Forward from: အက်ရှင်ကား New Movies
မပြည့်စုံသေးပဲအိမ်ထောင်ရေးတခုကိုထူထောင်တော့မယ်ဆိုရင် လောကဓံတရားဟာလဲ မဖိတ်ခေါ်ပဲရောက်ရှိလာတတ်ပါတယ် ဒီရုပ်ရှင်ထဲမှာတော့ အိမ်တွင်းရေးမပြေလည်တဲ့ ဘဝတွေနဲ့အိမ်ထောင်ရေးတခုရဲ့ လက်တွေ့ကျကျအရေးကြီးတဲ့အပိုင်းတွေကို မြင်တွေ့မိစေမှာပါ Frank နဲ့ April ဆိုတဲ့ လူငယ်စုံတွဲတတွဲ ရည်မှန်းချက်ကိုယ်စီရှိကြပေမဲ့ ကံကြမ္မာအရတွေ့ဆုံမိကြရင်း အိမ်ထောင်တခုကို ထူထောင်ဖို့ဖြစ်လာခဲ့ပါတော့တယ် စစပိုင်းချင်းမှာ အဆင်ပြေခဲ့ကြပေမဲ့လဲ သားသမီးတွေရလာချိန်မှာတော့ ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီး မကြာခဏ ကတောက်ကဆဖြစ်ကြရသလို ဖြစ်သမျှပြသာနာတိုင်းကိုလဲ အဆင်ပြေရုံသာအပေါ်ယံဟန်ဆောင်နေခဲ့ကြပါတယ် လင်မယားနှစ်ယောက်ကြားကဆက်ဆံရေးဟာလဲ အေးစက်သွားခဲ့ပြီး မကျော်သင့်တဲ့စည်းကိုပါ ကိုယ်စီကျူးလွန်မိခဲ့ကြပါတယ် ဒီလိုဇာတ်လမ်းမျိုးက အိမ်ထောင်ရေးတခု Relationship တခုကိုတည်ဆောက်နေတဲ့သူတွေအတွက်ကတော့ ယူတတ်ရင် ပညာရစေသလို ဖြစ်လာနိုင်တဲ့ဘဝသင်ခန်းစာတွေကိုလဲ မြင်တွေ့ရမဲ့ အဖိုးတန်ရုပ်ရှင်တခုပါပဲ