နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်း အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက် အထိကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်း အဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ပြီး နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံ တွင်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
https://t.me/kyawswar49111