တခါတလေကျ ဒီနိုင်ငံက ဒီမိုကရေစီနဲ့မတန်ဘူး။ ဦးသန်းရွှေ အုပ်ချုပ်တဲ့ စနစ်မျိုးနဲ့ပဲတန်တာ။ လှုပ်ရင် လှုပ်တဲ့နေရာ ဗျင်း။ ခုဟာက လူမလေး ခွေးမခန့်ပုံစံ ဖြစ်နေသလိုမျိုး ခံစားရတယ်။
-----
တောင်ငူလမ်းပိုင်းမှာဆို ခဏခဏ ရထားသံလမ်းတွေ မိုင်းခွဲခံရတယ်။ အစိုးရဘက်ကကြည့်ရင် သူ့ပိုက်ဆံမှမသုံးရဘဲ။ ပြန်ပြင်ပေးမှာပဲ။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ကာလဆိုတော့ သွားလာဖြစ်ရုံ ဆိုတဲ့ အဖြစ်လောက်ပဲရတော့တယ်။ အရင်လို ခိုင်ခံတဲ့ တံတားမျိုး မဟုတ်တော့ဘူး။
----
မိုင်းခွဲခံရတဲ့ ဒေသတွေမှာ လတ်တလော ကုန်ပစ္စည်းတွေ သွားလာတင်ပို့မှုတန့်ကုန်တယ်။ ဈေးကြီးတဲ့ဒဏ်ကို ပြည်သူတွေက တိုက်ရိုက်ခံစားရတယ်။ လမ်းတံတား ဖျက်ဆီးတာဟာ အစိုးရကိုလည်း မထိခိုက်သလို ဘယ်သူပုန်ကိုမှလည်း အကျိုးစီးပွားအားဖြင့် မထိခိုက်ဘူး။ တစ်ခုတော့ရှိတာပေါ့။ အခွင့်အရေးပေးရင် ရှောင်ကွင်းလမ်းမှာ တော့ ကားတစီး ဘယ်လောက်ဆိုပြီး ဆက်ကြေးကောက်ခွင့်ရှိချင်ရှိနိုင်သေးတယ်။
တခါတလေတော့လည်း စစ်ဖြစ်ပြီးသွားတဲ့ နေရာတွေကို ဘာမှပြန်လည်ထူထောင်ရေးမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေချင်မိတယ်။ ခုဟာက သူပုန်က ဖျက်၊ အစိုးရကနောက်ကပြင်။ ကြားပြည်သူတွေကသာ အိုးအိမ်တွေပျောက်ပြီး ဘဝအသစ်ကို ပြန်စဖို့ ရုန်းကန်နေကြရတာ။
(နရီမိုး)