တိုက်ပွဲသတင်းစုံ


Гео и язык канала: не указан, не указан
Категория: не указана


မှန်ကန်တိကျသော တိုက်ပွဲသတင်းများကို အချ်ိန်နှင့်တစ်ပြေးညီ ဖော်ပြပေးမည်...

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


တိုက်ပွဲသတင်း

ဇူလိုင် ၁၅ ရက်၊ တန့်ဆည်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော စကစတပ်များအား မြို့၏အနောက်ဘက်သို့အရောက် နေရာ ၂ နေရာမှ PDF ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

PDF ၁ လောင်း
အမ်(၇၉) ၁ လက်
လက်ပစ်ဗုံး ၄ လုံး
၄၀ မမဗုံးသီး ၆ လုံး
ကျည် ၁၅ တောင့်
ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ့စစ် ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်..
#တိုက်ပွဲသတင်းစုံ


ဗန်းမောက် ၊ ကြောင်လည်ကျေးရွာ တိုက်ပွဲသတင်းအဆက်
==========
ဇူလိုင် ၁၅ ရက်
စကစတပ်များသည် ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာအနီး ဆက်လက်ရှင်းလင်းနေစဉ် KIA နှင့် PDF ပူးပေါင်းအင်အား ၂၀ ဦးခန့်က ထပ်မံပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

PDF ၂ လောင်း
LM-16 ၁ လက်
ကျည်အိမ် ၂ ခု
ကျည် ၁၄ တောင့်
အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်….
#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၅ ရက်၊ ရေဖြူ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဧကနိကျေးရွာအနီး စကစတပ်နဲ့ PDF ၁၅ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

PDF ၂ လောင်း
အမ်(၄) ၁ လက်
ကျည် ၁၆ တောင့်
ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၅ ရက်၊ တနင်္သာရီ

တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ကျေးရွာအနီး အကြမ်းဖက်များ ရောက်နေကြောင်း သတင်းအရ စကစတပ်များက သွားရောက်ရှင်းလင်းစဉ် ချောင်းနှစ်ပေါက်တံတား၏ အရှေ့တောင်ဘက်သို့အရောက် အကြမ်းဖက် ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

အကြမ်းဖက်များထံမှ-
ကျည် ၄၅ တောင့်
ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်…
#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင်လ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံစီဒေသရှိ ကြောင်လည်ရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်စကစတပ်နှင့် KIA/PDF ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ရာ အလောင်း၊ လက်နက်များ သိမ်းဆည်းရရှိခဲ့-

(၁) KIA/PDF - ၂ လောင်း။
(၂) AK-47 - ၁ လက်။
(၃) ကျည်အိမ် - ၁ ခုနှင့်
(၄) ကျည်ဆံ - ၁၅ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ပြီး စစ်သည် ၁ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်..
#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၃ ရက်၊ ဒေါ့ဖုန်းယန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အနောက်မြောက်ဘက်၌ စကစတပ်နဲ့ KIA သောင်းကျန်းသူ ၅၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ-

အမ်(၇၉) ၁ လက်
ပစ်ကျင်း ၂၅ ကျင်း သိမ်းဆည်းရမိခဲ့ပြီး စကစဘက်က စစ်သည် ၂ ဦး ကျဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ


ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် သိုဝှက်ထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
============================

အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူအချို့၏ သတင်းပေးမှုအရ ဇူလိုင် ၁၃ ရက်က ညောင်ဦးမြို့နယ် သနပ္ပသ်ကျေးရွာနေ လတ်လတ်(ကျား) ၄၀ နှစ်၊ တောင်သူအား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်ပစ္စည်းများအား လိုက်လံပြသခိုင်းစဉ် ကျေးရွာဝန်းကျင်တစ်ဝိုက်မှ-

လက်လုပ်မိုင်း ၇ လုံး
လက်ပစ်ဗုံး ၄ လုံး
ကျည် ၄၇ တောင့်
ယမ်းပျော့ ၅ တောင့်
ကန့်အမှုန့် ၂ ဗူး အား သိမ်းဆည်းရမိခဲ့ပြီး တရားခံမှာထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်..

၎င်းအပြင် နွယ်နီမြင့် ၃၁ နှစ် တောင်သူ၊ သနပ္ပင်ကျေးရွာနေသူ၏ အိမ်အနောက်ဘက် ဝါးရုံအနီးမြှုပ်နှံထားသည့်-
အမ်(၂၂) ၇ လက်
ကျည်အိမ် ၂၀ ခု
ကျည် ၁၂၀၀ တောင့်
လက်ပစ်ဗုံမျိုးစုံ ၉ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..
#တိုက်ပွဲသတင်းစုံ


တိုက်ပွဲ ရှောင်နေထိုင်လျက်ရှိသော ပြည်သူများနှင့်အတူ ရောနှောနေထိုင်နေသည့် KNDF ၊ ကလလတ နှင့် KA အဖွဲ့ဝင်များအား ဖမ်းဆီးရမိ
===================
ဇူလိုင် ၁၃ ရက်၊ ရွာသစ်

ကယားပြည်နယ်၊ ရွာသစ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းတွင် တိုက်ပွဲ ရှောင်နေထိုင်လျက်ရှိသော ပြည်သူများနှင့်အတူ အကြမ်းဖက်သောင်းကျန်းသူများအား ရောနှောနေထိုင်နေကြောင်း သတင်းရရှိသဖြင့် လုံခြုံ ရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေခဲ့ရာ နောင်ဆိုင်ဘုန်းကြီးကျောင်း နောင်ခမ်း ဘုန်းကြီးကျောင်းနှင့် ရွှေကျင်ကျောင်းတို့တွင် အောက်ပါ တရားခံ ကျား ၅ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၂၀ ဦးတို့အား ဖမ်းဆီးရမိခဲ့..

-KNDF ရင်း(၂၁) မှ
ထောက်ပို့တာဝန်ခံ ကျား ၁ ဦး
KNDF တပ်ဖွဲ့ဝင် ကျား ၂ ဦး၊ မ ၇ ဦး
ကလလတအဖွဲ့ဝင် ကျား ၂ ဦး ၊ မ ၄ ဦး
KA အဖွဲ့ဝင် မ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်…

#တိုက်ပွဲသတင်းစုံ


စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မလဲသာကျေးရွာအနီး အကြမ်းဖက် PDF များ၏ ဆေးခန်းသုံး ပစ္စည်းများအား သိမ်းဆည်းရမိ
===============    
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် #FiftyTwoNews
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသအတွင်း ဒေသခံပြည်သူများအား အနိုင်ကျင့်ဗိုလ် ကျခြင်း၊ ဆက်ကြေးများကောက်ခံခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇နာရီခန့်တွင် နယ်မြေရှင်းလင်းမှုများဆောင်ရွက်စဉ် မလဲသာကျေးရွာအနီး လှိုင်းခေါင်းအတွင်း PDF ပဒက်များမှ သိုဝှက်သိမ်းဆည်းထားသော အောက်ပါ ဆေးခန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်-
- ချုပ်ကြိုး၊ ချုပ်အပ်(၁ ဘူးလျှင် ၁၂ ခုပါ) ၈၉ချောင်း။
- ခွဲစိတ်ခန်းသုံးဓား(၁ ဘူးလျှင် ၁၀၀ ခုပါ) ၃ဘူး။
- ဖော့စက်(အကြီး) ၂၇ချောင်း။
- ဖော့စက်(အလတ်) ၃၁ ချောင်း။
- ဖော့စက်(အသေး) ၁၀ ချောင်း။
- သွေးကြောဖမ်းဖော့စက် ၁၈ ချောင်း။
- ကျောက်ကပ်ပုံသဏ္ဍာန်စတီးလ်ခွက်(၃၀၀ မီလီမီတာ) ၆ ခွက်။
-ကျောက်ကပ်ပုံသဏ္ဍာန်စတီးလ်ခွက်(၂၅၀ မီလီမီတာ ) ၁၅ ခွက်။
- ကျောက်ကပ်ပုံသဏ္ဍာန်စတီးလ်ခွက်(၂၀၀ မီလီမီတာ) ၁၀ ခွက်။
- ကျောက်ကပ်ပုံသဏ္ဍာန်စတီးလ်ခွက်(၁၅၀ မီလီမီတာ) ၃ခွက်။
- ကျောက်ကပ်ပုံသဏ္ဍာန် (ပလတ်စတစ်ခွက် ) ၂ခွက်။
- အမျိုးသမီးသားအိမ်ကြည့် စတီးလ်ဘဲနှုတ်သီး ၅ခု။
- အမျိုးသမီးသားအိမ်ကြည့် ပလတ်စတစ်ဘဲနှုတ်သီး ၁ခု။
- ခွဲစိတ်ခန်းသုံးဓားအိမ် ၁၆ခု။
- ခွဲစိတ်ခန်းသုံးဇာဂနာ(ဆိုဒ်စုံ) ၉ခု။
- ခွဲစိတ်ခန်းသုံး ခဲခွေ ၂ခွေ။
- ခွဲစိတ်ခန်းသုံး တံစဉ်း ၄ချောင်း။
- ခွဲစိတ်ခန်းသုံးဆောက် ၄ချောင်း။
- ခွဲစိတ်ခန်းသုံး စတီးခွက်(ဆိုဒ်စုံ) ၃၃ ခွက်။
- ခွဲစိတ်ခန်းသုံး ဆီးချူ/ဝမ်းချူခွက် ၂ခွက်။
-ခွဲစိတ်ခန်းသုံး သန္ဓေသားနားထောင်သည့်ခွက် ၂ခွက်။
- ခွဲစိတ်ခန်းသုံး အရိုးဆက်သည့်ဝက်အူ(အရှည်) ၁၀ချောင်း။
-ခွဲစိတ်ခန်းသုံး အရိုးဆက်သည့်ဝက်အူ(အလတ်) ၄၀ ချောင်း။
- ခွဲစိတ်ခန်းသုံး အရိုးဆက်သည့်ဝက်အူ(အတို) ၇၀ ချောင်း။
-အရိုးဆက်သည့်နေရာတွင် အသုံးပြုသည့်(၂ ခုတွဲ)ခေါင်း ၁၄ ခု။
- အရိုးဆက်သည့်နေရာတွင် အသုံးပြုသည့် ရိုးရိုးခေါင်း ၃၀ချောင်း။
- ခွဲစိတ်ခန်းသုံး F ပုံသဏ္ဍာန်ဒေါက် ၈ ခု။
- စတီးရိုးဆိုဒ်စုံ ၄၃ ချောင်း။
- အရိုးဆက်စတီးပြား ၁၀ချောင်း။
- ခွဲစိတ်ခန်းသုံး ပလယာ ၄ ခု။
- ခွဲစိတ်ခန်းသုံးလွန် ၁ချောင်း။
- ခွဲစိတ်ခန်းသုံးလွန်သွား ၆၄ ချောင်း။
- ခွဲစိတ်ခန်းသုံးခွ ၃ ချောင်း။
- အရိုးဆက်သည့် စတီးတိုင်(ဆိုဒ်စုံ) ၁၄ ချောင်း။
- ခွဲစိတ်ခန်းသုံး စတီးကုတ်(အကြီး) ၁ခု။
-ခွဲစိတ်ခန်းသုံး စတီးကုတ်(အသေး) ၁ခု။
- ခွဲစိတ်ခန်းသုံး APRON ၁ ထည်။
- ခြေနင်းအောက်ဆီဂျင်စက်(Manual) ၁ခု။
- ခွဲစိတ်ခန်းသုံး စတီးဇလုံ(အကြီး) ၂ ခု။
- ခွဲစိတ်ခန်းသုံး အဖုံးပါ စတီးလင်ပန်း(ဆိုဒ်စုံ) ၁၃ ချပ်။
- ခွဲစိတ်ခန်းသုံး စတီးချိုင့် (၂ ဆင့်ပါ) ၂လုံး။
- အောက်ဆီဂျင်ဒိုင်ခွက် ၃ လုံး။
- အောက်ဆီဂျင်စက် ၅ လုံး။
- အောက်ဆီဂျင်အိုး(အကြီး) ၂ လုံး။
- အောက်ဆီဂျင်အိုး(အသေး) ၁ လုံး။
- ညာတံတောင်ဆစ်အောက် လက်တု ၁ခု။
-ဘယ်တံတောင်ဆစ်အောက် လက်တုအစွပ် ၁ခု။
- ဒူးအောက်(သားရေ)ခြေတု ၂၄ ခု။
- ပေါင်အောက်(သားရေ)ခြေတု ၁ခု။
- ဒူးဂျွိုင်းဆက် ၆ ခု။
-ပေါင်ဂျိုင်းဆက်(သားရေ) ၁ ခု။
- ခြေကျင်းဝတ်ဂျွိုင်းဆက်(စတီး) ၁၁ခု။
- ခြေထောက်မဏ္ဍိုင်(အလူမီနီယမ်ပိုက်လုံး) ၁၃ ခု။
- ခွဲစိတ်ခန်းသုံး အလျား(၁၀ ပေx ၁၅ ပေ) သားရေခင်း ၁ချပ်။
- ခဲစိတ်ခန်းသုံး ၁ပိဿာခန့်ရှိ ကျောက်မှုန့် ၁ဘူး။
-ခွဲစိတ်ခန်းသုံး ကျောက်မှုန့်စပ်ဆေးရည် ၁ဘူး တို့အား သိမ်းဆည်ရမိခဲ့‌ကြောင်း သိရှိရပါသည်။


တိုက်ပွဲသတင်း

ဇူလိုင် ၁၂ ရက်၊ မထော၊ ဖာပွန်

စကစတပ်များ ကရင်ပြည်နယ် ဖာပွန်-ကမမောင်းလမ်းကြောင်း လုံခြုံရေးဆောင်ရွက်နေစဉ် မထော၏ အရှေ့တောင်ဘက်မီတာ ၇၀၀ ခန့်အကွာသို့ အရောက် KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ မှ အင်အား ၅ ဦးခန့်အား တွေ့ရှိသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KNLA များ ဆုတ်ခွာထွက်ပြေးသွားပြီး-

ရှေ့ထွက်မိုင်း ၅ လုံး
လျှပ်စစ်စနက်တံ ၁၀ ခု
ဝါယာကြိုး ၁၅၀ ပေခန့် သိမ်းဆည်းရမိခဲ့ပြီး စကစတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်.
#တိုက်ပွဲသတင်းစုံ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီး ခရီးသည် မော်တော်ယာဉ် ၁ စီးဖြင့် လိုက်ပါလာသည့် PDF ၁ ကောင်အား ဖမ်းဆီးရမိ

===================
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် #FiftyTwoNews
 
မနေ့က နံနက် ၅ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာ အနီးတွင် လုံခြုံရေးအဖွဲ့များက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ကလေး-မုံရွာခရီးစဉ်ဖြင့် မောင်းနှင်လာသော ခရီးသည်မော်တော်ယာဉ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မေယုဇာသည် PDF ပဒက် ၁ ကောင်ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း သက်သေအထောက်အထားများ နှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်....


စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ မြို့အဝင်ကြာပန်းဝိုင်းအနီးတွင် PDF ပဒက်များ ၏ Drone ၁ စီးအား သိမ်းဆည်းရရှိ

===================
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် #FiftyTwoNews

  နေလည် ၁၁ နာရီခွဲခန့်တွင် ရေဉီးမြို့နယ်  မြို့အဝင်ကြာပန်းဝိုင်း ဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေး လုံခြုံရေး အဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် အဖျက်အမှောင့်များ လုပ်ဆောင်နေသည့် PDF များသည် Drone ၁ စီးဖြင့် ကြာပန်းဝိုင်း စစ်ဆေးရေးဂိတ် နေရာနှင့် တိုင်းရင်းဆေးရုံတို့အား Drop Bomb လာရောက် Pyit ချဖောက်ခွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့များက Drone Gun ဖြင့် ပြန်လည် Pyitချခဲ့ရာ PDF များ၏ Drone ၁ စီးအား သိမ်းဆည်း ရရှိခဲ့ကြောင်းနှင့်လုံခြုံရေးအဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါတယ်..


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ နှောပင်ကျေးရွာနှင့် မြိုင်မြို့နယ်၊ မြေနီပင်ရွာအနီး pdF ပဒက်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

===================
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် #FiftyTwoNews

နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့နယ် နှောပင် ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ တဲများ တွေ့ရှိရသဖြင့် အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာမှ
- လက်လုပ်သေနတ် ၁ လက်
- လက်လုပ်မိုင်း ၉ လုံး
- ပြောက်ကျားယူနီဖောင်း ၁ စုံ
- ပြောက်ကျားဦးထုပ် ၂ လုံး
- ဆိုင်ကယ် ၁ စိး
- လူနေတဲ ၅ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပာသည်။                                   
ဆက်လက်၍ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ နေ့လည် ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ မြေနီပင်ရွာအနီးတွင် PDF ပဒက်များ၏ စခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ
- လူနေတဲ ၁ လုံး
- လေ့ကျင်းရေးကွင်း ၁ ကွင်း
- လက်လုပ်သေနတ် ၁ လက်
- လက်လုပ်စိန်ပြောင်း ၁ လက်
- ဆိုလာ ၁ ချပ်
- ဘတ္တရီ ၃ လုံး
- ဝါယာကြိုး ၁ ခွေ
- အင်ဗာတာ ၁ လုံး
- ယမ်းကြိုး ၁ ခွေ
- ပစ္စည်းစုံသေတ္တာ ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်..


တိုက်ပွဲသတင်း

ဇူလိုင် ၁၂ ရက်၊ ဝန်းသို

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာ၏ အရှေ့မြောက်ဘက်၌ စကစတပ်နဲ့ PDF ၁၅ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ-

လက်လုပ်သေနတ် ၄ လက်
လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး သိမ်းဆည်းရမိခဲ့ပြီး စကစဘက်က စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၂ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စကစတပ်များ နယ်မြေလုံခြုံရေးဆောင် ရွက်စဉ် သုံးဆင့်ကန်ကျေးရွာမြောက်ဘက်သို့ အရောက် PDF ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-

လက်လုပ်သေနတ် ၁ လက်
ကျည်မျိုးစုံ ၂၆ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၂ ရက်၊ ယင်းမာပင်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြေကြက်ဆူကျေးရွာ၏ အရှေ့ဘက်သို့အရောက် နေရာ ၂ နေရာမှ PDF ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-

PDF ၃ လောင်း
အမ်(၂၂) ၁ လက်
K-25 ၁ လက်
ကျည်အိမ် ၃ ခု
ကျည် ၃၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်…

#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၁ ရက်၊ ပန်တိန်း

ကယားပြည်နယ် ဘော်လခဲခရိုင် မယ်စဲမြို့နယ် ပန်တိန်းကျေးရွာအနီး အကြမ်းဖက် ၅ ဦး မိုင်းထောင်နေသည်ကို လုံခြုံရေးတပ်ဖွဲ့များက တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-

အကြမ်းဖက် ၁ လောင်း
MK-12 ၁ လက်
ကျည်အိမ် ၁ ခု
၁၂ ဘိုးလ်ကျည် ၅ တော်င့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..
#တိုက်ပွဲသတင်းစုံ


Репост из: Fifty Two News
ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ အနီးတွင် CDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွား CDFများထံမှ အလောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

===================
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် #FiftyTwoNews

မနေက နံနက် ၅ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းလမ်းကြောင်းထိန်းစခန်းတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့ဝင်များအား CDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ၄၀မမ ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့ရာ CDF အမည်ခံ အကြမ်းဖက်များသည် အလောင်းများပင် ပြန်မကောက်နိုင်ပဲ အထိနာစွာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် CDF အမည်ခံ အကြမ်းဖက်ထံမှ ဖော်ပြပါတိုင်း အကျိုးအမြတ် ရရှိခဲ့ပါသည်-
- CDF အလောင်း ၃ လောင်း
- ကျည်အိမ် ၃ ခု
- ကျောပိုးအိတ် ၂ လုံး
- ဆေးမျိုးစုံ ၁ထုပ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


တိုက်ပွဲသတင်း

ဇူလိုင် ၁၁ ရက်၊ အရာတော်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဂွေးရင်းကျေးရွာအနောက်မြောက်ဘက်၌ စကစတပ်များနဲ့ PDF ၃၀ ဦး ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ-

PDF ၄ လောင်း
လက်လုပ်ပစ္စတို ၁ လက်
လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၃၆ တောင့်
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ


တိုက်ပွဲသတင်း

ဇူလိုင် ၁၁ ရက် ယင်းမာပင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ခရိုင်စိုက်ပျိုးရေးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့သို့ PDF များက ဒရုန်း ၁ စီးဖြင့် ဗုံး ၁ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့ရာ စိုက်ပျိုးရေးရုံး၏ အရှေ့မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များမှ Drone Gun များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ-

Hobby Wing X-Rotor news Pro အမျိုးအစား ဒရုန်း ၁ စီးကို ဗုံး ၁ လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..

#တိုက်ပွဲသတင်းစုံ

Показано 20 последних публикаций.

3 823

подписчиков
Статистика канала