ရေးမြို့နယ်ရှိ မီးပေးဝေးရေး ကုမ္မဏီတာဝန်ခံနှင့် စာရင်းစစ်တို့နှစ်ဦးအား ထောက်ပံကြေးမပေးဟုဆိုကာ လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွား
ရေး၊ ဇွန် ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စု၊ သပြေရွာသစ်အနီး ကမ်းခြေရှိ Southern Myanmar Developmentt မီးပေးဝေရေး ကုမ္မဏီ တာဝန်ခံနှင့် စာရင်းစစ်တို့နှစ်ဦးအား ထောက်ပံကြေးမပေးဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူများသည် အထက်ပါ ကုမ္မဏီတွင် ရှိနေစဥ် မော်တော်ယာဥ် နှစ်စီးဖြင့် ပျောက်ကျားယူနီဖောင်း ဝတ်စဥ်ထားသူများ ရောက်ရှိခဲ့ပြီး ၎င်းတို့အား ထောက်ပံကြေးပေးရန် လာရောက်ပြောဆိုခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ သိရသည်။
ထိုသို့ ထောက်ပံကြေးပေးရန် ပြောဆိုရာ ကုမ္မဏီဘက်မှ ပေးအပ်ခြင်း မရှိသောကြောင့် ဖမ်းဆီးခေါ်ဆောင်ကာ အောင်သာယာကျေးရွာ ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ၍ ကုမ္မဏီ တာဝန်ခံနှင့် စာရင်းစစ်တို့အား ဖမ်းဆီးသွားသည့် အမည်မသိလက်နက်ကိုင်အဖွဲ့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yarmanya Times