View of Sue


Channel's geo and language: not specified, not specified
Category: not specified


သတင်းအမှန်နှင့် သဘောတရားရေးများ တင်ပြပါမယ်

Related channels  |  Similar channels

Channel's geo and language
not specified, not specified
Category
not specified
Statistics
Posts filter


မနေ့က စစ်ကြောရေးမှာ သေတယ်ဆိုတဲ့ PDF

သူမသေရင်လည်း သူများကို သွေးအေးအေးနဲ့ သတ်နေမယ့်ရုပ်


မန္တလေး တံတားဦးတွင် သတင်းအရ ယနေ့နေ့လည် (၁)နာရီအချိန်ခန်က မတ်တူးကား အဖြူ ရောင်အား တားဆီးစစ်ဆေးရာ M- 16 (၅)လက်၊ မြန်မာကျပ်ငွေ (၁၄၅)သိန်း၊ လက်ပစ်ဗုံး (၆)လုံးနှင့်အတူ PDF အကြမ်းဖက်သမား (၅) ဦး ဖမ်းဆီးရမိကြောင်းသိရပါတယ်။

Local short news


ကိုယ်တွေသာ မသိတာ
ရွှေဘတွေက အဲဒီလို ဆော်နေတာ

မနေ့က CDF စခန်းသိမ်းလိုက်တာ
သိတောင်မသိလိုက်ဘူး


Forward from: The River News TRN
ဆယ်စုနှစ်အတွင်း အကြီးမားဆုံးနည်းပညာချို့ယွင်းမှုကို ဒုတိယမြောက်နေ့အဖြစ် DBS ဘဏ် ရင်ဆိုင်နေရ
____________________________

စင်ကာပူနိုင်ငံက DBS အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ဒုတိယနေ့အဖြစ် ဆက်လက်ပြီး အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးဘဏ်လုပ်ငန်းစုဟာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်ခဲ့တယ်လို့
သိရပြီး ဒီပြသနာကို အမြန်ဆုံးဖြေရှင်းနေတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့ကစတင်ပြီး အခုလိုအခက်အခဲတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မဖြစ်ပွားခင် နာရီပိုင်းအလိုကမှ ပထမတစ်ကြိမ်ဖြစ်ပေါ်ခဲ့မှုကို ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒီလိုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၀ နောက်ပိုင်း DBS ကနေ ဖောက်သည်တွေအနေနဲ့ အေတီအမ်စက်တွေကနေ ငွေသားထုတ်ယူနိုင်မှုမရှိမှု ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီး အကြီးမားဆုံးချို့ယွင်းချက်လည်းဖြစ်လာခဲ့ပါတယ်။

အွန်လိုင်းကတဆင့် complain တက်မှုတွေ ထောင်နဲ့ချီကာရှိခဲ့ပြီး အကောင့်တွေဝင်ရောက်လို့မရတာကြောင့် ငွေသားတွေကို ဘဏ်ပြောင်းလဲကာ ပြုလုပ်မယ်လို့ပါ ခြိမ်းခြောက်မှုတွေရှိနေခဲ့ပါတယ်။ ပထမတစ်ကြိမ်ဖြစ်ပွားမှုကို ပြင်ဆင်ပြီးမကြာခင်မှာပဲ ထပ်မံဖြစ်ပွားခဲ့တာက ဖောက်သည်တွေကို ဒေါသထွက်စေခဲ့ပြီး လုပ်ငန်းဆောင်တာတွေ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးချို့ယွင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဘဏ်ကတော့ ဖောက်သည်တွေအနေနဲ့ တစုံတရာစိုးရိမ်စရာမရှိဘူးလို့ အာမခံချက်ပေးခဲ့ပါတယ်။ ဘဏ်မန်နေဂျာဖြစ်သူ Shee Tse Koon က "ဘဏ်ခွဲအားလုံးကို ဝန်ဆောင်မှုအနေနဲ့ ၂ နာရီကြာတိုးချဲ့ဆောင်ရွက်ပေးထားပြီး ဆက်ဆံရေးမန်နေဂျာတွေနဲ့ ဖောက်သည်ဝန်ဆောင်မှုအရာရှိတွေက အရေးပေါ်ဘဏ်လုပ်ငန်းတောင်းဆိုမှုတွေကို ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

The River News


Forward from: The River News TRN


Forward from: NP News-Myanmar
မြန်မာနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီခြင်းစာချုပ် အမြန်ဆုံးချုပ်ဆို၍ အာဆီယံအထိ ချိတ်ဆက်ကြရန် မဏိပူရပြည်နယ်အစိုးရကို အိန္ဒိယဗဟိုအစိုးရl တိုက်တွန်း
မိုးတိမ် (NP News) - နိုဝင်ဘာ ၂၄

#NPNews
https://npnewsmm.com/news/619d28c175c7422a8b01ea66


Forward from: NP News-Myanmar
စင်ကာပူအခြေစိုက် SC Auto ကုမ္ပဏီက မြန်မာနိုင်ငံ၌ လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်နေ
NP News - နိုဝင်ဘာ ၂၄

#NPNews
https://npnewsmm.com/news/619d2917d84dfb63450dccd3


စလုံးဘဏ်ကတောင် ဖြေရှင်းယူရတယ်။
nug bond တွေကြောင့် e banking ကျသွားတာမဟုတ်ပါဘူး တဲ့။
😁

Naing Tun


ခရစ်ယာန်တွေဘက်လှည့်သွားပြန်ပြီ

အစ်နေ့ကျ အဲဒီလိုပြောရဲလား
မေးပြီလေ


Kalay PDF အကြမ်းဖက်အဖွဲ့က ကလေးမြို့က လူမှူကယ်ဆယ်ရေးအဖွဲ့ရဲ့ ကားကို မိုင်းခွဲ

ထို့သို့ မိုင်းခွဲခံရရ၍ ထိုအသင်းက ကလေးတောင်ပိုင်းကို ကူညီကယ်ဆယ်ရေးများ ရပ်ထားမည်ဟု ကြေညာ

ထို post ရဲ့ မန့်များတွင်လည်း ကူညီရေးလုပ်ငန်းရပ်မည်ဟု ပြောနေသော ပရဟိတသမားများ၏ မန့်များစွာတွေ့ရ

အကြမ်းဖက်သမားတွေအနေနဲ့ ဗုံးခွဲစရာ ပြည်သူပဲရှိပုံပဲ
ပြည်သူအတွတ်လုပ်ပေးတာဘာမှ မရှိ


ကိုးကန့်တပ်ကိုတိုက်ရာတွင် သံချပ်ကာယာဉ်များအသုံးပြု

နိုဝင်ဘာ ၂၄

ကိုးကန့်နယ်မြေတွင် ထိုးစစ်ဆင်မှုများမှာ သံချပ်ကာယာဉ်များပါ အသုံးပြုပြီး ထိုးစစ်ဆင်နေကြောင်း MNDAA က နိုဝင်ဘာလ ၂၄ ရက်က ကြေညာသည်။

နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တပ်မ ၂ ခု တို့မှ မိုင်းကိုးနယ်မြေအတွင်း အပြင်းအထန်ထိုးစစ်ဆင်နေပြီး သံချပ်ကာယာဉ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်

နိုဝင်ဘာ ၂၂ ရက် တစ်နေ့လုံး အမြောက်တပ် စခန်းများမှ သံချပ်ကာယာဉ်များသည် MNDAA ခံစစ်နေရာများနှင့် တောင်တန်းများကို လက်နက်ကြီး အချက် ၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရ

https://t.me/suemeda/3983?single


Forward from: MRTV
Video is unavailable for watching
Show in Telegram
အမရပူရမြိုနယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


"ဒီပဲယင်းမြို့နယ်တွင် နေအိမ်အတွင်းရှိ မိသားစုဝင် ၅ ဦးအား သတ်ဖြတ်ကာ ပစ္စည်းများကို ယူဆောင်သွား"

နိုဝင်ဘာ ၂၄၊ ၂၀၂၁ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးရွာတွင် နေအိမ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်အတွင်းရှိ တန်ဖိုးရှိရွှေထည်ပစ္စည်းများနှင့် ငွေတချို့ကို ယူဆောင်သွားမှုဖြစ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပေါ်ခဲ့ခြင်းပြီး နေအိမ်အတွင်း မိသားစု အရိပ်အရောင်မတွေ့ရှိရသည့်အတွက် အိမ်နီးချင်းများက နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ မိသားစုဝင်များကို ဓားဒဏ်ရာ ၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူများသည် အေးသာယာရွာ၌ ပိုက်ဆံရှိအသိုင်းအဝိုင်းဖြစ်ကြောင်း၊ အသတ်ခံရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ကိုယ်ဝန် ၉ လ ခန့်ရှိကြောင်း ဒေသခံတစ်ဦး ၏ ပြောဆိုချက်အရသိရသည်။

အထက်ပါ သေဆုံးသူများ၏ ရုပ်အလောင်းများကို စစ်ဆေးမှုများပြုလုပ်ကာ ၂၃ ရက်နေ့ တွင် သဂြိုလ်မှုပြုလုပ်ပေးခဲ့ကြောင်းလည်း သိရသည်။

The River News TRN

Telegram: https://t.me/therivernewstrn




လောင်းလုံးမှာ တနင်္သာရီတိုင်းဝန်ကြီးနဲ့ NLD ဗဟိုကော်မတီဝင်တို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံရ

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနဲ့ NLD ပါတီရဲ့ ဗဟိုကော်မတီ(CC) ဝင် ဦးဗိုလ်ထွေးတို့ရဲ့နေအိမ်​တွေကို ချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။

လောင်းလုံးမြို့နယ် မင်းရပ်ရွာက ဦးမြင့်စန်းရဲ့နေအိမ်နဲ့ ကျောက်ဆင်ရွာက ဦးဗိုလ်ထွေးတို့ရဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၂၂ ရက်မှာလာရောက်ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

ဦးမြင့်စန်းနဲ့ ဦးဗိုလ်ထွေးတို့ဟာ သူတို့ရဲ့နေအိမ်တွေမှာ မနေတာကြာပြီလို့သိရပါတယ်။

ဝန်ကြီး ဦးမြင့်စန်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း လောင်းလုံးမဲဆန္ဒနယ်အမှတ် ၂ ကနေ အနိုင်ရခဲ့သူဖြစ်ပြီး NLD ပါတီရဲ့မြို့နယ်အတွင်းရေးမှူးတစ်ယောက်လည်းဖြစ်ပါတယ်။

ဦးဗိုလ်ထွေးကတော့ လောင်းလုံးမဲဆန္ဒနယ် အမှတ် ၁ က တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်ပြီးအနိုင်ရရှိထားသူဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက NLD ပါတီရုံးတချို့ ပစ်မှတ်ထားဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - ကျောက်ဆင်ရွာက ဦးဗိုလ်ထွေးနေအိမ်။




ဝတပ်ဖွဲ့ထင်တယ်
တပ်မတော်က ပစ်ရင် အော်ကြဦးမယ်
အခုတော့ အေးဆေးပဲ
*

တာချီလိတ်ဘက်ကနေ ထိုင်းဘက်ကို မူးယစ်ဆေးသယ်တဲ့အဖွဲ့နဲ့ ထိုင်းစစ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ကုန်ကူးသူ(၆)ဦး သေဆုံး
မိုးတိမ် (NP News) - နိုဝင်ဘာ ၂၄

https://npnewsmm.com/news/619cf6288ebb6a7b3558ee65


နိုဝင်ဘာ ၂၄၊ ၂၀၂၁၊ နံနက်၁၀ နာရီ ၁၁ မိနစ်အချိန်တွင် မုံရွာနှင့် ရေစကြိုကြားရှိ မြေအောက်ဖိုက်ဘာဆက်ကြောင်းပျက်သောကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့အများအပြားတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်ခြင်းဖြစ်ပေါ်


Forward from: မောင်ဆူးလှည်း
နီပေါတွေက NUG ရဲ့ ငွေတိုက်စာချုပ် နာရီပိုင်းအတွင်း ဒေါ်လာ ၆ သန်းဖိုးရောင်းရတယ် ဘာညာ ပြောနေပေမဲ့ NUG ရဲ့ တရားဝင်အစည်းအဝေးအပြောက နှစ်နာရီအတွင်း ဒေါ်လာ ၂ သန်းဖိုးပဲ ရောင်းရတာပါတဲ့။

https://www.facebook.com/105408625013111/posts/235191795368126/

ဘောမတွေဘက်မှာ ဒေါ်လာ ၂၀၀၀၀ ဖိုး ဝယ်ဖို့စာရင်းပေးခဲ့သူနဲ့ ဒေါ်လာ ၂၅၀၀၀ ဖိုးဝယ်ဖို့စာရင်းပေးခဲ့သူနဲ့ရယ်။

ကိုယ့်အသိတစ်ယောက်ဆို ဒေါ်လာ ၅၀၀၀ တန် ငွေတိုက်စာချုပ် ၅ စောင် ၂၅၀၀၀ ဖိုးဝယ်ဖို့ စာရင်းပေးလာတယ်။ နာမည်ဖြည့် e-mail ဖြည့်တာနဲ့ ဝယ်မယ်စာရင်းဝင်တာကိုး။ သူ့ဘက်က ကိုယ် ငွေလွှဲပြီးမှ စာချုပ်တို့ဘာတို့ ပို့မဲ့သဘော။ ဒေါ်လာ ၂၅၀၀၀ ဖိုး စာရင်းပေးသူကတော့ အပျော်ပါ။ ငွေမသွင်းပါဘူးတဲ့။ 

သူပြောမှ နွေဦးတော်လှန်ရေးစကာစ CDM တွေ ထိုင်စားနိုင်ဖို့ အလှုခံစမှာ စာရင်းရှိက ကျပ် ခုနစ်ဘီလျံကျော် လှုမယ်ပြောထားပြီး တကယ်လှုတော့ တစ်ဘီလျံတောင် မပြည့်တာ သွား သတိရမိတယ်။

အခု ငွေတိုက်စာချုပ်လည်း အဲဒီလိုဖြစ်နေလားမသိ။ ဘောမတွေ ဝင်ခွီတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် စာရင်းဝင်ပေးကြတာနဲ့ဆိုတော့ NUG ဘက်မှာ သန်းနဲ့ချီစာရင်းတွေဝင်သွား။ တကယ့်တကယ်ငွေလွှဲကြပါဆိုတော့ ဝယ်ထားသူအများစု မလွှဲ အဲဒီလိုဆိုရင်တော့ ရင်ကွဲ​ပြီ။


Forward from: မောင်ဆူးလှည်း
George Soros နဲ့ ဒေါ်စုရဲ့လက်ရုံး ဦးသောင်းထွန်းကြ​ီး ဒီနေ့ အဂတိနဲ့ အကစ်ခံခဲ့ရတယ်။

သူ​့ အဂတိရှိကြောင်း စ ရေးခဲ့တာ ကိုယ်။ ရေးခဲ့တဲ့အချိန်က NLD. လက်ထက် ၂၀၁၉ ေမလတုန်းက။

Eleven ဒီလင့်ခ်မှာဖတ်

https://news-eleven.com/article/107473

ဦးသောင်းထွန်းဟာ သူ့ဆရာဦးနေထွန်းအတွက် သူ့ဆရာနဲ့ သူ့သားလုပ်နေတဲ့ CP ကို Macro ကြီးဖွင့်ဖို့ နိုင်ငံပိုင်မြေကိုးဧက ထိုးကျွေးခဲ့တာ။ အခု Macro ေနရာက ဦးသောင်းထွန်းကြောင့် တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ သုံးသိန်းနစ်နာခဲ့တယ်။ အနှစ် ၇၀ ဆို တွက်သာကြည့်။

ကိုယ်က. NLD. ကို စင်တင်ထောက်ခံမဲဆွယ်မဲပေးခဲ့ပေမဲ့ NLD လုပ်ရပ်အမှားတွေကြောင့် နိုင်ငံနစ်နာတာ တန်းစီရေးခဲ့တာ။ ဒါကြောင့်လည်း NLD က လူတွေ ကိုယ့် မုန်းကြတာ။ မုန်းလက်စနဲ့မထူးပါဘူး။ YP ကိစ္စတို့ Patek Phillip ကိစ္စတို့လည်း ကိုယ် ရေးခဲ့တာတွေရှိတယ်။ သက်သေတွေရှိတယ်။ နိုင်ငံ့အတွက်လိုအပ်ရင် ဖော်မယ်။

20 last posts shown.

885

subscribers
Channel statistics