"အစ်ကိုရေ၊ ညီမနောက်ရက်မှပဲ အသေးစိတ် ပြောပါတော့မယ်နော်။ အခု ညီမတို့ ရဲဘော် ဈာပနရော လေယာဉ်ကြဲတာရောနဲ့က အဆင်မပြေဖြစ်နေလို့ပါ အစ်ကို"
.
ထောက်ပို့ငွေရှာတဲ့ ညီမတယောက် လာပြောထားတဲ့စာပါ။ မြေပြင်က ရဲဘော်တွေနဲ့ မက်ဆင်ဂျာထဲ စကားလာပြောရင် Seen ပြပြီး စာမပြန်ကြ။ အရင်ကတော့ ဒီလူတွေ ပြောချင်ရာပြောပြီး ပျောက်သွားတယ် ထင်တာ။ အံမယ် စိတ်တောင် ကွက်မိသေးတယ်။
.
နောက်ပိုင်းမှ ပိုပြီး နားလည်လာရတာက အင်တာနက်အခက်အခဲ၊ လုံခြုံရေးကြောင့်၊ လေယာဉ်ဗုံးကြဲ စတာတွေကြောင့် ရှောင်ကြရတာ၊ ဒါတွေကြောင့် တခါတလေ စကားပြန်မရဘဲ ၃-၄ ရက် ကြာနေတတ်ကြတယ်။
.
ခုလည်း ထောက်ပို့အတွက် စာပို့ထားတာမှာ ရဲဘော်ဈာပနကိစ္စ၊ လေယာဉ်ကိစ္စတွေ။ တချို့ဒုက္ခတွေကိုတော့ ဘယ်လောက်သိပါတယ်ပြောပြော ကိုယ်တိုင်ခံစား နားလည်ဖို့ မလွယ်လှ။ စိတ်ဓာတ်တွေ နုန်းခွေသွားပေမဲ့ ရပ်နေလို့ မဖြစ်၊ ဆက်လုပ်ကြပြန်တယ်။ သူတို့စကားလုံးတွေမှာ အားတွေ တွေ့ရတယ်။
.
ခု ဒီအဖွဲ့က လုပ်တဲ့ အစီအစဉ်ကို ကျနော်ကတော့ သဘောကျမိတယ်။ တရက်ကို ၁ ဒေါ်လာပဲ လှူပေးပါတဲ့။ ပြည်ပရောက်နေသူတွေအနေနဲ့ဆို ပိုတွက်ရလွယ်မယ်။ ၁ ဒေါ်လာဆိုတာ မပြောပလောက်တဲ့ ပမာဏ။ Starbucks, McDonald's သွားလို့ ပိုတဲ့ အစွန်းထွက် အကြွေလောက် ရှိမယ်ထင်ပါတယ်။
.
တရက် ၁ ဒေါ်လာ များတယ်လို့ တွေးရင်တောင် တပတ် ၁ ဒေါ်လာဆိုရင် ချွင်းချက်ရှိမယ် မထင်ပါ။ ပြီးတော့ ဘဏ်အကောင့်ကနေ လွှဲမယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် သူ့အလိုလို လွှဲနေအောင် Setting ချထားလို့လည်း ရနိုင်တယ်။ တကြိမ်တည်း အလုံးအရင်းလိုက် လှူရတာမျိုး မဟုတ်လို့ အမြဲတမ်း လှူနေတယ်ဆိုတဲ့ စိတ်ခံစားမှုကို ရစေပါတယ်။
.
ထောက်ပို့ချင်သူတွေအနေနဲ့ ဒီ Link (
https://www.facebook.com/KNDFB03/posts/pfbid037C88xPQvBj9nTj6mf1pGogYVKrMUYT1k6xNsewQzaFgQFvowfhQUxsuihEz5CUAl) မှာ ယုံယုံကြည်ကြည် ပေးပို့နိုင်ပါတယ်။ ပြည်တွင်းနေသူတွေအနေနဲ့လည်း ငွေမထောက်ပံ့နိုင်ဘူးဆိုရင် ဒီ Link မှာ Like/Comment/Share အဆင်ပြေရာတခုခု လုပ်ပေးခဲ့ရင် ပျံ့နှံ့မှုများပြီး အများကြီး ထိရောက်ပါတယ်။