အငြိမ်းစားဒိုင်ယာယီ
အငြိမ်းစားကြီးတွေက
ငြိမ်းသွားပြီးပေမယ့်
ကိုယ့်စည်းနဲ့ ကိုယ်လေ...
ကိုယ့်ဖာသာ နေတတ်ကြတယ်။
ဘယ်သူ့မှ မစော်ကား
ကိုယ့်တန်ဖိုး ကိုယ်ထားပြီး
ကိုယ့်စည်းကိုယ်စောင့်
ကိုယ်လမ်း ကိုယ်ဖြောင့်အောင်နေကြတယ်။
လူ့စည်းကမ်း
အရပ်စည်းကမ်း
ဒေသ စည်းကမ်း
အရမ်းစောင့်သိ စည်းကမ်းရှိကြတယ်။
လျှောက်ခဲ့တဲ့ ဘဝ
အချင်းချင်း ပြန်တွေ့မှ
ရင်ဖွင့်ချင်ကြသလို
အပြင်လူဆို..အလိုလိုနှုတ်ဆိတ်နေတတ်တယ်။
ခေတ်ကာလ အခြေအနေ
ကိုယ့်မှာ အဆင်မပြေပေမဲ့
ရိုးရိုးနေ ရိုးရိုးစား
သင့်သလို နေသွားတတ်ကြတယ်။
ရှိတာလည်း လူမသိ
မရှိတာလည်း လူမသိအောင်
ကြည့်နေ ကြည့်စား
ကိုယ့်ဖာသာ စခန်းသွားကြတယ်။
ကတိမ်းကပါးဖြစ်လာလဲ
အငြိမ်းစားလစာနဲ့ပဲ
မဝရေစာ တွေက
ဘဝ နေဝင်ချိန်မှာပေါ့။
မရှိ ဝမ်းစာ
ရှိတော့လည်း ရတနာပေါ့
ထုခွဲကာစားသောက်
ဗိုက်မှောက်တဲ့အခါ မှောက်ပေါ့။
လူကသာ အငြိမ်းစား
ဘဝက ပြီးမသွားတော့
စားဝတ်နေရေး
ဆက်ရုန်းနေရသေးတာပဲ။
ခေတ်အခါကို စောင့်ကြည့်
သတိ ရှိရှိနဲ့ မိမိဘဝ နားလည်
အားငယ်မိတဲ့အခါ ငယ်တာပါပဲ။
ဥာဏ်မဝေးလှပေမဲ့
ကံပေးသမျှနဲ့ပဲ
ဓမ္မနဲ့ နေတတ်
ဘဝကို..ကျေနပ်နေရတာပဲ။
အငြိမ်းစားဘဝမှာ
တချို့လည်း ဂိမ်းသွားကြ
တချို့လည်း ထိန်းသွားကြ
တချို့လည်း ကတိမ်းကပါးနဲ့
အငြိမ်းစား ဘဝကြောမှာ
သင့်သလို မြောပါရင်း
တစ်ခါ တစ်ခါ...ဓမ္မ
တစ်ခါ တစ်ခါ...မာန
တစ်ခါ တစ်ခါမှာ...နောင်တတွေနဲ့
တစ်ခါ တစ်ခါမှာလည်း...မှောင်ချနေတတ်ကြပါရဲ့။
ကျော်ထွဋ်ခေါင်
အငြိမ်းစားကြီးတွေက
ငြိမ်းသွားပြီးပေမယ့်
ကိုယ့်စည်းနဲ့ ကိုယ်လေ...
ကိုယ့်ဖာသာ နေတတ်ကြတယ်။
ဘယ်သူ့မှ မစော်ကား
ကိုယ့်တန်ဖိုး ကိုယ်ထားပြီး
ကိုယ့်စည်းကိုယ်စောင့်
ကိုယ်လမ်း ကိုယ်ဖြောင့်အောင်နေကြတယ်။
လူ့စည်းကမ်း
အရပ်စည်းကမ်း
ဒေသ စည်းကမ်း
အရမ်းစောင့်သိ စည်းကမ်းရှိကြတယ်။
လျှောက်ခဲ့တဲ့ ဘဝ
အချင်းချင်း ပြန်တွေ့မှ
ရင်ဖွင့်ချင်ကြသလို
အပြင်လူဆို..အလိုလိုနှုတ်ဆိတ်နေတတ်တယ်။
ခေတ်ကာလ အခြေအနေ
ကိုယ့်မှာ အဆင်မပြေပေမဲ့
ရိုးရိုးနေ ရိုးရိုးစား
သင့်သလို နေသွားတတ်ကြတယ်။
ရှိတာလည်း လူမသိ
မရှိတာလည်း လူမသိအောင်
ကြည့်နေ ကြည့်စား
ကိုယ့်ဖာသာ စခန်းသွားကြတယ်။
ကတိမ်းကပါးဖြစ်လာလဲ
အငြိမ်းစားလစာနဲ့ပဲ
မဝရေစာ တွေက
ဘဝ နေဝင်ချိန်မှာပေါ့။
မရှိ ဝမ်းစာ
ရှိတော့လည်း ရတနာပေါ့
ထုခွဲကာစားသောက်
ဗိုက်မှောက်တဲ့အခါ မှောက်ပေါ့။
လူကသာ အငြိမ်းစား
ဘဝက ပြီးမသွားတော့
စားဝတ်နေရေး
ဆက်ရုန်းနေရသေးတာပဲ။
ခေတ်အခါကို စောင့်ကြည့်
သတိ ရှိရှိနဲ့ မိမိဘဝ နားလည်
အားငယ်မိတဲ့အခါ ငယ်တာပါပဲ။
ဥာဏ်မဝေးလှပေမဲ့
ကံပေးသမျှနဲ့ပဲ
ဓမ္မနဲ့ နေတတ်
ဘဝကို..ကျေနပ်နေရတာပဲ။
အငြိမ်းစားဘဝမှာ
တချို့လည်း ဂိမ်းသွားကြ
တချို့လည်း ထိန်းသွားကြ
တချို့လည်း ကတိမ်းကပါးနဲ့
အငြိမ်းစား ဘဝကြောမှာ
သင့်သလို မြောပါရင်း
တစ်ခါ တစ်ခါ...ဓမ္မ
တစ်ခါ တစ်ခါ...မာန
တစ်ခါ တစ်ခါမှာ...နောင်တတွေနဲ့
တစ်ခါ တစ်ခါမှာလည်း...မှောင်ချနေတတ်ကြပါရဲ့။
ကျော်ထွဋ်ခေါင်