နှစ်သစ်ကူးညတစ်ညတာအား ညမထွက်ရအမိန့်ပယ်ဖျက်
ဒီဇင်ဘာလ (၃၁) ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးညတစ်ညတာအား ညမထွက်ရအမိန့်ပယ်ဖျက်လိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
2025 Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းမှ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားကြောင်း သိရသည်။
2025 Yangon New Year Countdown ပွဲတော်ကို ပြည်သူ့ရင်ပြင်တွင် ညနေ (၆) နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါ Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့ များနှင့် မျိုးဆက်သစ်တေးသံရှင်များက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။