Posts filter


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အသစ်ခန့်အပ်
———————————————
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ခန့်အပ်လိုက်တယ်လို မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း ရိုက်တာသတင်းမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အခုလို ခန့်အပ်လိုက်တာဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် (Mohamad Hasan) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။


မောင်တောမြို့ရှိ “မြို” တိုင်းရင်းသားများကို AA က အတင်းအဓမ္မ စစ်သား စုဆောင်းနေ
——————————————-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ “ မြို ” တိုင်းရင်းသားများကို AA က ၎င်းတို့၏ ပြည်သူ့စစ်အဖြစ် စည်းဘောင်မဲ့ အဓမ္မခေါ်ယူနေသောကြောင့် လူငယ်များ တိမ်းရှောင်နေကြရကြောင်းဖြစ်စဉ်ကို သိရှိသူ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးကထံက သိရပါတယ် ။

ထိုသို့ခေါ်ယူခြင်းသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ လလယ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူစဉ် ဖမ်းဆီးရာ၌ ကြိုးဖြင့်တုပ်နှောင်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြည်သူ့စစ်တွေ အားနည်းတယ်ပေါ့ နော်။ ဒါကြောင့် အထက်အမိန့်အရ ခေါ်တယ်ဆိုပြီးတော့ မောင်တောက သစ်တုံးနား ခွဆုံရွာမှာ ဒီဇင်ဘာလ (၂၃) ရက် သန်းခေါင်အချိန် အင်အား တစ်ရာလောက်နဲ့ဝင်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးခေါက်တယ်။

ခြေထောက်တွေနဲ့လည်း တံခါးကို ကန်တယ်လို့ပြောတယ်။ ပြီးတော့ လူငယ်(၄၂)ယောက်ရတာကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုပါတယ် ။


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း မြန်မာအဖွဲဆွေးနွေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း မြန်မာအဖွဲဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ် ။

အဆိုပါအစည်းအဝေးကို မလေးရှားနိုင်ငံ၊ လန်ကာဝီမြို၌ ဇန်နဝါရီ ၁၉ ရက် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ပါဝင်တက်ရောက်ခဲ့ပါတယ် ။

အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ် ။


Video is unavailable for watching
Show in Telegram
အင်းလျားကန်ထဲမှာ ကွယ်လွန်သွားတဲ့ မြန်မာသံအဆိုတော်၊ AA ရဲ့ဝါဒဖြန့်ချိမှု၊ ထိုင်း-မြန်မာ ပူးပေါင်းပြီး ကျားဖျန့်ကို နှိမ်နင်းမယ်၊ အာဆီယံအဖွဲ့ရဲ့ ရွေးကောက်ပွဲအကြောင်း ပြောတဲ့စကား၊ စျေးကွက်ထဲမှာ ဘိလပ်မြေ ပြဿနာတက်ပြီလား (19-1-2025)


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ


မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏
ကောင်းကျိုးချမ်းသာများ ရရှိကြပါစေ...။
အလိုရှိတိုင်း ရကြပါစေ...။
ဘေးအန္တရာယ်ကင်းလို့ အကြံအစည်တိုင်းလည်း အောင်မြင်ကြပါစေ...။


Forward from: People Media
Video is unavailable for watching
Show in Telegram
မြောက်ဦးမြို့နယ်၊ရမ်းချောင်းအနီးရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော် ဗုံးကြဲ ရှင်းလင်းမှု

#PeopleMedia


ကျားဖြန့်မှ ထွက်ပြေးလာသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ
—————————————-
ဇန် ၁၉

တရုတ်အပါအဝင် အာဆီယံကပါ လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူမည်ဟု ကြေညာပြီးနောက် ကျားဖြန့်လုပ်ငန်းခွင်တွင်းမှ ထွက်ပြေးလာသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်း-မြန်မာနယ်စပ်တွင်ဖမ်းမိခဲ့ကြောင်း မဲဆောက်မြိုနယ် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနယ်၊ ထာ့ဆိုင်လော့ကျေးရွာအုပ်စု၊ ဝမ်တကီယန်ကျေးရွာ၊ မြန်မာအခေါ် ဝမ်းစကင်းတွင် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ဇန်နဝါရီ ၁၉ ရက်၊ နံနက်အစောပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်။


ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေး ထိုင်းနိုင်ငံက မြန်မာအစိုးရနှင့်ပူးပေါင်းလုပ်ဆောင်မည်။
——————————————
ဇန် ၁၉

မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားရန် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတိုအကြား သဘောတူခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ဘန်ကောက်မြို၌ ပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းဝေးတွင် သဘောတူခဲ့ခြင်းဖြစ်သည်ဟု Bangkok Post က ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးတွင် မြန််မာဘက်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ပြီး ထိုင်းနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


အမေရိကန်တွင် အစိုးရက TikTok အသုံးပြုမှုကို ပိတ်ပင်
——————————————-
ဇန် ၁၉

အမေရိကန်ပြည်ထောင်စုတွင် အစိုးရက TikTok အသုံးပြုခွင့်ကို ပိတ်ပင်ကြောင်း ဥပဒေအသက်သွင်းပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီမှစ၍ TikTok အသုံးပြု၍ မရတော့ကြောင်း သိရသည်။


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ


Video is unavailable for watching
Show in Telegram
မကျီးဇင်-ဘောမိတိုက်ပွဲနဲ့ ရွှေသောင်ယံအခြေအနေ၊ မီးသတ်အရာရှိကို ဖမ်းပြီး အောင်ပွဲခံတဲ့ ရေးဘီးလူး၊ နစက နဲ့ ကိုးကန့်တပ်ဖွဲ့တို့ဆွေးနွေးပွဲထဲက စစ်သုံ့ပန်းကိစ္စ၊ အပျင်းပြေ ဓားပြတိုက်ခံချင်သူများ မိုးကုတ်ကို သွား (၁၈-၁-၂ဝ၂၅)


🌹 မင်္ဂလာနံနက်ခင်းလေးပါ 🌹

🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်းဝေး ငြိမ်းအေးကြပါစေ။

🙏 ၃၁ဘုံ အတွင်း၌ ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

🙏 စင်္ကြာဝဠာအနန္တ၌ ရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါ
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

🙏 မြန်မာပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား အားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေး၍ ကပ်ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏


Video is unavailable for watching
Show in Telegram
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံအားပေး (ဇန်နဝါရီလ ၁၈ ရက်)


"သင်လူကုန်ကူးခံနေရပြီလား  လူကုန်ကူးနေတာကို သင်တွေ့နေပြီလား  ဒီဖုန်းကိုဆက်လိုက်ပါ  ၀၉-၄၉၅၅၅၆၆၆၊ ၀၉-၄၉၅၅၅၇၇၇၊ ၀၉-၄၉၅၅၅၈၈၈၊ ၀၉-၈၈၁၁၂၂၆၆၆၊ ၀၉-၈၈၁၁၂၂၇၇၇၊ ၀၉-၈၈၁၁၂၂၈၈၈၊ ၀၉-၈၈၁၁၂၂၉၉၉"


Video is unavailable for watching
Show in Telegram
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဟောင်ကောင်လုံခြုံရေး ဗျူရိုအကြီးအကဲတို့ ဝင်ပါလာတဲ့ ကျားဖျန့်ကိစ္စ၊ NUG ရုံးထိုင်မယ့် ခမ်းပတ်နဲ့ မော်လူး ဗုံးကြဲခံရ၊ AA နဲ့ CDF ကို ပြန်ခံချမယ့် ကန်ပက်လက်ပြည်သူတွေ၊ ကိုဗစ်ချေးငွေတွေ ပြန်မဆပ်တာ ဘယ်သူလဲ (၁၇-၁-၂ဝ၂၅)


မင်္ဂလာနံနက်ခင်းလေးပါ 🙏🙏🙏
မြန်မာပြည်သူပြည်သားအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
ဘေးအန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးကြပါစေ။
🙏🙏🙏


Video is unavailable for watching
Show in Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (ဇန်နဝါရီလ ၁၇ ရက်)


Video is unavailable for watching
Show in Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (ဇန်နဝါရီလ ၁၇ ရက်)


Video is unavailable for watching
Show in Telegram
17-1-2025

ကလေး-တမူးလမ်းပိုင်း၊ ခမ်းပတ်မြို့ရှိ ABSDF/NUG စခန်းကို တပ်မတော် ရှင်းလင်း

ကျားဖြန့် အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို ပြင်းပြင်ထန်ထန် အရေးယူ ဆောင်ရွက်ဖို့ တရုတ်က အာဆီယံ နိုင်ငံတွေကို တိုက်တွန်း

20 last posts shown.