PAN


Channel's geo and language: Myanmar, Burmese


တိကျမှန်ကန် PAN
📬 09772979725
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


သြစတြေးလျဓာတ်ခွဲခန်းမှ သေစေနိုင်သောဗိုင်းရပ်စ်များ ပျောက်ဆုံးနေကြောင်း ထိုင်းဆရာဝန်က သတိပေး
*****
(နိုင်ငံတကာ) ဒီဇင်ဘာ ၁၂

     ထင်ရှားသော ထိုင်းအာရုံကြောဗေဒပညာ ရှင် ဒေါက်တာ Thiravat Hemachudha သည် သြစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်များ ပါဝင်သော ဓာတ်ခွဲခန်းပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့သည်။ 

    Hendra virus၊ Lyssavirus နှင့် Hantavirus အပါအဝင် ပျောက်ဆုံးနေသော ဗိုင်းရပ်စ်များကို BSL-4 ရောဂါပိုးများအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ဇီဝလုံခြုံမှု အမြင့်ဆုံးအဆင့်ကို ထိန်းချုပ်ရန် .......

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2024/12/12/သြစတြေးလျဓာတ်ခွဲခန်းမှ/

https://t.me/positiveanglenews
#PAN


အယ်လ်ဇိုင်းမားရောဂါအကြောင်း သိကောင်းစရာ
*****
(ကျန်းမာရေး)ဒီဇင်ဘာ  ၁၂

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အယ်လ်ဇိုင်းမားရောဂါအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      အယ်လ်ဇိုင်းမားရောဂါ ဆိုတာက တဖြည်း ဖြည်းချင်းဆိုးလာသောရောဂါတစ်မျိုးပါ။ မှတ် ဉာဏ်နှင့် အခြားစိတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းရှုပ်ထွေးခြင်း မှတ်မိရန်ခက်ခြင်းဖြင့် ရောဂါလက္ခဏာတွေစပြတတ်ပါတယ်။။ တဖြည်းဖြည်းနှင့် ဘဝ၏ အရေးကြီးပုဂ္ဂိုလ်များကိုပါမေ့ခြင်းနှင့် ပြုမူနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဖြစ်သွားတတ်ပါတယ်။

     အယ်လ်ဇိုင်းမားရောဂါသည် စိတ်ကစဉ့် ကလျားရောဂါ( ဦးနှောက်ချို့ယွင်းမှုကြောင့် မှတ် ဉာဏ်နှင့် ဆက်ဆံရေးပျက်စီးသွားသောရောဂါ) ဖြစ်စေသော အဖြစ်များဆုံး ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/12/11/အယ်လ်ဇိုင်းမားရောဂါအကြ/

https://t.me/positiveanglenews
#PAN


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏


Video is unavailable for watching
Show in Telegram
ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွက် PAN က ရရှိထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေကို တင်ဆက်ပေးပါမယ်။


- ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ “ဝ”တပ်ဖွဲ့ ဆို

- တရုတ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းဖို့ KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံကို သွားရောက်


- ဘိုကလေးမြိုမှာ G-9 ကျောင်းသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိ

- ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တွင် TV ဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

- ဆီးရီးယားသူပုန်ခေါင်းဆောင် နဲ့ ဝန်ကြီးချုပ် တို့ အာဏာလွှဲပြောင်းရေး ဆွေးနွေး

- အစ္စရေးစစ်တပ်က ဆီးရီးယားမြို့တော်အနီးထိ ဝင်ရောက်လာ


အစရှိတဲ့ သတင်းတွေကို တစ်စုတစည်းတည်း တင်ဆက်ပေးထားပါတယ်။

#pan_broadcasting


ကမ်းနားအနောက်ရက်ကွက်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
********
(မှုခင်းး) ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရက်ကွက်၊နယ်မြေ (၂) မ/၂၃ ဓနသိဒ္ဓိလမ်းတွင် ယနေ့ ၁၁ နာရီအချိန်ခန့် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ မောင်အောင်ဘုန်းမြင့် (ခ) ပါကျဲ အသက် ၂၀ နှစ်၊(ဘ)ဥိးအေးမြင့်၏ သားဖြစ်သူသည် နေအိမ်ပေါ်ရှိထုပ်တန်းအားလွယ်အိပ်ကြိုးဖြင့်ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ကမ်းနားအနောက်ရက်ကွက်အုပ်ချုပ်ရေးမှူးတို့မှသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မောင်အောင်ဘုန်းမြင့် (ခ) ပါကျဲ၏ အလောင်းအား တွဲလက်လူမှုကူညီရေးအသင်းနှငိ့ချိတ်ဆက်၍ အင်းစိန်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

VK Link>>...
https://vk.com/wall-220066330_9713

Telegram»...https://t.me/positiveanglenews

#PAN


Video is unavailable for watching
Show in Telegram
မြန်မာ့သနပ်ခါးကို ကမ္ဘာ့အမွေအနစ်စာရင်းဝင်အောင် လာမယ့်နှစ်မှာဆောင်ရွက်ဖို့ရှိနေတယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ကပြောဆိုလိုက်ပါတယ်။
#pan_broadcasting


Video is unavailable for watching
Show in Telegram
ရုပ်ရှင်အနုပညာရှင်တွေနဲ့လူပေါင်း၂ ရာကျော်က အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမှာခြင်းလုံးအလှပြတင်ဆက်

#pan_broadcasting


ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိ
******************
(မှုခင်း) ဒီဇင်ဘာ ၁၁

ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် နွားချေး မြေဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ.....

Webpage>>...
https://positiveanglenews.com/2024/12/11/ရွာငံမြို့နယ်တွင်-ရှမ်း/

VK Link>>...
https://vk.com/wall-220066330_9710

Telegram»...
https://t.me/positiveanglenews

#PAN


ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ် တစ်ရက်ခြား ပျံသန်းမည်
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်ကစပြီး ၃ ရက်ကြာ ယာယီပိတ်ထားခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်ရက်ခြား ပြန်လည်ပျံသန်းပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ရန်ကုန်-မြိတ်လက်မှတ်အရောင်းဌာနတွေ ကနေ သိရပါတယ်။

ပုံမှန်ဆိုရင် ရန်ကုန်-မြိတ်ခရီးစဉ်တွေကို Air KBZ လေကြောင်းလိုင်းကနေစဉ်ပျံသန်းနေပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွင်းမှာ မြိတ်လေဆိပ်ကွင်းပြုပြင်နေတာကြောင့် ခရီးစဉ်ကို ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်တယ် လို့သိရပါတယ်။ အခုနှစ်အတွင်း မြိတ်ဒေသခံတွေအနေနဲ့ ရန်ကုန်-မြိတ်-ကော့သောင်း ကားလမ်းမမှာ နယ်မြေ မတည်ငြိမ်မှုများကြောင့် လေကြောင်းခရီးစဉ်ကို အဓိကအားထားနေတာ ဖြစ်ပါတယ်။

မြိတ်လေကြောင်းခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၇ ရက်ကနေ ၉ရက်နေ့အတွင်း.....

Webpage>>...
https://positiveanglenews.com/2024/12/11/ရန်ကုန်-မြိတ်-လေကြောင်းခ/

VK Link>>...
https://vk.com/wall-220066330_9709

Telegram»...
https://t.me/positiveanglenews

#PAN


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ ဆီးရီးယားပြဿနာအတွက် ဆွေးနွေးပွဲကျင်းပ
**********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၁၁

ဆီးရီးယား နိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၉ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ၏အပြောင်းအလဲများမှာ မြန်ဆန်လွန်းတာကြောင့် ဆက်လက်စောင့်ကြည့်ရေးမူ ကျင့်သုံးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက အဆိုပါ တံခါးပိတ်အစည်းအဝေး၌ သဘောတူခဲ့သည်။

အလားတူ ဆီးရီးယားနိုင်ငံ၏ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့်ညီညွှတ်မှုတို့ကို ထိန်းထားနိုင်ရေး၊ အရပ်သားများကို အကာအကွယ်ပေးနိုင်ရေးနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့ခွင့်ရရေးတို့မှာလည်း အရေးကြီးကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများက သဘောတူခဲ့ကြသည်။

ဒီဇင်ဘာလ ၉ ရက်လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ.....

Webpage>>...
https://positiveanglenews.com/2024/12/11/ကုလသမဂ္ဂလုံခြုံရေးကောင-2//

VK Link>>...
https://vk.com/wall-220066330_9708

Telegram»...
https://t.me/positiveanglenews

#PAN


တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယို လာမည့်ဖေဖော်ဝါရီလတွင် ရာထူးမှနုတ်ထွက်ရနိုင်
**********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၁၁

စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းရန်ကြိုးပမ်းမှု ပျက်ပြားခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယို အနေဖြင့် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ရာထူးမှနုတ်ထွက်ရနိုင်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် သတင်းများ၌ ရေးသားဖော်ပြထားသည်။

သမ္မတ ယွန်ဆက်ယိုသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ရာထူးမှနုတ်ထွက်ရေး အတွက် စတင်ဆွေးနွေးနေကြောင်း လက်ရှိ အာဏာရပြည်သူ့အာဏာပါတီက ဒီဇင်ဘာလ ၁၀ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုသည် အတိုက်အခံပါတီများကို ထိုးနှက်မှုတစ်ရပ်အနေ ဖြင့် ဒီဇင်ဘာလ ၃ ရက်တွင် စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းရန်ကြိုးပမ်းခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းတစ်ရပ်ကို ထွက်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

သမ္မတ ယွန်ဆက်ယိုသည် လွှတ်တော်အမတ်များနှင့်.....

Webpage>>...
https://positiveanglenews.com/2024/12/11/တောင်ကိုရီးယားသမ္မတ-ယွန/

VK Link>>...
https://vk.com/wall-220066330_9707

Telegram»...
https://t.me/positiveanglenews

#PAN


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း Quick Impact Projects ဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအရ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦ(လမ်း/တံတား)၊ ပညာရေးနှင့် ကျန်းမာရေး စတဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီဖြင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ Quick Impact Projects (QIPs)အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ် တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ ၆၀x၃၀x၁၂ ပေ RC တစ်ထပ် ဆောက်လုပ်ခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတား တစ်စင်း...

Webpage>>...
https://positiveanglenews.com/2024/12/11/ာဂကိုယ်ပိုင်အုပ်ချုပ်ခ/

VK Link>>...
https://vk.com/wall-220066330_9706

Telegram»...
https://t.me/positiveanglenews

#PAN


အထည်ချုပ်စက်ရုံများမှာ Fully Automatic စက်များ သုံးစွဲမှုပိုများလာ
**********************
(စီးပွားရေး) ဒီဇင်ဘာ ၁၁

ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် လုပ်သားအနည်းငယ်သာအသုံးပြုပြီး ထုတ်ကုန်များများထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် Fully Automatic စက်ပစ္စည်းတွေကို ပိုပြီးအသုံးပြုလာကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်ပနိုင်ငံတွေမှာ စီးပွားချဲ့ထွင်မှုတာတွေရှိတာကြောင့် လုပ်သားခေါ်ယူမှု များပြားနေပြီး ပြည်တွင်းက လုပ်သားတွေဟာ လစာပိုရတဲ့ ပြည်ပနိုင်ငံတွေနဲ့လုပ်ငန်းခွင်များသို့ ပြောင်းရွှေ့သွားရောက် လုပ်ကိုင်နေကြတဲ့အတွက် အခုလို ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာအသုံးပြုတဲ့ စက်ပစ္စည်းရဲ့ ထုတ်လုပ်တဲ့နိုင်ငံနဲ့ စက်ပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကာ စက်ပစ္စည်းတစ်ခုကို အနည်းဆုံးအမေရိကန်ဒေါ်လာ.

Webpage>>...
https://positiveanglenews.com/2024/12/11/အထည်ချုပ်စက်ရုံများမှာ-f/

VK Link>>...
https://vk.com/wall-220066330_9704

Telegram»...
https://t.me/positiveanglenews

#PAN


Video is unavailable for watching
Show in Telegram
လူပေါင်းရာချီပါဝင်တဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ တင်ဆက်မှု

"အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား"

#pan_broadcasting


#PAN


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား/သူ ၂၂၀,၀၀၀ ဝန်းကျင် စာရင်းပေးသွင်းထား
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ ၂၂၀,၀၀၀ ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ်မတ်လ ၁၇ ရက်မှစတင်ကာ မတ်လ ၂၂ ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအား ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုထားကြောင်း....

Webpage>>...
https://positiveanglenews.com/2024/12/11/ယခုနှစ်-တက္ကသိုလ်ဝင်စာမ/

VK Link>>...
https://vk.com/wall-220066330_9703

Telegram»...
https://t.me/positiveanglenews

#PAN


နေပြည်တော် ရေပန်းဥယျာဉ်ကို Royal Garden အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေ
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

နေပြည်တော် ရေပန်းဥယျာဉ်ကို ပန်းပွဲတော်များ ကျင်းပဆောင်ရွက်နိုင်ရေး Royal Garden အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ ခေတ်မီကလေးကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ ကြိုးတံတားပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း၊ Sky Garden တွင် ရှားပါးအပင်များ စိုက်ပျိုးထားရှိမှု၊ အလှပြငါးများနှင့် ရှားပါးတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ရာသီအလိုက်ပွဲတော်များ၊ ပန်းပွဲတော်များကျင်းပဆောင်ရွက်နိုင်စေရေးကို လျာထားစီမံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ နေပြည်တော်ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီတဲ့ ခေတ်မီ.....

Webpage>>...
https://positiveanglenews.com/2024/12/11/နေပြည်တော်-ရေပန်းဥယျာဉ-2/

VK Link>>...
https://vk.com/wall-220066330_9702

Telegram»...
https://t.me/positiveanglenews

#PAN


မြန်မာ-ယူနန် တို့ကြားပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မယ့်ဖိုရမ်သို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာလ ၉ ရက် မွန်းလွဲပိုင်းမှာ ကူမင်းမြို့သို့ ရန်ကုန်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်)ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကြား အပြန်အလှန်ဖလှယ်မှု မြှင့်တင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်.....

Webpage>>...
https://positiveanglenews.com/2024/12/11/မြန်မာ-ယူနန်-တို့ကြားပူး/

VK Link>>...
https://vk.com/wall-220066330_9701

Telegram»...
https://t.me/positiveanglenews

#PAN


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လယ်ယာမြေများအတွက် ရေလွှဲဆည်ငယ် ၁၂ ခု တည်ဆောက်မည်
**********************
(ပြည်တွင်း) ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသ လယ်ယာမြေ များအတွက် စိုက်ပျိုး‌ရေများ ဖြန့်ဝေပေးနိုင်ရန် ရေလွှဲဆည်ငယ် ၁၂ ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါရေလွှဲဆည်ငယ်များ တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများကို အသုံးပြုကာ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုရေလွှဲဆည်ငယ် ၁၂ ခု တည်ဆောက်ပြီးစီးပါက ယင်းဒေသအတွင်းရှိ လယ်ယာမြေများအတွက် စိုက်ပျိုးရေများ ဖူလုံစွာရရှိစေရန် စနစ်တကျ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် ပန်ဆောင်ဒေသတွင်....

Webpage>>...
https://positiveanglenews.com/2024/12/11/နာဂကိုယ်ပိုင်အုပ်ချုပ်-2/

VK Link>>...
https://vk.com/wall-220066330_9700

Telegram»...
https://t.me/positiveanglenews

#PAN


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

20 last posts shown.