လက်ဘနွန်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄
အစ္စရေးဘက်မှ အပစ်အခတ်ရပ်စဲရေး စာချုပ်ချိုးဖောက်ခဲ့သည်ဟုဆိုကာ ဟစ်ဇ်ဘိုလာအဖွဲ့မှ အစ္စရေးစစ်စခန်းတစ်ခုအား ပြီးခဲ့သည့်တနင်္လာနေ့က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဟစ်ဇ်ဘိုလာက အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အား ထပ်ခါတလဲလဲချိုးဖောက်ခဲ့ခြင်းကြောင့် သတိပေးပစ်ခတ်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အစ္စရေးစစ်တပ်မှလည်း ဟစ်ဇ်ဘိုလာမှ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအား စတင်ချိုးဖောက်သည်ဟုဆိုကာ လဘနွန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအချို့တွင် လူသေဆုံးမှုများရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အစ္စရေးမှ အကြိမ်ရေ ၅၀ ကျော် ချိုးဖောက်ခဲ့ကြောင်း လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ခေတ္တအပစ်အခတ်ရပ်စဲခဲ့သော်လည်း....
Webpage>>...
https://positiveanglenews.com/2024/12/04/လက်ဘနွန်အပစ်အခတ်ရပ်စဲရ/Telegram»...
https://t.me/positiveanglenews #PAN