ရခိုင် က 24k Vote ၊ ကရင်နီ က 6•9k Vote ၊ ကချင် က 6.2 k Vote ၊ ချင်း က 3.7 k Vote ၊ ကရင် က 1.5 K Vote ၊ မွန် က 1.1 K Vote နှင့် ရှမ်း က 1 k Vote ဆိုပြီး အသီးသီးရရှိခဲ့ကြောင်း
ဖော်ပြလာပါသည် ။ လွန်စွာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည့် သတင်း ဖြစ်သလို မဇ္စျိမ ကို ဘယ်သူ က နေ
မြှောက်ပေးခိုင်းစေးနေသလဲ ဆိုသည့် အချက်ကို လည်း စ ဥ်စားမရ ဖြစ်မိသည် ။ ကိုယ့်ပြည်ထောင်စုကို အန္တရာယ်ဖြစ်စေမည့် ကိစ္စကို ကိုယ့်နိုင်ငံသား ကိုယ့်မီဒီယာ များကိုယ် တိုင် ကမကထ လုပ် ဖန်တီးရေးသားနေသည်မှာ မဖြစ်သင့် မဖြစ်ထိုက်သည့် ကိစ္စလည်း ဖြစ်ပေသည်။
ခွဲထွက်ခွင့်ပြဿနာ ကြောင်း ပြောသည့် အခါ မြန်မာ
နိုင်ငံ သည် လွတ်လပ်ရေးမရခင်ထဲက ဤပြဿနာ
စခဲ့သည်ကို တွေ့ရသည် ။ အဓိကတော့ အင်္ဂလိပ်များ ၏ Divided and Rule သွေးခွဲ အုပ်ချုပ်မှုစနစ်
အရ အက်ကြောင်းပါလာခြင်း နှင့် အင်္ဂလိပ်တွေ သပ်လျှို သွေးခွဲခြင်း တို့ကြောင့် တိုင်းရင်းသားခေါင်းဆောင် အချို့ က ပြည်မနှင့် လွတ်လပ်ရေး အတူယူမည် ၊ မယူမည် စသည့် အငြင်းပွားဖွယ်ရာ
များကို ဖန်းတီးပေးခဲ့သည် ။ ထိုသို့သဘောကွဲမှုကို
ပင်လုံစာချုပ်နှင့် ပြန်စေ့စပ်နိုင်ခဲ့သော်လည်း ယာယီကာလတိုသာ ဖြစ်ခဲ့သည် ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲသည့် အခါ အခန်း ( ၁၀ ) ၌
ခွဲထွက်နိုင်သော အခွင့်အရေး ကို ပုဒ်မ ၂၀၁ ၊ ၂၀၂ ၊၂၀၃ ၊ ၂၀၄ ၊ ၂၀၅ ၊ ၂၀၆ တို့ ၌ လုပ်ဆောင်ရမည့် အစီအစ ဥ်တွေကို အဆင့်လိုက်ဖော်ပြထားသည်ကို တွေ့ရသည် ။ ပုဒ်မ ၂၀၂ တွင် ဤအခြေခံ ဥပဒေ အာဏာတည်သည့် နေ့မှ ဆယ် နှစ်အတွင်း
ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ ဟု လည်းကောင်း ၊ ၂၀၃( ၁) တွင် ခွဲထွက်နိုင်သော အခွင့်အရေး ကို သုံးစွဲလိုသော် ပြည်နယ်သည် ၊ ခွဲထွက်လိုကြောင်း အဆိုကို မိမိပြည်နယ်ကောင်စီတွင်
တင်သွင်းအတည်ပြုရမည် ။ ပြည်နယ်ကောင်စီ ရှိ အမတ် စုစု ပေါင်းအနက် သုံးပုံ နှစ်ပုံ အောက်မလျော့သော အမတ်များက ထို အဆိုကို ထောက်ခံ ၍
မဲပေးချင်း မပြုလျှင် အတည်ပြုသဘ်ဟု မမှတ်ရ ဟု လည်းကောင်း ပြဌာန်းချက် ပုဒ်မ များကို လေ့လာကြည့်လျှင် အလွယ်တကူ ခွဲထွက်ခွင့် ပေးခြင်း မဟုတ်ဘဲ တိုင်းရင်းသား ခေါင်းဆောင်များက အကြပ်ကိုင် ၍ မထည့်ချင်း ထည့်ချင်နှင့် ထည့်ပေးလိုက်ရသည့်သဘောဖြစ်နေသည်ကို တွေ့ရသည်။
မည်သို့ပင်ဆိုစေ ခွဲထွက်ခွင့် အိမ်မက်ဆိုးသည် ထိုခေတ်မှသည် ယနေ့ တိုင် ပျောက်ကွယ်သွားခြင်း
မရှိသေးပေ ။ ခွဲမထွက်သည့် တိုင် ခွဲထွက်ခွင့် နှင့်မခြားသော ဗဟိုအစိုးရ မှာ အာဏာမရှိတော့သည့် ကွန်ဖက်ဒရိတ် သည်လည်း အမည်ခံ ပြည်ထောင်စု အဆင့်သာ ရှိတော့မည် ဖြစ်သလို နိုင်ငံတော်မူဝါဒ ကို ဆန့်ကျင်ခြင်းဖြစ်သဖြင့် လုံးဝ လက်သင့်မခံသင့်
သည့်ကိစ္စ ဖြစ်ပါသည် ။ ပြည်ထောင်စု စနစ်ကို အကောင်အထည်ဖော်ရာမှာ တိုင်းပြည်အားကို ဖြစ်ထွန်းစေမည့် ဗဟိုနှင့် ပြည်နယ်အကြား အပြန်အလှန် နားလည်မှု ယူပြီး အချိတ်အဆက် ရှိရှိ
ဆောင်ရွက်နိုင်မည့် ဖက်ဒရယ်စနစ်ကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည် ။ ထို့ကြောင့်လည်း စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ် ကို နိုင်ငံတော် နိုင်ငံရေး ရည်မှန်းချက် အဖြစ်ထား ရှိကာ အကောင်အထည် ဖော်နေခြင်း ဖြစ်ပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်သည့်နေရာ မှာ Coming togetherဖက်ဒရယ် စနစ်ပုံစံ နှင် Holding together ဖက်ဒရယ် စနစ် ပုံစံ အနက် ကြိုက်သည့်ပုံစံ ဖြင့်သွားဖို့ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ခွဲထွက်ခွင့်ကို လက်ခံ ၍ မရသလို
Putting together ဖက်ဒရယ် ဆိုသည့် နိုင်ငံရေးအရ ( သို့မဟုတ် ) စစ်ရေးအရ အင်အားအသာစီးအနိုင်ရသူက နိုင်ထက်စီးနင်းပြုပြီး ယူနစ်များကို အလိုမတူဘဲ အတူဆွဲပူး၍ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် အဓမ္မတည်ထောင်သောပုံစံမျိုးကို လည်း စာရေးသူကလက်သင့်မခံပေ။ Putting together အရ ဖက်ဒရယ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ဖက်ဒရယ်အသွင်အပြင်ပုံစံအချို့ ရေးဆွဲထားတတ်သော်လည်း လက်တွေ့တွင် ပြည်နယ်များ၏ လွတ်လပ်ခွင့်၊ တန်းတူခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တရားမျှတမှုများ အမှန်စင်စစ် မရှိတတ်ခြင်း နှင့် လူမျိုးစုများအကြား သို့မဟုတ် ပြည်နယ်များအကြား လက်တွေ့တန်းတူရည်တူခွင့် မကျင့်သုံးဘဲ ဗဟိုအာဏာကိုကြီးစိုးနိုင်သောအစုအဖွဲ့ကသာ လက်ဝါးကြီးအုပ်တတ်ခြင်းတို့ကြောင့် Putting together ဖက်ဒရေးရှင်းများမှာ တည်ငြိမ်လေ့ မရှိသလို စုံလင်ကွဲပြားသောလူမျိုးစုများကြားပဋိပက္ခများကို အမှန်တကယ်ဖြေရှင်းနိုင်စွမ်း မရှိသဖြင့်
ဤကဲ့သို့ ပုံစံမျိုးသည်လည်း ပြည်တွင်းစစ် ဝဲဂယက် ကနေ ထွက်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့်
ဗဟိုနှင့်ပြည်နည်အကြား လက်ခံနိုင်သည့် အာဏာခွဲဝေမှုမျိုးကတဆင့် ဒေသခံပြည်သူလူထု ကို အမှန်တကယ် အကျိုးရှိစေမည့် ဖက်ဒရယ်စနစ်မျိုးကိုသာ
တည်ဆောက်ကြရမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် လွတ်လပ်ရေးမရမီ ထဲက သန္ဓေ တည်လာခဲ့သော ခွဲထွက်ခွင့် ပြဿနာ အိမ်မက်ဆိုးသည် ခေတ်အဆက်ဆက်တိုင်းမှာ နိုင်ငံရေး ရောဂါ တစ်ရပ် အဖြစ် တည်ရှိနေမည်သာ ဖြစ်ပါသည်။အထူးသဖြင့် ဤရောဂါ သည် တိုင်းပြည်အမျိုးသားစည်းလုံးညီညွတ်မှု အားကောင်းနေချိန် နှင့် တပ်မတော် အင်အားကောင်းနေချိန် တွင် ပေါ်လာမဟုတ်ဘဲ ငုပ်လျှိုးကောင်း