မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်
+++++
“ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုတယ်ဝန်းအတွင်း ခင်းကျင်းပြသထားသည့် သဘာဝမြေသြဇာများ၊ ဓာတ်မြေသြဇာများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားများ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
Saw Ba Maung