DVB သတင်းဌာနသည် သတင်းမှားများဖော်ပြ၍ PDF အဖွဲ့ဝင်များကို သေတွင်းထဲ ပို့နေခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ရှင်းလင်းဖြေကြား
ရန်ကုန်၊ သြဂုတ် ၂၉
အကြမ်းဖက်အားပေးသတင်းဌာန DVB က သတင်းမှားများဖော်ပြခြင်းနဲ့ ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းဌာနများသည် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သလိုပါပဲ။ PDF တွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးပြီး သေတွင်းထဲကို ပို့နေတာပါဟု ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြားထား ပါတယ်။
အကြမ်းဖက်အားပေးသတင်းဌာန DVB က စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ တိုင်းရင်းသားတပ်က သိမ်းဆည်းရမိဟု ဖော်ပြခဲ့ပြီး တပ်မတော်ဘက်မှ စစ်လက်နက်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိသယောင် ဖော်ပြထားခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “မုံးကိုး၊ ဖောင်းစိုင်ပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ သြဂုတ်လ (၂၈)ရက်နေ့ နေ့လည် ၁၂နာရီနဲ့ ညနေ ၄နာရီမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ မုံးကိုးနဲ့ မန်လုံကြား၊ ပန်လုံရွာရဲ့ အရှေ့ မြောက်ဘက်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ စစ်သည်အချို့ ကျဆုံးခဲ့တာရှိတယ်။ အရာရှိ တစ်ယောက် ဒဏ်ရာရတာရှိတယ်။ လက်နက်အချို့နဲ့ ဆက်သွယ်ရေးစက် ဝေါ်ကီတော်ကီ အသေးပေါ့ ဆုံးရှုံးခဲ့တာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးဆက်လက်ဆောင်ရွက်နေတာလည်း ရှိပါတယ်။ တပ်ရင်းမှူးကျတယ်တို့၊ တပ်ရင်းတစ်ရင်းလုံး ကျတယ်တို့ဆိုတာတော့ မဟုတ်ပါဘူး။ ဒါတွေက ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောသလိုပဲ ဟိုဘက်မှာ ရှိတဲ့ PDF လိုအဖွဲ့မျိုးတွေကို စိတ်ဓာတ် တက်ကြွအောင် လုပ်နေပြီးတော့မှ သေတွင်းပို့နေတာပါပဲ။” ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ရှင်းလင်းပြောဆိုပါတယ်။
DVB, Mizzima, Myanmar Now, Khit Thit သတင်းဌာနများသည် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ရေးသားမှုများကြောင့် နိုင်ငံတော်က ထုတ်ဝေခြင်းပိတ်သိမ်းထားသော သတင်းဌာနများဖြစ်သည်။ သတင်းဌာနများသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်၍ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုအမုန်းပွား သတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ရေးသားပေးနေကြခြင်းဖြစ်သည်။
#MyanmarNationalPost