❗️❗️❗️❗️❗️American history X (1998)
IMDB (8.5/10)
📱Channel အရင် join ပါ။
https://t.me/+fdoM7RwLwQM2YTY1
😍ဇာတ်ကား link
https://t.me/c/2177896296/215
Review
---------
Derek ဆိုတဲ့ အမေရိကန်လူ ဖြူ လူငယ်ကလေးဟာ neo-Nazi လို့ အမည်ပေး ထားတဲ့ ဟစ်တလာရဲ့ ဝိဝါဒ အမွှန်းတင်စကားတွေကို အထူးသက်ဝင်ယုံကြည်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါ တယ်။ဆံပင်ကို ကတုံးပေါက်ပုံစံပဲ ထားတယ်။တကိုယ်လုံးမှာ နာဇီအမှတ်တံဆိပ်ကို တက်တူးထိုးပြီး ယုံကြည်ကိုးကွယ်ကြောင်း ပြဆိုထားတယ်။သူ့ရဲ့ မျက်လုံးတွေ။ နု တ်ခမ်းတွေက ယင်းအကြောင်းအရာတွေရဲ့ လှုံ့ဆော်နေမှု ကြောင့် ထင်ပါ တယ်။အမြဲတစ်စေပဲ ဖိတ်ဖိတ်တောက် တင်းမာစေ့ ကပ်လို့နေတယ်။သူ့ရဲ့အနားမှာ Neo-Nazi ဝါဒတွေ ကို လက်ဆင့်ကမ်းသွန်သင်ပေးနေတဲ့ ပုဂ္ဂို လ်တစ်ဦး လည်း ရှိနေတယ်။သူကိုယ်တိုင်ကလည်း သူလို သက်တူရွယ်တူအပေါ် အမျိုးသားရေး ဝါဒတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေကို ရွှန်းရွှန်းဝေ အောင် ဩဘာပေးလို့နေပါတယ်။အထူးသဖြင့် သူ တို့အမေရိကမှာ တိုင်းတစ်ပါးသားတွေ အခွင့်ကောင်းယူ နေထိုင်နေတာကို တွန်းလှန်ပစ်ဖို့လို ကြောင်း။သူတို့ကသာ အရာရာအသာစီးနေရာ ကောင်းယူထားပေမယ့် ဇာတိချက်ကြွေ လူမျိုး စစ်စစ်တွေမှာတော့ အောက်ကျစွာနေထိုင်နေရ ကြောင်း စလို့ အမျိုးသားရေးပါတဲ့ စကားလုံးတွေ အများကြီးနဲ့ လှုံ့ဆော်တယ်။အထူးသဖြင့် လူမည်း တွေရဲ့ ကြီးစိုးလာမှု တွေအကြောင်းလည်း ပါတယ်။ ဆဲ့ဆိုတဲ့ စကားလုံးတွေနဲ့ တစ်ပြည့်တစ်သိပ်ပြော တယ်။
ပြီးနောက်မှာတော့ သူလို စိတ်ဓါတ်တက်ကြွနေကြ တဲ့ လူငယ်တွေဟာ တိုင်းတစ်ပါးသားတွေဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတယ်။လူမည်းအုပ်စုက သူ အိမ်ရှေ့ကို ရောက်လာပြီးတော့ မကောင်းမှု တစ်ခုခု ကို ကျူးလွန်ဖို့ အားထုတ်နေကြချိန်မှာ သူ့ညီ ကလေးရဲ့ ပြောကြားမှု ကနေ လူမည်းတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ပစ်မိတော့ တယ်။မသေဆုံးဘဲ ကျန်နေသေးတဲ့ လူမည်းလေး တစ်ယောက်ကိုလည်း ပါ့စပ်ကို ပလက်ဖောင်းဘောင်အေစောင်းပေါ်ကို အကိုက်ခိုင်းပြီး အပေါ်ကနေ ဆောင့်နင်းပစ်လိုက်တော့တယ်။အဲဒီအချိန်မှာ သူခန္ဓာဟာ အပေါ်ပိုင်း ဗလာထီးထီးနဲ့ နာဇီ စ င်္ကြာတံဆိပ်ကြီးက မီးရောင်အောက်မှာ ထင်းနေတယ်။သူ့မျက်နှာဟာ တိုက်ပွဲတစ်ခုကို အနိုင်ပိုင်းနိုင် သွားလို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်အသွင်အထူးသဖြင့် Neo-Nazi ဝါဒအပေါ် အထူးလိုက်နာ ကျင့်သုံးလိုက်နိုင်လို့ ဂုဏ်ယူနေတဲ့ အသင်းသားတစ် ယောက်အသွင်မျိုးပေါ့။
ဒါပေမယ့် သူက ထောင်သုံးနှစ်ပဲ ကျတယ်။ထောင် ထဲကို တကယ်ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူ ယုံကြည်ခဲ့တဲ့ သဘောတရားတွေဟာ ဘာအဓိပ္ပာယ် ယ်မှ ရှိမလာဘူးဆိုတာ သိလာတယ်။သူ့အနေနဲ့ ရန်သူကြီးတွေသဖွယ် အမုန်းကြီးမုန်းမိခဲ့တဲ့ လူမည်း တွေဟာလည်း သူထင်သလို အခွင့်အရေးတွေ ရနေ တာလည်း မဟုတ်ဘဲ ဖိနှိပ်ခံလူသားတွေသာ ဖြစ်ကြောင်း သိရှိလာချိန်မှာတော့ သူ့ဆီက Neo- Nazi ဗိုင်းရပ်စ်တွေဟာ သူ့ ညီငယ်ဆီကို ကူးစက်နေ ပါပြီ။ခေတ်သစ်နာဇီဝါဒကို သိပ်ပြီး အကြို က်တွေ နေပါပြီ။ဆက်ပြောနေရင်ဇာတ်လမ်းပေါ့သွားမှာစိုးလို့ဆက်ကြည့်လိုက်ကြပါဦး
#uploadbyhsukaykhaing