MM Video


Channel's geo and language: Myanmar, Burmese



Channel's geo and language
Myanmar, Burmese
Statistics
Posts filter


Spaceballs (1987)

ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်း
အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတိုဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖိုအတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။

📌Movie in Comment 🔗


Forward from: DIAMOND 388 OFFICIAL
❗️❗️❗️❗️❗️❗️❗️❗️❗️

🎉🎉 ကျပ်😀😀😀 သိန်းအထုတ်😲

🤑Max Win Jackpot ရှယ်ပေါက်ပြီး မိနစ်ပိုင်းအတွင်း

❤️နိုင်ငွေတွေ တပွေ့တပိုက်ကြီး ရှယ်ထုတ်သွားပြီဗျို့😎

❗️❗️❗️❗️❗️❗️❗️မှာ

😀😀ယုံကြည်စိတ်ချမှု၊ အာမခံမှုများနှင့်အတူလက်တွဲချင်ရင်တော့
အခုပဲအကောင့်သစ်ဘောနပ်လေးယူပြီး ကစားလိုက်ရအောင်နော် 😀

📱 : အသေးစိတ်သိရှိချင်ရင်တော့
➡️ @diamondonlinegame


⏰ 𝟐𝟒/𝟕ဆက်သွယ်ရန်💎

📱 @DiamondOnline388


📱 09 65 00 83 888


📱 @diamondonline


📱 www.diamondonline.club


📱: Freeယူနစ်1သိန်း
💸 Free ဆော့ရန်


🔹ဘယ်လောက်ပဲဟောင်းနေပါစေ ဒီလိုကားမျိူးက ဘယ်အချိန်ကြည့်ကြည့်ရိုးသွားတယ်လို့ကိုမရှိပါဘူး အပိုအလိုမရှိတဲ့အက်ရှင်ဇာတ်ဝင်ခန်းကို အခြေခံထားတဲ့ ဒီလိုကိုရီးယားနန်းတွင်းကားကတော့ သရုပ်ဆောင်တွေကိုကြည့်လိုက်ရင် Ma Dong Seok တို့ Ha Jung-woo တို့လို ဘဲကြီး‌တွေအပြင် ဒီဇာတ်ကားရဲ့ Villain ကြီး Gang Dong-won ကိုယ်တိုင်ကိုက အသေကြမ်းပြထားတဲ့ ကားဖြစ်တာကြောင့် အချိန်ကုန်ရကျိူးနပ်စေပါလိမ့်မယ် ဇာတ်လမ်းကတော့ အဖိနှိပ်ခံပြည်သူတွေဟာ အရင်းရှင်အမတ်တွေရဲ့ မတရားဖိနှိပ်မှုအောက်မှာ သည်းမခံနိုင်ကြတော့တဲ့ အဆုံး ရရာလက်နက်ကိုင်ပြီး နည်းအမျိူးမျိူးနဲ့ ပုန်ကန်ကြပါတော့တယ် နာမည်ကြီး သရုပ်‌ဆောင်တော်တော်များများကပါ အားဖြည့်ထားတဲ့ 𝐊𝐮𝐧𝐝𝐨 𝐀𝐠𝐞 𝐨𝐟 𝐭𝐡𝐞 𝐑𝐚𝐦𝐩𝐚𝐧𝐭 ဆိုတဲ့ ဒီကားကတော့ အက်ရှင်ကားကောင်းကောင်းကြိုက်ကြတဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားတကားပါပဲ



Movie Link😍
https://t.me/biscopei00/669


Out of the Blue (2006)

ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့

Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်က

လူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က

ဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။

တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကို

ချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာ

အမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်း

ဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊

အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကို

ခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်

သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကို

အဓိကပြသသွားပါတယ်။

၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃

ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့

ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှု

ဖြစ်ရပ်မှန်ပါ။

📌Movie in Comment 🔗


Shaolin 2011

ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်..

ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်..

နောင်မှတတဲ့ နောင်တတရားဟာ မကောင်းတဲ့အရာလို့ အကြမ်းဖျင်းသိထားကြပေမဲ့ အမှန်ဘက်ကို ခြေလှမ်းစဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်း မီးမောင်းထိုးပြထားတဲ့အတွက်..

ဘယ်လောက်ဆိုးသွမ်းခဲ့တဲ့လူဖြစ်ပါစေ နောင်တဆိုတာဖြစ်လာရင်တော့ အချိန်မှီပြန်ပြင်ဆင်နိုင်သေးတယ်ဆိုတဲ့အသိတရားကိုရရှိစေမှာပါ…

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ရှောင်လင်ဇာတ်ကားဟာ တရုတ်ကွန်ဖူးအက်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ဒရမ်မာရသခံစားချင်သူတွေအတွက်လည်း လက်မလွှတ်သင့်တဲ့ရုပ်ရှင် ဖြစ်ပါတယ်..

လူဘဝရဲ့ လောကဓံအနိမ့်အမြင့်ကို ကြံ့ကြံ့ခံနိုင်စေဖို့ ဟောကြားခဲ့တဲ့ ဗုဒ္ဓရဲ့ ဒဿနတစ်ချို့လည်းပါဝင်တာမို့ ကြည့်ရှုသင့်တဲ့ဇာတါကားလေးပါ။

📌Movie in Comment 🔗


Forward from: DIAMOND 388 OFFICIAL
အနိုင်ကြမ်း အပေးကြမ်း ငွေထုတ်ကြမ်းတဲ့

🔵❗️❗️❗️❗️❗️❗️❗️👍👍

အရှုံးနည်း အမြတ်များ ဆော့ရပျော်စေဖို့

😍နာမည်ကြီးလူကြိုက်များတဲ့
😀😀 စလော့ရဲ့ နိုင်ခြေများတဲ့ ဂိမ်းလေးတွေစုစည်းပေးထားပါတယ်ရှင့်☺️

ဝန်ဆောင်မှုပိုင်း မြန်ဆန်မှန်ကန်ဖို့စို ပြောစရာမလိုအောင်
100% စိတ်ချရတဲ့ ဝက်ဆိုဒ်💯

📱 : အသေးစိတ်သိရှိချင်ရင်တော့
➡️ @diamondonlinegame


⏰ 𝟐𝟒/𝟕ဆက်သွယ်ရန်💎

📱 @DiamondOnline388


📱 09 65 00 83 888


📱 @diamondonline


📱 www.diamondonline.club


📱: Freeယူနစ်1သိန်း
💸 Free ဆော့ရန်


The Pursuit of Happyness (2006)

ဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ…

ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ…

ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်…

ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်…
ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်…
ဘဝဆိုတာ ”ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်” ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို…သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကားလေးမှာ အထင်အရှားတွေ့ကြရမှာပါ…

📌Movie in Comment 🔗


💙ကောင်းလွန်းပေမဲ့ ပြန်မကြည့်ဖြစ်တော့မဲ့ရုပ်ရှင်တခု - ᴛʜᴇ ᴘᴜʀꜱᴜɪᴛ ᴏꜰ ʜᴀᴘᴘʏɴᴇꜱꜱ 🔹

ရုန်းကန်ရတဲ့ လောကကြီးမှာ သားငယ်လေးကို လက်ကိုဆွဲရင်း လောကဓံတွေကိုကျော်ဖြတ်ခဲ့တဲ့ ဖခင်တယောက်ရဲ့ မေတ္တာ...... အိပ်စရာနေရာမရှိလို့ အိမ်သာခန်းထဲ အိပ်ခဲ့ရတဲ့ညတွေ၊ သူ့သားငယ်လေးအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးဖို့ရုန်းကန်နေတဲ့ ဖခင်တယောက်ရဲ့ဘဝ ဒါတွေကြောင့်လဲ ဒိရုပ်ရှင်ဟာ ရင်နင့်စရာကောင်းလှသလို ထပ်ပြီးမကြည့်နိုင်တော့မဲ့ ရုပ်ရှင်တခုဆိုလဲ မမှားပါဘူး ဒီဇာတ်လမ်းဟာ အပြင်လောကမှာ ရှိတဲ့ Chris Gardner ဆိုတဲ့သာမန်ရှယ်ယာအရောင်းသမားတယောက် သူ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်နေခဲ့ပါပြီ ဒီရုပ်ရှင်ဟာလဲ သူ့ဘဝအကြောင်းရိုက်ကူးထားတာဖြစ်သလို ဘယ်လောက်ပဲဘဝကြီးက ခက်ခဲနေပါစေ မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖန်တီးပေးချင်တဲ့ မေတ္တာတရားကို အတိုင်းသားမြင်ရမှာပါ


Yoteshin Li nk😍
https://t.me/biscopei00/647


Heat (1995)

တစ်ယောက်က ရဲ… သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်…..

ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်…
အဲ့ဒီဓားပြက အကွက်ချတာတော်တယ်… ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ….လက်အောက်ငယ်သားတွေကိုကြည့်တယ်…

ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ…

📌Movie in Comment 🔗


Winter’s Tale (2014) 😍

စာရေးဆရာကြီး Mark Helprin ရဲ့1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Winter’s Tale ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။
မင်းသားကြီး Will Smith, Colin Farrell, Russell Crowe တို့အပြင် မင်းသမီး Jessica Brown Findlay နဲ့ Jennifer Connelly တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့
ပီတာ လိတ်ခ်ဆိုတဲ့ မိဘမဲ့ ပါရမီရှင်သူခိုးက သူ့ရဲ့ သူဌေးဟောင်း ပါလီ ဆုမ်းစ်နဲ့ ပြဿနာတက်ပြီး
နယူးယော့ခ်မြို့ကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ အိမ်ကြီးတစ်အိမ်ကို ဝင်ခိုးဖို့လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အိမ်ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်သူ ဘီဗာလီရဲ့ စန္ဒရားလက်သံကိုနားထောင်ရင်း ချစ်မိသွားခဲ့ပါတယ်။
ဘီဗာလီကတော့ အဆုတ်ရောဂါသည်ဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုပြီး ဆရာဝန်တွေက ပြောထားကြတာပါ။ဒါပေမဲ့လည်း ပါလီ ဆုမ်းစ်ရဲ့ ‌နှောက်ယှက်မှုကနေ ဘီဗာလီနဲ့ ပီတာတို့ ချစ်မိသွားခဲ့ကြပြီး
ဘယ်လိုမှော်ဆန်တဲ့ ချစ်ခြင်းမျိုးတွေဖြစ်လာမလဲဆိုတာ….။

Video Link
https://t.me/biscopei00/633


George of the Jungle (1997)

ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။

ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie Mann ကိုလည်း ပြန်ကြည့်နိုင်ပါသေးတယ်။

📌Movie in Comment 🔗


The Saint (1997)

The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။
ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။

ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။
ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။
သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။
အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။

ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည် ...

📌Movie in Comment 🔗


Forward from: DIAMOND 388 OFFICIAL
❗️❗️❗️❗️❗️❗️❗️နဲ့စို

လက်ထဲနေ့စဉ်ငွေမပျက်စေဖို စိတ်ချလိုက်တော့နော်💸💸

📌အမိုက်စားနှင့် အကြမ်းစားဂိမ်း အစုံအလင်ကို

👍အရင်းနည်းနည်း အနိုင်များများနဲ့ ရှယ်ဆော့ပြီး

❎ငွေထုတ် စည်းကမ်းချက်တွေ မရှိတဲ့ပြင်

☺️စောင့်ဆိုင်းစရာမလိုစိတ်ကြိုက်ထုတ်ပဲနော်⚡️⚡️

မန်ဘာသစ်ဘောနပ် - 50%
နေ့စဉ်ငွေသွင်းဘောနပ် - 10%

📱 : အသေးစိတ်သိရှိချင်ရင်တော့
➡️ @diamondonlinegame 👆


⏰ 𝟐𝟒/𝟕ဆက်သွယ်ရန်💎

📱 @DiamondOnline388👆


📱 09 65 00 83 888 👆


📱 @diamondonline 👆


📱 www.diamondonline.club 👆


📱: Freeယူနစ်1သိန်း
💸 Free ဆော့ရန် 👆


အထက်က အမိန့်နဲ့အတူ နိုင်ငံကအလိုရှိနေတဲ့တရားခံကိုလွှဲပြောင်းယူဖို့ရောက်ရှိလာတဲ့ မြောက်ကိုရီးယား ဗိုလ်မှူး အင်မ်ချော.... ဒါပေမဲ့လဲ လမ်းတနေရာအရောက်မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရမှုကြောင့် လူဆိုးခေါင်းဆောင်ဟာလွတ်မြောက်သွားတဲ့အပြင် အတူပါလာခဲ့တဲ့ ရဲဘော်ဟာလဲ ဒီဖြစ်ရပ်ကြောင့်အသက်ပေးခဲ့ရပါတယ် ဒီဖြစ်ရပ်ကို တာဝန်ယူဖို့ ဗိုလ်မှူး အင်မ်ချောလဲ တရားခံ ထွက်ပြေးသွားခဲ့တဲ့ တောင်ကိုရီးယားကို ရောက်ရှိလာရင်း တချိန်က သူ့ဘော်ဒါဟောင်းစုံထောက်ကြီးနဲ့ပါ ပူးပေါင်းပြီး တရားခံဖမ်းဖို့ဖြစ်လာပါတော့တယ် အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ပေါ့ပေါပါးပါးနဲ့ အချိန်ပေးရကျိူးနပ်စေတဲ့ ကားတကားပါပဲ



Movie Link😍
https://t.me/biscopei00/624


Just The Way You Are (2015)

ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ဆက်ပေးလိုက်ပါတယ်ဗျာ …
ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ကောင်လေးနဲ့ ကောင်မလေးတို့ အလောင်းအစားတစ်ခုကြောင့်ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် …

📌Movie in Comment 🔗


Inescapable (2012)

၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့
အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး
ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ
ပြောမပြခဲ့ပါဘူး။ တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ
ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ
ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို
စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို
ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ
ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် တစ်ယောက်
သူ့သမီးကို ပြန်ရှာတွေ့နိုင်ပါ့မလား ဘယ်လို ရုန်းကန်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားလိုက်ကြပါဦး။

📌Movie in Comment 🔗


🔻ကမ္ဘာပေါ်ကသက်ရှိတွေထဲ အဆိုးဆုံးသက်ရှိကို ပြပါဆိုရင် လူသားတွေလို့ ပြောရင် မမှားလောက်ပါဘူး လူသားအချင်းချင်း ဖိနှိပ်မှုတွေ လောဘမောဟတွေကြောင့် ဖြစ်ခဲ့ရတဲ့ စစ်ပွဲတွေဟာ ဒုနဲ့ဒေးပါပဲ သမိုင်းတလျောက်ပေါ်ပေါက်ခဲ့တဲ့ အာဏာရှင်တွေကြောင့် လူ့အသက်ပေါင်းများစွာပေးခဲ့ရသလို ဒီလိုရက်စက် လှတဲ့ အာဏာရှင်တွေကိုလုပ်ကြံခဲ့တဲ့ အဖြစ်အပျက်တွေဟာလဲများစွာရှိပါတယ် ဒီထဲကမှ ကမ္ဘာပေါ်က အာဏာရှင်ကြီး ဟ၊စ်တလာကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ Valkyrieစစ်‌ဆင်ရေးဟာလဲ တခုအပါအဝင်ဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဂျာမနီစစ်တပ်ရဲ့ တပ်ရင်းမှူး Stauffenberg ဦးဆောင်ပြီး ဟ၊စ်တလာနဲ့ တကွ အာဏာရူးတသိုက်ကို ဖယ်ရှားဖို့ ကြံစည်ခဲ့တာလဲဖြစ်ပါတယ် အမှန်ပြောလို့ ရွာပြင်ထုတ်ခံရတယ်ဆိုတဲ့အတိုင်း ဂျာမနီရဲ့ စစ်တပ်အကြီးအကဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ဝေဖန်တတ်တဲ့ဗိုလ်မှူးStauffenberg တယောက် ကို့ပြည်သူကိုမငဲ့ပဲ လုပ်ချင်ရာ လုပ်နေတဲ့ အာဏာရူးတသိုက်ကို ကြံစည်ခဲ့တဲ့ အကြောင်းဟာ သမိုင်းတွင်သွားခဲ့ပြီး ရုပ်ရှင် အနေနဲ့ 2008 က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom Cruise ရိုက်ကူးထားတဲ့ Valkyrie ဆိုတဲ့ ဒီရုပ်ရှင်မှာလဲ ပြည့်ပြည့်စုံစုံရိုက်ကုးထားတာကို မြင်တွေ့နိုင်ပါတယ်



Movie Link🗣️
https://t.me/biscopei00/610


The Pianist (2002)

ဒီဇာတ်ကားဟာဒုတိယကမ္ဘာစစ်
အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ စန္ဒယားဆရာတစ်ယောက်အကြောင်းကိုရိုက်ပြ
ထားတာပါ။

ဆိုးယုတ်မှုဆိုတာ နေရာတိုင်းမှာရှိတဲ့ဆိုပေမယ့် နာဇီတို့ ဂျူးတွေကို သတ်ခဲ့တဲ့ အကြောင်းကတော့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး ဆိုးယုတ်မှုပါပဲ

စန္ဒယားဆရာဟာ ဂျူးတစ်ယောက်
သူတို့ ဂျူးမိသားစုဟာ စစ်အတွင်း အသက်ရှင်သန်ဖို့အရေးရုန်းကန်မှုတွေကို ရိုက်ပြထားတာပါ

စန္ဒယားဆရာဟာ သူရဲကောင်းလည်းမဟုတ် အာဏာဖီဆန်ပြီး ပုန်ကန်သူလည်းမဟုတ်ပါဘူး

အသက်ရှင်သန်ဖို့အရေး
သူတတ်နိုင်သမျှဉာဏ်စွမ်းပညာစွမ်းနဲ့အသည်းအသန်ပြေးလွှားနေရတဲ့
သာမန်လူတစ်ယောက်ပါပဲ

သူတတ်စွမ်းတဲ့ စန္ဒယားလက်သံလေးဟာသူ့ရဲ့အသက်ကိုကယ်သွားပါတယ်

ဒီကားက ကိုယ်တိုင်ရေး အထုပ္ပတ္တိကို
မှီငြိမ်းရိုက်ကူးထားတာပါ

အရှိအတိုင်းကို သရုပ်ဖော်တဲ့ကားတွေထဲမှာ လက်ရာအမြောက်ဆုံးဇာတ်ကားဆိုပြီးချီးကျူးခံရတဲ့ကားပါ

ဒီကားဟာဒါရိုက်တာ၊သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆု ဆိုပြီး အော်စကာ ၃ ဆု
တောင်ရရှိထားပါတယ်

📌Movie in Comment 🔗


Forward from: DIAMOND 388 OFFICIAL
❗️❗️❗️❗️❗️❗️❗️❤️❤️

💵ရှယ်အမ်းတဲ့ဂိမ်းဆိုဒ်ကြီးမှာ

RTP% အမြင့်ဆုံးဂိမ်းများကစားကြမယ်👍👍

➡️အပျင်းလဲပြေ ငွေလဲဝင်
ဆာဗာထိန်းချုပ်ခြင်းမရှိ စိတ်ကြိုက်ဝုန်း ✅

👌အကောင်းဆုံးဝန်ဆောင်မှုတွေအပြင်
💵ငွေသွင်းငွေထုတ် 100%တိကျမြန်ဆန်ဖို့အာမခံပါတယ်ရှင့်

📱 : အသေးစိတ်သိရှိချင်ရင်တော့
➡️ @diamondonlinegame 👆


⏰ 𝟐𝟒/𝟕ဆက်သွယ်ရန်💎

📱 @DiamondOnline388👆


📱 09 65 00 83 888 👆


📱 @diamondonline 👆


📱 www.diamondonline.club 👆


📱: Freeယူနစ်1သိန်း
💸 Free ဆော့ရန် 👆


Soldier Boy (2019)
----------------------

ရုရှားနဲ့ ဂျာမန်စစ်ပွဲတွေကြားက မိဘနဲ့ အစ်ကိုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်

သူ့ရွာကို စစ်တပ်တွေဝင်လို့ ထွက်ပြေးရင်း တောထဲမှာ ရုရှားကင်းထောက်တွေက ရှာတွေ့ခဲ့ပြီး တပ်ရင်းကိုခေါ်သွားခဲ့ပါတယ်

အဲ့ဒီမှာပဲ ကလေးကိုပြုစုပေးကြပြီး တပ်ကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်..ဒါနဲ့ပဲ ကလေးကို အဝေးကိုပို့မယ့် တပ်မှူးရဲ့အကြံကို ဝိုင်းဝန်းဖျောင်းဖျပြီး ကလေး‌ကိုသူတို့နဲ့ပဲအတူထား‌စေပြီး တပ်မှူးက သူ့သားအဖြစ်မွေးစားလိုက်ပါတော့တယ်

ဒီကလေးလေး တပ်ရင်းထဲမှာ တပ်သားတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ အတူ ခံစားကြည့်ရူ့လိုက်ကြပါနော်

📌Movie in Comment 🔗
 

20 last posts shown.