🌹ပန်းချစ်သူ🌹


Channel's geo and language: Myanmar, Burmese


သတင်းမှန်နှင့်အထွေထွေဗဟုသုတများတင်ပေးပါသည်။

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


တူရကီနိုင်ငံ က အစ္စတန်ဘူလ်မြို့ဟာ တိုက်ကြီးနှစ်တိုက်ဖြစ်တဲ့ ဥရောပတိုက် နဲ့  အာရှတိုက် နှစ်ခုစလုံး နဲ့ ထိစပ်နေတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော မြို့ဖြစ်ပြီး ထူးခြားတဲ့ ယဉ်ကျေးမှုများစွာရှိပါတယ်


ငါ့စကားနွားရပြောတဲ့ ဂွမ်မော်
====
တပ်ချုပ်ကြီး တရုတ်မသွားခင် ရက်ပိုင်းလောက်အလိုမှာ BBC နဲ့ ဂွမ်မော် တွေ့ဆုံမေးမြန်း ခန်း အစီအစဉ်ထွက်လာတယ်။ ဒါမျိုး အင်တာဗျူးက ဒီလိုအချိန်မှာ အကြောင်းမဲ့ထွက်လာ တာမျိုးတော့ မဟုတ်ဘူး။ တစ်ချို့အသံတွေကို ပြည်သူကြားစေလိုတာထက် နိုင်ငံရေး Stakeholder တွေ၊ တခြားသော အထူးသဖြင့် တရုတ်ဘက်ကို အသံလွှင့်ချင်လို့ ကြားစေချင်လို့ ထုတ်ပြန်ပုံရတယ်လို့ပဲ ယူဆတယ်။
--
အင်တာဗျူးက မိနစ် (၂၀)လောက်ပဲ ကြာတယ်ဆိုပေမယ့် တချို့ အရေးကြီးတဲ့ အချက်တွေတော့ ပါနေတာ တွေ့ရတယ်။ အထူးသဖြင့် KIA နဲ့ တရုတ်ကြားမှာ စစ်ရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘယ်လိုလိုလားတယ်၊ KIA ဘက်က ဘယ်လို အနေအထား ရှိတယ်ဆိုတာမျိုးလည်း တွေ့ရတယ်။ အစိုးရအတွက် စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိ ကမ္ဘာပေါ်မှာ မြေရှားသတ္တုထွက်တာ ရာခိုင်နှုန်းများတဲ့ ဒေသတစ်ခုက ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိနေပဲ လက်နက်ကိုင်တစ်စုရဲ့ လက်နက်အောက်မှာ ရှိနေတာကို မဖြေရှင်းနိုင်တာကတော့ စိတ်မကောင်းစရာပဲ။ ဒီလိုပြောလို့ ပြည်နယ်အစိုးရတစ်ရပ်မှာ လုပ်ပိုင်ခွင့်မရှိရဘူးလို့ဆိုလိုတာမျိုးမဟုတ်ဘူး။ ရွေးကောက်ပွဲအရ ရှိမနေတဲ့လက်နက်ကိုင်တစ်စုရဲ့လက်အောက်မှာ ဒီဒေသရဲ့ အာဏာ(၃)ရပ်စလုံး ရောက်နေတဲ့အနေအထားကို  သတိပြုမိစေချင်တာ။ ဒီဝင်ငွေတွေက ပြည်ထောင်စု အထဲလည်း မဝင်လာဘူး။ ဒီပြည်နယ်မှာရှိတဲ့ ဒေသခံတွေအတွက်လည်း အကျုံးမဝင်ဘူး။  ဒါက KIA တစ်ခုတည်းပြောတာမျိုးတော့မဟုတ်ဘူး၊ “ဝ”လည်း ထိုနည်းလည်း ကောင်းပဲ။
----
လူပိန်းနည်းနဲ့ တွေးတွေး… တိုင်းရင်းသား မျိုးနွယ်စုကို နာမည်ခံပြီး လက်နက်ကိုင်နေတဲ့ EAO မှန်သမျှက ဘယ်အစိုးရတက်တက် အခါအခွင့်သင့်တာနဲ့ တိုက်ပွဲတွေဖော်ဆောင်နေ ဦးမှာပဲ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ကာလာပြောင်းတတ်တဲ့ EAO တွေကိုယ်တိုင်က အဝယ်ခံ လက်နက်ကိုင်အင်အားစု တစ်ရပ်ဖြစ်နေကြတာပဲ။ ဒီအင်တာဗျူးရဲ့ နောက်ဆုံးပိုင်းမှာ NCA နည်းလည်းမဟုတ်သော ဆိုတဲ့အချက်ကို ကြည့်ရင်သိသာတယ်။ တကယ်ဆို NCA ရဲ့ မူလဇစ်မြစ်နေရာက KIA ထိန်းချုပ်နယ်မြေပဲ။ ဘာလို့ အဆုံးသတ်မှာ KIA က လက်မှတ်မထိုးခဲ့သလဲ။ တခါတလေ ကိုယ်တွေ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဘက်မှာလည်း NCA လမ်းက အစုအဖွဲ့က တစ်မျိုး၊ NCA မဟုတ်သော အစုအဖွဲ့က တစ်မျိုး ဆိုပြီး ဆွေးနွေးတာမျိုး တွေ့ရတယ်။ ဒီလိုလမ်းကြောင်းစပြီး ကွဲမှတော့ ဘယ်လိုလုပ်တစ်စု တစ်စည်းတည်းဖြစ်နိုင်တော့မှာလဲ ဆိုပြီးလည်း တွေးမိတာမျိုးရှိတယ်။
---
သေချာတာကတော့ မြန်မာ့နိုင်ငံရေးမှာ တရုတ် ကြားဝင်ပါလာလည်း နိုင်ငံရေး  လမ်းကြောင်းပေါ် တက်ဖို့ ဆိုတဲ့ ဖိအားမျိုးထက်မပိုပါဘူး။ မြောက်ပိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေကို လက်စတုန်းချေမှုန်းဖို့ ဆိုတာမျိုးအထိ ရောက်လာမယ်လို့လည်း မမြင်ဘူး။ ဂွမ်မော်ပြောတဲ့အထဲမှာ သူတို့ထိန်းချုပ်တဲ့ နယ်မြေမှာလည်း ရွေးကောက်ပွဲ မလုပ်ရဘူး။ ပြည်မထဲမှာလုပ်နိုင်ရင်လည်း ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူး ဆိုတာက တော့ ..အတော်လေး ငါ့စကားနွားရ ပြောတယ်လို့ပဲ မှတ်ရမယ်။ နောက်ဆုံး စကားကုန်ပြောရရင် လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းကိုတော့ စစ်အာဏာရှင်ပ ပျောက်ရေးလို့ခေါင်းစဉ်တပ်ထားကြပေမယ့် KIA ထိန်းချုပ်နယ်မြေထဲက မြေရှားသတ္တု တူးဖော်လို့ ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေအပေါ် မှာ တောင် ဒီမိုကရေစီသဘောတရား မကျင့်သုံးနိုင်တဲ့ EAO တွေက “အာဏာရှင်ပပျောက် ရေး”လို့ ပြောတာကတော့ လွန်တယ် လို့ပဲ တွေးမိတယ်။
---
နောက်ဆုံး ပြောတဲ့စကားက ပိုပြီး ရယ်စရာကောင်းတယ်။ ခွင့်မလွှတ်နိုင်စရာ အမှားမျိုး မကျူးလွန်မိဖို့လိုတယ်ဆိုပဲ။ မအလတွေ စစ်ကိုင်းတိုင်းအထိ ဆင်းလာပြီး စီးပွားရေးအရ နယ်မြေချဲ့နေတာကျတော့ အကောင်း။ KIA ကြောင့် စစ်ကိုင်းအထက်ပိုင်း၊ ရှမ်းနီဒေသတွေ မှာ အကုန်စစ်မီးတောက်လောင်နေပြီ။ ဒီမအလ တွေက တကယ်ဗျင်းတဲ့သူနဲ့မှ တန်မှာ။

(နရီမိုး)


ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်(Mr. Wang Ning) နှင့်တွေ့ဆုံခြင်း။


Video is unavailable for watching
Show in Telegram
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် (၉-၁၂-၂၀၂၄) ရက်နေ့မှ (၂၀-၁၂-၂၀၂၄) ရက်နေ့အထိ
-


စွန့်လွှတ်မှုအနည်းအကျဉ်း

ဘဝမှာ
စွန့်လွှတ်အနစ်နာခံမှု
အနည်းအကျဉ်း
မရှိဘဲနှင့်
တစ်စုံတစ်ရာ
အောင်မြင်မှု
ရလိမ့်မှာမဟုတ်ဘူး။

ရှာကီးယား
ကိုလံဘီယာအဆိုတော်


မျှမျှတတမြင်သူ

ကြောက်စိတ် စိုးရိမ်စိတ်မရှိ၊ လိုချင်မက်မော လွှမ်းမိုးခြယ်လှယ်ချင်စိတ်မရှိတဲ့သူ၊ တည်ငြိမ်အေးချမ်းတဲ့သူဟာ အမှန်အတိုင်းမြင်တယ်။ သဘာဝကျကျ မျှမျှတတမြင်တယ်။

ဆရာတော်ဦးဇောတိက


ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။

ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။

သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။


ဦးခေါင်းထက်၌

ငါးသိန်းတစ်သောင်းနှစ်ထောင်
နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊

ညာပုခုံးထက်၌

ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊

ဘယ်ပုခုံးထက်၌

အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊

ရင်ထက်၌

ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊

ကျောပြင်၌

လောကပါလနတ် မြတ်တို့သည်လည်းကောင်း

ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။




နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ယူနန် အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ် နှင့် ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို သွားရောက်လေ့လာကြည့်ရှု


ပြီးခဲ့သည့် တစ်လခွဲအတွင်း ရွှေတိဂုံစေတီတော်သို့ အလှူရှင် ၂၅၁ ဦးက ကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် လှူဒါန်း


စိုးရိမ်လည်း စိုးရိမ်စရာပဲ မကြာခင် ရွေးကောက်ပွဲလုပ်ပြီး အစိုးရသစ် ပေါ်လာရင်...


အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အရှေ့ပင်လယ်ထဲ တာတိုပစ်ပဲ့ထိန်းဒုံးတွေ မြောက်ကိုရီးယား ပစ်ခတ်


များများတီထွင်ထုတ်လုပ်ပြီး ပေါပေါသီသီ သူပုန်ခေါင်းပေါ်သို့ မြန်မြန်ကြဲချပါ


စပိန်နိုင်ငံ ဘာစီလိုနာမြို့က
TV Boy ရေးဆွဲထားတဲ့ ထရမ့်နဲ့ဟားရစ်တို့ရဲ့
ချစ်ကြည်ရေး နံရံဆေးရေးပန်းချီကား

" အမုန်းတရားတွေ ရပ်ပါ။
ငါတို့အားလုံး လိုနေတာက အချစ်ပါတဲ့။ "



Photo: AFP



15 last posts shown.

6 599

subscribers
Channel statistics
Popular in the channel

သပိတ်ကျင်း ဒေသ ဘယ်လိုပင် ကုန်းလမ်းက ပိတ်ပင်တားဆီးထားပေမဲ့ ရေကြောင်း လေကြောင်းကတော့ ထောက်ပို့ပြု...
ရခီး ခဲဝါတွေ အော်နေပြီ ကလက်စတာက မင်းတို့အဆင့်နဲ့ မတူ မတန် သေးပါဘူး ကပစ ထုတ် ပေါင်ဗုံးလေးတွေပဲ ထ...
❝စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်လူသတ်နေတဲ့ PDF တစ်ဦးကို မိုင်းထောင်နေစဥ် ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့❞
သပိတ်ကျင်းဒေသ သပိတ်ကျင်း ‌နဲ့ တွင်းငယ်ဒေသ ကို တပ်မတော်မှ ထိုးစစ်စတင်နေပြီး ပလောင်သူပုန်နဲ့ ပဒက်မ...
သီတင်းကျွတ်ကာလ၌ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မီးပုံးပျံများဖြင့် ရှုခင်းကြည့်ရှုမှုများ ပြန...