*စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်သတင်း*
*******
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် #Fifty Two News
၁၆-၁၂-၂၀၂၄ ရက်တွင် တရားခံ(၇)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
၁။ မြောင်မြို့ အလယ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များမှ ရဲတပ်ဖွဲ့ဝင်မိသားစု များအား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိရှိတွေ့မြင်သော်လည်း တာဝန်ရှိသူထံသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့်တရားခံ မြဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ မြောင်မြို့ အလယ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်း၊ လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုအား အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများအား သိရှိခြင်း၊ အကြမ်းဖက် PDF များအား လက်ခံတွေ့ဆုံပြောဆိုခြင်း များ ပြုလုပ်ခဲ့သည့် တရားခံ သွဲ့သွဲ့ဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၃။ မြောင်မြို့ မြောက်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များမှ ရဲတပ်ဖွဲ့ဝင်မိသားစု များအား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိရှိတွေ့မြင်သော်လည်း တာဝန်ရှိသူထံသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့်တရားခံ ဇော်ရဲနိုင်(ခ)ဖိုးသားအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၄။ မြောင်မြို့ မြောက်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်း၊ မြောက်ရပ်ကွက် လူငယ်များအားစည်းရုံး၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပေးခြင်း၊ လုံခြုံရေးအဖွဲ့ များ သွားလာလှုပ်ရှားမှုအား အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းများအား သိရှိခြင်း၊ လုံခြုံရေးအဖွဲ့များ၏ လှုပ်ရှားသွားလာမှုများအား စောင့်ကြည့်၍ အကြမ်းဖက်သမားများထံသို့ သတင်းပေးခြင်း၊ အကြမ်းသမားများ သိရှိလျက်နှင့် တာဝန်ရှိသူထံသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ တင်ကိုလတ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၅။ မြောင်မြို့ မြို့သစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်း၊ လုံခြုံရေးအဖွဲ့များ သွားလာလှုပ်ရှားမှုအား အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများအား သိရှိခြင်း၊ အကြမ်းသမားများ သိရှိလျက်နှင့် တာဝန်ရှိသူထံသို့ သတင်းပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ မြင့်နိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၆။ စဉ့်ကူးမြို့နယ် လက်ဆည်ဦးကျေးရွာတွင် နေထိုင်လျက်ရှိပြီး လက်ပံလှကျေးရွာမှ အကြမ်းဖက် PDF ခေါင်းဆောင် နေလမင်း(ခ)ကိုနေနှင့်ဆက်သွယ်ပြောဆိုထားခြင်း၊ အကြမ်းဖက် PDF များထံသို့ ငွေကြေးထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ကျော်သိန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က)အရ ထောင်ဒဏ်တစ်သက်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၇။ စဉ့်ကူးမြို့နယ် လက်ဆည်ဦးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များထံသို့ ထမင်း ထုပ်နှင့်ရိက္ခာများအား အကြိမ်ကြိမ် ပို့ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ငွေစိုးနိုင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က)အရ ထောင်ဒဏ်တစ်သက်စီ ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။