❗️❗️❗️❗️ The Pianist (2002)
📱 8.5
📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl
📱 ဇာတ်ကား Link
https://t.me/c/2274736087/859
Review
The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန် လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်း ရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆော မြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာ ဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ်ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့ အစပေါ့...အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မ ပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေ ခဲ့ကြတယ်။ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပို အာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါ တော့တယ်။မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်း တယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက် စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုက လဲ အပါအဝင်ပေါ့။ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက် က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့ မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေ ရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊ သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက် ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့ နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ် ယောက် ဘယ်လိုအသက်ရှင်ဖို့ ကြိုးစားခဲ့ရပုံကို ရင် တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။
#uploadbyshoonshoon