ဟုတ်ပါတယ်.. ဆရာကြီးက သူဆွဲချင်မှန်သမျှအကုန်ဆွဲတာပါ။ One Pieceထဲမှာလည်း Characterပေါင်းစုံ လူမျိုးပေါင်းစုံ ကျွန်းမျိုးပေါင်းစုံနဲ့ မတူညီနဲ့ဓလေ့ထုံးတမ်းများစွာပြည့်နှက်နေပါတယ်။ StrawHatတွေ တစ်ကျွန်းကနေ တစ်ကျွန်းပြောင်းရင်တောင် အသစ်အဆန်းဖြစ်တဲ့ကျွန်းတစ်မျိုးမျိုးကပေါ်လာနေကျပါ။ လွန်ခဲ့တဲ့နှစ်တွေက Wanoလိုရှေးကျတဲ့နေရာမျိုးကနေ အခုဆိုEgg Headလိုအနာဂတ်နည်းပညာရှေ့ပြေးတဲ့ Arcစီဗြုန်းစားကြီးရောက်လာခဲ့ပြန်ပါပြီ။ ယခင် ရှေ့တွေမှာလည်း သဲထုတွေပြည့်နေတတ်တဲ့Alabasta, ကောင်းကင်ကျွန်းSkypiea၊ သင်္ဘောမြို့တော်Water 7၊ သရဲတွေရှိတဲ့Thriller Bark, မိန်းမကျွန်းAmazon Lily, ငါးလူသားကျွန်းFishman Island၊ ကလေးကြီးတွေရှိရာ Punk Hazard, လူသေးဖလံလေးတွေနဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးတွေရှိတဲ့ Dressrosa, အစားအစာမြို့တော် Whole Cake island, ရှေးJapanနဲ့ဆင်တူတဲ့ Wanoတိုင်းပြည်၊ အနာဂတ်မြို့တော်Egg Head.. စသဖြင့်အလွန်ကိုပေါများပါတယ်။ နောက်ပိုင်းတွေမှာလည်း Void Centuryတုန်းကအရာတွေအပြင် Elbafလို Giantတွေရဲ့ Islandတွေကိုပါ အများကြီးဆက်လက်မြင်တွေ့ရပါဦးမယ်။
One Pieceဆိုတာစွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးပါ ~~~
#HAZE
One Pieceဆိုတာစွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးပါ ~~~
#HAZE