Human Right Watch-HRW အဖွဲ့၏ ရခိုင်ပြည်နယ် အခြေနေနှင့်ပတ်သက်၍သက်သေအထောက်အထားကင်းမဲ့စွာစွပ်စွဲရေးသားထားချက်များနှင့် မြေပြင်ပကတိအခြေနေမှန်များ
======================
ယခုလ ၁၀ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch-HRW)မှနေ၍ “တပ်မတော်က ၂၀၂၄ ဖေဖော်ဝါရီလကစပြီး ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မွတ်စလင်အမျိုးသား ၁၀၀၀ ဦးကျော်ခန့်ကို ညအချိန်၌ ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်း၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ မှားယွင်းသည့် ကတိများဖြင့် အဓမ္မဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ရိုက်နှက်ခြင်းများ အပါအဝင် ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်က စစ်ပညာသင်တန်းအား ရက်သတ္တ ၂ ပတ်ခန့်အကြာ တက်ရောက်စေခဲ့ပြီးနောက် ၎င်းတို့ကို စစ်မြေပြင်သို့ စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ အဓမ္မလူသစ်စုဆောင်းခြင်းအတွက် အမှုပေါင်း ၁၁ မှုအား ရခိုင်ပြည်နယ်ရှိ စစ်တွေ ၊ မောင်တော ၊ ဘူးသီးတောင် ၊ ပေါက်တောနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဘင်္ဂါလီဒုက္ခသည် ၂၅ ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို မှတ်တမ်းတင်နိုင်ခဲ့သည့်အပြင် အေပြီလ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့ရှိ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က လက်ခံရရှိခဲ့ကြောင်း” မြေပြင်သတင်း အလွဲများနှင့် ရေးသားဖော်ပြခဲ့သည်ကိုတွေ့ရှိရပါသည်။
အဓမ္မလူသစ်စုဆောင်းခြင်းအတွက် ပေါက်တောနှင့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီဒုက္ခသည်များအားမေးမြန်းသည်ဟုဖော်ပြထားကတည်းကစတင်မှားယွင်းနေ
ကြောင်းတွေ့ရှိရပါသည်။ပေါက်တောမြို့ပေါ်တွင်လက်ရှိအချိန်၌စစ်တပ်နဲ့ရဲလုံးဝမရှိ နေဖဲAA သောင်းကျန်သူများနှင့် ၄င်းတို့အားထောက်ပံ့အားပေးနေသောအစွန်းရောက်ရခိုင်လူမျိုးအချို့သာ ရှိနေသောနေရာဖြစ်ပါသည်။ တကယ်တမ်းမြေပြင်မှာ အဓမ္မလူသစ်စုဆောင်းနေတာက AAအကြမ်းဖက်အဖွဲ့သာဖြစ်ပါတယ်၊ AA အကြမ်းဖက်အဖွဲ့ရဲ့ လူသစ်အတင်းအဓမ္မစုဆောင်မှု၊ ရိက္ခာ/ဆက်ကြေး အတင်းအဓမ္မတောင်းယူမှု၊ မွတ်ဆလင်တွေကို အတင်းအဓမ္မဖမ်းဆီး/နှိပ်စက်/သတ်ဖြတ်မှု စသည့် အကြမ်းဖက်မှုတွေ လုပ်နေလို့ မွတ်ဆလင်တွေ လက်မခံနိုင်တော့တဲ့အဆုံးAAအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေကြတာ အားလုံးအမြင်ဖဲဖြစ်ပါသည်၊ တပ်မတော်ဘက်ကသာ ၄င်းတို့စွတ်စွဲပြောဆိုနေသည့်အတိုင်းလုပ်ဆောင်နေပါက AA အလိုမရှိဟုဆန္ဒပြနေမည်မဟုတ်ပါ။ မွတ်ဆလင်ဘာသာဝင်များသည်မိမိတို့၏အသက်အိုးအိမ်စည်းစိမ်ကို AA အကြမ်းဖက်သောင်းကျန်းသူတို့၏အန္တရာယ်မှကာကွယ်ရန်AA ကိုတိုက်ထုတ်နေသောအစိုးရတပ်မတော်ကို အားကိုးခြင်းသာဖြစ်ပါသည်။ သူတို့အတင်းအဓမ္မစုခံရတာလား သူတို့စိတ်နဲ့ သူတို့တောင်းဆိုပြီး ၄င်းတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကိုကာကွယ်ဖို့လုပ်ဆောင်နေသည်လားဆိုတာ ကို Social Media တွင်ပျံ့နှံ့လျက်ရှိသော video File တွေမှာခိုင်လုံသောသက်သေအထောက်အထားများအဖြစ် ရှိနေပါသည်။
AA အကြမ်းဖက်မှုတွေကိုဖာထေးဖို့ တပ်မတော် ကို မှားယွင်းစွာစွပ်စွဲနေတဲ့ HRW အဖွဲ့အနေနဲ့ မိမိတို့၏ထင်မြင်ယူဆချက်များကိုသာဦးစားပေးရေးသားနေခြင်းမပြုနေဖဲအမှန်တကယ်မြေပြင်ကိုဆင်းကြည့်၍ AA အကြမ်းဖက် သောင်းကျန်း သူများ၏ အစွန်းရောက် စွာဗိုလ်ကျနှိပ်စက်ခြင်းကို ခံနေရသောမွတ်ဆလင်ဘာသာဝင်များနေထိုင်သည့်ကျေးရွာများအား သွားရောက် ၍မေးမြန်းရန်လိုအပ်နေပါသည်။