Forward from: View of Sue
[[ လားရှိုးဖြစ်စဉ် ]]
အဓိက စဖေါက်တဲ့အချိန်
နေရာအနှံ့ ရှော့တိုက်ဒုန်းတွေ
ကျတယ်
အဆောက်အဦးတွေပျက်တယ်
လူတွေသေတယ်
တချို့ ခါးလယ် ကနေ
နှစ်ပိုင်း ပြတ်ထွက်တယ်
တန်ပြန် မချေဖျက်နိုင်ဘူး
နောက် ဒရုန်းတွေ သုံးလာတယ်
ရမခတပ် အရေးပါတဲ့နေရာတွေမှာ
ဒရုန်း မဝင်နိုင်အောင်
ဂျမ်မာခံထားတယ်
အဲဒီ ဂျမ်မာ နေရာတွေကို
ရှော့တိုက်ဒုန်းနဲ့ မမှန်မခြင်းထုတယ်
ဂျမ်မာ ပြုတ်ထွက်တယ်
ဂျမ်မာ ပြုတ်ထွက်တော့ ဒရုန်းကို
မကာနိုင်တော့ဘူး
ဒရုန်း ဝင်လာတော့
ရန်သူ့ကင်းထောက်ဒရုန်းက နေရာလာ
ကြည့်တယ်
ကင်းထောက်အချက်ပြတဲ့နေရာကို
ဒေရာ့ဗုံးသယ် လာ တဲ့ ဒရုန်းက
စွန် လို ပဲ ရွှီးကနဲ ထိုးချပြီး
ကွက်တိ ဗုံးချဲတာ
ထိချက်ရော လက် ဆ ရော
လေယာဥ်က
ဗုံးထက် ပြင်းတယ်
သေတာက တော့
တချို့နေရာ အပုံလိုက်ပဲ
တချို့နေရာ လူပါအပေါ် မြောက်တက်
သွားတာ
တပ်မတော် လေယာဉ်က တစ်ခါလာမှ
တစ်စင်းလောက် လာပြီး
က ပြာ ကရာ ဗုံးကြဲပြေးတာ
တခါတေလ ကိုယ့်လူကိုယ်ပြန်ကြဲမိတယ်
ဆင်တောင်မှာ 4 ယောက်
တခါတဲကျတယ်
နောက်တချက်
လေယဉ်ရဲ့အားနည်းချက်က
ကောင်းကင်မှာ ရပ်လို့မရဘူး
အပြေးကြဲရတာ
မသေချာဘူး
နောက်ထပ်
လေယဉ်ရဲ့အားနည်းချက်က
သတင်းပေးတဲ့ခါ
လေယာဉ်က ချက်ခြင်းမလာလို့
ပစ်မှတ်နေရာရွှေ့သွားတာတွေ
ရှိတယ်
လေယဉ်လာတော့ ဟိုကောင်တွေက
လစ်သွားပြီ
ကနဦး စစ်ဖြစ်ဖို့ ကိုးကန့်တွေ အုပ်လိုက်
တက်လာကြပြီ ဆိုကတည်းက
သတင်းပေးသူ ရှိတယ်တဲ့
တပ်က မလုပ်တာ
မလုပ်ပဲ သူတို့လာပစ်မှ ခံ ချ မယ် ဆိုတဲ့
သ ဘော
လေယဉ်က အစ ကတဲက
အဲဒီ အုပ်ထဲကြဲရမှာ
ရမခ ဘက်က မှားတာ မှန်တာ
အသာထား
ဗျူဟာညံ့တာတော့ အမှန်ပဲ
မြေပြင်စစ်ပွဲအနေအထား
ကြည့်ပြန်တော့ ရဲဘော်တွေကိုယ်တိုင်
ပြောတာ
သူတို့ သေနတ်က ပေါ့ပြီး
အဝေးရောက်တယ်
ကျည်တုတ် တယ်တဲ့
ဆိုလိုတက တပ်မတော်သားတွေ
ကျဖို့ထက် ခြေကျိုးလက်ပြတ်ဖို့
အဓိက ထားတာ
ပထမ ရဲဘော်တစ်ယောက်ထိသွားရင်
စစ်သားစိတ်အပြည့်ရှိတဲ့
နောက်ထပ်တပ်သားက ဝင်ဆွဲမယ်
သူတို့ဖက်က
အဲဒါကို စောင့်ပြီး စနိုက်ပါနဲ့
ထပ်တီးတာ
စနိုက်ပါချင်းတူတောင် သူတို့
စနိုက်ပါက မီတာပိုရောက်တယ်
ရဲဘော်တွေ
အကျအဆုံးများကုန်တယ်
တောထဲမှာ အိပ်ရေးပျက် ထမင်းငတ်
စစ်ပမ်းအောင်
အနစ် နာ ခံ တိုက်တဲ့ရဲဘော်တွေလည်း
ရှိပါတယ်
တချို့နေရာ စစ်သားတွေ
တိုက်သာတိုက်နေရတာ
ကွပ်ကဲမဲ့သူ မရှိ ဘူး
ဒီကြားထဲ ရိုးရိုးလက်နက်ချည်း
မဟုတ်ပဲ သူတို့ဖက်က
RPJ နဲ့ ဖိုတီးတွေ ပိုလွှတ်နိုင်တော့
ကိုယ့်ဖက်က ကျ တာ များ
ဆုတ်ရတာတွေ များလာတယ်
အစောပိုင်းက
ဆေးချပြီးတက်လာတဲ့ ကိုးကန့်တွေ
လူပင်လယ်လိုပဲတဲ့
တပ်က ပစ်လို့သေလည်း
အုပ်လိုက်ပြန်တက်တာတဲ့
ကိုယ့်ဖက်က
လူအင်အားရော လက်နက်ရော
မမျှ တဲ့အခါ စိတ်ဓါတ်ကျပြီး
မတိုက်ချင်ကြတော့ဘူး
အမိန့်အရ အသေခံပြီးတိုက် လို့တော့
ပြောတယ်
ဒါပေမဲ့ အရာရှိတွေက အရင်
ရှောင်ထွက်တာ
ကတော်တွေဆိုရင် စစ်မဖြစ်ခင်
အစောပိုင်းကတဲက
လေယဉ်နဲ့ သယ်ပို့ပြီးပြီ
နောက်ပိုင်း စစ်ရှောင်တွေဟာ
တပ်မတော် ကုတင်တစ်ရာဆေးရုံမှာ
စုကြတယ်
အဲဒီမှာလည်း
626ထောက်ပို့တပ် ဆီဂိုလ်ထောင်ကို
ကိုးကန့်တွေ ဒုန်းနဲ့ခွင်းထားလို့
24 နာရီ မီးလောင်နေတာကြီးက
တမြို့လုံး မီးခိုးတွေအူနေတာ
တကယ့်ဗွီဒီယိုထဲက စစ်ကားအတိုင်းပဲ
ဒါပေမဲ့ မကြာပါဘူး
ကုတင်တရာ ဆေးရုံဝင်းထဲ
ရှော့တိုက်ဒုန်း RPJ ဖိုတီး ဒရော့ဗုံးတွေ
ဆက်တိုက် လာတော့တာပါပဲ
ဆေးရုံ ဝရံတာမှာ ကျွှန်တော်တို့အုပ်စု
ထိုင်နေတုန်း ဆေးရုံပေါ်တည့်တည့်
ဒုန်းကျတာ အားကနဲ လူတွေ
အော်သံနဲ့အတူ သွေးပျက်လောက်စရာ
လူနာတွေပါ ပါသွားတယ်
ဝရံတာက လူတွေ တချို့ ဒုန်းစမှန်
ဒါဏ်ရာရ
ကျွှန်တော်ကတော့ အမိုးက တန်း
ပြုတ်ကျလို့ ပေါင်ပွန်းသွားတာလောက်
ဖြစ်ပြီး
ကျွှန်တော့်ဘေးက သမီးငယ်လေး
တစ်ယောက် ဒုန်းစမှန်တာ
ခေါင်းထိဒါဏ်ရာပြင်းလို့ ဆုံးသွားတယ်
စိတ်ထဲမှာတော့
ငရဲပြည်ရောက်နေသလိုပေါ့လေ
ပြောချင်တာက နောက်ပိုင်း လားရှိုးသိမ်းတော့
ကိုးကန့် သုံးလေးရောက်လောက်
မြင်တော့တာ
လူမရှိဘူး
လက်နက်နဲ့ အနိုင်ယူတာ
(လူကုန်ရှိလှ မြင်ရတာထက် နည်းနည်းပဲ
ပိုမယ်)
ကျွှန်တော် လားရိုးမသွားခင်
လူတစ်ယောက်က ခင်ဗျားတို့စစ်တပ်က
ဖွတ်ပါဗျာလို့ ပြောလိုက်လို့
စိတ်ထဲ ထောင်းကနဲ ဒေါသဖြစ်
သွားသေးတယ်
လက်တွေ့ လားရှိုးဖြစ်စဥ်ကိုယ်တွေ့ကြုံမှ
ဟုတ် နေတာ
တွေရတယ်
ကျွှန်တော်တို့တပ်က လက်နက်ကြီးတွေနဲ့
နေ့ရော ညရော ထုတာပါပဲ
နားစည်တောင် အောင့်တယ်
ဒါပေမဲ့ မီးလုံးလက်နက်ကြီးတွေက
ရန်သူမထိပဲ
ကိုယ့်အနား လာလာကျတယ်လို့
ရှေ့တန်းရဲဘော်တစ်ယောက် ပြောဖူး
တယ်
နောက်တစ်ချက်က သံချပ်ကားဗျ
အဆရ 7 မှာ
သံချပ်ကား သုံးသေးတယ်
ရှော့တိုက်ဒုန်းနဲ့
ဒရုန်းကို မယှဥ်နိုင်ဘူး
စစ်ပွဲပြီးခါနီး အလံဖြူထောင်တော့
သံချပ်ကား တစ်စီးကိုယ့်ဟာကို
ဖေါက်ခွဲပြစ်ခဲ့ရတယ်
ဟိုကောင်တွေ ရသွားမှာစိုးလို့
ခြုံပြီးတော့ ပြောမယ်ဆိုရင်
တပ်မတော်ရဲ့ လေယဥ်တွေ တင့်ကားတွေ
အမြှောက်လက်နက်ကြီးတွေ
နောက်ဆုံး ရုရှားက မစ်ဇိုင်းဗျာ
TV ထဲသာ ကြည့်ကောင်းတာဗျ
အပြင်မှာ သုံးစားမရဘူး
ခေတ်အမြင်နဲ့ တွက်တော့ ဟိုသီပေါခေတ်
ပြန်ရောက်သွားတယ်
ရန်သူက လားရှိုးကို အေးဆေး
သိမ်းသွားတာ
လားရှိုးဖြစ်စဥ်မှာတော့
မြန်မာကို
အရှေ့တောင်အာရှ တပ်မတော်ကြီးလို့
ကြွားခဲ့တာ
သဲထဲရေသွန်ပဲဗျ
အဓိက စဖေါက်တဲ့အချိန်
နေရာအနှံ့ ရှော့တိုက်ဒုန်းတွေ
ကျတယ်
အဆောက်အဦးတွေပျက်တယ်
လူတွေသေတယ်
တချို့ ခါးလယ် ကနေ
နှစ်ပိုင်း ပြတ်ထွက်တယ်
တန်ပြန် မချေဖျက်နိုင်ဘူး
နောက် ဒရုန်းတွေ သုံးလာတယ်
ရမခတပ် အရေးပါတဲ့နေရာတွေမှာ
ဒရုန်း မဝင်နိုင်အောင်
ဂျမ်မာခံထားတယ်
အဲဒီ ဂျမ်မာ နေရာတွေကို
ရှော့တိုက်ဒုန်းနဲ့ မမှန်မခြင်းထုတယ်
ဂျမ်မာ ပြုတ်ထွက်တယ်
ဂျမ်မာ ပြုတ်ထွက်တော့ ဒရုန်းကို
မကာနိုင်တော့ဘူး
ဒရုန်း ဝင်လာတော့
ရန်သူ့ကင်းထောက်ဒရုန်းက နေရာလာ
ကြည့်တယ်
ကင်းထောက်အချက်ပြတဲ့နေရာကို
ဒေရာ့ဗုံးသယ် လာ တဲ့ ဒရုန်းက
စွန် လို ပဲ ရွှီးကနဲ ထိုးချပြီး
ကွက်တိ ဗုံးချဲတာ
ထိချက်ရော လက် ဆ ရော
လေယာဥ်က
ဗုံးထက် ပြင်းတယ်
သေတာက တော့
တချို့နေရာ အပုံလိုက်ပဲ
တချို့နေရာ လူပါအပေါ် မြောက်တက်
သွားတာ
တပ်မတော် လေယာဉ်က တစ်ခါလာမှ
တစ်စင်းလောက် လာပြီး
က ပြာ ကရာ ဗုံးကြဲပြေးတာ
တခါတေလ ကိုယ့်လူကိုယ်ပြန်ကြဲမိတယ်
ဆင်တောင်မှာ 4 ယောက်
တခါတဲကျတယ်
နောက်တချက်
လေယဉ်ရဲ့အားနည်းချက်က
ကောင်းကင်မှာ ရပ်လို့မရဘူး
အပြေးကြဲရတာ
မသေချာဘူး
နောက်ထပ်
လေယဉ်ရဲ့အားနည်းချက်က
သတင်းပေးတဲ့ခါ
လေယာဉ်က ချက်ခြင်းမလာလို့
ပစ်မှတ်နေရာရွှေ့သွားတာတွေ
ရှိတယ်
လေယဉ်လာတော့ ဟိုကောင်တွေက
လစ်သွားပြီ
ကနဦး စစ်ဖြစ်ဖို့ ကိုးကန့်တွေ အုပ်လိုက်
တက်လာကြပြီ ဆိုကတည်းက
သတင်းပေးသူ ရှိတယ်တဲ့
တပ်က မလုပ်တာ
မလုပ်ပဲ သူတို့လာပစ်မှ ခံ ချ မယ် ဆိုတဲ့
သ ဘော
လေယဉ်က အစ ကတဲက
အဲဒီ အုပ်ထဲကြဲရမှာ
ရမခ ဘက်က မှားတာ မှန်တာ
အသာထား
ဗျူဟာညံ့တာတော့ အမှန်ပဲ
မြေပြင်စစ်ပွဲအနေအထား
ကြည့်ပြန်တော့ ရဲဘော်တွေကိုယ်တိုင်
ပြောတာ
သူတို့ သေနတ်က ပေါ့ပြီး
အဝေးရောက်တယ်
ကျည်တုတ် တယ်တဲ့
ဆိုလိုတက တပ်မတော်သားတွေ
ကျဖို့ထက် ခြေကျိုးလက်ပြတ်ဖို့
အဓိက ထားတာ
ပထမ ရဲဘော်တစ်ယောက်ထိသွားရင်
စစ်သားစိတ်အပြည့်ရှိတဲ့
နောက်ထပ်တပ်သားက ဝင်ဆွဲမယ်
သူတို့ဖက်က
အဲဒါကို စောင့်ပြီး စနိုက်ပါနဲ့
ထပ်တီးတာ
စနိုက်ပါချင်းတူတောင် သူတို့
စနိုက်ပါက မီတာပိုရောက်တယ်
ရဲဘော်တွေ
အကျအဆုံးများကုန်တယ်
တောထဲမှာ အိပ်ရေးပျက် ထမင်းငတ်
စစ်ပမ်းအောင်
အနစ် နာ ခံ တိုက်တဲ့ရဲဘော်တွေလည်း
ရှိပါတယ်
တချို့နေရာ စစ်သားတွေ
တိုက်သာတိုက်နေရတာ
ကွပ်ကဲမဲ့သူ မရှိ ဘူး
ဒီကြားထဲ ရိုးရိုးလက်နက်ချည်း
မဟုတ်ပဲ သူတို့ဖက်က
RPJ နဲ့ ဖိုတီးတွေ ပိုလွှတ်နိုင်တော့
ကိုယ့်ဖက်က ကျ တာ များ
ဆုတ်ရတာတွေ များလာတယ်
အစောပိုင်းက
ဆေးချပြီးတက်လာတဲ့ ကိုးကန့်တွေ
လူပင်လယ်လိုပဲတဲ့
တပ်က ပစ်လို့သေလည်း
အုပ်လိုက်ပြန်တက်တာတဲ့
ကိုယ့်ဖက်က
လူအင်အားရော လက်နက်ရော
မမျှ တဲ့အခါ စိတ်ဓါတ်ကျပြီး
မတိုက်ချင်ကြတော့ဘူး
အမိန့်အရ အသေခံပြီးတိုက် လို့တော့
ပြောတယ်
ဒါပေမဲ့ အရာရှိတွေက အရင်
ရှောင်ထွက်တာ
ကတော်တွေဆိုရင် စစ်မဖြစ်ခင်
အစောပိုင်းကတဲက
လေယဉ်နဲ့ သယ်ပို့ပြီးပြီ
နောက်ပိုင်း စစ်ရှောင်တွေဟာ
တပ်မတော် ကုတင်တစ်ရာဆေးရုံမှာ
စုကြတယ်
အဲဒီမှာလည်း
626ထောက်ပို့တပ် ဆီဂိုလ်ထောင်ကို
ကိုးကန့်တွေ ဒုန်းနဲ့ခွင်းထားလို့
24 နာရီ မီးလောင်နေတာကြီးက
တမြို့လုံး မီးခိုးတွေအူနေတာ
တကယ့်ဗွီဒီယိုထဲက စစ်ကားအတိုင်းပဲ
ဒါပေမဲ့ မကြာပါဘူး
ကုတင်တရာ ဆေးရုံဝင်းထဲ
ရှော့တိုက်ဒုန်း RPJ ဖိုတီး ဒရော့ဗုံးတွေ
ဆက်တိုက် လာတော့တာပါပဲ
ဆေးရုံ ဝရံတာမှာ ကျွှန်တော်တို့အုပ်စု
ထိုင်နေတုန်း ဆေးရုံပေါ်တည့်တည့်
ဒုန်းကျတာ အားကနဲ လူတွေ
အော်သံနဲ့အတူ သွေးပျက်လောက်စရာ
လူနာတွေပါ ပါသွားတယ်
ဝရံတာက လူတွေ တချို့ ဒုန်းစမှန်
ဒါဏ်ရာရ
ကျွှန်တော်ကတော့ အမိုးက တန်း
ပြုတ်ကျလို့ ပေါင်ပွန်းသွားတာလောက်
ဖြစ်ပြီး
ကျွှန်တော့်ဘေးက သမီးငယ်လေး
တစ်ယောက် ဒုန်းစမှန်တာ
ခေါင်းထိဒါဏ်ရာပြင်းလို့ ဆုံးသွားတယ်
စိတ်ထဲမှာတော့
ငရဲပြည်ရောက်နေသလိုပေါ့လေ
ပြောချင်တာက နောက်ပိုင်း လားရှိုးသိမ်းတော့
ကိုးကန့် သုံးလေးရောက်လောက်
မြင်တော့တာ
လူမရှိဘူး
လက်နက်နဲ့ အနိုင်ယူတာ
(လူကုန်ရှိလှ မြင်ရတာထက် နည်းနည်းပဲ
ပိုမယ်)
ကျွှန်တော် လားရိုးမသွားခင်
လူတစ်ယောက်က ခင်ဗျားတို့စစ်တပ်က
ဖွတ်ပါဗျာလို့ ပြောလိုက်လို့
စိတ်ထဲ ထောင်းကနဲ ဒေါသဖြစ်
သွားသေးတယ်
လက်တွေ့ လားရှိုးဖြစ်စဥ်ကိုယ်တွေ့ကြုံမှ
ဟုတ် နေတာ
တွေရတယ်
ကျွှန်တော်တို့တပ်က လက်နက်ကြီးတွေနဲ့
နေ့ရော ညရော ထုတာပါပဲ
နားစည်တောင် အောင့်တယ်
ဒါပေမဲ့ မီးလုံးလက်နက်ကြီးတွေက
ရန်သူမထိပဲ
ကိုယ့်အနား လာလာကျတယ်လို့
ရှေ့တန်းရဲဘော်တစ်ယောက် ပြောဖူး
တယ်
နောက်တစ်ချက်က သံချပ်ကားဗျ
အဆရ 7 မှာ
သံချပ်ကား သုံးသေးတယ်
ရှော့တိုက်ဒုန်းနဲ့
ဒရုန်းကို မယှဥ်နိုင်ဘူး
စစ်ပွဲပြီးခါနီး အလံဖြူထောင်တော့
သံချပ်ကား တစ်စီးကိုယ့်ဟာကို
ဖေါက်ခွဲပြစ်ခဲ့ရတယ်
ဟိုကောင်တွေ ရသွားမှာစိုးလို့
ခြုံပြီးတော့ ပြောမယ်ဆိုရင်
တပ်မတော်ရဲ့ လေယဥ်တွေ တင့်ကားတွေ
အမြှောက်လက်နက်ကြီးတွေ
နောက်ဆုံး ရုရှားက မစ်ဇိုင်းဗျာ
TV ထဲသာ ကြည့်ကောင်းတာဗျ
အပြင်မှာ သုံးစားမရဘူး
ခေတ်အမြင်နဲ့ တွက်တော့ ဟိုသီပေါခေတ်
ပြန်ရောက်သွားတယ်
ရန်သူက လားရှိုးကို အေးဆေး
သိမ်းသွားတာ
လားရှိုးဖြစ်စဥ်မှာတော့
မြန်မာကို
အရှေ့တောင်အာရှ တပ်မတော်ကြီးလို့
ကြွားခဲ့တာ
သဲထဲရေသွန်ပဲဗျ