“တရုတ်က မြန်မာကို ကျူးကျော်လာနိုင်သလား”
----
ခုရက်ပိုင်း မြန်မာကို တရုတ်က သူ့နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ချိန်းခြောက်လို့ ကျူးကျော်မယ်ဆိုတဲ့ နှပ်ကြောင်းပေးသတင်းတွေ တွေ့ရတယ်။ ထုံးစံအတိုင်း ဒီသတင်းက ဘယ်ကထွက်လဲဆိုတော့ အနီကြောင်အားပေးထောက်ခံတဲ့ သတင်းဌာနတွေကပဲ ထွက်တာ တွေ့ရတယ်။ တစ်ချို့ကလည်း ဒီသတင်းပေါ်လာတော့ စိုးရိမ်ကြသလို အမျိုးမျိုး လည်း ပြောနေကြပြန်တာပါပဲ။ ဆိုတော့...ဒီသတင်းနဲ့ ပတ်သက်ပြီး ဖြစ်နိုင်/မဖြစ်နိုင် ဆိုတာ ဒီအချက်လောက်နဲ့တင် ဖမ်းထောက်လို့ရပါတယ်။
---
နံပါတ်(၁) ချက်အရ တရုတ်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အချုပ်အခြာရဲ့ တန်ဖိုးနဲ့ နိုင်ငံတနိုင်ငံရဲ့ တည်ရှိမှုကို မကြာခဏပြောလေ့ရှိတာ တွေ့ရမှာဖြစ်တယ်။ သဘောက ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်တယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ One China Policy အရ ခွဲထွက်လို့ မရဘူးဆိုတာကို တရုတ်အနေနဲ့ နိုင်ငံတကာသိအောင် ထုတ်ဖော် ပြောကြားလေ့ရှိတယ်။ တရုတ်ရဲ့ဒီမူကိုလည်း (အမေရိကန်လောက်ကလွဲရင်) နိုင်ငံအများ စုက ထောက်ခံထားကြတာပါပဲ။ တကယ်တော့ ပြည်တွင်းရေးမှာတင်မဟုတ်ဘူး။ ယူကရိန်း-ရုရှား စစ်မှာလည်း အချုပ်အခြာနဲ့ပတ်သက်ပြီး နိုင်ငံရေးလမ်းကြောင်းကနေပဲ အဖြေရှာဖိုပဲ သမ္မတရှီအနေနဲ့ တိုက်တွန်းလေ့ရှိတတ်တယ်ဆိုတာ ကမ္ဘာ့အရေးတွေကို ရိပ်ဖမ်းသံဖမ်းလောက် နားလည်နေရင်ကို ဒီသဘောကို ကောင်းကောင်းကျက်မိပါလိမ့် မယ်။
---
ဒုတိယအချက်ကတော့ မြန်မာအစိုးရအဆက်ဆက်ဟာ တရုတ်ရဲ့ အင်အားကြီးမှုနဲ့ ဩဇာကြီးမှုကို မလှန်နိုင်ဘူးဆိုတဲ့ အချက်ပဲ။ တကယ်တော့ မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ယူနန်လောက်တောင်မရှိတဲ့ အနေအထားဖြစ်လို့ ပုံမှန်ဆို တရုတ်အနေနဲ့လည်း လှည့်ကြည့်စရာတောင် မလိုပါဘူး။ ခုဟာက သူ့မှာလည်း ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ပထဝီအနေအထားအရသာ အကောင်းဆုံးဆက်ဆံပေးနေတာမျိုး။ ဒါ့ကြောင့်လည်း UN လိုနေရာမျိုးမှာ ဗီဒိုအာဏာကိုင်ပြီး ကာကွယ်ပေးနေတာပဲမဟုတ်ဘူးလား။ တစ်ခါ.. နယ်စပ် ဖြတ်ကျော်တဲ့ တရားမဝင်လောင်းကစားတွေမှာလည်း အတူပူးပေါင်းနှိမ်နှင်းခဲ့လို့ ပထရဝန်ကြီးကိုတောင် တရုတ်နိုင်ငံပင့်ပြီး စွမ်းဆောင်ရည်ဆုတံဆိပ်မျိုးပေးခဲ့တာပါ။ ဒဲ့ပြောရရင် မြန်မာဟာ တရုတ်အတွက်တော့ ဘယ်ချိန်ရိုက်သတ်သတ်၊ သတ်လို့ရတဲ့ အိမ်ကြက် အနေအထားပါပဲ။ ဆိုတော့...နာမည်ပျက်ခံပြီး ကျူးကျော် ရလောက်အောင် အထိ တရုတ် မမိုက်မဲပါဘူး။
---
နောက်ဆုံးအချက်ကတော့ ပိုပြီး ကြီးကျယ်ပါတယ်။ နေတိုးထဲ ဝင်မလို့ ကြံရွယ်နေရုံ အနေအထားအဆင့်မှာတောင် ရုရှားကို အဖက်ဖက်က ထိန်းချုပ်နိုင်ဖို့ ယူကရိန်းကို ကြားခံစစ် ဆင်နွှဲနေတဲ့ အမေရိကန်အနေနဲ့ မြန်မာ့အရေးကသာ အပေါ်က ဆိုခဲ့သလို တရုတ် ကျူးကျော်လာခဲ့ရင် အမေရိကန်အတွက်လည်း အကြောင်းပြချက် ကောင်း ကောင်း ရသွားမှာပါ။
---
အားလုံးကို ခြုံလိုက်ရင်တော့... အပေါ်က ဆိုခဲ့တဲ့ တရုတ်တပ်တွေ မြန်မာကို ကျူးကျော်မယ်ဆိုတဲ့သတင်းဟာ ပေါက်လွှတ်ပဲစား သတင်းအဆင့်အတန်းလောက်ပဲ ရှိပါတယ်။
(နရီမိုး)