Love Andante
https://t.me/blsflixchannellink/331ပရိသတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ Andante of Love နဲ့တင်ဆက်ပေးချင်ပါတယ်။ကျေးလက်ဒေသကိုအခြေခံရိုက်ကူးထားပြီးတော့ ဟာသလေးတွေနှောပြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးက တောင်-မြောက်ကိုရီးယားစစ်ပွဲအပြီး နှစ်ပေါင်း ၇၀ အကြာ ဂိုဆောင်းရွာလေးဆိုတဲ့ ငြိမ်းချမ်းရေးရွာလေးကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ငြိမ်းချမ်းရေးရွာလေးမှာ တောင်နဲ့မြောက်ကိုရီးယားပြည်သူတွေ ယှဉ်တွဲနေထိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရတွေက စီစဉ်ကြပါတယ်။အဲဒီအချိန်တောင်ကိုရီးယားဘက်က နာမည်ကြီးစန္ဒရားပညာရှင် Im Joo Hyun ကိုတစ်နှစ်နေထိုင်ဖို့ စေလွှတ်လိုက်ပါတယ်။တစ်ဖက်မြောက်ကိုရီးယားဘက်ကလည်း အဆင့်မြင့်အရာရှိတစ်ဦးရဲ့ သမီးဖြစ်သူဆရာဝန်မလေး Ha Na Kyung ကိုစေလွှတ်လိုက်ပါတယ်။ဒီလိုနဲ့ငြိမ်းချမ်းရေးရွာလေးမှာ ဘယ်လိုမျိုးကြည်နူးဖွယ်အချစ်ဇာတ်လမ်းတွေနဲ့ ရယ်မောစရာအဖြစ်အပျက်လေးတွေဖြစ်ပေါ်လာမလဲဆိုတာကတော့ ပရိသတ်ကြီးကပဲကြည့်ရှုခံစားလိုက်ပါဦးနော်။အပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ်ဗုဒ္ဓဟူး၊ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။