May Yu Htar Nay


Гео и язык канала: Весь мир, Английский
Категория: Telegram


သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။

Связанные каналы  |  Похожие каналы

Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၇ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက် ၄ နာရီခွဲအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌ နေ့လည် ၁၂ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအားထိန်းချုပ်ဟန့်တားထားနိုင်ခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန်ခန့်က ဆင်ခုံတိုင်လုံခြုံရေးစခန်းပတ်၀န်းကျင်တွင် နယ်‌‌မြေရှင်းလင်းရေးဆောင်ရွက်နေသော စစ်‌ကြာင်းများနှင့် နှစ်ဖက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


Репост из: May Yu Htar Nay
မောင်တောမြို့ပြန်တိုက်မခံရရေးအတွက်ဟုဆိုက AA သောင်းကျန်းသူများမှ နတ်မြစ်ကမ်းစပ်ကရွာတွေကို မီးလိုက်ရှို့နေလို့ တစ်ညနေလုံးမီးလောင်ကျွမ်းနေကြောင်း သိရပါတယ်


Видео недоступно для предпросмотра
Смотреть в Telegram
မွတ်ဆလင်အမျိုးသမီးငယ်များ AA အဖွဲ့ဖမ်းဆီးခြင်းခံရစဥ် လိင်အကြမ်းဖက်ခံရကြောင်း ၎င်းတို့ထံမှ ထွက်ပြေးလွတ်မြောက်လာသည့် ဘူးသီးတောင်ဒေသခံ မွတ်ဆလင်အမျိုးသမီးငယ်များပြော


မောင်တောမြို့ပြန်တိုက်မခံရရေးအတွက်ဟုဆိုက AA သောင်းကျန်းသူများမှ နတ်မြစ်ကမ်းစပ်ကရွာတွေကို မီးလိုက်ရှို့နေလို့ တစ်ညနေလုံးမီးလောင်ကျွမ်းနေကြောင်း သိရပါတယ်


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၆ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နေ့လည် ၁၁ နာရီအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်နှစ်ဘက်တိုက်ပွဲ ၄ နာရီ ခန့်ဖြစ်ပွားခဲ့ပြီးရန်သူအားထိန်းချုပ်ဟန့်တားထားနိုင်ခဲ့ကြောင်း၊ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် ဆင်ခုံတိုင်လုံခြုံရေးစခန်းကာကင်း‌‌နေရာနှစ်ခုအားသောင်းကျန်းသူများ မှလာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ၃ နာရီခန့်အကြာတွင် သောင်းကျန်းသူများအားရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းသိရှိရပါသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၅ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

နံနက် ၅ နာရီအချိန်ခန့်တွင် ဆင်ခုံတိုင်လုံခြုံရေးစခန်းအား သောင်းကျန်းသူများ မှအဝေးမှလက်နက် ကြီးများဖြင့် ပစ်ခတ်လာသော‌ကြာင့် ရန်သူတည်ရှိရာနေရာများအား မိမိဘက်မှလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊နံနက် ၇ နာရီခွဲအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နေ့လည် ၁၂နာရီခွဲ အချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၄ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နံနက် ၅ နာရီခွဲအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ည ၇ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၆ နာရီအချိန်ခန့်တွင် ပတ်ကွေ့လုံခြုံရေးစခန်းအား သောင်းကျန်းသူများ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော စစ်ကူစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နေ့လည် (၁၁) နာရီခွဲ အမ်းမြို့အရှ့မြောက်ဘက် ၆ မိုင်အကွာ၌ နှစ်ဖက်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊နံနက် ၇ နာရီခွဲအချိန်ခန့်က ပတ်ကွေ့နှင့်ဆင်ခုံတိုင်ကြား နယ်မြေရှင်းလင်းနေသောစစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၆ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


(တောင်ကုတ်)
ယမန်နေ့ညပိုင်း ၁၁ နာရီအချိန်ခန့်ထိ စကခ ၅ တပ်မဌာနချုပ်၊ ၅၄၄ တပ်၊ ၃၄၆တပ် အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယနေ့ တိုက်ပွဲသတင်းဆက်များအား စုံစမ်းနေဆဲ ဖြစ်ပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၃ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

ညနေ (၃) နာရီအချိန်ခန့်က အမ်းမြို့အရှ့တောင်ဘက် ၂၀ မိုင်ခန့်အကွာရှိ ဆင်ခုံတိုင်စခန်းအနီးတဝိုက်ရှိ သောင်းကျန်းသူများအား စစ်ကူစစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး‌ သောင်းကျန်းသူများအားရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ညနေ(၅)နာရီအချိန်ခန့်က တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ (၂) နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက် ၆ နာရီခွဲအချိန်ခန့်က ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်းနှင့် ကာကင်းနေရာများအား လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၇ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် ၉၁၉ တပ်ခွဲ ၂ နေရာ ၊ တောင်ကုတ် ရိက္ခာဝေစခန်း၊ ဆက်သွယ်ရေးတပ်ခွဲဌာနချုပ်နှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင်သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် နံနက် ၁၀ နာရီအချိန်ခန့်က ၃၄၆ ဓမ္မာရုံ အရာရှိရိပ်သာနှင့် ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၈)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၂)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu


Репост из: Western Door News
AA အကြမ်းဖက် အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းနေသောကြောင့် ထွက်ပြေးကြသောရခိုင်လူငယ်များ ထိုင်းတွင်အဖမ်းခံရ။


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၂ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


နံနက် ၈ နာရီအချိန်ခန့်က အမ်းမြို့အရှ့ဘက် ၆ မိုင်အကွာရှိ ပတ်ကွေ့ စခန်းအနီး ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီအချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နေ့လည် (၁၂)နာရီအချိန်ခန့်က တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)

နံနက်(၆)နာရီအချိန် ခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ (၅) နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများအား သောင်းကျန်းသူများမှ တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၆ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နေ့လည် (၂)နာရီခွဲ အချိန်ခန့်က (၅၄၄) တပ် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၃)နာရီခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၇)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၁)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu


ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၁ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နေ့လည် ၃ နာရီခန့်၌ နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ နံနက် ၈ နာရီခွဲခန့်က အမ်း-ပဒါန်းလမ်းပေါ်ရှိ ဆင်ခုံတိုင်စခန်းအနီး ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ည ၆ နာရီခွဲအချိန်၌ သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ နံနက် (၂)နာရီအချိန်ခန့်မှစတင်၍ တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် ည (၈)နာရီ အချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းက ရဟတ်ယာဉ်များဖြင့် တိုင်းရုံးတောင်ဘက်သို့ ရောက်ရှိခဲ့သည့် စစ်ကူတပ်စစ်ကြောင်းအနေဖြင့် တိုင်းရုံးအတွင်းရှိ တပ်မတော်သားများအား အမြန်ဆုံးစစ်ကူပေးနိုင်ရေး ချီတက်ရှင်းလင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့ညနေပိုင်း (၈) နာရီအချိန်ခန့်က တိုင်းရုံးတောင်ဘက် ၁မိုင်ခွဲအကွာရှိ ပြောင်းချောင်းရွာအနီး နှစ်ဖက်တိုက်ပွဲ ၃ နာရီခွဲ ခန့်ဖြစ်ပွားပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)

နေ့လည် (၁၁)နာရီအချိန်ခန့်က (၅၄၄) တပ်ရာဘာကုန်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း။ နံနက်(၁၀) နာရီခန့်က ၃၄၆ တပ် တပ်ရင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် နေ့လည် ၃ နာရီခွဲအချိန် ခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် တပ်စစ်ကြောင်းမှ စကခ ၅ အနောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာ အထက ၃ အနီး ရှင်းလင်းခဲ့ရာ အမ် ၂၂ - ၁ လက်နှင့် ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၆)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၀)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu


Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၀ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နေ့လည် ၁၁ နာရီခန့်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လည် ၁ နာရီခန့်တွင် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲခန့်က တိုင်းရုံးရှိ ရေစင်ကုန်း၊ အထက ၂ အနီးရှိ ကာကင်းနေရာများနှင့် တိုင်းရုံး/ ရုံးကာကင်း နေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
၎င်းအပြင် နံနက် ၆ နာရီခွဲအချိန်ခန့်က ဆက်သွယ်ရေးတပ်ခွဲအရှေ့ဘက်ရှိ တာဝါတိုင်ကုန်းအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် ည ၇ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြောင်း၊ နံနက် ၁၀ နာရီခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် တပ်စစ်ကြောင်းမှ စကခ ၅ အနောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာ အထက ၃ အနီး ရှင်းလင်းခဲ့ရာ အမ် ၂၂ - ၁ လက်နှင့် ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

(စစ်တွေ)
နံနက်ပိုင်း ၈ နာရီအချိန်ခန့်က စစ်တွေမြို့အရှေ့မြောက်ဘက် တောကန်စခန်းအား သောင်းကျန်းသူများမှ ချောင်းတစ်ဖက်ကမ်းမှနေ၍ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၂၀) ခန့်ဖြစ်ပွားကြောင်း သိရှိရသည်။

ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။


ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၅)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၉)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
https://t.me/minchitoo989989/42651


Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၉ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


အမ်း-ပဒါန်းလမ်းပေါ်ရှိ ဆင်ခုံတိုင်ရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ရွာအနီးရှိသောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြားဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်က အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေစခန်းအနီး ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲခန့်က တိုင်းရုံးရှိ ရေစင်ကုန်းနှင့် အထက ၂ အနီးရှိ ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ နေ့လည် ၁ နာရီအထိဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းရုံးတောင်ဘက် ကာကင်းနေရာအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၄ နာရီခွဲခန့်ထိ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

(တောင်ကုတ်)
နံနက် ၇ နာရီခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများနှင့် ဆက်သက်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တား နိုင်ခဲ့ကြောင်းနှင့် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများနှင့် ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်း ကာကင်းနေရာများအား သောင်းကျန်းသူများမှ တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ည ၉ နာရီခွဲအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(စစ်တွေ)
ညနေ ၄ နာရီအချိန်ခန့်က စစ်တွေမြို့အရှေ့မြောက်ဘက် ရဲယိုပြင်စခန်းအား သောင်းကျန်းသူများမှ အဝေးမှ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၁၀) မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၄)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၉)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး


Репост из: Western Door News
မင်းတို့ကောင်တွေကြိုက်သလောက်သိမ်းအချိန်တန်ရင်တော့တပ်မတော်နဲ့နိုင်ငံတော်ကပြန်ယူမှာ။


Репост из: Tha Din Ga Bar
လေးစားဂုဏ်ယူလျက်ပါ
တပ်မတော်သားသူရဲကောင်းများ
လေးစားလျှက်ပါ

#ThaDinGaBar


Репост из: Kyaw Swar
8-12-2024

တပ်မတော် က နပခ အမ်းကိုပြန်လည်
ထိန်းချုပ်ထားနိုင်သကဲ့သို့ နခခ ၅ ကိုလည်း ပြန်လည် ထိန်းချုပ်ထားပြီ ဖြစ်ပါသည်။

အမ်း ယနေ့နံနက်ငြိမ်နေသည်။

ရန်သူ ငြိမ်တိုင်း လိုက်မငြိမ်သင့် စုဖွဲ့ထား
သောနေရာများကို အသကုန် ဗျင်းပေးရန်
လိုအပ်ပါသည်။

နီပိတ် ရူးကြောင် သောက်ရူးတွေ ရူးသေ
လိုက်ကြတော့။

https://t.me/kyawswar49111


Репост из: DI သမီးတော်
Видео недоступно для предпросмотра
Смотреть в Telegram
နခခ ၅ အပြင်းအထန်
တိုက်ပွဲ ဖြစ်လာတာနဲ့အမျှ
ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး
Video အဟောင်းတွေ သူပုန်ဘက်က
ဆိုက်ဝါး လုပ် ပြန်ဖြန့်ဝေလာကြတယ်

စိတ်ဓာတ်စစ်ဆင်ရေး သတိရှိရပါမယ်
ကိုယ်လုပ်စရာ ရှိတာတွေ ဆက်လုပ်
ကြဖို့ပါပဲ။

DI Thameedaw 🇲🇲


Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၇ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)

နေ့လည် ၁၁ နာရီခွဲခန့်က တိုင်းရုံးရှိ ဂိတ် (၁)၊ ဗဟိုကင်း၊ စခန်းရုံးနှင့် ပို့ဆောင်ရေးအဖွဲ့နေရာတို့အား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/Drone ပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ညနေ ၃ နာရီခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ အမ်း-ပဒါန်း လမ်းကြောင်းပေါ်ရှိ ပတ်ကွေလုံခြံရေးစခန်းအနီး လုံခြုံရေးယူနေသည့်အဖွဲ့အား AA သောင်းကျန်းသူများမှ ညနေ ၃ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ ပဒန်းဘက်မှလာသော နောက်ထပ်စစ်ကူလာသည့် စစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ ညနေ ၅ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားလျက်ရှိကြောင်းနှင့် ညနေ ၃ နာရီခွဲခန့်က ၅၄၄ တပ်အနီးရှိ ရန်ခေါ်ဘုရားကုန်း လုံခြုံရေးအဖွဲ့အား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီခွဲခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
AA အကြမ်းဖက် သောင်းကျန်းသူများမှ ဒီဇင်ဘာလ ၅ ရက်နေ့ည ၉ နာရီခွဲခန့်မှ နခခ ၅ ဘန်ကာ ၁/၅/၆/၁၁/၁၂ တို့မှနေ၍ လက်ကျန်အင်အားအလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၄ နာရီခန့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်မှ သာလွန်အင်အားဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်လာသောကြောင့် နေရာအချို့ခေတ္တဆုတ်ခွာပေးခဲ့ရပြီး ပြန်လည်ခံစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လေကြောင်းမှနေ၍ တောက်လျှောက်ပစ်ကူပေး တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၆) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၂)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၇)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo


ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး
ရခိုင်အတွက် သတင်းပေးပိုလိုပါက
👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ


Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၆ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)


ယမန်နေ့က တပ်မတော်စစ်ကြောင်းမှ ပြန်လည်ထိန်းချုပ်ထားသည့် ရွှေအမ်းရိပ်သာအား AA သောင်းကျန်းသူများမှ နံနက် ၉ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ၂ နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ၎င်းနောက် နေ့လည် ၁ နာရီခန့်မှစ၍ အဆိုပါနေရာအား သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့သဖြင့် တပ်စစ်ကြောင်းများမှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရာ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ရှိနေကြောင်းနှင့် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ နေ့လည် ၃ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညနေ ၆ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
AA အကြမ်းဖက် သောင်းကျန်းသူများမှ ယမန်နေ့ည ၉ နာရီခွဲခန့်က နခခ ၅ ဘန်ကာ ၁/၁၁/၁၂ တို့မှနေ၍ လက်ကျန်အင်အားအလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နံနက်အစောပိုင်းတွင် သောင်းကျန်းသူများ ဗဟိုကင်းနေရာအထိ ဝင်ရောက်နေရာယူခဲ့ကြောင်း၊ ထိုနောက် လေကြောင်းပစ်ကူများရယူ၍ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် နခခ ၅ ဗဟိုကင်းအား ပြန်လည်နေရာယူ ထိန်းချုပ်နိုင်ခဲ့ပြီး သောင်းကျန်းသူများ ဘန်ကာ ၁၁/၁၂ ခြံစည်းရိုးရှိရာဘက်သို့ အလောင်း/လက်နက်များထားကာ ကစဉ်ကလျား ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ကြိုကြားကြိုကြားရှိနေပြီး သောင်းကျန်းသူရှိရာနေရာများအား လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

(ကျောက်တော်)
ယနေ့နေ့လည် ၁၁ နာရီခန့်က ကျောက်တော်မြို့မှတဆင့် အခြားနေရာသို့ ဆိုင်ကယ်အစီး ၅၀၀ ကျော်၊ တစ်ပါကား(မြေသယ်ယာဉ်) ၁၀ စီးခန့်ဖြင့် စစ်ကူရန်သွားသည့် AA သောင်းကျန်းသူ ၃၀၀ ခန့်ပါ ယာဉ်တန်းအား အပေါက်ဝရွာနှင့် ကံစောက်ရွာကြားရောက်ရှိစဉ် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA သောင်းကျန်းသူ ၈၀ ကျော်ခန့် သေဆုံးပြီး ၁၀၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ကားအချို့ မီးလောင်ပြာကျသွားပြီး အကောင်းတိုင်းကျန်သူများ အဆိုပါနေရာမှ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၅) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၁)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၆)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
https://t.me/minchitoo989989/42594


Репост из: Western Door News
အေပိုင်ပေါက်ကရတိရွီးလာစော် AAကကောင်တိ မကန်သီရာဟိဖို့

Показано 20 последних публикаций.