Posts filter


မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၂ စီးပျက်စီးတယ်ဆိုပြီး ခေတ်သစ်မီဒီယာမှ ရေးသားထားပါတယ်။ မြေပြင်တွင် မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့ပြီး ကား ၁စီးမှ ကားဘီးများမိုင်းစမှန်ပြီး ဘီးပေါက်သွားသောကြောင့် ရပ်တန့်ထားခြင်းသာရှိကြောင်းနှင့်စစ်သား ၂ဉီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။ အကြမ်း ဖက်အားပေး လော်ဘီ ခေတ်သစ်မီဒီယာမှ မြေပြင်သတင်းမှန်အားမသိရှိပဲ ခုလို မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေနဲ့ ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှားသာဖြစ်ကြောင်းရေးသားဖော်ပြလိုက်ပါတယ်။


ခလရ၂၅၂ တပ်ရင်း ရုတ်တရက်ဝင် တိုက်ခံရပြီး စကစတပ်ဖွဲ့ဝင် ၂ ဉီးသေတယ်လို့ မြေလတ်အသံမှ ရေးသားထားပါတယ်။ မြေပြင်ဖြစ်စဉ် အမှန်မှာ ပခုက္ကူမြို့နယ် ဆင်လမ်းရွာအနီးတွင် အကြမ်းဖက် သမားများ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ များမှ သွားရောက်ရှင်းလင်းတိုက် ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက် PDF ၁ လောင်းနဲ့အတူ လက်နက် ခဲယမ်း ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်းနှင့်စကစ တပ်ဖွဲ့ဝင် ၂ဉီးသေဆုံးမှု မရှိကြောင်း သိရှိရပါတယ်။ အကြမ်းဖက်အား ပေး လော်ဘီ ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက်သမားသေတာကို သတင်းမှန်မရေးပဲ မဟုတ်မမှန် တမင်လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းအမှားသာဖြစ်ကြောင်း သတင်းမှန်အား ရေးသားဖော်ပြလိုက်ပါတယ်။


ဝက်လက်ရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီး သေကြောင်းကြံလို့ အမျိုးသမီး ဖြစ်သူသေဆုံးတယ်လို့ မြေလတ်အသံမှ ရေးသားထားပါတယ်။ မြေပြင်တွင် ဝက်လက်မြို့မ ရဲစခန်းမှာ ဆေးသောက်ပြီး သေကြောင်းကြံစည်တဲ့ ဖြစ်စဉ်မရှိကြောင်း သိရှိရပါတယ်။ အကြမ်းဖက်အားပေး လော်ဘီ ပြည်ဖျက်မီဒီယာတွေက ဒီလိုမဟုတ်မမှန် သတင်းအပုပ်အသိုးတွေ များများလွှင့် များများရေးသားနိုင်လေ ဒေါ်လာ များများရလေပဲဆိုတော့ လုပ်ကြံဖန်တီးရေးသားကြတာ အဆန်းတော့ မဟုတ်ပါဘူး။ သတင်းအဆင့်မရှိ ထင်ရာမြင်ရာ ရေးသားထားတဲ့ ဂျင်းသတင်းတွေနဲ့ အဆိပ်မမိစေဖို့ သတင်းမှန်အား ပြန်လည်ရေးသားဖော်ပြပေးခြင်း ဖြစ်ပါတယ်။




အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၉။ မုံရွာမြို့ ရန်ကင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ လုံခြုံရေးအဖွဲ့များအားတိုက်ခိုက်ရာတွင် ကိုယ်တိုင် ပါဝင်ခြင်း၊ မုံရွာ-အရာတော်လမ်းတွင် ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ကောင်းကိုကိုထက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊ ၅၀(ည) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
၁၀။ မုံရွာမြို့ အေးသာယာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင် ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ တစ်ရပ်ကွက်တည်းနေ ဒေါ်ချိုမှ တူဖြစ်သူ ဘောချိုထံသို့ အစားအသောက်များထောက်ပံ့ပေးပို့သည်ကို သိရှိခြင်း အကြမ်းဖက် PDF အဖွဲ့ဝင် သီဟဖြိုးနှင့်အတူပေါင်းသင်းနေထိုင်ခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ အိအိမော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။


*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၃)*

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
#Fifty Two News#
၁၉-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၁၂) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်း၏ K Pay အကောင့်ဖြင့် ငွေများလက်ခံ၍ အကြမ်းဖက်အဖွဲ့များထံသို့ လွှဲပြောင်းထောက်ပံ့ပေးခြင်း၊ မိုးကာအင်္ကျီ များဝယ်ယူ၍ အကြမ်းဖက်အဖွဲ့များထံထောက်ပံ့ပေးခြင်းများပြုလုပ်ခဲ့သည့် တရားခံ ဇော်ဇော်အောင်(ခ)ဆရာဇော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ မုံရွာမြို့ အေးခိုပိတောက်ကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင် ခေတ်သစ်မီဒီယာအား Messenger ဖြင့် ပြောဆိုထားခြင်း၊ မြိုင်မြို့နယ် ကန်သစ်ရွာ အကြမ်းဖက်စခန်းအား တပ်မတော်မှ သိမ်းယူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေခြင်း၊ နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေသည့် ဓာတ်ပုံများ ပေးပို့ခြင်း၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေသည့် မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်း များ ပြုလုပ်ခဲ့သည့်တရားခံ ဇင်မင်းထွန်း(ခ)ဖိုးလုဝအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။
၃။ မုံရွာမြို့နယ် မြေနဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သတင်းများ အား အကြမ်းဖက်အဖွဲ့များထံ အကြိမ်ကြိမ်ပေးပို့ခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ ပစ္စည်းများ အား သယ်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ကျော်သူဟိန်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၄။ ဆားလင်းကြီးမြို့နယ် တောင်ပလူကျေးရွာတွင် နေထိုင်လျက်ရှိပြီး ပေပေါက်ကုမ္ပဏီ တွင်လုပ်ကိုင်ပြီး အကြမ်းဖက်သမားများမှ ၎င်းကုမ္ပဏီရုံးအား တံခါးများ ရိုက်ချိုးဖျက်ဆီးပြီး ပစ္စည်းများယူဆောင်သွားခြင်းအပေါ် သတင်းပို့ရန်ပျက်ကွက်ခဲ့သည့် တရားခံ ဇော်လွင်ဖြိုး (ခ)ကျော်ထူး၊ မြင့်ညို(ခ)ဦးညိုနှင့်စိန်မင်းတို့ ၃ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
၅။ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ လှုပ်ရှားမှုအား စောင့်ကြည့်သတင်းပေးခြင်း၊ အကြမ်းဖက်အဖွဲ့များရောင်းချသော တရားမဝင် ထီးလက်မှတ် အားဝယ်ယူခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ဇော်သီဟ(ခ)သီဟဇော်အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
၆။ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ လုံခြုံရေးအဖွဲ့များအား တိုက်ခိုက်ရာတွင် ကိုယ်တိုင် ပါဝင်ခြင်း၊ မုံရွာ-အရာတော်လမ်းတွင် လက်နက်ကိုင်၍ ပြည်သူများထံမှ ဆက်ကြေးကောက် ခံခြင်းများ ပြုလုပ်ခဲ့သည့်တရားခံအောင်ဇော်မြင့်(ခ)ကျယ်ကြီးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ (တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၇။ မုံရွာမြို့နယ် ကြီးအုပ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကြီးအုပ်ရွာ ပကဖ အဖွဲ့တွင် စာရင်းကိုင်နှင့်သတင်းရယူသည့် တာဝန်ထမ်းဆောင်ခြင်း၊ ကျေးရွာအတွင်း ဆက်ကြေး ကောက်ခံခြင်း၊ ရေမီတာခများကောက်ခံ၍ အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးခြင်း၊ အကြမ်းဖက်သင်တန်းဖွင့်ပွဲ/ဆင်းပွဲများအား Video မှတ်တမ်းရိုက်ကူးထားခြင်းများ ပြုလုပ် ခဲ့သည့် တရားခံ သန့်စင်ဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၈။ လှိုင်သာယာမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အင်းတဲရွာသို့ ရောက်ရှိလာပြီး အကြမ်း ဖက်အဖွဲ့များမှ ရောင်းချသော တရားမဝင်ထီများအားဝယ်ယူခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ထားခြင်း၊ အစိုးရအား အပုပ်ချရေးသားထားသော စာသားများ ဖြန့်ဝေရေးသားထားခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ထွန်းထွန်းမင်းအား


*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၂)*

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
#Fifty Two News#
၁၉-၁၂-၂၀၂၄ ရက်တွင် စစ်ကိုင်းမြို့နယ်တရားရုံးက တရားခံ (၁) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းမြို့နယ် နုံးတွင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ၎င်း၏ညီမဖြစ်သူ ချိုသဲ၏ ခင်ပွန်း အကြမ်းဖက် PDF သန်းလင်းထံသို့ တပ်တွင်းလှုပ်ရှားမှုသတင်းများအား ပေးပို့ခြင်း၊ အကြမ်းဖက် PDF အဖွဲ့ဝင်အား သိရှိလျက်နှင့် သတင်းပို့ရန်ပျက်ကွက်ခဲ့သည့် တရားခံ မိပွားအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင် ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၁)*

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
#Fifty Two News#
၁၈-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၂) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ မုံရွာမြို့ အေးသာယာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မုံရွာမြို့ပေါ် ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်း၊ အကြမ်းဖက် PDF အဖွဲ့ဝင် ဇင်နိုင်၏နေအိမ်တွင် တည်းခိုနေထိုင် ခဲ့သည့်တရားခံ အောင်ထက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ ပုလဲမြို့နယ် မဲဇလုပ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF အဖွဲ့ ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ အကြမ်းဖက်စခန်းတွင် ကင်းစောင့်ပေးခြင်း၊ စခန်းဆောက်ပေးခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ ဇင်နိုင်အား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။


ကျွန်းလှမြို့နယ် သရက်တောကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

2024 December 20

ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကျွန်းလှမြို့နယ် သရက်တောကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေးစိတ်ရှင်းလင်းခဲ့ရာ

- လက်လုပ်စိန်ပြောင်း ၂ လက်
- ဗုံးသီး ၁၈ လုံး
- လက်လုပ်မိုင်း ၂၅ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။


လုံခြုံရေးအဖွဲ့တွေရဲ့ ပဒက်သိုက်ရှင်းလင်းမှုကတော့ တစ်ခုပြီးတစ်ခုပါပဲလား…ဟေ့… ခုလဲ အပြစ်မဲ့ ရွာသားတွေကို လက်နက်အားကိုးနဲ့ခြိမ်းခြောက် လူသားတံတိုင်းလုပ် ရွာကိုအမှီပြုပြီး နယ်မြေရှင်း စစ်ကြောင်းကို ရွာထဲကနေ ချောင်းမြောင်လုပ်ကြံပစ်ခတ်တယ်… လုံခြုံရေးအဖွဲ့က ကျည်လာရာ တုံ့ပြန်ပစ်ခတ်လို့ ခွေးပဒက်တွေ သေတော့ အကြမ်းဖက်လော်ဘီမီဒီယာနဲ့ပေါင်း ပြည်သူ ပြည်သူ ဆိုပြီး အရှက်မရှိ လေလှိုင်းပေါ်ကနေ လုပ်ကြံဝါဒဖြန့်လဲ အပိုပဲနော်… မင်းတို့ရဲ့ ဂျင်းသတင်းတွေကို ပြည်သူက ဟ..ဟ…ဟ..ပဲပေးတော့မှာ…

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543


ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။

ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။

သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။


ဦးခေါင်းထက်၌

ငါးသိန်းတစ်သောင်းနှစ်ထောင်
နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊

ညာပုခုံးထက်၌

ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊

ဘယ်ပုခုံးထက်၌

အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊

ရင်ထက်၌

ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊

ကျောပြင်၌

လောကပါလနတ် မြတ်တို့သည်လည်းကောင်း

ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။




*စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်သတင်း*
***
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

#Fifty Two News

၁၇-၁၂-၂၀၂၄ ရက်တွင် တရားခံ(၃)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ မြောင်မြို့နယ် ပရိမ္မကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ထဲသို့ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ သင်တန်းဆင်းပြီးနောက် ရွာတွင် ကင်းစောင့်ပေးခြင်း၊ လုံခြုံ ရေးစစ်ကြောင်းများအား ချောင်းမြောင်းတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့်တရားခံ ရှိုင်းထက်အောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

၂။ သံတွဲမြို့နယ် ရှင်းအောင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များနှင့်အဆက် အသွယ်ရှိသည့် အမျိုးသမီးတစ်ဦးနှင့် တရားမဝင်ပေါင်းသင်းနေထိုင်ခြင်း၊ CDM ပြုလုပ်၍ အကြမ်းဖက် PDF များနှင့်ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေသည့် တရားခံ မင်းထက်ကျော်အား အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂(ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။

၃။ မြောင်မြို့နယ် သရက်သာကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF များနှင့်အဆက် အသွယ်ပြုလုပ်၍ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် စည်းရုံးသိမ်းသွင်းခြင်း၊ အကြမ်းဖက် အုပ်စုဝင်အဖွဲ့များနှင့် အဆက်အသွယ်ရှိခြင်းတို့ကြောင့် တရားခံ ခင်ခင်မိုးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။




*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၂)*

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

#Fifty Two News#

၁၇-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၆) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ မုံရွာမြို့နယ် နတ်လူထိပ္ပန်ရပ်ကွက်နှင့်ထနောင်းတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ဝင် စနေ၊ ဖြိုးလေး၊ မှင်စာတို့နှင့်အတူ တောပုရွာမှ မုံရွာမြို့သို့ ပန်းရောင်း လာသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးအား ဖမ်းဆီး၍ သတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ တောပုရွာအား တိုက်ခိုက်ရာတွင်ပါဝင်ခြင်း၊ အကြမ်းဖက်သင်တန်းများတက်ရောက်၍ မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်စွပ်စွဲ၍ အကြိမ်ကြိမ် သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုအား စောင့်ကြည့်သတင်းပေးခြင်း၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့များအား အကြိမ်ကြိမ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ အောင်မျိုး၊ မြင့်ဇော်ဦးနှင့် မျိုးနိုင်ဝင်းတို့ ၃ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ၊ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ၊ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်စီ(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၂။ ဖောင်းပြင်မြို့နယ် နောင်မြင်သာကျေးရွာနှင့်မနူနာကျေးရွာတို့တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ဝင်များနှင့်သိရှိခြင်း၊ အကြမ်းဖက်အဖွဲ့များထံသို့ ငွေကြေးထောက်ပံ့ပေး ခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ စောဦးနှင့် သန်းတိုးအောင်(ခ)ကိုတိုး တို့(၂)ဦးအား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၃။ ပုလဲမြို့နယ် ရွာထင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များမှ တရားမဝင် ရောင်းချနေသည့်ထီလက်မှတ်များအား ရောင်းချပေးခြင်း၊ ဒေသခံများထံသို့ အကြမ်းဖက်အဖွဲ့များ၏ သတင်းများအားဖြန့်ဝေခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ငွေကြေးများကောက်ခံ၍ ထောက်ပံ့ပေးခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်အားပေး Post များအား Like & Share ခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ မြင့်ငွေအား အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၁)*

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

#Fifty Two News#

၁၇-၁၂-၂၀၂၄ ရက်တွင် စစ်ကိုင်းမြို့နယ် တရားရုံးက တရားခံ (၁) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

မြင်းမူမြို့ အောင်ဇေယျာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည့်တရားခံ ထက်ဝေယံဦး(ခ)မြေပွေးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်အရ ကျခံစေရန် အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။


ဟားခါးမြို့နယ် ဟားခါး-ထန်တလန်သွားကားလမ်းအနီး အကြမ်းဖက် CDF အလောင်း လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

2024 December 19

ဒီဇင်ဘာလ ၁၈ ရက် ညနေ ၃ နာရီခန့်က ဟားခါး-ထန်တလန်သွားကားလမ်းအနီး နယ်မြေ ရှင်းနေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CDF များနှင့် ထိတွေ့မှုဖြစ်ခဲ့ရာ

- အကြမ်းဖက် CDF ၁ လောင်း
- မောင်းပြန်သေနတ် ၁ လက်
- ကျည် ၂၀၀ တောင့်
- ကျည်အိမ် ၆ ခု
- လက်ပစ်ဗုံး ၄၅ လုံး
- ရှေ့ထွက်မိုင်း ၉ လုံး
- တိုက်မိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိသည်။

ရွှေဘတို့ အလောင်းလက်နက်တွေ ထပ်ရပြန်ပြီ… ကိုယ့်ဒေသနဲ့ ကိုယ့်လူမျိုးကိုမှ မငဲ့..သူမိုက်တဲ့ ဆိုးတဲ့ သူယုတ်မာ အလုပ် လုပ်နေမှတော့ မင်းတို့အကြမ်းဖက်တွေ အခုလိုပဲ အရှုံးကြီး ရှုံး.. နိဂုံးချုပ် ဇတ်သိမ်းနေရမှာပဲကွ….

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543


ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။

ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။

သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။


ဦးခေါင်းထက်၌

ငါးသိန်းတစ်သောင်းနှစ်ထောင်
နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊

ညာပုခုံးထက်၌

ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊

ဘယ်ပုခုံးထက်၌

အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊

ရင်ထက်၌

ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊

ကျောပြင်၌

လောကပါလနတ် မြတ်တို့သည်လည်းကောင်း

ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။


ပခုက္ကူမြို့နယ် စစ်တပ်က ပြည်သူတစ်ဉီးကိုဖမ်းဆီးသတ်ဖြတ်ပြီးရေမျက်နီရွာရှိ  နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးတယ်လို့ ခေတ်သစ်မီဒီယာမှရေးသားထားပါတယ်။ ဒီဇင်ဘာ လ ၁၄ ရက်က ဖောင်းကွဲရွာအနီးမှာ အကြမ်းဖက် PDF ၁ ဉီးကို လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရရှိခဲ့တာကို လျှာအရိုးမရှိ ပြည်သူ ဆိုပြီး အရှက် မရှိ ရေးသားထားပြီး နေအိမ် ၆ လုံးအားမီးရှို့သည် ဆိုခြင်းမှာ လည်း မဟုတ်မှန်ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်အားပေး လော်ဘီ ခေတ်သစ်မှ မြေပြင်သတင်းမှန် ကို မတင်ပဲ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ကြောင်း သတင်းမှန်အားရေးသားဖော်ပြပေးလိုက်ပါတယ်။



19 last posts shown.