကုမ္ပဏီ (၄၃၁)ခုက မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

ခေါ်ယူမည့်အထဲတွင် အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော်ပါဝင်ပြီး အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ထောင်ကျော်အတွက် ခေါ်ယူထားခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ထုတ်ပြန်ပေးနေပြီး အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


❝မုံရွာမြို့နယ်မှာ ဆေင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးဖို့ ဧက ၄၀၀၀၀ ကျော် လျာထား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (4~NOV)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ ၂၀၂၄-၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်မှာ ပဲမျိုးစုံ စိုက်ပျိုးဖို့ စိုက်ခင်းဧက ၄၀၉၆၅ ဧက လျာထားတယ်လို့ သိရပါတယ်။

ယခုအခါမှာ ဒေသခံတောင်သူတွေအနေနဲ့ စိုက်ပျိုးရေ လိုအပ်ချက်နည်းပြီး စျေးကွက်ကောင်းဝင်နိုင်တဲ့ ပဲမျိုးတွေကို ရွေးချယ်စိုက်ပျိုးလာကြသလို ပဲစားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှုတွေ အားကောင်းလာတဲ့အတွက် စပါးစိုက်ပျိုးရေးပြီးလျှင် ကန့်ဘလူမြို့နယ်မှာ ပဲမျိုးစုံစိုက်ပျိုးမှုဟာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ ပဲမျိုးစုံစိုက်ပျိုးရေးအဖြစ် မတ်ပဲ ၈၅၀ ဧက၊ ပဲတီစိမ်း ၁၅၉၀ ဧက၊ ထောပတ်ပဲ ၉၉၅ ဧက၊ စွန်တာပြာ ၁၂၇၃၀ ဧက၊ ကုလားပဲ ၁၇၇၉၀ ဧက၊ ပဲလွန်း ၆၀၀ ဧက ၊ ပဲကြီး ၅၅၅၀ ဧကနှင့်အခြားပဲ ၈၆၀ ဧကကို စိုက်ပျိုးဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎


❝ကမ္ဘာ့ဖလားနဂါးလှေလှော် ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာအသင်း ရွှေတံဆိပ်နဲ့ ငွေတံဆိပ်ဆုတွေ ထပ်မံဆွတ်ခူး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (4~NOV)

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်ရဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) ကို ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွမှာ ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့မှာ ကျင်းပစဉ်မှာ မြန်မာလှေလှော် အားကစားအသင်းအနေနဲ့ ရွှေတံဆိပ်နဲ့ ငွေတံဆိပ်ဆုတွေ အသီးသီး ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)၊ စပိန်၊ ဖိလစ်ပိုင်၊ ဟန်ဂေရီအသင်းတို့သည် နိုဝင်ဘာ ၂ ရက်နေ့က အမျိုးသား၊ အမျိုးသမီး မီတာ၂၀၀ (၁၀) တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ အင်ဒိုနီးရှားအသင်းက ပထမ (ရွှေတံဆိပ်)၊ မြန်မာအသင်းက ဒုတိယ (ငွေတံဆိပ်)၊ တရုတ် (တိုင်ပေ) အသင်းက တတိယ (ကြေးတံဆိပ်) ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

အလားတူ မြန်မာ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ ယူကရိန်းအသင်းတို့ဟာ နို၀င်ဘာ ၃ ရက်နေ့က အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀ (၁၀) တက်လှော်ဗိုလ်လုပွဲကို....

Read More... https://telegra.ph/Myanmar-Hard-Talk-11-04-7

6k 0 2 1 136

❝မိဘတွေရဲ့ချစ်ခြင်းကို မရလို့ဆိုပြီး ၉ တန်းကျောင်းသားတစ်ဦး
သူ့ကိုယ်သူ အဆုံးစီရင်❞


 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟒》

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်းက အသက် ၁၆ နှစ်အရွယ်ရှိတဲ့ ၉ တန်းကျောင်းသားတစ်ဦးဟာ သူ့ကိုယ်သူ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူရေးထားခဲ့တဲ့ မှတ်စုမှတ်တမ်းတွေအရ သူ့ရဲ့ အဖေနဲ့ အမေဟာ သူ့ကို သူ့ညီမလေးလောက် မချစ်ဘူးဆိုတဲ့ စိတ်ခံစားမှုရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သိရပြီး သေဆုံးသူမှာ အဲဒီညီမဖြစ်သူတစ်ဦးသာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစိတ်ခံစားမှုကြောင့် သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်နိုင်တယ်လို့ ယူဆထားပေမယ့် လိုအပ်တဲ့ ဆေးစစ်ချက်တွေ ရယူနိုင်ဖို့အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနကနေတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

6.6k 1 6 13 152
17 last posts shown.