PAN


Channel's geo and language: Myanmar, Burmese


တိကျမှန်ကန် PAN
📬 09772979725
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


မိုးထိမိုးမိဒေသ သပြေပင်ကျေးရွာအနီး တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
*****************
(မှုခင်း) ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၌ တရားမဝင်ရွှေတူးဖော် လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေဆုံးရှုံးရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးခြင်းများဖြစ်ပေါ်စေကာ ၎င်းဒေသအနီး ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ......

Webpage>>...
https://positiveanglenews.com/2024/12/03/မိုးထိမိုးမိဒေသ-သပြေပင်/

VK Link>>...
https://vk.com/wall-220066330_9570

Telegram»...
https://t.me/positiveanglenews

#PAN


Update News
*************

ယနေ့ည ၇ နာရီ ၁၅ မိနစ်နာရီခန့်က ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်၊ အထက(၁)ကျောင်းအရှေ့၊ လွတ်လပ်ရေးပန်းခြံ၌ အသံဗုံဟုယူဆရသော ပေါက်ကွဲသံ တစ်ခုကြားရကြောင်း ကနဦးသိရပြီး၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ အသံဗုံးပေါက်ကွဲခဲ့သော သက်သေမတွေ့ရှိရကြောင်း သိရသည်။

#PAN


Video is unavailable for watching
Show in Telegram
လွှတ်တော်အတွင်းကိုဝင်ရောက်လာတဲ့ ကိုရီးယားစစ်တပ်ကို ဝိုင်းဝန်းတားမြစ်နေတဲ့ ရုပ်ဖြစ်ပါတယ်။

#PAN


Video is unavailable for watching
Show in Telegram
တောင်ကိုရီးယား စစ်တပ်က လွှတ်တော်အတွင်း ဝင်ရောက်ဖို့ကြိုးပမ်းနေချိန် အမျိုးသားလွှတ်တော်က စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

#PAN


Video is unavailable for watching
Show in Telegram
ဆိုးလ်မြို့ ပါလီမန်အဆောက် အအုံအနီး အနေအထား။

အလံများနှင့် နဖူးစည်းများပါရှိသော လူများ ပိုမိုများပြားလာနေပြီး၊ ရဲတပ်ဖွဲ့တွေလည်း များပြားတယ်လို့ ပြည်တွင်း လိုင်းတွေက ဆိုပါတယ်။

မကြာသေးမီက စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

#PAN


တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကတော့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တရားမဝင်ဘူးလို့ ကြေညာထားပါတယ်။

#PAN


Video is unavailable for watching
Show in Telegram
တောင်ကိုရီးယားနိုင်ငံသားတွေဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။

အဲ့ဒီအထဲမှာ တောင်ကိုရီးယာကိုရောက်ရှိနေတဲ့ မြန်မာတစ်ချို့ပါဝင်နေတယ်လို့ သိရပြီး ဘယ်သူတွေ ဘယ်လောက်အထိပါဝင်နေတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

#PAN


Video is unavailable for watching
Show in Telegram
အတိုက်အခံအမတ်များ ပိတ်ဆို့ခိုလှုနေသည့် တောင်ကိုရီးယားလွှတ်တော် အဆောက်အအုံအတွင်းသို့ စစ်အုပ်ချုပ်ရေးတပ်ဖွဲ့များ ချိုးဖျက်ဝင်ရောက်။

#PAN


Video is unavailable for watching
Show in Telegram
တောင်ကိုရီးယားစစ်သားများမှ အမျိုးသားလွှတ်တော် အဆောက်အအုံကိုထိန်းချုပ်ရန် ပြတင်းပေါက်များအား ချိုးဖောက်ဝင်ရောက်နေသည်။

#PAN


စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့်အတွက် တောင်ကိုရီးယားစတော့ရှယ်ယာများ သိသိသာသာ ထိုးဆင်းနေသည်ဟု သိရသည်။

#PAN


တောင်ကိုရီးယား အမျိုးသားလွှတ်တော်မှ စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်လိုက်ကြောင်း သိရသည်။

#PAN


တောင်ကိုရီးယားလွှတ်တော်၌ စစ်အုပ်ချုပ်ရေးတပ်များနှင့် အတိုက်အခံအမတ်များအကြား ပဋိပက္ခဖြစ်ပွားနေပြီး စစ်တပ်ရဟတ်ယာဥ်အများအပြား ဆိုးလ်မြို့ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပါတယ်။

Ref:RT
#PAN


Video is unavailable for watching
Show in Telegram
တောင်ကိုရီးယား ၌ မာရှယ်လောကြေညာအပြီး ဗိုလ်ချုပ်ကြီး Park An-su က စစ်အုပ်ချုပ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူကာ လွှတ်တော်နှင့် အစိုးရအဖွဲရုံးသို့ တပ်ဖွဲ့များ နေရာယူချထားခဲ့ပြီး၊ မီဒီယာများအနေဖြင့် အစိုးရခွင့်ပြုချက်ဖြင့်သာ သတင်းထုတ်ပြန်ရမည်ဟုအမိန့်ပေးထားကြောင်း သိရပါတယ်။

Ref:
#PAN


DKBA က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို တာဝန်တိုးပေးခဲ့ကြောင်း ထုတ်ပြန်ကြေငြာ
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၃

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် တာဝန်တိုးပေးခဲ့သည်ဟု ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။

အဆိုပါ တာဝန်တိုးပေးခြင်းခံရသူများမှာ DKBA ကလို့ထူး‌ဘော ဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဒုတိယစစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်ရန် DKBA ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ ယခုလို တာဝန်တိုး ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ DKBA ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် တာဝန်ကို အဆိုပါအစည်းအဝေးတွင်တိုးပေးခဲ့သည့် အပြင် ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို ဗဟိုအကြံပေးနာယကအဖြစ် တာဝန်ပေးအပ်လိုက်သည်ဟု အဆိုပါ....

Webpage>>...
https://positiveanglenews.com/2024/12/03/dkba-က-ထိပ်ပိုင်းခေါင်းဆောင/

VK Link>>...
https://vk.com/wall-220066330_9563

Telegram»...
https://t.me/positiveanglenews

#PAN


တောင်ကိုရီးယား သမ္မတက နိုင်ငံကို အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

(နိုင်ငံတကာ) ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သည် ဘတ်ဂျက်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပါလီမန်အငြင်းပွားနေချိန်တွင် နိုင်ငံအား "ကွန်မြူနစ်အင်အားစုများ"ရန်မှကာကွယ်ရန်အတွက် အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား ကွန်မြူနစ်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုများမှ တောင်ကိုရီးယားကို ကာကွယ်ရန်နှင့် နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အစိတ်အပိုင်းများကို ချေမှုန်းရန် ယခုကဲ့သို့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရခြင်းဖြစ်ကြောင်း Yoon က ရုပ်သံမှ တိုက်ရိုက် မိန့်ခွန်း ပြောကြားခဲ့သည်။

“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ဂရုမစိုက်ဘဲ၊ အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု၊ အထူးစုံစမ်းစစ်ဆေးမှုတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်ကို တရားမျှတမှုကနေ အကာအရံတွေ ပေးဖို့အတွက် အတိုက်အခံပါတီက အုပ်ချုပ်ရေးကို ပျက်ပြားစေခဲ့တယ်” လို့ တောင်ကိုရီးယာသမ္မတက ပြောဆိုခဲ့သည်။

Yoon's People Power Party နဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီတို့သည် လာမည့်နှစ် ဘတ်ဂျက်....

သတင်းအပြည့်အစုံဖတ်ရန် -https://positiveanglenews.com/2024/12/03/တောင်ကိုရီးယား-သမ္မတက-နိ/

#PAN


#PAN


မြောက်ကျွန်းကျေးရွာရှိ လုံခြုံရေးစခန်းအား အကြမ်းဖက် PDF များမှ Drop Bomb ချ တိုက်ခိုက်
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၃

တပ်မတော် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ အခြေပြုလျက်ရှိသော မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာအား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၉.၁၁.၂၀၂၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မြောက်ကျွန်းကျေးရွာအား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၁ လုံးချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် PDF အင်အား ၂၀၀ ခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာသို့ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာတွင် အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးဖြင့်.....

Webpage>>...
https://positiveanglenews.com/2024/12/03/မြောက်ကျွန်းကျေးရွာရှိ/

VK Link>>...
https://vk.com/wall-220066330_9560

Telegram»...
https://t.me/positiveanglenews

#PAN


Update News
*************

ယနေ့ည ၇ နာရီ ၁၅ မိနစ်နာရီခန့်က ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်၊ အထက(၁)ကျောင်းအရှေ့၊ လွတ်လပ်ရေးပန်းခြံ၌ အသံဗုံဟုယူဆရသော ပေါက်ကွဲသံ တစ်ခုကြားရကြောင်း သိရသည်။

#PAN


၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ဖြစ်ပါတယ်။
(ဒီဇင်ဘာ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးသွားမည်...)
#PAN


ထရမ့်၏ခြိမ်းခြောက်မှုက ဒေါ်လာကိုစွန့်လွှတ်လိုသည့်စိတ်များကိုသာ တိုးမြှင့်ဖြစ်ပွားလာစေနိုင်ဟု ရုရှားပြော
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၃

BRICS အဖွဲ့က ကိုယ်ပိုင်ငွေကြေး ထုတ်ဝေအသုံးပြုမည့်အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ လောင်း ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှုသည် နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွှတ်လို သည့် စိတ်များကိုသာ တိုးမြှင့်ဖြစ်ပွားလာစေနိုင်သည်ဟု ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ဒီဇင်ဘာလ ၂ ရက်တွင် ပြောသည်။

BRICS အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုကိုဖယ်ရှားနိုင်ရေးအတွက် ကိုယ်ပိုင်ငွေကြေး ထုတ်လုပ်သုံးစွဲရန် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် ယင်းအဖွဲ့ဝင်နိုင်ငံများက ထိုသို့လုပ်ဆောင်လာပါက အဆိုပါနိုင်ငံများအားလုံးကို သွင်းကုန် စည်းကြပ်အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့် က.....

Webpage>>...
https://positiveanglenews.com/2024/12/03/ထရမ့်၏ခြိမ်းခြောက်မှုက/

VK Link>>...
https://vk.com/wall-220066330_9556

Telegram»...
https://t.me/positiveanglenews

#PAN

20 last posts shown.