မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်း ခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်းခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါး တို့အား မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို အောက်တိုဘာ ၇ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး ၉ ပါးတို့အား ၂၀၂၃ ခုနှစ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များဆက်ကပ် လှူဒါန်းရာတွင် စစ်တွေမြို့နယ် မှ ဆရာတော်(၇)ပါးနှင့် သံတွဲမြို့နယ်မှဆရာတော် နှစ်ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#myanmarfocusonlineplatform