Posts filter




Forward from: Dr. Naing Swe Oo
အမေရိကန် ကာကွယ်ရေးဝန်ကြီးဖြစ်လာမည့် Pete Hegseth

ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုထားသူ Pete Hegseth ကို ဆီးနိတ်လွှတ်တော် တပ်မတော်ရေးရာ ကော်မတီက မဲခွဲဆုံးဖြတ်ပြီးနောက် ကာကွယ်ရေးဝန်ကြီး တာဝန် ခန့်အပ်ရန် ထောက်ခံလိုက်ပြီလို့ သိရပါတယ်။ ဆီးနိတ်လွှတ်တော်တစ်ရပ်လုံးအနေနဲ့ကတော့ ဒီရက်သတ္တပတ်အကုန်မှာ အတည်ပြုပါလိမ့်မယ်။

၁၉၈၀ ခုနှစ်ဖွား အသက် ၄၄ နှစ်အရွယ် ကြည်းတပ် ဗိုလ်မှူးဟောင်း Pete Hegseth ဟာ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပါမယ်။ သူ့မှာ အားသာချက်တွေ ရှိပေမယ့် စွပ်စွဲခံရတာတွေနဲ့ အားနည်းချက်တွေလည်း ရှိနေပါတယ်။

ဒီနှစ် ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်တဲ့ ဆီးနိတ်လွှတ်တော် တပ်မတော်ရေးရာကော်မတီရဲ့ ကြားနာပွဲမှာ Pete Hegseth ဟာ အခြေခံအကြောင်းအရာ အချက်အလက်အချို့ကို မဖြေနိုင်တဲ့အတွက် ဝေဖန်ခံရပါတယ်။ ဥပမာ - အရှေ့တောင်အာရှမှာ နိုင်ငံ ဘယ်နှနိုင်ငံရှိလဲ မေးတာကို မဖြေနိုင်တာလဲ ပါဝင်ပါတယ်။

ကော်မတီဝင် လွှတ်တော်အမတ်တွေက အတော် စစ်စစ်ပေါက်ပေါက် မေးကြပါတယ်။
ဥပမာ -
- တပ်မတော်သုံး M-4 ကာဘိုင်ရဲ့ ကျည်ဘောက်မှာ ကျည်ဘယ်လောက် ဝင်ဆံ့လဲ။
Pete Hegseth က ၃၀ ဆံ့တယ်လို့ ဖြေပါတယ်။

- Beretta ပစ္စတိုမှာ ဘာကျည်သုံးလဲ။
သူက ၉ မမကျည်လို့ဖြေပါတယ်။

- ညကြည့်ကိရိယာ (Night Vision Goggles) မှာ ဘာဓာတ်ခဲသုံးလဲ။
သူက Duracell လား မသိဘူးဆိုပြီး အရွှန်းဖောက်ပါတယ်။ တကယ်က ဓာတ်ခဲရဲ့ အရွယ်အစား “AA” သို့မဟုတ် “AAA” ကို မေးတာပါ။

ကာကွယ်ရေး ဝန်ကြီး လုပ်မယ့်သူဟာ ပထဝီနိုင်ငံရေး၊နဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပြင် မိမိတပ်မတော်နဲ့ ပတ်သက်တဲ့ အခြေခံနဲ့ အသေးစိတ်အချက်အလက်တွေ သိရှိဖို့လိုအပ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။

ဒုတိယ သမ္မတ J. D. Vance ဟာလည်း ၁၉၈၄ ခုနှစ်ဖွား အသက် ၄၀ သာ ရှိပြီး ကြည်းတပ်မှာ တပ်ကြပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ဖူးပါတယ်။

Trump 2.0 အစိုးရသစ်မှာ လျာထားခံရသူတွေထဲမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ ပိုမို ပါဝင်လာတာကိုလည်း တွေ့နိုင်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေရဲ့ ပျမ်းမျှ အသက်ဟာ ၅၄ ဒဿမ ၁ နှစ်သာ ရှိတဲ့အတွက် သမိုင်းတစ်လျှောက် ပျမ်းမျှ အသက်အငယ်ဆုံး အစိုးရအဖွဲ့ ဖြစ်လာပါမယ်။

လူကြီးတွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေနဲ့ လူငယ်တွေရဲ့ ဆန်းသစ် တီထွင် ဖန်တီးနိုင်တဲ့ အတွေးအခေါ်အယူသစ်တွေကို ပေါင်းစပ် အသုံးချနိုင်ခြင်းဟာ နိုင်ငံ့အကျိုးကို ပိုမို ဖြစ်ထွန်းစေပါတယ်။
နိုင်ဆွေဦး
#NaingSweOo
[21012025]




မိမိတို့နိုင်ငံတည်ရှိရာ အင်ဒို-ပစိဖိတ်ဒေသကြီးသည် တည်ငြိမ်မှု လျော့နည်းလာပါသည်။ ပြည်တွင်း စိန်ခေါ်မှုများစွာ ရှိနေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အပြောင်းအလဲများကလည်း မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်လျက် ရှိပါသည်။ အာဆီယံသည် နေတိုးအဖွဲ့ကဲ့သို့ စစ်စာချုပ်အဖွဲ့အစည်း မဟုတ်သော်လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး၊ အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအ‌ဝေးနှင့် အာဆီယံ လေတပ်ဦးစီးချုပ်များ ကွန်ဖရန့်စသည်တို့အပါအဝင် အခြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ရှိနေပါသည်။ ထိုကဲ့သို့ အစည်းအဝေးများနှင့် ASEAN Armies Rifle Meet ကဲ့သို့သော ပြိုင်ပွဲများတွင် ဆက်လက်ပါဝင်နေရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Shanghai CooperationOrganization) အဖွဲ့ကြီးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားသင့်ပါသည်။ ထို့အပြင် ရုရှားနိုင်ငံတွင် ပြုလုပ်ကျင်းပသည့် International Army Games နှင့် CISM World Cadet Games များတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခြင်းများသည်လည်း စစ်မှုရေးရာ သံခင်းတမန်ခင်းများပင် ဖြစ်ပါသည်။ ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူပေါင်း‌ဆောင်ရွက်ချက်များ အနေဖြင့် အိန္ဒိယနှင့် နှစ်နိုင်ငံ ရေကြောင်းပူးတွဲကင်းလှည့်ခြင်းများ၊ တိုင်းတာရေးလုပ်ငန်းများနှင့် MILAN ကဲ့သို့သော နိုင်ငံစုံ ရေကြောင်း ပူးတွဲလေ့ကျင့်ခန်းများတွင် ပါဝင်လုပ်ဆောင်နေကြောင်း လေ့လာ တွေ့ရှိရပါသည်။ စစ်ဖက်ဆိုင်ရာ သံခင်းတမန်ခင်းတွင် ဦးတည်ရာနှင့် ရှု‌ထောင့်စုံတို့ ပါဝင်နေရာ ဂရုပြု ကျင့်သုံးသွားရန်လည်း လိုအပ်ပါသည်။ စစ်ဖက်ဆိုင်ရာ သံခင်းတမန်ခင်းသည် အဟန့်တစ်ခုပင်ဖြစ်ရာ လက်ရှိကျင့်သုံးနေမှုသည် အမှန်တကယ် ထိရောက်မှု ရှိ၊ မရှိ ကိုလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သွားရန် အရေးကြီးပါသည်။

(ဋ) နျူကလီးယားရေးရာ သဘောတရား (Nuclear Doctrine)

ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ထိန်းချုပ်ရေးစနစ် လျော့ရဲလာမှုကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်ပါသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်များကို ခေတ်မီစေရန် လျင်မြန်စွာ လုပ်ဆောင်နေကြသည်။ ဤကဲ့သို့ ဖြစ်ပေါ် တိုးတက်မှုများနှင့်ပတ်သက်၍ နျူကလီးယားလက်နက်ပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ နျူကလီးယားရေးရာ သဘောတရားကို အစဉ်မပြတ်သုံးသပ်ဆန်းစစ်နေရန် လိုအပ်ပါသည်။

နိဂုံး

ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲသူများသည် မျက်မှောက်ခေတ်တွင် ပြောင်းလဲတိုးတက်လာသည့် စစ်မှုရေးရာသဘောတရားများအား နှံ့စပ်ကျွမ်းကျင်မှုရှိသည့် အရည်အချင်း ပြည့်ဝသူများ ဖြစ်ရပါမည်။ ရုရှား-ယူကရိန်းနှင့် ဂါဇာစစ်ပွဲတို့မှ ဖော်ထုတ်ရရှိသော သင်ခန်းစာများသည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနည်းတူ အရေးကြီးပါသည်။ ဥပမအားဖြင့် တပ်မတော်၏ ဖွဲ့စည်းပုံအား စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်များ အသွင် ပြောင်းလဲပစ်မည်ဆိုပါက ပြောင်းလဲသွားမည့် စစ်ဆင်ပုံနည်းလမ်းများအား တပ်မတော်သား များ၏ တွေးခေါ်မျှော်မြင်မှုတွင် မည်သို့ပေါင်းစပ် ထည့်သွင်းပေးနိုင်မည်ကိုလည်း ထည့်သွင်း တွက်ချက်ထားရပါမည်။ ၎င်းတို့အနေဖြင့်ခြိမ်းခြောက်မှုများ၏ ပြောင်းလဲနေသော သဘောသဘာဝ၊ ရန်သူ၏ စိတ်ဓာတ်နှင့် စွမ်းရည်တို့ကို အပြည့်အဝ နားလည်ပြီး ၎င်းတို့ ကိုယ်ပိုင် SWOT Analysis (Strengths, Weaknesses, Opportunities and Threats Analysis)လုပ်ဆောင်နိုင်ရမည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲနှင့် ဖြစ်နိုင်ခြေရှိသော အနာဂတ်ပဋိပက္ခများ (ဥပမာ - ထိုင်ဝမ်ကျွန်းအရေးကိစ္စ) က မိမိတို့တွင် အတွေးအမြင်သစ်များ လိုအပ်နေကြောင်း သတိပေးနေပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ဆင့်ကဲပြောင်းလဲလာသော ခြိမ်းခြောက်မှု အန္တရာယ်များနှင့် တိုးတက်ပြောင်းလဲလာသော စစ်ပွဲ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား ရေးဆွဲထားသည့်ပြည့်စုံသော အမျိုးသားလုံခြုံရေး မဟာဗျူဟာစာတမ်းတစ်စောင်အား ပြင်ဆင်ရေးဆွဲထားသင့်ပါကြောင်း ဖော်ပြအပ်သည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
ရင်းမြစ်။
- Changing Nature of Warfare, Lesson for India, Arvind Gupta, Director, VIF, May 24, 2024


ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတွင် ကိုယ်တိုင်အလုံးစုံ ထုတ်လုပ်ရောင်းချ၍ ဖြစ်စေ၊ Supply Chain တွင် ကိုယ်တိုင်ပါဝင်ပြီး တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ခြင်းဖြင့်ဖြစ်စေ ပါဝင်လုပ်ဆောင်သင့်ပါသည်။ ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် ပြည်ပမှ တင်သွင်းမှုအား အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါမည်။ ဤနည်းဖြင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုတွင် ပြည်ပနိုင်ငံများအား မှီခိုအားထားနေရမှုအား လျှော့ချနိုင်မည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ရေရှည်စစ်ပွဲများကိုဆင်နွှဲနိုင်ရန်အတွက် ပြည်တွင်း ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာ များစွာ ရှိပါသေးသည်။ ၎င်းတို့မှာ တပ်မတော်အတွက် အရည်အသွေးမြင့် ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်ရန် ပုဂ္ဂလိကကဏ္ဍကို အားပေးခြင်း၊ ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၏ အရည်အသွေး၊ လက်နက် စမ်းသပ်မှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များ၊ အသစ်တည်ထောင်ထားသည့် လုပ်ငန်းငယ်များအတွက် ရေရှည် ပံ့ပိုးကူညီမှု စသည်တို့ဖြစ်သည်။ အသုံးပြုနေသော တပ်မတော်သားများထံမှ သိရှိရသည့် အားနည်းချက် များအားလည်း ထည့်သွင်းစဉ်းစား ပြင်ဆင်ပေးသွားသင့်ပါသည်။ ထိုကဲ့သို့ လက်တွေ့ကျသည့် ပြဿနာများအား အမြန်ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။

၎င်းအပြင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာနများအနေဖြင့် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် Dual - use technology နည်းပညာထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သင့်ပါသည်။ ဥပမာအားဖြင့် Remote Sensing ဆိုင်ရာနည်းပညာများ ဖြစ်ပါသည်။

ဆွီဒင်အခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (SIPRI) က ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်း လက်နက်ကုမ္ပဏီ ၁၀၀ (The SIPRI Top 100 arms-producing and military services companies in the world, 2022) အား ထုတ်ပြန်ခဲ့ရာ အာရှတိုက်မှ ၂၂ ခုပါဝင်ပါသည်။ ထို့အနက် တရုတ်က ၈ ခုဖြင့် အများဆုံးဖြစ်ပါသည်။ အရှေ့တောင်အာရှမှ စင်ကာပူ၏ ST Engineering ကုမ္ပဏီတစ်ခုသာ ပါဝင်ကြောင်း တွေ့ရသည်။
မိမိတို့နိုင်ငံသည်လည်း ပြည်တွင်းပဋိပက္ခများနှင့် ပြည်ပမှ ပိတ်ဆို့မှုများကြောင့် လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ပြည်တွင်းတွင် ဖူလုံစွာ ထုတ်လုပ်နိုင်သည့် အတွေ့အကြုံများ ရှိပြီးဖြစ်ပါသည်။ အထူးသဖြင့် လက်နက်ငယ်နှင့် စစ်ရေယာဉ်များ ထုတ်လုပ်ခြင်းကဏ္ဍများ ဖြစ်သည်။ ၂၀၁၉ ခုနှစ်က Defence and Security Expo 2019 (Thailand) တွင် ပါဝင်ပြသသည်ကိုလည်း တွေ့နိုင်ပါသည်။ ထိုပြပွဲတွင် မြန်မာထုတ် လက်နက်ပစ္စည်းများအား စိတ်ဝင်စာမှု များပြားကြောင်းလည်း သိရှိရပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ် (Research and Development) အား စနစ်တကျ ပြုလုပ်ပြီး တစ်ဆင့်ချင်း အဆင့်မြှင့်တင်ကာ ပြည်ပသို့ တင်ပို့ရောင်းချသွားသင့်ပါသည်။ အမေရိကန်တွင် (Defense Advanced Research Projects Agency – DAPRA) နှင့် အိန္ဒိယတွင် (Defence Research & Development Organisation – DRDO) တို့ရှိသကဲ့သို့ မြန်မာတွင်လည်း ထိုကဲ့သို့ သုတေသနဌာနများ ရှိပြီးဖြစ်ပါသည်။ အပိုပစ္စည်း ထုတ်လုပ်မှုများအတွက် ပုဂ္ဂလိက MSME လုပ်ငန်းများနှင့် ချိတ်ဆက်ထားသင့်ပါသည်။ ၎င်းတို့သည် ငြိမ်းချမ်းချိန်တွင် သာမန်ထုတ်ကုန်များ ထုတ်လုပ်နိုင်ကာ စစ်မက်ဖြစ်ပွားချိန်တွင် တပ်မတော်အတွက် အပိုပစ္စည်းများ ထုတ်လုပ်ပေး နိုင်မည်ဖြစ်ပါသည်။

(ဈ) နိုင်ငံတဝှမ်းလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံ (All of the Nation Approach)

နိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့အနေဖြင့် ကမ္ဘာ့ကြီး၏ မသေချာမရေရာသော ပတ်ဝန်းကျင် အခြေအနေကို ကောင်းစွာ သိမြင်နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကာလ (Peace Time) တွင် စစ်ရေးပြင်ဆင်မှုများအား ပြုလုပ်ထားရပါမည်။ မတည်ငြိမ်သော နိုင်ငံတကာ ပတ်ဝန်းကျင်အခြေအနေနှင့် ၎င်း၏ ရိုက်ခတ်လာနိုင်မှုများအား ကောင်းစွာ နားလည်ပြီး ပြင်ဆင်ထားရပါမည်။ ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများသည် အခြားနယ်မြေဒေသများသို့ ဆက်လက်ပျံ့နှံ့သွားပါက နိုင်ငံတစ်နိုင်ငံတည်း အထီးကျန် ရပ်တည် ရင်ဆိုင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ လက်ရှိကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းစနစ်အား ပိုမို ပီပြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်သွားရပါမည်။

(ည) စစ်မှုရေးရာ သံခင်းတမန်ခင်း (Military Diplomacy)


(င) ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ (Logistics and Infrastructure)

ခေတ်ပြိုင်စစ်ပွဲများတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦများ၏ အခန်းကဏ္ဍကား အဘယ်နည်း။ ရုရှား-ယူကရိန်းစစ်ပွဲတွင် အခြေခံအဆောက်အဉီများကို နှစ်ဖက်စလုံးက သတိလက်လွတ် တိုက်ခိုက်ခဲ့ကြသည်။ ပြောင်းလဲလာသော စစ်ဖက်ဆိုင်ရာ သဘောတရားများနှင့်အညီ နယ်စပ်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် ထောက်ပံ့ပို့ဆောင် ရေးနှင့် အခြေခံအဆောက်အဦီများ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်သွား လိုအပ်ပါသည်။ သမားရိုးကျ စစ်ပွဲ တစ်ခုအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက် အဦများ ပြင်ဆင်ဆောင်ရွက်ထားသော တပ်မတော်တစ်ရပ်သည် ပြောင်းလဲသွားသည့် နည်းပညာစစ်ပွဲအား ရင်ဆိုင်ကြုံတွေ့ရချိန်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာအပါအဝင် ဖိအားများစွာကို အဖက်ဖက်က ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့် ပြောင်းလဲလာသော စစ်ပွဲအခြေအနေများနှင့် အညီ တပ်မတော်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ကာလလတ်မှ ရေရှည် စီမံကိန်းများအထိ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံနှင့် ရေမြေတောတောင် အခြေအနေကွာခြားမှု နည်းပါးသည့် အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော် လုပ်ဆောင်ထားမှု များအားလည်း စူးစမ်းလေ့လာရန် လိုအပ်ပါသည်။

(စ) ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းနှင့် အသုံးပြုနိုင်မှု (The Production and Availability Of Ammunition)

ကာလရှည်လျားသောစစ်ပွဲအတွင်း ခဲယမ်းမီးကျောက်များ လုံလောက်စွာ စုပုံ ပြင်ဆင် ထားရန် အရေးကြီးပါသည်။ မျက်မှောက်ခေတ် နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသည့် ခဲယမ်းမီးကျောက်များသည် တန်ဖိုးကြီးမားကာ အလွယ်တကူ ဝယ်ယူရရှိရန်လည်း ခက်ခဲပါသည်။ ဖြစ်ပွားနေသောစစ်ပွဲအတွင်း ခဲယမ်းမီးကျောက်ပြတ်လပ်မှုမှာ အထူးသဖြင့် ယူကရိန်းတို့အတွက် အဓိကအတားအဆီးတစ်ခု ဖြစ်လာသည်။ နေတိုးနိုင်ငံများသည် ယူကရိန်းသို့ လက်နက် ခဲယမ်းများ ထောက်ပံ့ပေးနေသော်လည်း ၎င်းတို့ကိုယ်၌ပင် ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပါသည်။ ဤအချက်သည် စစ်ပွဲတစ်ရပ်အား ကာလရှည်ကြာစွာ ဆင်နွှဲ တိုက်ပွဲဝင်နေရသည့် တပ်မတော်တစ်ရပ်အတွက် အရေးတကြီး ဆန်းစစ်ပြင်ဆင်ထားရမည့် အချက်ဖြစ်ပါသည်။ ကိုယ်တိုင်ထုတ်လုပ်ခြင်း၊ ကုန်ကြမ်းများ စုဆောင်ခြင်း၊ မဟာမိတ်နိုင်ငံများနှင့် နည်းပညာနှင့် လက်နက်ပစ္စည်း ကိရိယာများ လဲလှယ် ရယူခြင်းတို့သည် ထည့်သွင်း စဉ်းစားရမည့် အချက်များ ဖြစ်ပါသည်။

(ဆ) လေကြောင်းရန် ကာကွယ်ရေး (Air Defence)

ဒုံးပျံများနှင့် ဒရုန်များဖြင့် အစုအပြုံလိုက် တိုက်ခိုက်ခံရခြင်းအတွက် ဝေဟင်အား မည်သို့ ကာကွယ်မည်နည်း။ ဒုံးပျံများ၊ ဒုံးကျည်များနှင့် လူမဲ့လေယာဉ်များကို တွင်ကျယ်စွာ အသုံးပြုလာမှုတို့ကြောင့် လေကြောင်းကာကွယ်‌ရေးတပ်ဖွဲ့၏ အရေးပါမှုမှာ ရှေ့တန်းသို့ ရောက်ရှိလာပါသည်။ Active Defence နှင့် Passive Defence နှစ်မျိုးလုံးအား အချိုးညီ မျှတစွာ သုံးစွဲသွားရန် လိုအပ်ပါသည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မြေပြင်တွင် ဖြစ်ပေါ်နေသော လက်တွေ့အခြေအနေများနှင့် ပေါင်းစပ်ရန်လည်း လိုအပ်ပါသည်။

(ဇ) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း (Defence Industrial Complex)

မိမိတို့နိုင်ငံတွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု လုံလောက်ပြည့်မှီမှု ရှိပါသလား။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအရ ဆုတ်ယုတ် ကျဆင်းမှုများ ရှိနေသော်လည်း တိုးတက်နေသည့်ကဏ္ဍမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍပင် ဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် စစ်အသုံးစရိတ်အားလည်း တိုးတက်သုံးစွဲနေကြောင်း တွေ့ရသည်။ ၎င်းသည် အသိဉာဏ်ပြည့်ဝသော လူသားအရင်းအမြစ်များနှင့် အဆင့်မြင့် နည်းပညာများအား စိုက်ထုတ်သုံးစွဲရသော ကဏ္ဍဖြစ်ပါသည်။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကျိုးအမြတ်အများဆုံး Industry တစ်ခုလည်း ဖြစ်ပါသည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (SIPRI) က ၂၀၂၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော စာတမ်းအရ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်မှာ ၂၀၂၁ ခုနှစ်ထက် ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂၂၄၀ ဘီလီယံအထိ ရောက်ရှိသွားကြောင်း တွေ့ရပါသည်။ တစ်ကမ္ဘာလုံး၏ စစ်အသုံးစရိတ်သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဆယ်စုနှစ်အတွင်း ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်စဉ် မြင့်တက်သုံးစွဲနေခြင်းလည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၇ အရောက်တွင် ၅ ဒဿမ ၆ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေမည်ဖြစ်သည်။ စျေးကွက်အရွယ်အစားအားဖြင့် အမေရိကန် ဒေါ်လာ ၇၁၈ ဒဿမ ၁၂ ဘီလီယံဖြစ်သည်။ ဈေးကွက်၏ အဓိကမောင်းနှင်အားမှာ လူမဲ့လေယာဉ် ထုတ်လုပ် ရောင်းချမှု ဖြစ်သည်။ အင်ဒို - ပစိဖိတ်ဒေသသည် အကြီးမားဆုံး စျေးကွက်တစ်ခုလည်း ဖြစ်ပါသည်။


(သုတအလင်း မဂ္ဂဇင်း အမှတ် (၁၀၂) အောက်တိုဘာ ၂၀၂၄) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

မျက်မှောက်ခေတ်စစ်ပွဲများ၏ ပြောင်းလဲတိုးတက်လာသော သဘောသဘာဝများ အပိုင်း (၂)

သင်ခန်းစာ ဖော်ထုတ်ချက်များ
မိမိတို့အနေဖြင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှ သင်ခန်းစာ ဖော်ထုတ်ကာ အောက်ဖော်ပြပါ ရှုထောင့်များကို အလေးအနက်ထား ဆန်းစစ်ရန် လိုအပ်ပါသည်။

(က) လက်ခံကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများအား ပြန်လည် စိစစ် ပြင်ဆင်ခြင်း (Revision of Military Doctrines)

မိမိတို့ လက်ခံကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများသည် မျက်‌မှောက်ခေတ်နှင့် ကိုက်ညီလုံလောက်မှု ရှိသည်လားဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ စစ်ဖက်ဆိုင်ရာ မူဝါဒရေးဆွဲ ချမှတ်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်ရှိ ကျယ်ပြန့်စွာ အသုံးပြုနေသည့် စစ်ဖက်ဆိုင်ရာ သဘောတရားများနှင့် ၎င်းတို့၏ ထိရောက်မှုကို သေချာစွာ စစ်ဆေးရန် အရေးတကြီး လိုအပ်နေပါသည်။သမားရိုးကျ လက်နက်စနစ် ပလပ်ဖောင်းများ၏ အခန်းကဏ္ဍနှင့် ဆက်စပ်ဆီလျော်စွာ အသုံးချနိုင်မှုတို့ကို နည်းပညာသစ်များဖြစ်သည့် UAV များ၊ အသံလွန်ဒုံးပျံများ၊ ဂြိုလ်တုများ၊ ဆိုင်ဘာလက်နက်များနှင့် လေဆာစွမ်းအင်သုံးလက်နက်များစသည့်တို့ဖြင့် နှိုင်းယှဉ်ချိန်ထိုးသုံးသပ်ရန် လိုအပ်ပါသည်။ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့်လည်း လက်လှမ်းမီသည့် နည်းပညာသစ်များအား ရှာဖွေဖော်ထုတ် အသုံးပြုကာ ကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများအား ခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်သွားသင့်ပါသည်။

(ခ) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်နှင့် လူစွမ်းအား အရင်းအမြစ်များ ရရှိနိုင်မှု (The Availability of Financial and Manpower Resources)

ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုအသစ်များနှင့် နည်းပညာအသစ်များအပေါ် မူတည်လျက် ကာကွယ်ရေးအသုံးစရိတ်အား မည်ကဲ့သို့ အကောင်းဆုံး အသုံးပြုနိုင်မည်နည်း၊ ထိုအရင်း အမြစ်များကို မည်ကဲ့သို့ ခွဲဝေနေရာချထားသင့်သနည်းဟူသောအချက်များမှာ အမြန်ဆုံး ပြန်လည် ဆန်းစစ်ရန် လိုအပ်သည့် အချက်များပင်ဖြစ်ပါသည်။ စစ်ဖက်နည်းပညာများ တိုးတက် လာသည်နှင့်အမျှ ထိုနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြု တိုက်ခိုက် နိုင်မည့် တပ်မတော်သားများ မွေးထုတ်နိုင်ရေးသည် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါသည်။ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ကြိုတင်မွေးထုတ်ပြင်ဆင်ထားခြင်းသည် မျက်မှောက်ခေတ် စစ်ပွဲများတွင် အ‌ရေးပါသော သော့ချက်တစ်ခု ဖြစ်လာပါသည်။

(ဂ) တပ်သားသစ် စုဆောင်းရေး၊ ပညာရေး၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေး (Recruitment, Education, Skills and Training)

အရေးကြီးသည့် မေးခွန်းတစ်ခုမှာ မျက်မှောက်ခေတ်စစ်ပွဲအတွက် အင်အား မည်မျှနှင့် မည်သို့သောလူများ လိုအပ်မည်နည်းဟူသောအချက် ဖြစ်ပါသည်။ တပ်မတော်များအနေဖြင့် စစ်ပွဲ၏ သဘောသဘာ၀ ပြောင်းလဲလာမှုကြောင့် တပ်သားသစ်စုဆောင်းရေး၊ ပညာရေး၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးကဲ့သို့သော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ပြတ်ပြတ်သားသား အာရုံစိုက်လုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရန်အတွက် လုံလောက်သော လူအင်အားရှိရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် တောင်ကိုရီးယားတပ်မတော်၏ တပ်မများအား ဖွဲ့စည်းပုံ၏ ၉၀ ရာခိုင်နှုန်းအထိ လူအင်အား ဖြည့်တင်းထားပါသည်။ ယနေ့ခေတ်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာသည့်အတွက် တပ်မတော်အတွက် တပ်သားသစ် အင်အားစုဆောင်းမှု ကျဆင်းလာရာ တပ်မအချို့အား ဖျက်သိမ်းကာ ဖွဲ့စည့်ပုံပြည့်မှီရန် လိုအပ်နေသည့် အခြားတပ်မများထံသို့ ပေါင်းထည့်ပေးခြင်းဖြင့် ဖွဲ့စည်းပုံအား ထိန်းထားနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအရ လက်ခံနိုင်သည့် ရာခိုင်နှုန်းအောက် လျော့နည်းသွားမည်ဆိုပါက တပ်ဆင်ထားသည့် လက်နက်ကိရိယာနှင့် ယာဉ်ယန္တရားများအား အင်အားပြည့် ကိုင်တွယ်အသုံးပြုနိုင်တော့မည် မဟုတ်သည့်အတွက် တပ်မ၏ တိုက်စွမ်းရည်ကျဆင်းသွားနိုင်ပါသည်။

(ဃ) နည်းပညာများ (Technologies)

ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် နည်းပညာအသစ်များဖြစ်သည့် UAV၊ ဆိုင်ဘာ၊ အာကာသ၊ ကွမ်တမ်၊ ဉာဏ်ရည်တု၊Machine Learning စသည်တို့တွင် ကိုယ့်အားကိုယ်ကိုးကာ ကိုယ်တိုင် ထုတ်လုပ်အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာစေရန် မည်ကဲ့သို့ ကြိုးပမ်း လုပ်ဆောင်ကြမည်နည်း ဆိုသည်မှာလည်း အရေးကြီးသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း နည်းပညာသစ်များ လွှဲပြောင်းရယူရန် မိတ်ဆွေ နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်ရန်ကို မူဝါဒများ သေချာစွာ ချမှတ်ရန် လိုအပ်ပါသည်။ လက်နက်ပစ္စည်းများကို ဝယ်ယူရုံမျှမက ဆက်စပ်သည့် နည်းပညာများ ကိုပါ လွှဲပြောင်းရယူပြီး မိမိတို့ နိုင်ငံအတွင်း ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းရှိစေရန် လုပ်ဆောင်မှု သည်လည်း မျက်မှောက်ခေတ်တွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာပါသည်။ ထို့အပြင် လွှဲပြောင်းရယူထားသည့် နည်းပညာသစ်များကို တပ်မတော်အတွင်း လျှင်မြန်စွာ ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်အတွက် လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။




လူမဲ့လေယာဉ်များ၊ ဆိုင်ဘာ၊ အာကာသ၊ ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence)၊ Machine Learning၊ ကွမ်တန် (Quantum) နည်းပညာများ၊ အသံလွန် (Hypersonic)၊ နည်းပညာများ စသည်တို့သည် စစ်ပွဲ၏ ဝိသေသ လက္ခဏာများကို ပြောင်းလဲသွားစေပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် လူမဲ့လေယာဉ်များကို နှစ်ဖက်စလုံးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။ လူမဲ့လေယာဉ်များကို အချိန်နှင့်တစ်ပြေးညီ တည်ဆောက်၍ အသုံးချနိုင်မှုသည် စစ်ပွဲ၏ အလှည့်အပြောင်းကို ဖြစ်ပေါ်စေကြောင်း သက်သေပြချက်တစ်ခု ဖြစ်လာပါသည်။ မကြာသေးမီက ဖြစ်ပွားသော အီရန်-အစ္စရေး စစ်ရေး ပဋိပက္ခအတွင်း အီရန်သည် ရာနှင့်ချီသော ဒရုန်းများနှင့် ဒုံးကျည်များကို အစ္စရေးသို့ ပစ်ခတ်ခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အစ္စရေးတို့သည် ထိုဒရုန်းများနှင့် ဒုံးကျည် အများစုကို ဝေဟင်တွင် ပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။ လူမဲ့လေယာဉ်များသည် Non-State Actor ဖြစ်သည့် အကြမ်းဖက်သမားနှင့် သူပုန်များအတွက် ရွေးချယ်စရာ လက်နက်တစ်ခု ဖြစ်လာပါသည်။ ဟူသီသူပုန်များသည် သင်္ဘောများကို အန္တရာယ်ပြုရန်နှင့် ဆော်ဒီအာရေးဗီးယား၏ ရေနံထုတ်လုပ်မှုကို အနှောက်အယှက်ပေးရန် ထိုကဲ့သို့သော ထုတ်လုပ်မှုတန်ဖိုးနည်းပါးသည့် လက်နက်ကိရိယာများကို အသုံးပြုလျက်ရှိသည်။ မြန်မာနှင့် အိန္ဒိယတို့တွင်လည်း လူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း တွေ့နိုင်ပါသည်။ထို့ကြောင့် တန်ပြန် ဒရုန်း ချေမှုန်းရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထား လုပ်ဆောင်ပြီး ၎င်းတို့ကို စစ်မြေပြင်၌ လျှင်မြန်စွာ တပ်ဖြန့် အသုံးချရန် လိုအပ်ပါသည်။

ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ပတ်သက်မှု (Private Sector’s Involvement)

ရုရှား-ယူကရိန်းစစ်ပွဲတွင် နှစ်ဖက်လုံးက ပုဂ္ဂလိကကဏ္ဍကို ပေါ်ပေါ်ထင်ထင် အသုံးပြုနေပါသည်။ ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများသည် နှစ်ဖက်လုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပါသည်။ ထိုနည်းပညာကုမ္ပဏီများသည် စစ်ပွဲဆင်နွှဲရန်အတွက် ယူကရိန်းအား အရေးပါသော အထောက်အပံ့များ ပေးအပ်နေပါသည်။ Elon Musk ၏ Starlink သည် ယူကရိန်းသို့ ဆက်သွယ်မှုဆိုင်ရာအထောက်အပံ့ ပေးထားပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပါသည်။ Microsoft သည်လည်း ယူကရိန်းအား ဆိုက်ဘာလုံခြုံရေးနှင့် ကွန်ပျူတာ ဆိုင်ရာ ပံ့ပိုးမှုပေးထားပါသည်။ထို့ကြောင့် စစ်ပွဲဆင်နွှဲနေရသည့် နိုင်ငံများအတွက် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်လုပ်ဆောင်မှုကို အားပေးသင့်ပါသည်။

သွက်ချာပါဒ စွဲကပ်နေသည့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (Paralysis of UNSC)

နိုင်ငံတကာ အသိုက်အဝန်းသည် စစ်ပွဲများကို ရပ်တန့်ရန်အတွက် လုပ်‌ဆောင်နိုင်စွမ်း ကင်းမဲ့နေပါသည်။ ပဋိပက္ခများကို တားဆီးရန်လည်း ပျက်ကွက်ကြသည်။ ဖြေရှင်းနိုင်စွမ်းလည်း မရှိတော့ပေ။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည်လည်း သွက်ချာပါဒ ဝေဒနာ စွဲကပ်နေပါသည်။ ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မျက်နှာလွှဲ ခဲပစ် လုပ်နေပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် ရုရှားနှင့် နေတိုးတို့အကြား ကိုယ်ပွားစစ်ပွဲ (Proxy War) ဖြစ်လာသည်။ ဤပဋိပက္ခများအခြားဒေသများသို့ ကူးစက်ပြန့်ပွားသွားနိုင်မှု အန္တရာယ်သည်လည်း အချိန်နှင့်အမျှ မြင့်တက်လျက် ရှိနေပါသည်။ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းအများ၏ အခန်းကဏ္ဍမှာ ရှေ့တန်းသို့ ပိုမို‌ရောက်ရှိလာသင့်ပါသည်။

မရေရာသော နျူကလီးယား ပတ်ဝန်းကျင် အခြေအနေ (Uncertain Nuclear Environment)

နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်များ လျင်မြန်စွာ ယိုယွင်း တိုက်စား ပျက်စီးမှု၏ နောက်ကွယ်တွင် စစ်ပွဲများ ဆင်နွှဲလျက်ရှိနေကြပါသည်။ ပဲ့ထိန်းဒုံးပျံ တိုက်ဖျက်ရေး (Anti-Ballistic Missile Treaty - ABM) စာချုပ်၊ တာလတ် နျူးကလီးယားတပ်ဖွဲ့ (Intermediate-Range Nuclear Forces Treaty - INF) ဆိုင်ရာ စာချုပ်နှင့် New START စာချုပ်များသည် အလုပ်မဖြစ်တော့ပါ။ ထို့ပြင် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံကိုလည်း ပိတ်ပင်ထားပါသည်။ နျူကလီးယားလက်နက် ပြန့်ပွားမှုအန္တရာယ်နှင့် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုဆိုင်ရာ ဖြစ်စဉ်များ အမြောက်အမြား တိုးပွားများပြားလာနေပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ခေါင်းဆောင်များသည် စစ်ပွဲတွင် နျူကလီးယားလက်နက် အသုံးပြုရန် သဘောထားရှိကြောင်း ညွှန်ပြသည့် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့ကြသည်။ စစ်အေးကာလအတွင်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နျူကလီးယား အဟန့် (Nuclear Deterrence) စနစ်မှာ ယခုအခါ ကျိုးပျက်မည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်ပွဲများတွင် နျူကလီယားလက်နက်အသုံးပြုလာနိုင်မှု အန္တရာယ်သည် ပိုမိုထင်ရှားလာပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
 ဒေါက်တာနိုင်ဆွေဦး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
ရင်းမြစ်။ Changing Nature of Warfare, Lesson for India, Arvind Gupta, Director, VIF, May 24, 2024


(သုတအလင်း မဂ္ဂဇင်း အမှတ် (၁၀၁) စက်တင်ဘာ ၂၀၂၄) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

မျက်မှောက်ခေတ်စစ်ပွဲများ၏ ပြောင်းလဲတိုးတက်လာသော သဘောသဘာဝများ အပိုင်း (၁)

နိဒါန်း

ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာတွင် ဖြစ်ပွားနေသောစစ်ပွဲများသည် မျက်မှောက်ခေတ် စစ်ပွဲများ၏ သဘောသ‌ဘာဝများ ပြောင်းလဲလာနေကြောင်း ထင်ရှားစွာ ညွှန်ပြလျက် ရှိနေပါသည်။ မဟာဗျူဟာတွေးခေါ်ပညာရှင်များအနေဖြင့် ထိုစစ်ပွဲများကို ဂရုတစိုက် လေ့လာသုံးသပ်ပြီး သင်ခန်းစာများကို ဖော်ထုတ်သွားရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်တစ်ရပ်အနေဖြင့် ခေတ်အလိုက် ပြောင်းလဲလာသော စစ်ပွဲ၏ သဘော သဘောဝများနှင့်အညီ ဖွဲ့စည်းပုံ၊ လက်နက်ခဲယမ်း၊ ယာဉ်နှင့် ယန္တရားများ စသည်တို့ကို ပြောင်းလဲ ဖွဲ့စည်း တပ်ဆင်သွားရမည် ဖြစ်ပါသည်။ လက်ရှိဖြစ်ပွားနေဆဲ စစ်ပွဲများမှာ ဖော်ထုတ်ရရှိသော သင်ခန်းစာများသည် နိုင်ငံ၏ စစ်မှုရေးရာ သဘောတရား အား ပြန်လည်သုံးသပ်ပြီး ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

ကာလရှည် စစ်ပွဲများ (Long Wars)

မကြာသေးမီကာလအထိ စစ်ပွဲများသည် တိုတိုနှင့် လျှင်လျှင်မြန်မြန် ပြီးဆုံးသွားကြ လိမ့်မည်ဟု အများက တွေးထင်ခဲ့ကြပါသည်။ ဤအရေးပါသော ယူဆချက်ကို ယခုအခါ ပြန်လည် သုံးသပ်ရတော့မည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် တတိယမြောက်နှစ်သို့ ရောက်ရှိ နေပြီး၊ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း ရှစ်လတာ ကာလအတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများသည် များမကြာမီအချိန်အတွင်း ပြီးဆုံးသွားတော့မည့် အရိပ်အယောင်လည်း မပြပါ။ ကာလရှည်လျားသောစစ်ပွဲများသည် ခဲယမ်းမီးကျောက်ရရှိမှု၊ War Wastage Reserves (WWR) ခေါ် ရက်ပေါင်း (၄၀) အတွက် အရန်ခဲယမ်း စုပုံထားနိုင်မှု၊ သယံဇာတရရှိနိုင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစသည်တို့ကဲ့သို့သော အရေးကြီးသော ကိစ္စရပ်များ အပေါ်တွင် သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ မိမိတို့ တပ်မတော် အနေဖြင့်လည်း ထိုကဲ့သို့ ကာလရှည်လျားသော စစ်ပွဲများအား ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် မည်ကဲ့သို့ ပြင်ဆင်ထားသင့်သည်ကို စဉ်းစားရန် လိုအပ်မည် ဖြစ်ပါသည်။
 
ထိခိုက်ကျဆုံးမှုများပြားသည့် စစ်ပွဲ (High Rate of Casualties)

ရုရှား-ယူကရိန်း စစ်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုမှာငါးသိန်းကျော် ရှိပါသည်။ ယူကရိန်းတွင် တိုက်ပွဲဝင်ရန်အတွက် စစ်သည်အင်အား မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာပါသည်။ စစ်စည်းရုံးမှုသည် ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးတွင် အလွန်အကဲဆတ်သော ပြဿနာဖြစ်လာပါသည်။ ယူကရိန်းသည် တပ်သားသစ်များအား အတင်းအဓမ္မ စုဆောင်းနေကြောင်း တွေ့မြင်နေရပါသည်။ ယူကရိန်းအနေဖြင့် လုံလောက်သော လေ့ကျင့်မှု မရှိသည့် တပ်သားသစ်များအား စစ်မြေပြင်သို့ စေလွှတ်ထားကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်းတွင်လည်း အရပ်သား ၃၅၀၀၀ ကျော် သေဆုံးခဲ့ပါသည်။ ထိုသို့သော အသေအပျောက် များပြားမှုသည်နိုင်ငံအတွက် စိတ်ဓာတ်ရေးရာအရ ကြီးမားသော ဖိအားဖြစ်စေပါသည်။ စစ်ပွဲကာလ ကြာရှည်လာသည်နှင့်အမျှ တပ်မတော်များအတွက် တပ်သားသစ် စုဆောင်း ရရှိနိုင်မှုမှာ ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာတစ်ရပ် ဖြစ်လာပါမည်။ အရန်စစ်မှုထမ်းစနစ်နှင့် ပြည်သူ့စစ်မှုထမ်းစနစ်များအား ခေတ်နှင့်အညီ ပြန်လည်ဆန်းစစ် ပြုပြင်ပြောင်းလဲသွားရန်လည်း လိုအပ်ပါသည်။ ကာလကြာရှည်သော စစ်ပွဲများအား ဆင်နွှဲနိုင်ရန်အတွက် ငြိမ်းချမ်းစဉ်ကာလအတွင်း နိုင်ငံတော်က ပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။

စစ်မျက်နှာအစုံတွင် ဖြစ်ပွားသည့် ရောပြွန်းစစ်ပွဲ (Multi-domain, Hybrid Wars)

ခေတ်သစ်စစ်ပွဲသည် မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ဆိုင်ဘာ၊ အာကာသနှင့် သတင်းအချက်အလက်နေရာ စသည့် စစ်မြေပြင်နယ်ပယ်များစွာတွင် ရောပြွန်းစစ်ပွဲကို တစ်ပြိုင်နက်တည်း ဆင်နွှဲနေသောကြောင့် လွန်စွာ ရှုပ်ထွေးလာပါသည်။ စီးပွားရေးအား စစ်ပွဲအတွင်း လက်နက်သဖွယ် အသုံးပြုလာကြပါသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုအား လက်နက်သဖွယ် ကိုင်စွဲအသုံးပြုကြပါသည်။ ကာလရှည်လျားသော စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့်စီးပွားရေးဆိုင်ရာ အကျိုးဆက်များသည် နိုင်ငံတော်အတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ဖြစ်စေနိုင်ပါသည်။ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများသည် ကမ္ဘာ့ရေနံနှင့် ကောက်ပဲသီးနှံ ‌စျေးကွက်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရောပြွန်းစစ်ပွဲကို တိုက်ခိုက်ရာတွင် မတူညီသော ချဉ်းကပ်မှုများ၊ စီမံခန့်ခွဲမှုများနှင့် ကျွမ်းကျင်မှုများ လိုအပ်ပါသည်။

ပေါ်ထွန်းလာသော နည်းပညာအသစ်များ (New Technologies)




တစ်နည်းဆိုရသော် ရာစုသစ်၏ ပတ်ဝန်းကျင်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးများသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး လှုပ်ခတ်စေပြီး နိုင်ငံတကာ တပ်မတော်များအတွက်လည်း စိန်ခေါ်မှု အသစ်များကိုလည်း ဖန်တီးပေးခဲ့သည်။ ထိုစိန်ခေါ်မှုအသစ်များအနက် အရေးကြီးသည့်အချက်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လိုအပ်သော တပ်မတော်၏ အခန်းကဏ္ဍကို ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုခြင်းပင်ဖြစ်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
ရင်းမြစ်။ New Roles of Thai Military: Readjusting for 21stCentury, Major General Piti Kumpoopong, National Defence College, Thailand


ထို့အပြင် နယ်ခြားစောင့်တပ်မှ ကျောထောက်နောက်ခံပြုထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့၏လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ရန် တော်ဝင်ကြည်းတပ်မတော်သည် Pha Muang Task Force ကို ဖွဲ့စည်းထားသည်။ အမေရိကန်ပြည်ထောင်စု၏ လေ့ကျင့်ရေးအကူအညီဖြင့် တော်ဝင်ထိုင်းတပ်မတော် ခြေမြန်တပ်ဖွဲ ၃ ခွဲနှင့် နယ်ခြားစောင့် ရဲတပ်ခွဲတစ်ခုတို့ ပါဝင်သော ပူးတွဲ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတာဝန်တပ်ဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းထားကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါ တပ်ဖွဲ့သည်၎င်း၏ လုပ်ငန်းများအား ၂၀၀၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါး ထောက်လှမ်းရေးတွင် ပါဝင်သော အမေရိကန် အေဂျင်စီများနှင့် နီးကပ်စွာ ချိတ်ဆက်လုပ်ဆောင်နေသည်။

တပ်မတော်မှ ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါ၀င်သည့် အခြားလုပ်ဆောင်မှုများမှာ- ဥပမာအားဖြင့်၊ ကာကွယ်ရေး ဉီးစီးချုပ်ရုံးနှင့် လက်ရုံး၊ ဝန်ထမ်းတပ်ဖွဲ့များရှိ တပ်ရင်း၊ တပ်ဖွဲ့များအား မူးယစ်ဆေးစွဲသူများအတွက် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာများအဖြစ် အသုံးပြုခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မူးယစ်ဆေးစွဲသူများ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်းကို ထူထောင်ခြင်း၊ နယ်စပ်ဒေသများတစ်လျှောက် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု တားဆီးရေး၊ နယ်စပ်ဒေသရှိ ကျေးရွာများ၏ လုံခြုံရေးကို အားဖြည့်ဆောင်ရွက်ရာတွင် ISOC နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် လူမှုရေးနှင့် စီးပွားရေးအဆောက်အအုံများနှင့် နိုင်ငံတော်၏လုံခြုံရေးတို့အား ထိခိုက်စေသည်ဖြစ်ရာ လူထုအသိပညာပေးရေး လှုပ်ရှားမှုကို မီဒီယာများမှတဆင့် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

ယနေ့မြင်တွေ့ရသည့်အတိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးစစ်ဆင်ရေးများတွင် ထိုင်းတပ်မတော်၏ အောင်မြင်မှုများသည် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လက်ရှိတွင် ထိုင်းတပ်မတော်သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး တာဝန်များကို အစွမ်းကုန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ထိုင်းတပ်မတော်သည် အခြားသော အစိုးရအေဂျင်စီများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် စွမ်းရည်အမျိုးမျိုးကို မြှင့်တင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

နိဂုံး

ယနေ့ခေတ်တွင် လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးသည် ဒီမိုကရေစီနှင့် အရင်းရှင်ဈေးကွက်စီးပွားရေးတို့ကို အခြေခံသည် ဘက်စုံလူမှုရေးအသိုက်အဝန်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ထိုင်းလူ့အဖွဲ့အစည်း၏ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းက ထိုင်းတပ်မတော်အား နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် ပရော်ဖက်ရှင်နယ်ဆန်ပြီး၊ သိပ္ပံပညာနည်းကျကာ ဆင်ခြင်တုံတရားရှိသည့် အဖွဲ့အစည်းအဖြစ်ကြိုးစားရောက်ရှိလာစေပါသည်။ အမျိုးသားလုံခြုံရေးကို ကာကွယ် ထိန်းသိမ်းရန် စစ်အင်အားအသုံးပြုခြင်းအပြင် ထိုင်းတပ်မတော်သည် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးနယ်ပယ်များတွင်လည်း တက်ကြွစွာပါဝင်ခြင်းဖြင့် နိုင်ငံ့ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုင်းတပ်မတော်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် တပ်ဖွဲ့ဝင်များကို အသုံးပြုခဲ့ပြီး အထူးသဖြင့် တော်ဝင်စီမံကိန်းများနှင့် အမျိုးသားလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များတွင် အရပ်ဘက်အေဂျင်စီများနှင့် ပူးပေါင်းကာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကယ်ဆယ်ရေးစင်တာ တည်ထောင်ခြင်းအပါအဝင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်တွင် အခြားသေား ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တပ်မတော်များကဲ့သို့ပင် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်မှုများအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လူအင်အား၊ စက်ကိရိယာများ၊ ကွပ်ကဲမှုစနစ်နှင့် ခေတ်မီ ဆက်သွယ်ရေးစက်များ ရှိပါသည်။၂၁ ရာစုတွင် ထိုင်းတပ်မတော်သည် နိုင်ငံစုံ ငြိမ်းချမ်းရေး ပံ့ပိုးကူညီရေး လုပ်ငန်းများတွင် ၎င်း၏ အခန်းကဏ္ဍကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဆိုနိုင်သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်သည့် အမျိုးသား အကျိုးစီးပွားပင် ဖြစ်သည်။ ထို့အပြင် ထိုင်းတပ်မတော်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆင်းရဲမွဲတေမှုကို ကျော်လွှားပြီး ပြည်သူများ၏ သုခချမ်းသာကို မြှင့်တင်ပေးခဲ့သည်။


ထိုင်းဘုရင်သည် မူးယစ်ဆေးဝါးပြဿနာကို အလွန်စိုးရိမ်သဖြင့် ထိုင်းတပ်မတော်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ထိုင်းတပ်မတော် စစ်ဌာနချုပ်သည် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတာဝန်ကို တပ်ရင်း၊ တပ်ဖွဲ့တိုင်းအတွက် အရေးတကြီးမူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားပြီး ယင်းရည်ရွယ်ချက်အတွက် ပေါင်းစပ်ညှိနှိုင်းရေးဌာနတစ်ခုကို ထူထောင်ထားသည်။ ဤသည်မှာ တပ်မတော်တွင်းနှင့် ပြင်ပရှိ မူးယစ်ဆေးစွဲသူများကို တားဆီး ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဓိက လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းသည် အခြားသော တိုက်ရိုက် တာဝန်ရှိသည့် အေဂျင်စီများအတွက်လည်း အားဖြည့်ပေးပါသည်။ ကာကွယ်ရေးဉီးစီးချုပ်ရုံးက တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများအား မူးယစ်ဆေးဝါး သုံးစွဲခြင်းအား တားမြစ်သည့် မူဝါဒကိုလည်း ထုတ်ပြန်ထားသည်။

အထက်ဖော်ပြပါ လိုအပ်ချက်များနှင့် ရည်မှန်းချက်များကြောင့် ကာကွယ်ရေးဉီးစီးချုပ်ရုံး (Supreme Command Headquarters) သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပေါင်းစပ်ညှိနှိုင်းရေး ဗဟိုဌာနကို တပ်မတော် စစ်ဌာနချုပ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။

ဥက္ကဌအဖြစ် ဒုတိယကာကွယ်ရေးဉီးစီးချုပ်က တာဝန်ယူကာ ကာကွယ်ရေး ဝန်ကြီးဌာနကွပ်ကဲမှုအောင် တပ်ဖွဲ့အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Joint Operations Center 108 (JOC 108) ကို တည်ထောင်ခဲ့ပါသည်။ JOC 108 ၏ အဓိက မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပရောဂျက်များမှာ ပူးတွဲ ပြည်သူ့ရေးရာ ညွှန်ကြားရေးမှူးရုံးက တာဝန်ယူသည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးနှင့် ပြည်သူ့ ဆက်ဆံရေး စီမံကိန်း၊ တပ်မတော် ဖွံ့ဖြိုးတိုးတက်ရေး ကွပ်ကဲမှုဌာနချုပ် (Armed Forces Development Command) က တာဝန်ယူသော မူးယစ်ဆေးဝါး ပြန်လည် ထူထောင်ရေး စီမံကိန်းနှင့် ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြည်သူ့ ဆက်ဆံရေး စီမံကိန်းတို့ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ JOC 108 သည် အောက်ပါတာဝန်များ ထမ်းဆောင်နေပါသည် -
(၁) မူးယစ်ဆေးဝါးထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် သုံးစွဲသူများနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးခြင်းတို့အပြင် တပ်တွင်း၊ တပ်ပြင် မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲ ညှိုနှိုင်း အကောင်အထည်ဖော်ရန်၊
(၂) ကာကွယ်ရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ၏ မူဝါဒများနှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲရန်၊
(၃) ကာကွယ်ရေးဉီးစီးချုပ်ရုံးနှင့် လက်ရုံး၊ ဝန်ထမ်းတပ်ဖွဲ့များတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ အစီအစဉ်များနှင့် ပရောဂျက်များကို ပြင်ဆင်စုဆောင်းရန်။
(၄) မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ပြည်တွင်း၊ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပါအဝင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီရယူရန်၊�(၅) မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသရေးဆိုင်ရာ ထောက်လှမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊
(၆) ထိုးစစ်အသွင်ဆောင်သည့် စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ လှုံဆော်မှုများ ဆင်နွှဲခြင်းအပါအဝင် မူးယစ်ဆေးဝါးအန္တရာယ်ကို လူထုသိရှိစေရန် တပ်မတော်အတွင်းနှင့် တပ်မတော်ပြင်ပတို့တွင် လူထုဆက်ဆံရေး လှုပ်ရှားမှုများ စတင်ဆောင်ရွက်ရန်၊
(၇) တပ်တွင်း၊ တပ်ပြင် မူးယစ်ဆေးစွဲသူများအား ကုသမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအမံများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊
(၈) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ စောင့်ကြည့်အကဲဖြတ်ရန်နှင့် အစီရင်ခံတင်ပြရန်၊
(၉) ကာကွယ်‌ရေးဉီးစီးချုပ်ရုံး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ထမ်းဆောင်ရန်၊

JOC 108 အပြင် ထိုင်းအစိုးရသည် ပြည်တွင်း လုံခြုံမှု စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (Internal Security Operations Command, ISOC) မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် ပါဝင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကြည်းတပ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုဌာနနှင့် ၎င်း၏ ဌာနခွဲများကို နိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် ပေါင်းစပ်ညှိနှိုင်းရေး ဗဟိုဌာနအဖြစ် ထူထောင်ထားရှိသည်။ ရေတပ်နှင့် လေတပ်တွင်လည်း အလားတူပင် ဖြစ်သည်။


(၆) ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။
(၇) ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေး လေ့လာမှုနှင့် လေ့ကျင့်ရေး ဗဟိုဌာနအဖြစ် ဆောင်ရွက် ရန်။
ထိုင်းတပ်မတော်သည် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အစွမ်းကုန် ပံ့ပိုးကူညီ ပံ့ပိုးပေးနိုင်ရန် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများ (Operations other than War - OOTW) နှင့် ငြိမ်းချမ်းမှုထိန်သိမ်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း လေ့လာတွေ့ရှိရသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ထိုင်းတပ်မတော်၏ အခန်းကဏ္ဍ

ပြည်တွင်းပြဿနာများသည် နိုင်ငံနယ်နိမိတ်ကိုကျော်လွန်၍ ပျံ့နှံ့သွားနိုင်သည်ကို သတိပြုရန် အရေးကြီးပါသည်။ ယနေ့ခေတ် အမျိုးသားလုံခြုံရေးအတွက် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုအသစ်များသည် နယ်မြေကို သိမ်းပိုက်နိုင်မှု သို့မဟုတ် စစ်အင်အားခြင်း ယှဉ်ပြိုင် အနိုင်ယူနိုင်စွမ်းတို့အပေါ် အခြေခံထားခြင်းမဟုတ်တော့ပါ။ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့အတွက် အခြေခံဖြစ်သည့် အခြေခံနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အရောအယှက်ကို တိုက်ရိုက် စစ်အင်အားသုံး အနိုင်ယူခြင်းကိုလည်း ရှောင်လွှဲကြသည်။ အဆိုပါ ခြိမ်းခြောက်မှုများသည် အစဉ်အလာ စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံများကို ကျော်လွှားနိုင်သော်လည်း ကာကွယ်ရေး အဆောက်အအုံများသည် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည် မဟုတ်ဟု မဆိုလိုပါ။

ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးသည် နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ အရှေ့တောင်အာရှသည် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုအတွက် ကမ္ဘာ့ထိပ်တန်းဒေသဖြစ်ပြီး၊ အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ထိုင်း (၃) နိုင်ငံအကြားရှိ ရွှေတြိဂံဒေသအတွင်း ဖြစ်သည်။ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးနှင့် လူမှုတည်ငြိမ်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။

ထိုင်းဈေးကွက်အတွက် အဓိကရည်ရွယ်သည့် စိတ်ကြွဆေးပြားများ ထုတ်လုပ်မှုသည် ၁၉၉၉ ခုနှစ်တွင် ဆေးပြား သန်း ၂၀၀ ဝန်းကျင်မှ မကြာသေးမီနှစ်များအတွင်း တစ်နှစ်လျှင်သန်း ၆၀၀ ခန့်အထိ လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်မှစ၍ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး စီးဆင်းမှုသည် ထိုင်းတပ်မတော်နှင့် အစိုးရတို့က နိုင်ငံ၏ လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာသည် ထိုင်းလူမှုအသိုင်းအဝိုင်းအနှံ့ အထူးသဖြင့် စာသင်ကျောင်းများတွင် ပျံ့နှံ့နေပါသည်။ စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု စာရင်းဇယားများအရ တိုင်းပြည်၏ အဓိက အင်အားစုဖြစ်သော လူငယ်အများအပြားသည် မူးယစ်ဆေးဝါးနွှံအတွင်းသို့ ဆွဲသွင်းခံနေရကြောင်းတွေ့ရသည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ထိုင်းအာဏာပိုင်များက စိတ်ကြွဆေးပြား ၁၅ သန်းခန့် သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ပြဿနာသည် နိုင်ငံ့စီးပွားရေးအပေါ်တွင်သက်ရောက်မှုရှိသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံတော်အဆင့်တွင် ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဘုတ်အဖွဲ့အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး မူဝါဒများ ရေးဆွဲရာတွင် ပါဝင်သည့် အဓိက ယူနစ်အဖြစ် တာဝန်ပေးအပ်ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးအနေဖြင့် အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်လျက် ရှိသည်။�
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တားဆီးနှိမ်နင်းရေး အထောက်အကူပြု ကော်မတီကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ကော်မတီဝင်များအဖြစ် ပါဝင်သော ပူးပေါင်းအဖွဲ့အဖြစ် အစိုးရက ဖွဲ့စည်းခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် နှိမ်နင်းမည့် စီမံချက်များတွင် ထိုင်းတပ်မတော်သည် အခြားအစိုးရအေဂျင်စီများနှင့် အဓိကအစီအစဉ် ၆ ခုတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တပ်မတော်သည် နယ်စပ်တလျှောက်နှင့် ကမ်းရိုးတန်းဒေသများတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအစဉ်အတွက် အဓိက တာဝန်ရှိသော အစိုးရယန္တရားတစ်ခု ဖြစ်သည်။ အခြားသော အစီအစဉ် ၅ ခုမှာ ဒေသတွင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ မူးယစ်ဆေးစွဲသူများကို ကုသရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတို့ ဖြစ်သည်။


ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်တွင် ထပ်မံပါဝင်မှုမှာ ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် အီရတ်သို့ အရာရှိ ၅၀ ဦးကို စေလွှတ်ကာ UN Guard Contingent in Iraq အဖြစ် သို့မဟုတ် UNGCI အဖြစ် တာဝန် ထမ်းဆောင်စေခြင်း ဖြစ်သည်။ ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် ကုလသမဂ္ဂသည် အီရန်-အီရတ်နှင့် အီရတ်-တူရကီနယ်စပ်တစ်လျှောက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများအောက်တွင် ကုလသမဂ္ဂရုံးခွဲများနှင့် လူသားချင်းစာနာထောက်ထားမှု ဗဟိုဌာနကို ထူထောင်ခဲ့သည်။ UNGCI မှာ နောင်တွင် ထိုလုပ်ငန်းများအောက်တွင် ဖွဲ့စည်းခဲ့ဖြစ်သည်။

ထပ်မံပါဝင်ခဲ့သည်မှာ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ စေလွှတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘောဒီးယားတွင် ပြည်တွင်းစစ် ရပ်စဲသွားပြီးနောက် ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂက UN Advance Mission in Cambodia (သို့မဟုတ်) UNAMIC ကို ထူထောင်ပြီး စစ်ပွဲဆင်နွှဲသူများအကြား အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် ထိန်းချုပ်ရန် ဖြစ်ပါသည်။ UNAMIC တွင် ပါဝင်တာဝန်ထမ်းဆောင်ရန် ထိုင်းတပ်မတော် အင်ဂျင်နီယာ ၇၀၅ ဦးကို စေလွှတ်ခဲ့ပါသည်။ ၎င်းတို့၏တာဝန်မှာ ကမ္ဘောဒီးယားရှိ မြေမြှုပ်မိုင်းများကို ဖယ်ရှားရန်နှင့် တံတားများ၊ လမ်းများနှင့် အခြားအခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင် UN သည် ဆီလီရာလီယွန်တွင် UN Observer Mission (သို့မဟုတ်) UNOMSIL (နောင်တွင် UNAMSIL) ကို တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံအား အခြားသော အဖွဲ့ဝင် ၁၂ နိုင်ငံနှင့်အတူ ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ ထိုင်းတပ်မတော်သည် UNOMSIL တာဝန်ထမ်းဆောင်ရန် အရာရှိ ၅ ဦးကို စေလွှတ်ခဲ့ပါသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွင် ထပ်မံထူးခြားသည့်အချက်မှာ အရှေ့တီမောသို့ စေလွှတ်ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရယူရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ပြည်သူများမဲပေးခဲ့ကြပြီးနောက် အရှေ့တီမောတွင် မငြိမ်မသက်ဖြစ်မှုများ ဖြစ်ပွါးလာရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရှေ့တီမောတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် နိုင်ငံစုံတပ်ဖွဲ့ကို ခွင့်ပြုခဲ့သည်။ ထိုင်းတပ်မတော်သည်လည်း ဤစစ်ဆင်ရေးတွင် ပါဝင်ရန် တောင်းဆိုမှုကို လက်ခံရရှိခဲ့သည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် အစိုးရအဖွဲ့က ကာကွယ်ရေး ဝန်ကြီးဌာနကို အရှေ့တီမောရှိ INTERFET နှင့် ပူးပေါင်းရန် လက်နက် ကိရိယာ အစုံအလင်ဖြင့် စစ်သည် ၁၅၈၁ ဦးကို စေလွှတ်ရန် ခွင့်ပြုခဲ့သည်။ အရှေ့တီမောတွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီးနောက် INTERFET ကို UN Transitional Authority in East Timor သို့မဟုတ် UNTAET အဖြစ် ပြောင်းလဲခဲ့သည်။ လက်ရှိ အရှေ့တီမော ငြိမ်းချမ်းရေးမှု ထိန်းသိမ်းရေး စစ်ဆင်ရေး ဒုတိယအဆင့်တွင် ကုလသမဂ္ဂ၏ တောင်းဆိုချက်အရ ထိုင်းတပ်မတော်သည် UNTAET တွင် ပါဝင်ရန် တပ်ဖွဲ့ဝင် ၉၂၅ ဦးကို စေလွှတ်ထားဆဲဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း ထိုင်းတပ်မတော်သည် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကတိကဝတ်ကို ထိန်းသိမ်း မြှင့်တင်ရန်အတွက် ထိုင်းတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံးသည် အစိုးရ၏ တာဝန်ပေးချက်နှင့်အညီ စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများ (Operations other than War - OOTW) နှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်တို့အတွက် ပူးတွဲစစ်ဆင်ရေး ကွပ်ကဲမှု ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင် ငြိမ်းချမ်းမှု စစ်ဆင်ရေး တပ်မသစ် (The Division of Operations for Peace) ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုတပ်မ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ငြိမ်းချမ်းမှုထိန်သိမ်းရေး စစ်ဆင်ရေးများနှင့် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများ (Operations other than War - OOTW) ဖြစ်သည့် မြေမြှုပ်မိုင်း ရှင်းလင်းခြင်း၊ လူသားချင်း စာနာ ထောက်ထားမှု နှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ အရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး တို့နှင့် စပ်လျဉ်းသည့် လေ့ကျင့် သင်တန်းပေးမှုများအား စီမံချက်ရေးဆွဲခြင်းနှင့် ကွပ်ကဲ ကြီးကြပ် ကွပ်ကဲခြင်းတို့ကို ပြုလုပ်ရန်။
(၂) ကုလသမဂ္ဂက ချမှတ်ထားသော သင်ရိုးညွှန်းတမ်းများနှင့်အညီ ငြိမ်းချမ်းရေး လုပ်ငန်းများ လေ့ကျင့်ရေးဆိုင်ရာ အစီအစဥ်များ၊ ပရောဂျက်များနှင့် ဘတ်ဂျက်များကို ပြင်ဆင်ရေးဆွဲခြင်းနှင့် တင်ပြတောင်းခံခြင်း။
(၃) ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးတာဝန်များကို ပံ့ပိုးကူညီရန်အတွက် အင်အားဖြန့်ကျက်မှုကို ညွှန်ကြားခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း။
(၄) အချက်အလက်များ စုဆောင်း ခွဲခြမ်းစိတ်ဖြာရန်နှင့် ထိုင်းတပ်မတော်အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေး စစ်ဆင်ရေးဆိုင်ရာ သဘောတရားကို ရေးဆွဲရန်။
(၅) ပြည်တွင်း၊ပြည်ပရှိ ထိုင်းတပ်မတော် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ၏ စစ်ဆင်ရေးများကို စောင့်ကြည့်အကဲဖြတ်ရန်။


ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အောက်ပါအတိုင်း တပ်မတော်၏ အခန်းကဏ္ဍကို ပြဌာန်းထားရာ “ဘုရင်စနစ်၏ အင်စတီကျူးရှင်းနှင့် ဘုရင်အား နိုင်ငံတော်အကြီးအကဲအဖြစ်အသိအမှတ်ပြုကာ ဒီမိုကရေစီစနစ်ကို အကာအကွယ်ပေးရန်အတွက် တပ်မတော်သည် လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် စစ်ပွဲတွင် တာဝန်ထမ်းဆောင်ရမည်၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပုန်ကန်မှုနှင့် မင်းမဲ့စရိုက်များကို နှိမ်နှင်းခြင်း သို့မဟုတ် ဟန့်တားခြင်းတို့ကို ပြုလုပ်ရမည်” ဟု ဖော်ပြပါရှိသည်။ ထို့ကြောင့် ထိုင်းတပ်မတော်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ စစ်ဘက်နှင့် စစ်ဘက်မဟုတ်သော အဖွဲ့အစည်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပံ့ပိုးကူညီရန်နှင့် လူမှုကောင်းကျိုးချမ်းသာမှုကို ဖြစ်ပေါ်စေသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် အခြားသော အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် ထိုင်းတပ်မတော်၏ အခန်းကဏ္ဍ

ပထမဦးစွာ ယနေ့ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အခြေအနေ ကို လေ့လာပါမည်။ နိုင်ငံတကာတွင် စစ်အင်အား အသုံးပြုမှုအား ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှု ရှိရမည်ဟု ထိုင်းနိုင်ငံက အခိုင်အမာ ယုံကြည်ထားသည်။ ကုလသမဂ္ဂသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တရားဝင်မှုနှင့် ပဋိညာဉ်စာတမ်းပါ အခွင့်အာဏာရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။ အင်အားကြီးနိုင်ငံများ ထိပ်တိုက်တွေ့မှု ပပျောက်ရေး ကြိုးပမ်းနေသော်လည်း ပဋိပက္ခများသည် နိုင်ငံတကာ အသိုက်အဝန်း၏ တည်ငြိမ်မှုကို ဆက်လက် ခြိမ်းခြောက်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ကုလသမဂ္ဂအား ၎င်းတို့၏ တစ်ဦးတည်းသော ငြိမ်းချမ်းရေး အာမခံသူအဖြစ် ဆက်လက်ခံယူကာ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံများ၏ ဆင်းရဲဒုက္ခများ သက်သာရာရရန် မျှော်လင့်နေကြပါသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုသည် ကမ္ဘာ့နိုင်ငံအချို့တွင် မတည်မငြိမ်ဖြစ်နေချိန်တွင် နိုင်ငံတကာလုံခြုံရေးအတွက် အဓိကပံ့ပိုးကူညီမှုတစ်ခု ဖြစ်သည်။ လက်ရှိတွင် ကုလသမဂ္ဂအနေဖြင့် စစ်အေးကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်မတူဘဲ လုပ်ငန်းတာဝန်မျိုးစုံကို ကိုင်တွယ်လုပ်ဆောင်ရန် လိုအပ်နေပါသည်။ မျက်မှောက်ခေတ် တာဝန်သစ်များအား ငြိမ်းချမ်းရေးမှုထိန်းသိမ်းမှုဆိုင်ရာ စစ်ဆင်ရေးဟု ခေါ်ဆိုကြသည်ဖြစ်ရာ ၎င်းတို့တွင် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ တာဝန်များမှသည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတာဝန်များနှင့် ပဋိပက္ခအပြီး ငြိမ်းချမ်းရေး တည်ဆောက်ခြင်းများအထိ အမျိုးအစား ကွဲပြားစွာ ပါဝင်နေကြပါသည်။

ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေးများသည် အသွင်အပြင်များ ပိုမိုများပြားလာသည်နှင့်အမျှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် တပ်မတော်၏ အစဉ်အလာ အခန်းကဏ္ဍသည် ပိုမိုရှုပ်ထွေးလာပါသည်။ တပ်မတော်ကဆောင်ရွက်သည့် လုပ်ငန်းများ၏ သဘောသဘာဝအရ ကြီးကြပ်ခြင်း၊ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းမှသည်အရပ်ဘက်ဝန်ထမ်းများနှင့်အတူအ တာဝန်များအထိ ခွဲဝေယူမှုများ ပါဝင်သည်။ ထို့လုပ်ငန်းတာဝန်များအနက် အချို့မှာ -

(၁) ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် ကာကွယ်ရေး၊
(၂) လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ခြင်းနှင့် ဖြန့်ဖြူးခြင်း၊
(၃) ဒေသဆိုင်ရာ တရားစီရင်ရေးစနစ်များ ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း၊
(၃) ထောက်ပံ့ပို့ဆောင်ရေးနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများ ပြန်လည် ထူထောင်ရေး၊
(၄) ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများအား စီမံခန့်ခွဲမှု၊
(၅) သတင်းအချက်အလက် ဖြန့်ချိခြင်းနှင့် မီဒီယာဆက်ဆံရေး၊
(၆) ကယ်ဆယ်ရေးယာဉ်တန်းများအတွက် လက်နက်ကိုင်အစောင့်အကြပ်လိုက်ပေးခြင်း၊
(၇) အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း၊
(၈) ရွေးကောက်ပွဲ စောင့်ကြည့်ရေး၊
(၉) မိုင်းရှင်းလင်းရေးနှင့်
(၁၀) အခွင့်အရေး ကာကွယ်ရေးရုံးများ ဖွဲ့စည်းခြင်းတို့ပါဝင်သည်။

တပ်မတော်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အခန်းကဏ္ဍကို ထိုင်းအပါအဝင် နိုင်ငံအများအပြားက ထောက်ခံခဲ့ကြသည်။ ထိုင်းတပ်မတော်သည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေး အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် အစိုးရ၏ မူဝါဒကို လိုက်နာခြင်းလျှက် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပါသည်။ ဥပမာအားဖြင့် ကူဝိတ် (UNIKOM) နှင့် ဆီလီရာလီယွန် (UNAMSIL) သို့ စစ်ဖက်စောင့်ကြည့်လေ့လာသူများ စေလွှတ်ခြင်းနှင့် အရှေ့တီမော (INTERFET နှင့် UNTAET) တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များတွင် ပူးပေါင်းပါဝင်ခြင်းတို့ ဖြစ်သည်။

ထိုင်းတပ်မတော်သည် အီရတ်/ကူဝိတ်စစ်ပွဲအတွင်း ၁၉၉၁ ခုနှစ် ဧပြီလက စတင်ကာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် ပါဝင်ခဲ့သည်။

ကုလသမဂ္ဂ အီရတ်-ကူဝိတ် စောင့်ကြည့် လေ့လာရေးမစ်ရှင် သို့မဟုတ် UNIKOM တွင် ထိုင်းတပ်မတော် အရာရှိ ၇ ဦး ပါဝင်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ၎င်းတို့သည် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် စစ်မဲ့ဇုန်တွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။


(ကမ္ဘာ့ရေးရာ အမှတ် (၂၈) အောက်တိုဘာ ၂၀၂၄ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

ထိုင်းတပ်မတော်အတွက် အခန်းကဏ္ဍသစ် (သို့မဟုတ်) ရာစုသစ်အတွက် ပြင်ဆင် ပြောင်းလဲခြင်း

နိဒါန်း

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသည်နှင့်အမျှ နိုင်ငံတကာ စနစ်တွင် လေးနက်သော အပြောင်းအလဲများ နောက်ဆက်တွဲ ဖြစ်ပေါ်လာရာ အများစုမှာ နိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသော သက်ရောက်မှုများ ရှိလာပါသည်။ ယင်းကဲ့သို့ အဆုံးသတ်ခြင်းသည် ပြည်တွင်း၌ နိုင်ငံတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးအပေါ် တွင်လည်း သက်ရောက်မှုများ ရှိပါသည်။ ထို့အပြင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ အမျိုးသားအဆင့် ဗျူဟာများကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပါသည်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှိုင်းလုံးများ ပေါ်ပေါက်လာခဲ့ပါသည်။ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းက နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။

ပြင်းထန်ကြီးမားသော စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု အန္တရာယ် ဖြစ်နိုင်ခြေမှာ များစွာ နည်းပါးသော်လည်း အရင်းအမြစ်များ၊ နယ်နိမိတ်မျဉ်းများနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ လူမျိုးရေး၊ ဘာသာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အငြင်းပွါးမှုများမှာမူ ပိုမိုတိုးလာခဲ့သည်။ ထို့ကြောင့် စစ်အေးလွန်ခေတ်နှင့် လက်ရှိဖြစ်ပေါ်နေသော ထောင်စုနှစ်သစ်ခေတ်နှင့် လိုက်လျောညီထွေဖြစ်စေရန် တပ်မတော်၏ အခန်းကဏ္ဍကို မလွှဲမရှောင်သာ ပြန်လည်သတ်မှတ်ရန် လိုအပ်ပါသည်။

နိုင်ငံများအနေဖြင့် တပ်မတော်၏ အင်အားကို လျှော့ချဖွဲ့စည်းလာသကဲ့သို့ ထိုသို့ ဖွဲ့စည်းပုံပြောင်းလဲထားသည့် တပ်မတော်များအနေဖြင့်လည်း အခြားသော တာဝန်သစ်များကိုလည်း ပူးတွဲရယူရန် လိုအပ်ကြောင်း တွေ့ရှိလာရပါသည်။ တစ်နည်းဆိုရသော် ၎င်းတို့၏ တာဝန်ကို ပြန်လည် ရည်ညွှန်းသတ်မှတ်ရန် လိုအပ်လာပါသည်။ ထောင်စုနှစ်သစ်၏ တပ်မတော်များအတွက် အခန်းကဏ္ဍအသစ်များတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးခြင်းနှင့် စီမံခန့်ခွဲမှုများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တပ်မတော်များတွင် တွေ့ရလေ့သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ဆောက်ရေးတို့နှင့် ဆက်စပ်သည့် လုပ်ငန်းများလည်း ပါဝင်ပါသည်။

မျက်မှောက်ကာလာတွင် ပဋိပက္ခ အမျိုးမျိုးရှိ ဖြစ်ပွါးနေဆဲဖြစ်ပြီး ၎င်းတို့မှာလည်း တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာကြပါသည်။ ဥပမာအားဖြင့် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ၊ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးမှုများနှင့် နိုင်ငံတကာ အကြမ်းဖက်ဝါဒ ပြန့်နှံ့လာခြင်းတို့ ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ၎င်း၏ တပ်မတော်ကို နိုင်ငံရေးအရ အပေးအယူအလျှော့အတင်း လုပ်ပိုင်ခွင့်အဖြစ် အသုံးပြုရန်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်တို့အတွက် အင်အားတောင့်တင်းစေရန် တည်ဆောက်နေကြောင်း လေ့လာတွေ့ရှိရသည်။

ထို့အတွက်ကြောင့် ထိုင်းတပ်မတော်သည် ယနေ့နှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသည့် ကာကွ ယ်ရေးစွမ်းအားကို ဖြစ်စေသည့် ခေတ်မီရေးအစီအစဉ်များကို လုပ်ဆောင်နေကြောင်း တွေ့ရပါသည်။ ထို့အပြင် မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် သဘာဝ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေသည့် ပြဿနာများ ဖြစ်သည်။ ဤအရာများအား ထိုင်းတပ်မတော်အနေဖြင့် အပြည့်အဝကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ၎င်း၏ အခန်းကဏ္ဍနှင့် တာဝန်များကို မလွဲမသွေ ပြင်ဆင်ခဲ့ပါသည်။

ယခုဆောင်းပါးတွင် ၂၁ ရာစုတွင် ထိုင်းတပ်မတော်၏ အခန်းကဏ္ဍအသစ်များ အထူးသဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများဆိုင်ရာကိစ္စရပ်များအား လေ့လာဖော်ပြသွားမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်တွင် စည်းမျည်းခံဘုရင်စနစ် ထူထောင်ပြီးကတည်းက တပ်မတော်နှင့် အစိုးရ ဗျူရိုကရေစီယန္တရားတို့က နိုင်ငံရေးနယ်ပယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အရပ်ဘက်နှင့် စစ်ဘက် အထက်တန်းလွှာတို့အကြား အာဏာလွန်ဆွဲမှုသည် ထိုင်းနိုင်ငံရေး အခင်းအကျင်းကို လွှမ်းမိုးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် စတင်ကျင့်သုံးသည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ အကြောင်းအရာများနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့သည် ယခင်ပုံစံဟောင်းများနှင့် အတော်ပင်ကွာခြားသွားရာ ထိုင်းနိုင်ငံရေးလေ့လာသူ အများအပြားက နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှု လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ထိုနည်းတူစွာပင် ရာစုနှစ်သစ်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ထိုင်းတပ်မတော်အနေဖြင့် ၎င်း၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။

18 last posts shown.