May Yu Htar Nay


Гео и язык канала: Весь мир, Английский
Категория: Telegram


သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။

Связанные каналы  |  Похожие каналы

Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


Репост из: Western 24 News
ညီနောင်တွေ အချင်းချင်း ဖြေရှင်းတာချစ်စရာလေး တေနတ်လေးနဲ့ဖဲပစ်သတ်ကြတာ😂😂😂

မှတ်ချက်။ ။ နီပိန်းလေသံဖြင့်ဖတ်ရန်😂😂😂


Репост из: Min Chit Oo
“စစ်မှုထမ်းဆင့်ခေါ်ရင်သွားမယ်… တိုက်ပွဲနယ်မြေရောက်ရင် လွတ်မြောက်အောင် နီးစပ်ရာ လက်နက်ကိုင်အဖွဲ့တွေဆီ သေနတ်နဲ့တော်ခိုမယ်...” ဆိုတာနဲ့ ဘဝပြီးသွားပြီလား...
===========================

လက်ရှိဒီကိစ္စတွေကို တစ်ဖက်အကြမ်းဖက်အားပေးမီဒီယာတွေ အသားပေးဖော်ပြ လာတာတွေကို အားလုံးပဲသိကြမှာပါ။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ထောက်ပံ့မှုတွေနဲ့ တောခိုမှုနည်းပါးလာတဲ့အတွက် နိုင်ငံရေးအသိဉာဏ်နည်းပါးတဲ့ လူငယ်တွေကို သူတို့ဆီရောက်လာအောင် သူတို့ဆီရောက်သွားတဲ့ လူအနည်းစုပုံတွေပြပြီး ဝါဒဖြန့်လှုံ့ဆော်နေတာပါ။ ရောက်သွားတဲ့သူတွေ နိုင်ငံရေးအကြောင်း ဘယ်လောက်သိလဲ မေးကြည့် ဘာမှသိတဲ့လူငယ်တွေမဟုတ်ဘူး၊ နယ်စပ်လိုနေရာကို ဘဝရဲ့လွတ်မြောက်နယ်မြေလို့ထင်ပြီး ကိုယ့်ဘဝ ကိုယ်ဆုံးအောင် ဖန်တီးသွားကြတာ။

ယုံကြည်မှုတစ်ခုကြောင့် နိုင်ငံနယ်စပ်ရောက်နေတဲ့သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ နယ်စပ်ထိန်းချုပ်မှုတွေ လုပ်နေတာကြောင့် ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေကိုပြေးဖို့ လမ်းပေါက်ပိတ်နေတာသိတယ်၊ သူတို့ပြေးနေကြနိုင်ငံတွေမှာ တရားမဝင်နေထိုင်သူတွေနဲ့ နိုင်ငံရေးခိုလှုံသူတွေကို ဖမ်းဆီးပြန်ပို့လုပ်နေတာတွေကို သိတယ်၊ သူတို့ရဲ့တော်လှန်ရေး အောင်မြင်မှ တပ်မတော်မရှိမှ သူတို့ပြည်တွင်းကို အေးအေးဆေးဆေး ပြန်ဝင်လာလို့ရမှာကြောင့် လူငယ်တွေကို နယ်စပ်မှာဘဝဆုံးခိုင်းပြီး သူတို့တွေရဲ့ဘဝတွေ ဆက်လက်ရှင်သန်အောင် အသေခံခိုင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ စည်းရုံးလှုံ့ဆော် ဝါဒဖြန့်နေတာပါ။ လိုင်းပေါ်မှာ လုပ်ဟ၊ တိုက်ဟ ဆိုပြီး မြောက်ပေးနေတဲ့သူတွေကြည့်လိုက် ပြည်ပကနေ သူတို့မိသားစုတွေဘဝ ထိခိုက်မခံဘဲ ပြည်တွင်းနေ လူငယ်တွေကို ထိုးကျွေးနေတဲ့ သူတွေကြီးပဲ။ ရခိုင်မှာပဲကြည့်၊ ရခိုင်မှာ တစ်နေရာမှ အင်တာနက်လိုင်းမရဘူး၊ သတင်းတင်တဲ့သူတွေက Star Link ရှိတဲ့ AA က ကောင်တွေဆီကနေ သတင်းယူပြီး သောင်းကျန်းသူအလိုကျသတင်းတင်တယ်၊ အားပေး ထောက်ခံမြှောက်ပေးတဲ့သူတွေက ပြည်တွင်းနဲ့ ပြည်ပကနေ ထောက်ခံအားပေး မြောက်ပေးကြတယ်၊ တကယ်ခံရတာက ဒေသနေ ဘုမသိ၊ ဘမသိ ဒေသခံတွေ။

သူတို့ရဲ့တော်လှန်ရေးကာလကြာလာတဲ့အမျှ ထောက်ပံ့မှုတွေ နည်းလာတာနဲ့ တောခိုလူငယ်တွေ တိုက်ပွဲတွေကြားမှာ သေကုန်၊ ပြတ်ကုန်တာကြောင့် လူငယ်တွေသူတို့ဆီလာဖို့ လူတွေခေါ်နေတာတွေ၊ မရှိ/ရှိတာ ထုတ်ရောင်းပြီး အချင်းချင်းထောက်ပံ့နေကြရတာတွေ၊ သူတို့ကို ထောက်ပံ့နေကြနိုင်ငံကြီးတွေ ထောက်ပံ့မှု မရှိတော့တာနဲ့ လက်ရှိတည်ဆဲအစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းတိုးတက်လာတာ အားလုံးမြင်ကြမှာပါ။

ဒရုန်းကြောင့် နိုင်ပွဲတွေဆက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ထက် တပ်မတော်က ဒရုန်းဘက်မှာ အရေးသာလာလို့ လက်ရှိကာလ နေရာအနှံ့အပြားမှာ ပြန်လည်ရှုံးနိမ့်လာတာ၊ သူတို့သိမ်းထားတဲ့နေရာတွေကို တစ်နေရာပြီး တစ်နေရာ ပြန်ယူလာတာ၊ အထိအခိုက်အကျဆုံးများလာတာတွေလည်း နေ့စဉ်ဆက်တိုက် တွေ့မြင်ကြရမှာပါ။ နည်းပညာစစ်ပွဲဆိုတာ နိုင်လည်းခဏပဲ၊ နည်းပညာနဲ့ ငွေကြေးတတ်နိုင်တဲ့သူက တစ်ချိန်မှာ ပြန်ရမှာပါပဲ။ တိုက်ပွဲနိုင်တာထက် ရေရှည်စစ်ပွဲမှာက လူ/လက်နက်/ခဲယမ်း/နိုင်ငံတကာ ထောက်ခံ၊ အားပေးမှုတွေပါမှ နယ်မြေတစ်ခုကို ကောင်းကောင်းထိန်ချုပ်နိုင်တာကြောင့် ဘယ်အဖွဲ့အစည်းက အချိန်တစ်ခုရောက်ရင် နိုင်နိုင်မလဲဆိုတာ တွေးလို့ရတယ်။ ဒါကိုသူတို့ဆီရောက်သွားတဲ့သူတွေ မသိကြဘူး၊ သူတို့သိတာက မေမေနိုင်ရင် “အူလို့ရပြီ”ဆိုတာလောက်ပဲ အသိရှိတဲ့သူတွေ။ ဒါကြောင့်လည်း သောင်ကျန်းသူတွေရှိတဲ့ နယ်စပ်မှာ ၈၈ တောခိုကျောင်းသားတွေလို ဘဝဆုံးဖို့ ပူးပေါင်းသွားကြတာ။

ဒီမိုကရေစီနိုင်ငံတွေမှာ စစ်မှုမထမ်း မနေရတာ သဘာဝပဲ။ ပြည်သူစစ်မှုထမ်းကာက အများဆုံး ၅ နှစ်။ ဒီတာဝန်တွေထမ်းဆောင်ပြီးရင် နိုင်ငံတွင်းမှာတင်မဟုတ်ဘူး တစ်ကမ္ဘာလုံး လွတ်လပ်စွာသွားလာ လုပ်ကိုင်စားသောက်လို့ရတယ်။ ဒီကာလတစ်ခုလေးပဲ ကံနဲ့ ဉာဏ်နဲ့ သုံးပြီး အသက်ရှင်ရပ်တည်ရေးအတွက် နေထိုင်သွားလာရမှာ။

အားလုံးမြင်သာအောင် တစ်ခုပဲ မေးချင်တယ်။

နှစ်ပေါင်း ၇၀ ကျော်တိုက်နေတဲ့ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တွေ တစ်နိုင်ငံလုံးပြတ်အောင် တိုက်လို့ရခဲ့လား... ?

တပ်က တိုက်ပွဲထဲကို ဘာစစ်ပညာမှမသင်ပေးဘဲ တိုက်ခိုင်းနေတာ မဟုတ်ဘူး။ စနစ်တကျ လက်တွေ့ သင်ကြားပြသပြီးမှ တိုက်ခိုင်းတာပါ။ သေနတ်ကိုင်အချင်းချင်းတိုက်နေတဲ့အချိန်မှာ လက်နက်၊ နည်းပညာ၊ ထောက်ပံ့မှု အပြည်အဝရှိနေတဲ့ဘက်က တိုက်မလား.. ဘာမှပြည့်စုံမှုမရှိတဲ့ဘက်ကနေ ပြန်တိုက်မလား... မိမိဘဝကို မိသားစုနဲ့ဝေးရာ နယ်စပ်မှာ ကုန်ဆုံးမလား... ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ကိုယ်ပိုင်တွေးခေါ်မှုနဲ့ပဲဆိုင်ပါတယ်။
#MinChitOo
https://t.me/minchitoo989989


Репост из: Ko Thet
လတ်တလောရခိုင်

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုပြသာနာအနေနဲ့ ရေးသားတင်ပြရမယ်ဆိုရင် အပိုင်း (၂) ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းကတော့ ကုန်ပစ္စည်းတွေကို ပြည်မဖက်က တင်ပို့မှုရပ်တန့်နေတာတွေနဲ့ ဒုတိယပိုင်းက ကုန်ဈေးနှုန်းတွေကို ULA/AA တွေအနေနဲ့ သေချာကိုင်တွယ် မကြပ်မတ်နိုင်ရုံသာမက ၎င်းတို့ကိုယ်တိုင် လက်ဝါးကြီးအုပ် မတန်တဆဈေးတွေနဲ့ ပြန်လည်ရောင်းချနေတာတွေကို ဒေသခံများထံမှ သိရှိရပါတယ်။
-
အဓိက ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတာတွေ ULA/AA တို့ ကောက်ခံနေသော အခွန်အခတွေအနေနဲ့ တစ်နေရာနှင့် တစ်နေရာ မတူတာတွေ၊ ညီမျှမှုမရှိတာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ တစ်ချို့နေရာတွေမှာ အခွန်အခတွေဟာ သိန်းချီပေးနေရတာတွေဖြစ်ပေါ်လျက်ရှိပါတယ်။
-
ဥပမာအနေနှင့် ပလက်ဝဂိတ်မှာ အခွန်ပေးပြီးသားကို ကျောက်တော်ဂိတ်မှာ ထပ်ပေးရတယ်။ ပြီးတော့ မင်းပြားဂိတ်မှာ ထပ်ပေးရတာတွေရှိပါတယ်။ ပြေစာပြလည်းမရပါဘူး။ ULA/AA တံဆိပ်တုံး တူတူချင်းတောင်မှ မတူဘူးဆိုပြီး ကုန်သည်တွေကို လ/က်န/က်ပြခြိမ်း၆ တောင်းခံမှုတွေကို ကုန်သည်များအနေနှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်းနှင့် ULA/AA တွေသာ ဆက်လက်ရှိနေမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ဆက်တက်နေမည်ဖြစ်ကြောင်း ရခိုင်ကုန်သည် တစ်ဦးမှဆက်သွယ်ပြောကြားလာပါတယ်။

KT


Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
စစ်တွေမြို့နယ်၊ ဝါးဘိုရွာ အနောက်မြောက်ဘက် မီတာ ၁၉၀၀ ခန့်အကွာ တာဘောင်ပေါ်မှာ ရန်သူ့လှုပ်ရှားမှုတွေ့သဖြင့် Drone ဖြင့် တိုက်ခိုက်ချေမှုန်း။ (7-3-2025)
-
တိုက်ပွဲသတင်းစုံ


Репост из: တိုက်ပွဲသတင်းစုံ
စစ်မြေပြင်အဆင့်တိုး ပေးအပ်ခြင်း (ရေခတောင်ကုန်းသိမ်းတိုက်ပွဲ)

ကျောက်ဖြူမြို့နယ်၊ စီမော်ရွာအနီး AA စခန်း (ရေခတောင်ကုန်း) စခန်းသိမ်းတိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်သားများအား မတ် ၇ ရက် (ယနေ့)တွင် စစ်မြေပြင်အဆင့်တိုးများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
တကက အဆင့်မှ ခွဲတကက အဆင့်သို့ (၁) ဦး
တက အဆင့်မှ တကက အဆင့်သို့ (၃) ဦး
ဒုတက အဆင့်မှ တက အဆင့်သို့ (၅) ဦး
တသ အဆင့်မှ ဒုတက အဆင့်သို့ (၁၀) ဦး

စုစုပေါင်း (၁၉) ဦး အဆင့်တိုးရရှိခဲ့ပြီး တသ မှ ဒုတက အဆင့်တိုး (၁၀)ဦးထဲတွင် ပြည်သူ့စစ်မှုထမ်း (၄) ဦး ပါဝင်ကြောင်း သိရှိရပါသည်။
-
Congratulations ပါ တပ်မတော်သားများ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ


Репост из: Min Chit Oo
သတင်းအမှားသာဖြစ်ပါသည်
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း လုံးဝ(လုံးဝ)မရှိပါ


Репост из: Min Chit Oo
ကွန်မန့်မှာသွားဖတ်ကြည့် မန့်နေတဲ့ကောင်အားလုံးက ရခိုင်မှာနေတဲ့ကောင် တစ်ကောင်မှမပါဘူး

လက်ရှိ အေအေရှိရာနေရာတွေ အကုန်လုံးမှာ အင်တာနက်လိုင်းရဖို့မပြောနဲ့ ဖုန်းလိုင်းတောင်မရဘူး၊ ဖုန်းလိုင်းတွေ ထိန်းချုပ်တယ်ဆိုပြီး အေအေခွေးတွေက ပြည်သူတွေရဲ့ဖုန်းတွေသိမ်းထားတယ်

အားပေး ထောက်ခံ မြောက်ပေး ဖာကျနေတာ ဘယ်ကောင်တွေလည်းကြည့်လိုက် အဲ့ဒီမန့်ပိုင်ရှင်တွေပဲ

လင့်👇🏻👇🏻👇🏻
https://www.facebook.com/share/1BPwhZspUf/


Репост из: Justic Seeker Group-JSG
တော်လှန်ရေးလုပ်မယ်ဆိုပြီး တောထဲရောက်သွားကြတဲ့ PDF မတွေကို EAOs ခေါင်းဆောင်တွေနဲ့ PDF ခေါင်းဆောင်ဆိုသူတွေက တော်လှန်ရေးမလုပ်ခိုင်းဘဲ
ညတိုင်းလှန်ပြီး ခြေတော်တင်နေကြလို့ လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးနေတဲ့ PDF မတွေ အများကြီးပဲတဲ့...


Репост из: Min Chit Oo
PDF ပူးပေါင်းအဖွဲ့များမှ ခရီးသည်တင်ယာဉ်တစ်စီးအား ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ၃ နှစ်သား ကလေးငယ်နှင့် မိခင်ဖြစ်သူအပါအဝင် ၃ ဦး သေဆုံး...
================

ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် ငါးယှန်ရွာအနီး တပ်ယာဥ်တန်း ဖြတ်သန်းချိန် PDF ပူးပေါင်းအဖွဲ့များမှ ခရီးသည်တင်ယာဉ်တစ်စီး တပ်က ကားဟုဆိုကာ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ခရီးသည်တင်ယာဥ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် အသက် ၂၇ နှစ်အရွယ် မိခင်အမျိုးသမီး၊ ၃ နှစ်အရွယ်သမီးငယ်နှင့် အခြားခရီးသည် အမျိုးသမီး ၁ ယောက်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်းနဲ့ ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ B21 PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


Репост из: Min Chit Oo
အစတုန်းက မနန္ဒာတို့ကို ကြိုဆိုပါတယ်
တိုင်ပွဲတိုင်းအောင်ပါစေ
မြို့တွေများများသိမ်းပါစေဆို
ခုတော့ ဘယ်လိုဖြစ်ကြတာတုန်း🥴🥴🥴


Репост из: Palwtwa Daily News
AA အဖွဲ့မှ ချင်းပြည်နယ်အတွင်း စည်းကမ်းမဲ့ အလွန်အကျွံ သစ်ခုတ်နေ
==========================


AA အဖွဲ့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါနှင့် လယ်လှကျေးရွာအနီးတဝိုက်ရှိ ကျွန်းသစ်များနှင့် အခြား သစ်မာများကို ပိုင်ရှင်များ ခွင့်မပြုပဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက အေအေတပ်ဖွဲ့မှ အလွန်အကျွံ ခုတ်ယူနေကြောင်း ‌ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

အလေ့ကျပေါက်သည့် သစ်မာများကို အိမ်သုံးထင်းအဖြစ်ခုတ်ယူ ရောင်းချကြသည့်အပြင် ‌ဒေသခံများ၏ ပုဂ္ဂလိကကျွန်းခင်းများမှ ကျွန်းပင်များကိုပါ မျောတိုင်အဖြစ် ခုတ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

“အေအေတွေက သစ်တွေတအားခုတ်တယ်၊ ပြီးတော့ ထင်းစည်းလုပ်ပြီး သူတို့ရခိုင်ဘက်ကို ရောင်းတာ၊ အဆိုးဆုံးက ကျွန်တော်တို့ စိုက်ထားတဲ့ ကျွန်းပင်တွေကို ခုတ်တာပဲ၊ ဒါက ပိုင်ရှင်ရှိတယ်… စိုက်ထား တာလို့ပြောပေမယ့် မရဘူး၊ ငါတို့ ယူချင်တာယူမယ်... မင်းတို့ ဘာမှတားပိုင်ခွင့်မရှိဘူးလို့ပဲ ပြောတယ်...” ဟု လယ်လှရွာသား ကျွန်းသစ်ပိုင်ရှင်ဒေသခံတစ်ဦးက ပြောသည်။

နှမဒါနှင့် လယ်လှကျေးရွာတွင် အေအေတပ်ဖွဲ့များသည် ဒေသခံများစိုက်ပျိုးထားသည့် ကျွန်းပင်များ အပါအဝင် တောထဲရှိ သစ်မာများ၊ ဝါးများကို စည်းကမ်းမဲ့ ခုတ်ယူကာ စခန်းဆောက်လုပ်ရန်၊ ထင်းပြုလုပ်ရန်နှင့် ရခိုင်ပြည်နယ် ကျောက်တော်ဘက်သို့ ပို့ဆောင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“ကျွန်တော်ဆို ပင်ပင်ပန်းပန်းနဲ့ စိုက်ခဲ့တာ၊ အိုစာမင်းစာအတွက် ကိုယ့်သားသမီးမြေးမြစ်တွေအတွက် ရှိတာလေးနဲ့ စိုက်ခဲ့တာ။ အခုဆို ကျွန်းပင်တွေက ၅ နှစ်ကျော်ကျော်လောက်ပဲရှိသေးတယ်၊ အခုတော့ အေအေတွေက အကုန်ခုတ်ပစ်လိုက်တယ်၊ ချင်းပြည်နယ်လာပြီး ဒီလိုလုပ်တာတော့ တရားလွန်လွန်းတယ်...”ဟု လယ်လှရွာ သားနောက်ထပ်တစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ဝါးများကို ရခိုင်ပြည်နယ်ဘက်က စီးပွားဖြစ် ခုတ်ယူသုံးစွဲမှုများ ရှိသော်လည်း အေအေ၏ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လာမှုနောက်ပိုင်းတွင် ယခုကဲ့သို့ စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

သတင်း - ခူမီး
https://t.me/palwtwadailynews2022/140


Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
KIA စခန်းကုန်းကို သိမ်းပိုက်ပြီး အောင်ပွဲခံနေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်များ
-
Con Con ပါ ❤️❤️❤️
-
တိုက်ပွဲသတင်းစုံ


Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
စစ်တွေမြို့အနီး၊ ဝါးဘိုကျေးရွာအတွင်း အိမ်များကြားတွင် ပုံဖျက်ထားသော ရန်သူ့ Jammer နှင့် ဘန်ကာနေရာအား Drop Bomb ချတိုက်ခိုက်မှုမှတ်တမ်း (၆.၃.၂၀၂၅)
-
တိုက်ပွဲသတင်းစုံ


Репост из: Min Chit Oo
ခံကြ သူပုန်ကတော့ သူပုန်စောက်ကျင့်အတိုင်းလာမှာပဲ


Репост из: Min Chit Oo
စောက်ပြသနာရှာတဲ့ ထွန်းမြတ်နိင်ကယ်ခိုင်းလေ


Репост из: တိုက်ပွဲသတင်းစုံ
AA အလောင်း/လက်နက် ထပ်မံရရှိ

တပ်မတော်အနေဖြင့် ကျောက်ဖြူမြို့နယ်၊ စီမော်ရွာအနီးရှိ အကြမ်းဖက် AA စခန်းကုန်း (ရေခတောင်)အား သိမ်းပိုက်ရရှိပြီးနောက် အနီးပတ်ဝန်းကျင်အား အောင်မြေချဲ့ နယ်မြေရှင်းလင်းလျက်ရှိရာ မတ် ၆ ရက် (ယနေ့) ညနေ ၄ နာရီခန့် တွင် ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA ၁ လောင်း
(၂) MA-2 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၇ တောင့်
(၄) လက်ပစ်ဗုံး ၃ လုံး
(၅) နင်းမိုင်း ၁၇ လုံး
(၆) အီနာဂါ ၄ တောင့်
(၇) 84 နောင့်ပွင့်ကျည် ၄ တောင့်

တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။
-
လက်ရှိအချိန်ထိ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းလျက်ရှိပြီး ရန်သူ့စခန်းကုန်း (ရေခတောင်)မှ AA အလောင်း ၈ လောင်း၊ လက်နက် ၁၃ လက် ရရှိထားပြီးဖြစ်ပါသည်။ အလောင်း/လက်နက်များ ရရှိပါက ထပ်မံဖော်ပြပါမည်။
-
စီနီယာစစ်သည်တော်များနှင့်အတူ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်လေးများကိုလည်း ဂုဏ်ယူလေးစားပါတယ်။ ပြည်သူ့စစ်မှုထမ်းလေးတွေရဲ့ အောင်ပွဲပို့စ်အား ပုံနဲ့တကွ ထပ်မံဖော်ပြပေးပါမယ်
-
Congratulations ပါ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်များ။ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ

Показано 16 последних публикаций.