နရီမိုး


Гео и язык канала: не указан, не указан
Категория: не указана


Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


“တရုတ်က မြန်မာကို ကျူးကျော်လာနိုင်သလား”
----
ခုရက်ပိုင်း မြန်မာကို တရုတ်က သူ့နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ချိန်းခြောက်လို့ ကျူးကျော်မယ်ဆိုတဲ့ နှပ်ကြောင်းပေးသတင်းတွေ တွေ့ရတယ်။ ထုံးစံအတိုင်း ဒီသတင်းက ဘယ်ကထွက်လဲဆိုတော့ အနီကြောင်အားပေးထောက်ခံတဲ့ သတင်းဌာနတွေကပဲ ထွက်တာ တွေ့ရတယ်။ တစ်ချို့ကလည်း ဒီသတင်းပေါ်လာတော့ စိုးရိမ်ကြသလို အမျိုးမျိုး လည်း ပြောနေကြပြန်တာပါပဲ။ ဆိုတော့...ဒီသတင်းနဲ့ ပတ်သက်ပြီး ဖြစ်နိုင်/မဖြစ်နိုင် ဆိုတာ ဒီအချက်လောက်နဲ့တင် ဖမ်းထောက်လို့ရပါတယ်။
---
နံပါတ်(၁) ချက်အရ တရုတ်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အချုပ်အခြာရဲ့ တန်ဖိုးနဲ့ နိုင်ငံတနိုင်ငံရဲ့ တည်ရှိမှုကို မကြာခဏပြောလေ့ရှိတာ တွေ့ရမှာဖြစ်တယ်။ သဘောက ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်တယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ One China Policy အရ ခွဲထွက်လို့ မရဘူးဆိုတာကို တရုတ်အနေနဲ့ နိုင်ငံတကာသိအောင် ထုတ်ဖော် ပြောကြားလေ့ရှိတယ်။ တရုတ်ရဲ့ဒီမူကိုလည်း (အမေရိကန်လောက်ကလွဲရင်) နိုင်ငံအများ စုက ထောက်ခံထားကြတာပါပဲ။ တကယ်တော့ ပြည်တွင်းရေးမှာတင်မဟုတ်ဘူး။ ယူကရိန်း-ရုရှား စစ်မှာလည်း အချုပ်အခြာနဲ့ပတ်သက်ပြီး နိုင်ငံရေးလမ်းကြောင်းကနေပဲ အဖြေရှာဖိုပဲ သမ္မတရှီအနေနဲ့ တိုက်တွန်းလေ့ရှိတတ်တယ်ဆိုတာ ကမ္ဘာ့အ‌ရေးတွေကို ရိပ်ဖမ်းသံဖမ်းလောက် နားလည်နေရင်ကို ဒီသဘောကို ကောင်းကောင်းကျက်မိပါလိမ့် မယ်။
---
ဒုတိယအချက်ကတော့ မြန်မာအစိုးရအဆက်ဆက်ဟာ တရုတ်ရဲ့ အင်အားကြီးမှုနဲ့ ဩဇာကြီးမှုကို မလှန်နိုင်ဘူးဆိုတဲ့ အချက်ပဲ။ တကယ်တော့ မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ယူနန်လောက်တောင်မရှိတဲ့ အနေအထားဖြစ်လို့ ပုံမှန်ဆို တရုတ်အနေနဲ့လည်း လှည့်ကြည့်စရာတောင် မလိုပါဘူး။ ခုဟာက သူ့မှာလည်း ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ ပထဝီအနေအထားအရသာ အကောင်းဆုံးဆက်ဆံပေးနေတာမျိုး။ ဒါ့ကြောင့်လည်း UN လိုနေရာမျိုးမှာ ဗီဒိုအာဏာကိုင်ပြီး ကာကွယ်ပေးနေတာပဲမဟုတ်ဘူးလား။ တစ်ခါ.. နယ်စပ် ဖြတ်ကျော်တဲ့ တရားမဝင်လောင်းကစားတွေမှာလည်း အတူပူးပေါင်းနှိမ်နှင်းခဲ့လို့ ပထရဝန်ကြီးကိုတောင် တရုတ်နိုင်ငံပင့်ပြီး စွမ်းဆောင်ရည်ဆုတံဆိပ်မျိုးပေးခဲ့တာပါ။ ဒဲ့ပြောရရင် မြန်မာဟာ တရုတ်အတွက်တော့ ဘယ်ချိန်ရိုက်သတ်သတ်၊ သတ်လို့ရတဲ့ အိမ်ကြက် အနေအထားပါပဲ။ ဆိုတော့...နာမည်ပျက်ခံပြီး ကျူးကျော် ရလောက်အောင် အထိ တရုတ် မမိုက်မဲပါဘူး။
---
နောက်ဆုံးအချက်ကတော့ ပိုပြီး ကြီးကျယ်ပါတယ်။ နေတိုးထဲ ဝင်မလို့ ကြံရွယ်နေရုံ အနေအထားအဆင့်မှာတောင် ရုရှားကို အဖက်ဖက်က ထိန်းချုပ်နိုင်ဖို့ ယူကရိန်းကို ကြားခံစစ် ဆင်နွှဲနေတဲ့ အမေရိကန်အနေနဲ့ မြန်မာ့အရေးကသာ အပေါ်က ဆိုခဲ့သလို တရုတ် ကျူးကျော်လာခဲ့ရင် အမေရိကန်အတွက်လည်း အကြောင်းပြချက် ကောင်း ကောင်း ရသွားမှာပါ။
---
အားလုံးကို ခြုံလိုက်ရင်တော့... အပေါ်က ဆိုခဲ့တဲ့ တရုတ်တပ်တွေ မြန်မာကို ကျူးကျော်မယ်ဆိုတဲ့သတင်းဟာ ပေါက်လွှတ်ပဲစား သတင်းအဆင့်အတန်းလောက်ပဲ ရှိပါတယ်။

(နရီမိုး)

3.7k 1 7 14 314

ဘုရားဂုဏ်ကို နည်းအမျိုးမျိုးနဲ့
ပွားများအားထုတ်မယ်ဆိုရင်
ဘာအကျိုးရတုန်းလို့ ဒီလို မေးဖွယ်ရှိတယ်။

လောကမှာ လူတွေ ကတော့
မျှော်မှန်းချက်တွေ အများကြီးပေါ့။

လိုချင်တဲ့ အကျိုးတွေကလည်း အများကြီးပဲ။
တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူမယ်ပေါ့။

စိတ်ဆန္ဒတွေ အမျိုးမျိုးနဲ့ အဲ့ဒီ စိတ်ဆန္ဒ အမျိုးမျိုးကို
ဘုရားဂုဏ်ကို အမြဲတမ်း အမှတ်ရနေတဲ့
သတိတရားကို မိမိသန္တာန်မှာ ဖြစ်အောင်လုပ်မယ်
တိုးပွားအောင် လုပ်မယ်ဆိုလို့ရှိရင်
စိတ်ရဲ့ အလိုဆန္ဒတွေ အားလုံးဟာ
ပြည့်လာမယ်လို့ ပြောတာပဲ။

အလိုဆန္ဒပြည့်ဖို့ဆိုတာ
အင်မတန်မှ ခဲရင်းတယ်လေ
လူတိုင်း လူတိုင်းဟာ
အလိုဆန္ဒ မပြည့်ကြတာပဲများတယ်။

အဲ့တော့ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝဖို့ဆိုရင်
ဘာလုပ်ရမလဲဆိုတော့ အမြတ်ဆုံးသော
ဘာဝနာကို အားထုတ်ကြရမယ်။

အဲ့ဒီအမြတ်ဆုံးသော ဘာဝနာဆိုတာ
ဘာလဲဆိုရင် ဗုဒ္ဓါနုဿ တိပါပဲ၊
ဗုဒ္ဓါနုဿ တိဟာ ဘာဝနာတွေထဲမှာ
ဘာလို့ အမြတ်ဆုံးဖြစ်ရလဲလို့ဆိုရင်
အဖြေကတော့ ရှင်းရှင်းပဲ။

လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်
ဘယ်သူလဲဆိုရင် ဘုရားပဲပေါ့။

ဒီထက် မြတ်တဲ့ပုဂ္ဂိုလ် မရှိဘူးလေ၊
အဲ့ဒီ အမြတ်ဆုံး ပုဂ္ဂိုလ်နဲ့
ပတ်သက်လာတဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေ
အမြတ်ဆုံးသော တရားဓမ္မတွေကို ကြည်ညို တာ။

ဘုရားကို ကြည်ညို တဲ့သူဟာ
အမြတ်ဆုံးသော အရာကို ကြည်ညိုတာပဲတဲ့။

ဘုရားကို ကြည်ညို တယ်
ကိုးကွယ်တယ်ဆိုတဲ့နေရာမှာ
ကိုယ့်ကိုယ်ကို ပြန်ပြီးတော့
ဆန်းစစ်ကြည့်ရမှာပေါ့။

ကိုယ့်အိမ်မှာ ဘုရားပူဇော်ထားတယ်
၂၄ နာရီရှိတဲ့ထဲမယ် ၈နာရီ အိပ်ချိန် နှုတ်လိုက်ပါဦး၊
ကျန်တဲ့အချိန်မှာ ဘုရား ဘယ်နှစ်ခါ သတိရသလဲ
ဆန်းစစ်ကြည့်ရမယ့် အချက်ပဲလေ။

ဆန်းစစ်မကြည့်ရင် မသိဘူးလေ၊
အဲ့တာမို့ ဘုရားကို ဘယ်နှစ်ခါ သတိရလဲ၊
ဗုဒ္ဓါနုဿ တိကို ဘယ်နှစ်ခါပွားလဲ ဆိုတာကို
စဉ်းစားဆင်ခြင်ကြည့်မယ် ဆိုရင်
အဖြေဟာ လူတိုင်းအတွက် ထွက်လာနိုင်ပါတယ်။

အမြတ်ဆုံးသော အရာကို
ကြည်ညို ချင်တယ်ဆိုရင် ဘုရားကိုပဲ ကြည်ညို
အဲ့ဒီ အမြတ်ဆုံးသော ဘုရားကို ကြည်ညို ရရင်
ဘာဖြစ်လဲဆိုတော့
အမြတ်ဆုံးသော အကျိုးကို ရပါတယ်တဲ့။

များသောအားဖြင့် လူတွေက
အကောင်းဆုံးကို ရချင်တယ်
အကျိုးတရားနဲ့ ပတ်သက်လာရင်
အကောင်းဆုံးကို လိုချင်တယ်၊
အကောင်းဆုံးသော အကျိုးကို ရချင်တယ်။

အကောင်းဆုံးသော
အကျိုးတရားကို ရချင်လို့ရှိရင်
အကောင်းဆုံးသော ဘာဝနာ၊
အမြတ်ဆုံးသော ဘာဝနာ၊
အမြတ်ဆုံးသော ဘုရားကို
အလေးအနက် ကြည်ညို တတ်ဖို့ မလိုဘူးလား။
အင်မတန်လိုတယ်။

သမိုင်းမှာ မှတ်တမ်းတင်ရလောက်အောင်
အင်မတန်ကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုကို
သာမာန်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

4.2k 0 10 2 258

မင်္ဂလာ နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏

4k 0 3 2 241

"ဤခရီးမဝေးပါ၊ သို့သော် ....."

5.7k 0 11 2 190

"ဤခရီးမဝေးပါ၊ သို့သော် ....."

တကယ်တော့ တရုတ်က မြန်မာနဲ့ လာအို ကို ခွချက် ကစားထားတာပါ။ လာအိုကလည်း တရုတ်ယိမ်းတာပါပဲ။ မဲခေါင်မှာ တရုတ်မတည်ထားတဲ့ ငွေကြေးထဲက လက်တဆုံးနှိုက်ထားတဲ့ နိုင်ငံကို ပြပါဆိုရင် လာအိုပဲ ပြရလိမ့်မယ်။ ဒါ့ကြောင့်လည်း အမြန်ရထားတွေ၊ ခေတ်မီတဲ့ အဝေးပြေးလမ်းမတွေက နေ့ချင်း၊ ညချင်း ပေါ်လာတာ တွေ့ရမှာပါ။ အာဆီယံ နိုင်ငံချင်းတူရင်တောင် ထိုင်းကလွဲရင် မြန်မာ၊ လာအိုနဲ့ ဗီယမ်နမ်က တရုတ်ကုန်းမြေနဲ့တဆက်တည်းဆိုတာ သတိထားမိကြမှာပါ။

ဒီအချိန်မှာ လာအိုက ပိုတိုးတက်နေသယောင်ဖြစ်နေပေမယ့် ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်တဲ့ မြန်မာကသာ တောင်အာရှ၊ အရှေ့တောင်အာရှတို့အတွက် အဓိက စင်္ကြန့်လမ်းကြီး ဖြစ်နေတာ တွေ့ရမှာပါ။ ဒါ့ကြောင့်လည်း မိုဒီရဲ့ အရှေ့မျှော် ဝါဒက နောင်လည်း အသက်ဝင်နေဦးမှာ ဖြစ်သလို တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်အိမ်မက်ကလည်း ဆက်ပြီး ရှင်သန်နေဦးမှာ မလွဲဘူး။


အဓိကကတော့ နိုင်ငံရေးမှာ ဘယ်လိုကစားနိုင်မလဲ ဆိုတဲ့ ဗျူဟာပဲ လိုမှာပါ။ တစ်ခုတော့ရှိတာပေါ့။ ပြည်တွင်းစစ်မပြီးဘဲနဲ့တော့ အိမ်မက်မက်လို့ပဲ ရမယ့်အနေအထားပါပဲ။ ဒါကလည်း စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ ကိုယ်တွေ နိုင်ငံမှာက တရုတ်နဲ့ ငပွကြီးကို ပထွေးတော်ထားတဲ့ EaO တွေကလည်း နှစ်ဖက်ကစားနေတုန်းပဲ မဟုတ်လား။ ခုတောင် KNU တို့က ဂျပန်နဲ့ တွေ့ပြီး အာဂျင်ဒါတွေ လက်သင့်ခံပြီးနေလောက်ပြီ။


(နရီမိုး)

6.2k 1 22 3 299

“ဟိုဂင်က ပေးလာတဲ့ ပုစ္ဆာတွေနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ”
----
မနေ့က ဟိုဂင် ဆွေးနွေးပွဲရဲ့ ငါးကြိမ်မြောက် တွေ့ဆုံမှုကို ကူမင်းမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ဖြစ်နိုင်ချေရှိတဲ့ ဆွေးနွေးမှုမှာ ဒီ ၃ ချက်ကို အဓိက ထားဆွေးနွေးမယ်လို့ ယူဆမိတယ်။ နံပါတ်(၁)အချက်က ကုန်သွယ်ရေး ပြန်စနိုင်ဖို့ အတွက်ပဲ ဦးစားပေးဖွယ် ရှိတယ်လို့ ယူဆတယ်။။ လပေါင်းအားဖြင့် ၅ လကျော် လောက်ဖြစ်နေပြီမို့ နယ်စပ်ကုန်သွယ်မှုဟာ ဘီလျံနဲ့ချီပြီး ဆုံးရှုံးမှုဖြစ်နေတာ တွေ့ရတယ်။ ဒီလိုပြန်စဖို့အတွက် ဗဟို အစိုးရမှာ နယ်မြေတွေ ဆုံးရှုံးထားတယ်ဆိုတဲ့ စိန်ခေါ်မှု ရှိနေတယ်။ တရုတ်ကြားချတဲ့ အတိုင်းလက်ခံလိုက်ရင် မဟာမိတ်အဖွဲ့ရဲ့ ဒီနယ်မြေ ပိုင်ဆိုင်မှုကို အစိုးရကခွင့်ပြုပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့ လည်း ငြိနိုင်တယ်။ မနေ့က TNLA ရဲ့ ထုတ်ပြန်ချက်မှာကို သိမ်းပိုက်ထားတဲ့ မြို့နယ် ၇ ခု မှာ Non-CDM တွေကို တာဝန်က ရပ်စဲတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ့ရတယ်။ မေးစရာရှိ လာတာက တအာင်းလက်နက်ကိုင်တပ်က ဒီမိုကရေစီကို အခြေမခံတော့ဘဲ ဒီနယ်မြေမှာ ဘယ်လိုအုပ်ချုပ်ရေးယန္တရားပုံစံ အကောင်အထည်ဖော်မှာလဲဆိုတဲ့ မေးခွန်းပဲ။ ဒီမြို့နယ်တွေမှာ တသက်လုံးနေခဲ့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်။ ဒါတွေကိုလည်း ထည့်သွင်း တွက်ချက်ဖို့လိုတယ်လို့ တွေးမိတယ်။
---
နံပါတ်(၂)အချက်က AA ဘက်က တောင်းဆိုလာနိုင်တဲ့ နယ်မြေပိုင်ဆိုင်မှုဟာ ဘယ်လိုပုံစံ ဖြစ်လာနိုင်မလဲဆိုတာ တွေးမိတယ်။။ MNDAA နဲ့ TNLA တို့ရဲ့ ပုံစံကို သိပြီး ချက်ချင်း အကောင်အထည်ဖော်ခဲ့တဲ့ AA ဟာ ရခိုင်လူမျိုးစုအများဆုံးနေထိုင်တဲ့ ရခိုင်ပြည်နယ်ကို စစ်ဆင်ရေးမှာ အနိုင်ပိုင်းနိုင်တာ သိပ်တော့ မထူးဆန်းဘူး။ ခက်တာက ထွန်းမြတ်နိုင် ပြောထားတဲ့ စကားတွေက ရခိုင်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက် ပိုတဲ့ ကွန်ဖန်ထရိတ် ပုံစံမျိုးအထိ ဖြစ်နေတာက စဉ်းစားရမယ့်အချက်ဖြစ်တယ်။ လက်ရှိအချိန်မှာ ဘင်္ဂလီတွေ ကို စောင့်ရှောက်ပါတယ်ဆိုတဲ့ အခင်းအကျင်းမျိုး ဖန်တီးထားနေပေမယ့် ရခိုင်နဲ့ဘင်ဟာ ဘယ်တုန်းကမှ အတူယှဉ်တွဲနေထိုင်လို့ရတဲ့ ပုံစံမျိုးမရှိခဲ့ဘူး။ ဒါက နောင်တချိန် AA အနေနဲ့ ရခိုင်ပြည်နယ်မြောက်ဘက်ကို မကာကွယ်နိုင်တော့ဘူးဆိုရင်…သို့တည်းမဟုတ် အဆင်ပြေချိန် ပုလင်းတူဗူးဆို့လုပ်လို့ ရပေမယ့် ARSA အားကောင်းလာလို့ ဟာစီနာဆီက ဘင်တွေသာ အတားအဆီးမရှိ ဝင်လာခဲ့ရင် ပြည်ထောင်စုအတွက် စိတ်အေးရမယ့် ကိစ္စမဟုတ်ပြန်ဘူး။
---
နောက်ဆုံးတချက်ကတော့ လက်ရှိ အပစ်ရပ်ထားတဲ့ အခင်းအကျင်းပုံစံက ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ဘယ်လိုပုံစံနဲ့ ဆက်ပြီးဆောင်ရွက်မှာလဲ ဆိုတဲ့ မေးခွန်းပဲ။ ဖက်ဒရယ် အရ ဒီနယ်မြေတွေ (ဥပမာ လောက်ကိုင်နဲ့ နမ့်မဆန်) တွေဟာ TNLA နဲ့ MNDAA ကို ပေးလို့ ရနိုင်ပေမယ့် (ဖွဲ့စည်းပုံမှာလည်း ပေးထားပြီးသား) ဒီနယ်မြေတွေထက်ပိုတဲ့ အခြားနယ်မြေတွေ (ဥပမာ -ကွတ်ခိုင်၊ မူဆယ်၊ ကွမ်လုံ)ဒေသတွေဟာ ပေးခွင့်မရှိတဲ့ နယ်မြေတွေဖြစ်နေတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လက်ခံရင် လက်နက်ကိုင်ပြီး နယ်မြေချဲ့ယူတဲ့ ဓလေ့ကို ရှောင်ရှားနိုင်ဖို့ရာ နစက အနေနဲ့ ခွင့်ပြုပေးနိုင်မယ် မထင်ဘူးလို့ ယူဆတယ်။
-----
အချုပ်သုံးသပ်ရရင် ဒီလမ်းကြောင်းတွေဟာ တရုတ်ရဲ့ BRI အစိတ်အပိုင်းဖြစ်လို့ ပြန်စနိုင်ဖို့ရာအတွက် နည်းမျိုးစုံနဲ့ ဖိအားပေးခံရလိမ့်မယ်လို့တော့ ယူဆတယ်။ တကယ်လို့ ဒီဖိအားကို မကျော်လွှားနိုင်ဘဲ ကုန်သွယ်ရေးပြန်စရခဲ့ရင်ဆုံးရှုံးလက်လွှတ်ထားတဲ့ နယ်မြေ တွေအတွက် ဘယ်လို သဘောတူညီမှုမျိုးနဲ့ ဆက်ပြီး ဆောင်ရွက်မလဲဆိုတာ အဓိက အတားအဆီးဖြစ်လာမယ်။ နယ်မြေသတ်မှတ်ချက်ကို ယာယီအားဖြင့် သဘောတူခဲ့ရင် တောင် လက်နက်ကိုင်စနစ်အားကောင်းတိုင်း ထိန်းချုပ်နယ်မြေတွေကို အပြန်အလှန် ကျူးကျော်၊ ဆက်ကြေးကောက်၊ လူသစ်စုနေတတ်တဲ့ EAOs တွေကို ဘယ်အစိုးရ၊ ဘယ်သူတွေက ဘယ်လို ထိန်းကျောင်းမလဲဆိုတဲ့ မေးခွန်းကထပ်ရှိနေဦးမယ်။ နောက်ဆုံး အရေးကြီးဆုံးနဲ့ အလေးထားရမယ့် အချက်ကတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာပဲ။
(နရီမိုး)

10.1k 2 25 29 441

လောကလူသားတွေဟာ ကိုယ်ယဉ်ကျေးမှု၊နှုတ် ယဉ်ကျေးမှု ဆိုတာတွေဟာ စိတ်မပါလို့ရှိရင် ဟန်ဆောင်မှု အသွင်ကိုပဲ ဖြစ်ပေါ်စေတာပေါ့နော်။

“စိတ်ယဉ်ကျေးမှု မပါတဲ့ အပြောအဆို အပြုအမူတွေဟာ ဟန်ဆောင်မှု သက်သက် ဖြစ်သွားနိုင်တယ်။”

ဒါကြောင့်မို့လို့ စိတ်ယဉ်ကျေးမှုကို အဓိက ထားပြီး မြတ်စွာဘုရားဟောတာ “စိတ္တ ဒန္တံ သုခါဝဟံ” ဆုံးမလို့ ယဉ်ကျေးသိမ်မွေ့သွားတဲ့စိတ်ဟာ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေပါတယ်။

မြတ်စွာဘုရားက စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပဲ သုတ္တန်မြောက်များ စွာမှာ ဟောကြားထားတယ်။

ဒါအဓိကအရေးပါဆုံး ဖြစ်သော ကြောင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုစိတ်ပိုင်းဆိုင်ရာတိုးတက်မှုစိတ်ပိုင်းဆိုင်ရာအရည်အချင်းတွေကသာလျှင် လူတွေရဲ့ တကယ်လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တယ်။

အပြောအဆို အမူအရာတွေ မည်မျှပင် ယဉ်ကျေး ယဉ်ကျေး စိတ်မယဉ်ကျေးသေးဘူးဆိုရင် ယဉ်ကျေးတယ်လို့ မခေါ်နိုင်သေးသမျှ ကာလပတ်လုံး လူ့ယဉ်ကျေးဆိုတဲ့ အဆင့် အတန်းမျိုးကို မရောက်နိုင်သေးဘူး။

ဒါကြောင့်မို့ လူ့ယဉ်ကျေး ဆိုတာတွေ ဖြစ်ဖို့ရာအတွက် အဓိကအကြောင်းရင်းဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို မြတ်စွာဘုရားကလည်း ဟောကြားခဲ့တယ်။

မြတ်စွာဘုရားရဲ့ တပည့် သာဝကတွေ ကိုလည်း ဟောပြောဆုံးမတယ်။

ဒါတွေကို နာယူမှတ်သား ကြရတာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ


မြန်မာပြည်ထဲက ခေတ်အဆက်ဆက်သူပုန်တွေဟာ EAO လို့ ခေါ်ထိုက်ဖို့တောင် မသင့်ခဲ့ဘူး။ ဒီတံတားက အင်းတော်မြို့နယ်ထဲက တုံစည် တံတား။ အင်းတော်-ဗန်းမောက် ကားလမ်း ပေါ်မှာရှိသလို နမီးချောင်းကို ကျော်ပြီး ဖောက်လုပ်ထားတဲ့ တံတားလည်း ဖြစ်တယ်။

ဘာသာရေးကိုပဲ အခြေခံလို့ လက်နက်ကိုင်ရတယ်လို့ပြောပြော၊ လူမျိုးရေးအရ သူပုန်ထရတယ်လို့ပဲ ဆိုဆို မြန်မာပြည်ထဲက သူပုန်မှန်သမျှဟာ ရထားလမ်းမိုင်းခွဲတာနဲ့ လမ်းတံတားဖျက်ဆီးတာတွေကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြတာပါပဲ။

(နရီမိုး)


လူတူတူချင်း ဖြစ်ပါလျှက်သားနဲ့
ဘာဖြစ်လို့ ချမ်းသာတဲ့လူက ချမ်းသာ
ဆင်းရဲတဲ့လူက ဆင်းရဲနေရတာလဲဆိုတော့
အဓိက ကံတရားပဲ။

တစ်ချို့က တွက်ကောင်းတွက်လိမ့်မယ်
ဆင်းရဲတဲ့လူတွေက ပျင်းလို့ လုပ်ကိုင်မစားလို့
ဆင်းရဲတယ်လို့ထင်တာ မဟုတ်ဘူးနော်
အဲဒါ အကြောင်းတစ်ခုထဲပင် မဟုတ်ဘူး။

မွေးကထဲက စားစရာသောက်စရာမရှိတဲ့ အိမ်ကို
သွားမွေးတဲ့လူ မရှိဘူးလား? ( ရှိပါတယ်ဘုရား )
ရှိလိ့ု အနီးတာင် မရှိဘူးလို့ကြားဖူးတယ်နော်
တစ်ချို့ကျတော့ ဘာမှတောင် မလုပ်ရပဲနဲ့
ချမ်းသာတဲ့အိမ် တိုက်နဲ့ ကားနဲ့ ငွေကြေးဓန
ကြွယ်ဝချမ်းသာတဲ့အိမ် မွေးတဲ့လူကော မရှိဘူးလား?
( ရှိပါတယ်ဘုရား ) အဲ့ဒီလူတွေကျတော့
ဘာမှမလုပ်ရသေးပဲနဲ့ ချမ်းသာနေတာပဲလေ
ဘာမှမလုပ်ရသေးပဲနဲ့လည်း ဆင်းရဲတာပဲ
ဘာမှမလုပ်ရပဲနဲ့လည်း ချမ်းသာတာပဲ
အဲဒါ နောက်ကွယ်က တစ်ခုခုရှိနေတယ်ဆိုတာ
သေချာတယ်။

တစ်ခြားဘာသာဝင်တွေကတော့
အဖြေထုတ်လိမ့်မယ် ဘုရားသခင်ရဲ့အလိုတော်ကျလို့
ဘုရားက ဖန်တီးတယ်ဆိုလို့ရှိရင် စဉ်းစားကြည့်ရမှာက ဘုရားက ဖန်ဆင်းတယ်ဆိုလို့ရှိရင်
ဘုရားဆိုတဲ့ပုဂ္ဂုိလ်ဟာ ကရုဏာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရင်
အားလုံးချမ်းသာအောင် မဖန်ဆင်းပေးသင့်ဘူးလား?

ဘာလို့ တစ်ယောက်ကိုတော့ ဆင်းရဲ
တစ်ယောက်ကိုတော့ ချမ်းသာဆိုတော့ မညီမမျှ
ဘယ်လုပ်လိမ့်မလဲ ဘုရားက
ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ အားလုံးအပေါ်မှာ
သတ္တဝါတွေကို ရင်ဝယ်သားကဲ့တို့ သနားတဲ့
ကရုဏာတရားရှိတယ်ဆိုရင် ဆင်းရဲတာ
ကြည့်ရက်ပါ့မလား? ( မကြည့်ရက်ပါဘူးဘုရား )။

ဒါပေမဲ့လို့ လူလောကမှာ ဆင်းရဲသူနဲ့ ချမ်းသာသူ
ဘယ်သူကများတယ်လို့ထင်တုန်း? ( ဆင်းရဲတဲ့သူ )
ဆင်းရဲတဲ့လူက များတယ်
အဲဒါ ဘုရားသခင်ရဲ့အပြစ်ပဲ ဒီတိုင်းဆိုရင်တော့
ဘာဖြစ်လို့ ဆင်းရဲသားတွေကို အများကြီး
ဖန်ဆင်းရတာလဲ?
ချမ်းသာတဲ့ပုဂ္ဂိုလ်တွေပဲ ဖန်ဆင်းသင့်တာပေါ
ဖန်ဆင်းတာကို ယုံကြည်တဲ့
ပုဂ္ဂိုလ်တွေအတိုင်းအတာဆိုရင် စဉ်းစားကြည့်ဖို့
ပြောတာနော်။

အေး အဲတော့ စဉ်းစားကြည့်မယ်ဆိုရင်
ချမ်းသာတဲ့ လူကတော့ ဘုရားသခင်ရဲ့ကျေးဇူး
ဆိုပြီတော့ ချီးမွမ်းကြမယ်
ဆင်းရဲတဲ့ လူတွေက တိတ်တိတ်ပုန်း
ကြိတ်ဆဲမနေဘူးလား
ငါတို့ကတော့ ဆင်းရဲမွဲတေအောင် ဖန်ဆင်းတယ်
သူတို့ကျတော့ ချမ်းသာအောင် ဖန်ဆင်းတယ်ဆိုပြီး
မနာလို ဝန်တိုစိတ်တွေ ဖြစ်မနေဘူးလား
အဲဒါလို တကယ်ဖန်ဆင်းတာက ဟုတ်မဟုတ်
စဉ်းစားကြည့်ပေါ။

အဲတော့
ဗုဒ္ဓတရားတော်အရ ပြောရမယ်ဆိုလို့ရှိရင်
ဖန်ဆင်းသူဆိုတာ မရှိဘူး
ကိုယ်လုပ်ခဲ့တဲ့ ကံတရားအတိုင်း ဖြစ်ကြတယ်ဆို
ဘယ်သူ့ကို ဆဲအုံးမတုန်း
မွဲတဲ့လူက ဘယ်သူ့ကိုဆဲမလဲ
ကိုယ့်ကိုပြန်ဆဲဖို့ပဲရှိတယ်နော် ကိုယ်လုပ်ခဲ့လို့
မွဲတာလေ
ချမ်းသာတဲ့လူက ဘယ်သူ့ကို ကျေးဇူးတင်မတုန်း
ကိုယ့်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ
ဘာဖြစ်လို့တုန်း ကိုယ်လုပ်ခဲ့တာ
အားလုံးဟာ " ဘယ်သူမပြု မိမိမှု " ပဲ
ကိုယ်လုပ်ခဲ့ကြတာ။

အဲဒါကြောင့်မို့လို့
ကျေးဇူးတင်စရာလည်း ရှာတွေ့မှာ မဟုတ်ဘူး
အပြစ်ပြောစရာလည်း ရှာတွေ့မှာ မဟုတ်ဘူးလို့
ဒီလိုဆိုရမှာပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

2.7k 0 13 3 227

မင်္ဂလာရှိသော နံနက်ခင်းပါ 🙏🙏🙏


ဆောမြို့နယ်ထဲက တောမရွာကို တပ်ကဗုံးကြဲလို့ အရပ်သားပြည်သူတွေ သေရပါတယ်လို့ Khit Thitက သတင်းရေးတင်ထားတယ်။ ပုံ(၁)ကိုကြည့်။

ဒါပေမယ့် သူတို့တင်ထားတဲ့ပုံတွေထဲမှာကိုပဲ သေနတ်လွယ်ထားတဲ့သူတွေကို ရှင်းရှင်းလင်းလင်းတွေ့ရတယ်။ ပုံ(၂/၃)ကို ကြည့်။

ပြီးခဲ့တဲ့ ၅ ရက်တုန်းကလည်း အကြည်ပန်းပလွန်းရွာမှာ PDF တွေအစည်းအဝေးလုပ်နေတုန်း သတင်းအတိအကျရလို့ နယ်မြေရှင်းခဲ့ပြီးပြီ။ သေချာတာကတော့ သတင်းပေးတွေရဲ့ Source က ခိုင်မာမှုရှိသလို အကျိုးအမြတ်ရတယ်လို့ပဲ တွေးရမှာပဲ။

(နရီမိုး)

4.6k 0 13 2 246

တခါတလေကျ ဒီနိုင်ငံက ဒီမိုကရေစီနဲ့မတန်ဘူး။ ဦးသန်းရွှေ အုပ်ချုပ်တဲ့ စနစ်မျိုးနဲ့ပဲတန်တာ။ လှုပ်ရင် လှုပ်တဲ့နေရာ ဗျင်း။ ခုဟာက လူမလေး ခွေးမခန့်ပုံစံ ဖြစ်နေသလိုမျိုး ခံစားရတယ်။
-----
တောင်ငူလမ်းပိုင်းမှာဆို ခဏခဏ ရထားသံလမ်းတွေ မိုင်းခွဲခံရတယ်။ အစိုးရဘက်ကကြည့်ရင် သူ့ပိုက်ဆံမှမသုံးရဘဲ။ ပြန်ပြင်ပေးမှာပဲ။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ကာလဆိုတော့ သွားလာဖြစ်ရုံ ဆိုတဲ့ အဖြစ်လောက်ပဲရတော့တယ်။ အရင်လို ခိုင်ခံတဲ့ တံတားမျိုး မဟုတ်တော့ဘူး။
----
မိုင်းခွဲခံရတဲ့ ဒေသတွေမှာ လတ်တလော ကုန်ပစ္စည်းတွေ သွားလာတင်ပို့မှုတန့်ကုန်တယ်။ ဈေးကြီးတဲ့ဒဏ်ကို ပြည်သူတွေက တိုက်ရိုက်ခံစားရတယ်။ လမ်းတံတား ဖျက်ဆီးတာဟာ အစိုးရကိုလည်း မထိခိုက်သလို ဘယ်သူပုန်ကိုမှလည်း အကျိုးစီးပွားအားဖြင့် မထိခိုက်ဘူး။ တစ်ခုတော့ရှိတာပေါ့။ အခွင့်အရေးပေးရင် ရှောင်ကွင်းလမ်းမှာ‌ တော့ ကားတစီး ဘယ်လောက်ဆိုပြီး ဆက်ကြေးကောက်ခွင့်ရှိချင်ရှိနိုင်သေးတယ်။


တခါတလေတော့လည်း စစ်ဖြစ်ပြီးသွားတဲ့ နေရာတွေကို ဘာမှပြန်လည်ထူထောင်ရေးမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေချင်မိတယ်။ ခုဟာက သူပုန်က ဖျက်၊ အစိုးရကနောက်ကပြင်။ ကြားပြည်သူတွေကသာ အိုးအိမ်‌တွေပျောက်ပြီး ဘဝအသစ်ကို ပြန်စဖို့ ရုန်းကန်နေကြရတာ။

(နရီမိုး)

5.6k 1 7 14 324

လွတ်လပ်ရေးရပြီး ၂ နှစ်တာ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ မြို့နယ် ၃၁ မြို့နယ်ဟာ KNDO, ဗကပ ၊ ပြည်သူ့ရဲဘော်နဲ့ မူဂျာဟစ်တွေ ရဲ့ သိမ်းပိုက်တာကို ခံထားခဲ့ရတယ်။


တွဲတိုင်းမှာ စက်ခေါင်းကိုယ်စီနဲ့၊သို့သော် .....

✅၂၀၂၃ မှာ NUG က တပ်ကို အပြုတ်ဖြုတ်မယ်ဆိုတဲ့ စကားနဲ့ပတ်သက်ရင် ..... NUG ကို ထောက်ခံသူတွေက"သေချာတယ်၊ဟုတ်မှာ" ဆိုတဲ့ အမြင်မျိုးရှိကြမှာပါပဲ။ လူဆိုတာ သူ့အမြင် ကိုယ့်အမြင်ရှိကြတော့ ထူးပြီး ငြင်းစရာလည်း မရှိပေါင်။ ဒါတွေနဲ့ ပတ်သက်ပြီး " မင်းပြောတာက အမှား၊ ငါပြောတာကမှ အမှန်" ဆိုပြီး တထစ်ချ သွားငြင်းနေလို့ လေကုန်တာပဲ ရှိမှာပေါ့...။ဒီတော့ ဒီလိုငြင်းစရာ ကိစ္စတွေရှိလာရင် အချက်အလက်တွေကိုပဲ နှိုင်းယှဉ်ချပြဖို့ကြိုးစားရတော့တာပါပဲ။


✅ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရေးအခင်း စဖြစ်‌ တော့ အသတ်ခံလိုက်ရတဲ့ အုပ်ကြီးတွေဆိုတာ နည်းမှမနည်းဘဲ။ ဝန်ထမ်းအချင်းချင်း CDM မလုပ်လို့ ဘလိန်းခံရတဲ့သူ‌ တွေလည်း အများကြီး ရှိသလို ၊ ကျောင်းတက်တာကို စစ်တပ်အား‌ပေး ဒလန်ဆိုပြီး စွပ်စွဲလို့ အရပ်ဝတ်နဲ့ ကျောင်းသွား၊ ကျောင်းရောက်မှ ကျောင်းစိမ်းပြန်လဲရတဲ့သူက ထုနဲ့ဒေးပဲ မဟုတ်ဘူးလား...

✅ ကြားနေဆိုတာ မရှိဘူးဆိုပြီး ဖေ့ဘုတ် ပရိုင်ဖိုင်တောင် အနီမချိန်းလို့ မိသားစု၊ သူငယ်ချင်း မိတ်ဆွေကြားမှာ ရန်-ငါ ပြတ်ခဲ့ကြတာ နည်းမှမနည်း။ သေချာတာကတော့ အဲ့ဒီကာလ တလျှောက်လုံး " အစိုးရပြိုလဲနေပြီ၊ ဝန်ထမ်းတွေကို လစာ‌ ပေးစရာ မရှိတော့ဘူး၊ တပ်ပျက်နေပြီ" ဆိုပြီး နည်းလမ်းစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ဒါကို ယုံတဲ့သူတွေကလည်း အများကြီး။ ခုထိလည်း NUG က တပ်ကို အပြုတ်တိုက်ပြီး တနိုင်ငံလုံးကို သိမ်းမှာဆိုတဲ့ False Hope တွေကြားမှာ ဟုတ်နိုးနိုး မျှော်နေကြတာလည်း တပုံတခေါင်းပဲ...

✅ဒီတော့ မေးစရာရှိလာတာက လက်ရှိတော်လှန်ရေးကာလ ၃ နှစ်မှာ NUG က သိမ်းထားတဲ့ မြို့နယ် ဘယ်နှစ်ခု ရှိသလဲ ဆိုတာနဲ့ ချိန်ထိုးကြည့်ရမှာပဲ....။ မရှိဘူးဆိုရင်တော့ တခုခုမှားနေပြီလို့ ပြန်သုံးသပ်ကြပေါ့။

✅လွတ်လပ်ရေးရပြီး ၄၉ ခုနှစ် ဇန်ကနေ ဩဂုတ်လအထိ ၈ လတာ ကာလအတွင်းမှာတောင် KNDO သိမ်းပိုက်ခဲ့တာ ၁၅ မြို့နယ်အထိ ရှိခဲ့တယ်...

( ပုသိမ်၊ အင်းစိန်၊တွံတေး၊ ပန်းတနော်၊ အိမ်မဲ၊ ညောင်လေးပင်၊ တောင်ငူ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မေမြို့၊ မန္တလေး၊ လွိုင်ကော်၊ တောင်ကြီး၊ လားရှိုး၊ နမ့်ခမ်း)

✅တပြိုက်နက်တည်း ဗကပ တွေ သိမ်းပိုက်ထားတာက ၆ မြို့နယ်ရှိတယ်..( သင်္သတ၊ သာယာဝတီ၊ ပျဉ်းမနား၊ ရမည်းသင်း၊ မြင်းခြံ၊ ပခုက္ကူ)

✅တောခိုတပ်တွေ သိမ်းပိုက်ထားတာက ၈ မြို့နယ်ရှိတယ်.....
(ပြည်၊ သရက်၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်၊ သံတောင်၊ ကျောက်ဖြူ)

✅မူဂျာဟစ်တွေ သိမ်းထားတာက ၂ မြို့နယ် ရှိတယ်
(ရသေ့တောင်နဲ့ ဘူးသီးတောင်)


✅ဆိုတော့ NUG ထောက်ခံသူတွေအနေနဲ့ ဒီ ၃ နှစ်တာကာလမှာ ငါတို့ထောက်ခံတဲ့အစိုးရက၊ ငါတို့ထောက်ပံ့ထားတဲ့ PDF တွေက ဘယ်နှစ်မြို့၊ ဘယ်နှစ်ရွာကို သိမ်းပိုက်ထားပြီးပြီလဲလို့ မညာတမ်း မေးကြည့်ဖို့ လိုတာပါပဲ။


✅မြို့လည်းမသိမ်းနိုင်ဘူး၊ သူတို့အဆို အရ တပ်ကို လည်း မတိုက်ထုတ်နိုင်ဘဲ ဒေသအလိုက် သစ်ခိုးထုတ်၊ လမ်းပိုင်းအခွန်ကောက်၊ အချင်းချင်း လူသတ်နေကြပြီဆိုရင်တော့ဖြင့် တွဲတိုင်းမှာ စက်ခေါင်းစီပါတာမှန်ပေမဲ့ ရွက်ဆစ်ပြောသလို ဖြစ်နေပြီဆိုတာ ပြန်သုံးသပ်ကြဖို့ လိုအပ်နေပါပြီလို့ပဲ သတိပေးချင်မိတော့တာပါပဲ။


#နရီမိုး


✅တခါတလေ အင်အားကြီးပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း ထင်မထားတဲ့ မဟာဗျူဟာတွေ ချမှတ်တတ်ကြတယ်ဆိုတာ ရုရှားရဲ့ II-76 လေယာဉ်ကြီး နှစ်စီး လုံးဝပျက်စီးသွားချိန်မျိုးအပြီးမှာ မြင်တွေ့ရတဲ့ မြင်ကွင်းမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်လို့ ယောင်ယောင်လေးတွေးရင်း ပြုံးမိတယ်... 😂😂😂


✅ယူကရိန်းဘက်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ဆတိုး မြင့်မားလာချိန်မှာ ရုရှားလေတပ်ရဲ့ ကာကွယ်မှုလုပ်ထားတဲ့ မြင်ကွင်းဟာ ဪ သူတို့ဆီမှာလည်း မြန်မာလိုအတွေးအခေါ်တွေ ရှိသေးပါ့လားဆိုပြီး ကြံဖန် ဂုဏ်ယူမိရပြန်တယ်...

✅ လုံခြုံရေးအတွက် အစစအရာရာ Safety ဖြစ်တဲ့ Hangar တွေ ဆောက်ရင် ပိုအဆင်ပြေနိုင်တာ ဖြစ်ပေမဲ့ စစ်ဖြစ်နေတဲ့ကာလမို့ သိပ်ပြီး ဘတ်ဂျက်တွေ သုံးချင်ပုံမရဘူးထင်ပါရဲ့။ ပုံမှာမြင်‌တွေ့ရတဲ့အတိုင်း လေယာဉ်တွေပေါ်မှာ ကားတာယာတွေတင်ပြီး မဟာဗျူဟာမြောက် ကာကွယ်ထားတာကို အံ့ဩဖွယ်မြင်တွေ့ရတဲ့အခါ...သူတို့လည်း ချွေတာသင့်တာ ချွေတာနေရတယ်လို့ အတွေးများမိပါရဲ့။


#နရီမိုး


ဆန်ဈေး၊ ဆီဈေးနဲ့ အတွေးများ...

✅ဘောဂဗေဒ သဘောတရား အရဆိုရင် ဈေးနှုန်းတွေကို အသေ သတ်မှတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ ဘဏ်တွေလည်း အတူတူပါပဲ။ အပ်နှံ့သူ ပြည်သူတွေကို အတိုး ဘယ်လောက်ပေးပါ့မယ်ဆိုတဲ့ မက်လုံးပေးရတယ်။

🔺စာရင်းရှင်ဖွင့်မလား?
🔺စာရင်းသေ ဖွင့်မလား? ဆိုပြီး ရွေးချယ်ခွင့်ပြုရတယ်။

✅ ရလာတဲ့ အပ်နှံငွေတွေကို Construction တွေမှာ ရင်းနှီးမြုပ်နှံရတယ်။ တခြားသော စီးပွားရေးလုပ်ငန်းတွေမှာလည်း ရှယ်ယာပုံစံ ထည့်ဝင်ရင်းနဲ့ သူ့ဆီလာအပ်တဲ့ ပြည်သူတွေကို အတိုးပုံမှန်ပေးနိုင်ဖို့ ရုန်းကန်ရတယ်။ ဆိုလိုတာက ဘယ်လုပ်ငန်းမှာ ဖြစ်ဖြစ် ဈေးနှုန်းတွေကို တရားသေ သတ်မှတ်လို့ မရနိုင်တာကို ပြောလိုတာပါ။

✅ အစိုးရနဲ့ ရေရှည် ပနံသင့်ဖို့ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ လောဘသိပ်မကြီးတာ ကောင်းပါတယ်။

✅လက်ကား သမားတွေအတွက် ရည်ညွှန်းဈေးထက် အမြတ် ၂ ရာခိုင်နှုန်း၊ အဆင့်ဆင့် လက်လွှဲရောင်းချသူတွေအတွက် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းဆိုတာ ခုလို ခေတ်ကြီးထဲ လုံလောက်သင့်နေပါပြီ။ ခက်တာက အစိုးရပိုင်းထဲမှာ ရော ၊ စီးပွားရေးသမားတွေထဲမှာရော ပူးသတ်ဆိုတာမျိုးက ရှိနိုင်တာပဲ မဟုတ်လား။ 🚫

✅ပြည်သူတွေရဲ့ အဓိက ပြသနာဖြစ်တဲ့ စားဝတ်နေရေးကို ပြည့်စုံအောင်ဖန်တီးပေးဖို့ပဲ လိုတာပါ။ တချို့နိုင်ငံတွေမှာ ဖြစ်တဲ့ အရေးအခင်းနဲ့ Revolution ဆိုတာ အစိုးရအပေါ် မကျေနပ်တာကို အခြေခံပြီး မီဒီယာ+အတိုက်အခံတွေရဲ့ မီးလောင်ရာ လေပင့်ပေးတဲ့လုပ်ရပ်တွေ ဆုံသွားခဲ့ရင် .....မဖြစ်သင့်တဲ့ ပြသနာတွေ ပိုဖြစ်ပါတယ်။

✅ အရင်ကတည်းက ရနေတဲ့ ဝန်ထမ်းတွေရဲ့ အခြေခံ လစာဟာ ခုလို ဆန်ဈေး၊ ဆီဈေးတက်နေလည်း အရင်လစာနဲ့ပဲ ကျားကန်နေရချိန်..။

✅ပြည်သူနဲ့ လောဘကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကြားမှာ အစိုးရအနေနဲ့ မျက်နှာပျက်တတ်ပါတယ်။ စီးပွားရေးသမားတွေကို ကြေငြာချက်နဲ့ တားလို့မရရင် အမိန့်အာဏာစက်နဲ့ပါ သုံးသင့်ပါတယ်။ အစိုးရအတွက် ပြည်သူကသာ အဓိကမို့ ဖြစ်ပါတယ်။


#နရီမိုး


ပြည်တွင်းစစ်သံသရာ...

၁။ ပြည်တွင်းလက်နက်ကိုင်ငြိမ်းချမ်းရေးအကြောင်း ချတွေးကြည့်တဲ့အခါ ဘာလို့ စစ်ပွဲတွေ အသက်ရှည်နေရသလဲ ဆိုတဲ့ အကြောင်းတရားကို ပွင့်လင်းမြင်သာမှု ရှိရှိ ပြည်သူတွေဆီ ချပြဖို့လိုတယ်ဆိုတဲ့အချက်ကို သတိထားမိတယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ လူတွေ ဘယ်လို ချိန်းချိန်း...စနစ်ကို မပြောင်းနိုင်ရင် နှစ်ဖက်အဖွဲ့အစည်းမှာ အရင်လူပြောင်းလို့ နောက်လူတက်လာလည်း ဆွေးနွေးပွဲတွေက "တစ်"က ပြန်စရတဲ့ အခြေအနေ ရောက်သွားတာ တွေ့ရတယ်။

၂။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲဆိုတာ တဖက်ဖက်က ရှုံးသွားတယ်ဆိုတာမျိုး မရှိပါဘူးတဲ့။ နှစ်ဖက်စလုံးကသာ အချိုးညီညီဆွေးနွေးညှိနှိုင်းနိုင်ရင် နှစ်ဖက်စလုံးက အရှုံးခံ ဆွေးနွေးပေးကြတာမျိုးပါတဲ့။ ရလာဒ်ထွက်ဖို့တော့ လိုတာပေါ့လေ။

၃။ သေချာတာကတော့ တွေ့ဆုံမှုတွေ စဉ်ဆက်မပြတ် လုပ်ဖို့ လိုတာပါပဲ။ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ပြင်ဆင်ချက် /သဘောတူညီချက်တွေကို ချက်ခြင်းအကောင်အထည်ဖော်ဖို့ လိုအပ်တာပါပဲ။ ပထဝီနိုင်ငံရေးအရ နိုင်ငံတကာ ဆက်ဆံရေးမှာ တနိုင်ငံကို ယိမ်းရင် တနိုင်ငံက စစ်ပွဲဖော်ဆောင်တဲ့ အခြေအနေမှာ ပြည်တွင်းအား စည်းလုံးညီညွှတ်ဖို့လိုပါတယ်။


၄။ တချို့သော နိုင်ငံရေး Process Changes တွေက သမိုင်းမှတ်ကျောက်အတင်ခံရတာလည်း ရှိသလို နှိုင်းယှဉ် နိုင်ငံရေး အရ အရင်လူနဲ့ နောက်လူကို ချိန်းထိုးစံထားတတ်ကြတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ပိုဆိုးပါတယ်။


#နရီမိုး

Показано 17 последних публикаций.

2 122

подписчиков
Статистика канала