မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
+++++
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လျှောက်ထားလာသော ကျောင်းများအနေဖြင့် အခြေခံစံနှုန်း(၄)ခုနဲ့ အညွှန်းကိန်း(၁၇)ချက်နှင့်အညီ အခြေခံပညာကျောင်းများမှာလှုပ်ရှားဆောင်ရွက်ထားရှိမှု အခြေအနေများအား ကျောင်းတစ်ကျောင်းလျှင် (၃)ကြိမ်စီ ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ရွေးချယ်ခံရတဲ့ ကျောင်းများအနေဖြင့်လည်း အမျိုးသားအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်ဖို့ အားထုတ်ရန်လိုအပ်ပြီး ကော်မတီဝင်ဌာနဆိုင်ရာများ ပူးပေမှ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဖြည့်စွက်အကြုံပြုပေးစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
Saw Ba Maung