ဂုဏ် သိက္ခာ ရဲ့ သမိုင်း နဲ့ ကြွားအုံးမယ်
==============================
ဆိုရှယ်မီဒီယာပေါ်မှာ အနုပညာသယ်မှအပ စာတွေချည်းရေးနေတဲ့ လူတယောက်အပေါ် ယုံကြည်မှု လေးစားမှု ချစ်ခင်အားကိုးမှု ရဖို့ဆိုတာ မလွယ်ပါဘူး ။
ရှေ့.. ရှေ့က နာမည်ကြီး နိုင်ငံရေးလောကရဲ့ ဆယ်လီတွေ ၂ ဖက်လုံးမှာ အများကြီး ရှိကြပါတယ် ။ သို့သော် ဆယ်စု နှစ်ချီပြီး တည်တံ့တဲ့သူ ရှားလှပါတယ် ။
ဒေါက်တာနေဇင်လတ် ၊ ကိုရဲမိုး ( သေပြီးတဲ့နောက် ယခုထိ) ၊ ကိုကျော်စွာ ၊ ဘူးလတ်ကြီးတို့ရဲ့ လျှမ်းလျှမ်းတောက် အရေးအသားတွေကို ဖတ်ခဲ့ရတာ ကြာပြီ ။ ဒီနေ့ထိ မရှိရှာတော့တဲ့ ကိုရဲမိုးကလွဲပြီး ကျန်သူတွေ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးထားနိုင်ဆဲဆိုတာ သူတို့ရဲ့ ပင်ကိုယ် အရည်အချင်းကြောင့်ပါပဲ ။
သူတို့နောက်နားက တွဲလဲခိုထားနိုင်တဲ့ ကိုယ့်ကိုလည်း အတိုင်းအတာ တရပ်ထိ အားရမိတာ အမှန်ပါပဲ ။ ကိုယ့်ကို like ပေး comment ပေးနေသူတွေထဲမှာ ကိုယ့်ဆွေမျိုး တယောက်မှ မပါဘူး ။
ဗဟုသုတ အလို့ငှာ ကိုယ့်တွေ့အဖြစ်အပျက်ရယ် ဖတ်မိ မှတ်မိထားတာလေးတွေကို ဝေငှတယ် ။ နိုင်ငံရေးသတင်းတွေကို တတ်နိုင်သလောက် သုံးသပ်တင်ပြတယ် ။ စစ်ရေးသတင်းတွေကို ရနိုင်သလောက် စီစစ်ပြီး အမှန်ကန်ဆုံး တင်ပြခဲ့တယ် ။
ဖားခြင်း ယားခြင်း ကင်းစွာနဲ့ တိုင်းပြည်အတွက် ၊ ပြည်သူအတွက် တွေးလို့ရသမျှ တင်ပြအကြံပြုခဲ့တယ် ။ ပြည်သူတွေရဲ့ နစ်နာမှုတွေ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကူညီတင်ပြပေးခဲ့တယ် ။
ဝေဖန် ထောက်ပြ အကြံပြုတာတွေကို အားမနာတမ်း လုပ်ခဲ့တယ် ။ မိမိရေးသားတင်ပြမှုကြောင့် နစကမှ အချိန်မှီ ကူညီကယ်တင်သောကြောင့် ဘဝ မပျက်ရတဲ့ ပြည်သူမိသားစုတွေ ထောင်ချီ ရှိခဲ့တယ် ။
ကိုဗစ်ကာလ လူတွေ အိမ်ထဲက အိမ်ပြင်မထွက်ရဲချိန်မှာ တွံတေး နဲ့ ရန်ကုန် နေ့စဥ် ဆိုင်ကယ်စုတ်လေးနဲ့ ဒလကိုလာတယ် ၊ ပြီးတော့ မိုးထဲရေထဲ လှိုင်းထန်နေတဲ့ မြစ်ကို လှေသေးသေးနဲ့ မကြောက်မရွံ့ဖြတ်ခဲ့ရတယ် ။ ဆေးအကူအညီတောင်းတဲ့ နိုင်ငံအနှံ့က မြို့ရွာအသီးသီးကို အခမဲ့ ဆေးဝါးဒါနအဖြစ် ပို့ပေးခဲ့တယ် ။ လိုင်းပေါ်တင်ပြီး မကြွားဝါခဲ့ဘူး ။
စာရေးတဲ့ နေရာမှာ ပြည်သူကို လိမ်မရပါဘူး ။ မသိမတတ်ပဲ တပွဲတိုး ပို့စ်တပုဒ်လောက်နဲ့ လူသိများလာရင်လည်း ရေရှည်မရနိုင်ပါဘူး ။ ဒီနေ့ထိ လူတွေ ( အနီ အစိမ်း မရွေး) အကျိုးရှိစေမယ့် ဗဟုသုတတွေ ရေးနေနိုင်တာ တပွဲထိုးသမားမဟုတ်လို့ပါပဲ ။
ကြွားဝါနေတာ မဟုတ်ပါဘူး ။ မနေ့တနေ့ကမှ အလိမ်အညာ ဆိုက်ဝါးသတင်းတွေနဲ့ တပ်မတော်ကို ဖားယားဖျက်ဆီး အောက်ခြေစစ်သည်တွေကို ပျက်ဆီးအောင် လုပ်နေတဲ့ လူတွေက မျိုးဝင်းကို ဆယ်လီရူးဆိုပဲ ဗျ ၊ နာမည်ကြီးချင်လို့ သတင်းမှန်တွေ တင်နေတာတဲ့ 😂😂😂
ကိုယ်ရေးလို့ လူကြီးတွေ သိသွားပြီး ကူညီခဲ့တဲ့ ဖြစ်စဥ်တွေ ၊ အရေးယူခဲ့ရတဲ့ ဖြစ်စဥ်တွေ အများကြီး ရှိခဲ့ရတာ သူတို့မသိဘူး ။ ကိုယ့် Old fri တွေ ကောင်းကောင်းသိတယ် ။ ဒါတွေကြောင့် ရေးနေတာကို အပြစ်တင်ကြတယ် ။ ဘူမသိ ကိုးမသိ ဖားမှ ယားမှ ထမင်းစားနေရတဲ့ စောက်ဆင့်တွေကပေါ့ ။
စင်ပေါ်ရောက်ချင်လို့ ရေးတာတဲ့လား.... ? 😂😂😂😂
မျိုးဝင်းထောင်ကလွတ်လာတော့ page မှာ ဝမ်းသာအားရ ကြိုဆိုတဲ့ မန့် ချည်း 10 k ကျော်တယ် ဆိုတာ သိကြသလားကွ ( like မဟုတ်ဖူးနော်) ။ မျိုးဝင်းဘဝမှာ.....
- ကိုမျိုးရေ ပုံတူလက်ဆောင် ဆွဲပေးချင်ပါတယ်ဆိုတဲ့ မိတ်ဆွေ
- မွေးနေ့မှာ ကဗျာစပ်ပေးတဲ့ မိတ်ဆွေ
- ပျောက်သွားရင် ပို့စ် တင် မေးကြ ရှာကြတဲ့ ချစ်မိတ်ဆွေတွေ
- ကိုမျိုး ဘာပဲ လိုလို အချိန်မရွေးပြောပါ ကူညီပါ့မယ်ဆိုတဲ့ ချစ်မိတ်ဆွေ...
ဒါမျိုးတွေ အများကြီးပါ ။ မီဒီယာစင်မြင့်ပေါ်ရောက်ဖို့ဆိုတာ မင်းတို့သာ ကျိုးစားကြရမှာပါ ။ မျိုးဝင်းက ရန်သူလည်း လန့်တယ် ၊ ဘောအလွန်မတွေလည်း မုန်းတယ် ဆိုတဲ့ အတန်းထဲက လူတယောက်ဖြစ်ပါတယ် ။ ဒါကိုပဲ ဂုဏ်ယူနေရတာ 😂😂။ ဘောအလွန်မတွေ မုန်းပြီ ဆိုကတည်းက ပြည်သူတွေ နဲ့ အခြေခံစစ်သည် မိသားစုတွေ ချစ်ပြီးသားမို့ပဲ ။
သတင်းမှားတွေ နဲ့ ဂျင်းထည့်ပြီး ယုတ်မာနေတဲ့ မျိုးချစ် အမည်ခံ စောက်ရူးတွေ နဲ့ မတူတာလည်း ဂုဏ်ယူစရာပဲ ။ ငါ့ အတွေ့အကြုံ ဗဟုသုတ ၊ စာဖတ်အား ၊ တိကျတဲ့ သတင်းစုဆောင်းမှု ၊ တိုင်းပြည်နဲ့ ပြည်သူအပေါ် ထားအပ်တဲ့စေတနာမှန် ဒါတွေမှီဖို့ပဲ အရင်ပြည့်အောင် ဖြည့်ဆီးနိုင်ကြပါစေ ။
( ဒါထက် နခခ ၅ ရဲ့ ထိုးစစ်အသွင် ခံစစ်ကြီး ဘာဖြစ်နေလဲဗျ လော်ဘီဆရာကြီးတွေ ဖြေစမ်းပါအုံး ၊ သတင်းမရေးပါဘူး သတင်းမေးကြည့်တာပါ)
ကိုရွှေမျိုးဝင်း