PAN


Гео и язык канала: Мьянма, Бирманский
Категория: Новости и СМИ


တိကျမှန်ကန် PAN
📬 09772979725
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.

Связанные каналы  |  Похожие каналы

Гео и язык канала
Мьянма, Бирманский
Категория
Новости и СМИ
Статистика
Фильтр публикаций


ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား အကြမ်းဖက်သမား အဖွဲ့မှက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်
********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၆×၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအား အကြမ်းဖက် PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။

ယနေ့ညနေ ၆ နာရီ ၂၅ မိနစ်အချိန်ခန့်က (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ရှေ့လမ်းအတိုင်း အနောက်မှအရှေ့သို့ CZI အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှထိုင်လိုက်လာသည့် အမျိုးသားမှ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရုံးရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု......

Webpage>>...
https://positiveanglenews.com/2024/12/04/ပြည်ကြီးတံခွန်မြို့နယ-29/

VK Link>>...
https://vk.com/wall-220066330_9588

Telegram»...
https://t.me/positiveanglenews

#PAN


Видео недоступно для предпросмотра
Смотреть в Telegram
မသန်စွမ်းမှုကို အကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်း မရှိစေဘဲ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။

#pan_broadcasting


Видео недоступно для предпросмотра
Смотреть в Telegram
ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့အတွက် PAN က ရရှိထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေကို တင်ဆက်ပေးပါမယ်။

- နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ နစကစီဥက္ကဋ္ဌနှင့် ရုရှား၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို ဆွေးနွေး


- ပေါင်းတည်မြိုနယ်က ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို ၂ ဦးကို အကြမ်းဖက်သမားများ သတ်ဖြတ်

-ဗဟိုဘဏ်က ဒေါ်လာ ၃၈ သန်းကျော် ထပ်မံရောင်းချပေးခဲ့


- ဈေးဝယ်စင်တာများမှာ သားငါးဝယ်ယူသူ များပြားလာ

- Kaiser လိပ်ပြာပုံ ငွေကျပ်၂၀၀ တန် စာပိုတံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်

-စစ်အုပ်ချုပ်ရေးကြေညာစဉ် လွှတ်တော်အတွင်း ဝင်ရောက်ခဲ့သည့် တောင်ကိုးရီးယားစစ်တပ် တာဝန်ယူရမည်ဟုဆို

- တောင်ကိုရီယားသမ္မတအား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းကို အတိုက်ခံများတင်သွင်း

-လက်ဘနွန်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်

စတဲ့ သတင်းတွေကို တစ်စုတစ်စည်းတည်း တင်ဆက်ပေးထားပါတယ်။

#pan_broadcasting


Видео недоступно для предпросмотра
Смотреть в Telegram
အန်ဂိုလာနိုင်ငံရောက် အမေရိကန်သမ္မတဘိုင်ဒင်ကို သတင်းထောက်က သားဖြစ်သူ ဟန်တာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအကြောင်း မေးမြန်းခဲ့ရာ " Welcome to America " "အမေရိကားမှာ ဒီလိုပဲ " ဟုဖြေကြားခဲ့ကြောင်း သိရပါတယ်။

#PAN


Видео недоступно для предпросмотра
Смотреть в Telegram
ရုရှားနှင့်နယ်စပ်အနီး အက်စတိုးနီးယားအထူးတပ်ဖွဲများက Pikne စစ်ရေးလေ့ကျင့်ခန်းစတင်ပြုလုပ်နေ။

Ref:

#PAN


တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာချက်ကို ၆ နာရီအတွင်း ရုတ်သိမ်းခဲ့
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်ညပိုင်းတွင် စစ်အုပ်ချုပ်ရေး အဖြစ် ကြေညာခဲ့ပြီးနောက် ၆ နာရီအကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ သည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးကြေညာခဲ့သည့် စစ်အုပ်ချုပ်ရေး ကြေညာချက်ဖြစ်သည်။

သမ္မတယွန် က သူ၏နိုင်ငံရေးကျရှုံးမှုကို ဖုံးကွယ်ရန်အတွက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်ဟု အခြေအမြစ်မရှိရုံသာမက တရားမဝင်သည့် ဆင်ခြေကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဝေဖန်ထားသည်။

သမ္မတ ယွန်က စစ်အုပ်ချုပ်ရေး ကြေညာ ပြီးနောက် DP နှင့် PPP အမတ်အချို့၊ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၁၉၀ ဦးက အမျိုးသား လွှတ်တော် တွင် အရေးပေါ်အစည်းအဝေး ကျင်းပပြီး စစ်အုပ်ချုပ်ရေး....

Webpage>>...
https://positiveanglenews.com/2024/12/04/တောင်ကိုရီးယားသမ္မတ၏-စစ/

VK Link>>...
https://vk.com/wall-220066330_9583

Telegram»...
https://t.me/positiveanglenews

#PAN


ဂါဇာရှိ ဓားစာခံများကို မလွှတ်ပေးပါက ပြဿနာအကြီးကြီး တက်စေမည်ဟု ထရမ့်ပြော
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က လက်ရှိဂါဇာဒေသတွင် အဖမ်းခံထားရဆဲဖြစ်သည့် အစ္စရေး နိုင်ငံသားဓားစာခံများကို ချက်ချင်းလွှတ်ပေးရန်နှင့်မလွှတ်ပေးပါက ပြဿနာအကြီးကြီး တက်စေမည်ဖြစ်ကြောင်း ပြောသည်။

ဒေါ်နယ်ထရမ့်က လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတတာဝန်များကို စတင်ထမ်းဆောင် တော့မည်ဖြစ်ပြီး ထိုရက်မတိုင်မီတွင် ကျန်ရှိနေတဲ့ ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ထိုရက်ထက် ပို၍ နောက်ကျသွားမည်ဆိုပါက အရှေ့အလယ်ပိုင်း ဒေသတွင်သာမက လူသားမျိုးနွယ်စုအပေါ် ရက်စက်ကြမ်းကြုတ် သော ပြစ်မှုကျူးလွန်သူများကို ပြဿနာအကြီးကြီးတက် စေမည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတိပေးရေးသားထားခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏သတိပေးမှုက ဂါဇာဒေသရှိ ဟားမက်စ်တို့အပေါ် စစ်ဆင်နွှဲနေသည့် အစ္စရေး၏ စစ်ရေး လုပ်ဆောင်မှုများတွင်...

Webpage>>...
https://positiveanglenews.com/2024/12/04/ဂါဇာရှိ-ဓားစာခံများကို-မ/

VK Link>>...
https://vk.com/wall-220066330_9584

Telegram»...
https://t.me/positiveanglenews

#PAN


Видео недоступно для предпросмотра
Смотреть в Telegram
တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်သဘ်ောနှင့် ဖိလစ်ပိုင်ကင်းလှည့်ရေယာဥ် အချင်းများမှုဖြစ်ပွား။

Ref: RT

#PAN


Kaiser လိပ်ပြာပုံ ငွေကျပ်၂၀၀ တန် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထား မှတ်ချက်ပြုထားတဲ့ “Kaiser”လိပ်ပြာပုံ ငွေကျပ် ၂၀၀ တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက်(သောကြာနေ့) နံနက် ၉ နာရီခွဲမှစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဒီဇင်ဘာလ ၆ ရက်တွင် ဝယ်ယူသော....

Webpage>>...
https://positiveanglenews.com/2024/12/04/kaiser-လိပ်ပြာပုံ-ငွေကျပ်၂၀၀-တ/

VK Link>>...
https://vk.com/wall-220066330_9582

Telegram»...
https://t.me/positiveanglenews

#PAN


ဈေးဝယ်စင်တာများမှာ သားငါးဝယ်ယူသူ များပြားလာ
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

ရန်ကုန်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ သားငါးဝယ်ယူသူတွေ အရင်ကထက် ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။

အရင်ကဆိုရင် ဈေးဝယ်စင်တာတွေမှာ အသား၊ ငါးဝယ်ယူသူတွေဟာ ငွေကြေးသုံးစွဲနိုင်တဲ့ လူတန်းစားတွေနဲ့ နိုင်ငံခြားသားတွေလောက်ပဲရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ကုမ္ပဏီ ဝန်ထမ်းတွေအပါအဝင် လူလတ်တန်း စားတွေကပါ ဝယ်ယူလာကြတာ ဖြစ်ပါတယ်။

ဈေးဝယ်စင်တာစူပါမားကက်တွေမှာရောင်းချတဲ့ သားငါးဈေးနှုန်းတွေနဲ့ ရပ်ကွက်ဈေးတွေမှာရောင်းတဲ့ လက်လီဈေးနဲ့ များစွာကွာခြားမှုမရှိဘဲ တချို့ဈေးနှုန်းတွေဆိုရင် ဈေးဝယ်စင်တာတွေက ပိုသက်သာသလို သန့်ရှင်းလတ်ဆတ်မှုရှိပြီး အလေးချိန်ပြည့်တာတွေကြောင့် ဈေးဝယ်စင်တာတွေကို ရွေးချယ်ဝယ်ယူကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးဝယ်စင်တာတွေမှာ ရောင်းချတဲ့သားငါးတွေက လက်လီဈေးလို ကျပ်သား၊ ပိဿာချိန်နဲ့ ရောင်းချတာမျိုး မဟုတ်ဘဲ ခုတ်ထစ်သန့်စင်....

Webpage>>...
https://positiveanglenews.com/2024/12/04/ဈေးဝယ်စင်တာများမှာ-သားင/

VK Link>>...
https://vk.com/wall-220066330_9581

Telegram»...
https://t.me/positiveanglenews

#PAN


ဗဟိုဘဏ်က ဒေါ်လာ ၃၈ သန်းကျော် ထပ်မံရောင်းချပေးခဲ့
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်ကို ငွေလဲနှုန်း ၃,၅၈၅ ကျပ်နဲ့ Online Trading Platform ကတစ်ဆင့် ဒီဇင်ဘာလ ၂ ရက်က ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့မှာပဲ တရုတ်ယွမ် ငွေ ၁ သန်းခွဲနီးပါးကို ငွေလဲနှုန်း ၅၃၃ ဒသမ ၆ ကျပ်၊ ထိုင်းဘတ်ငွေ ၁၀၇ သန်းကျော်ကို ငွေလဲနှုန်း ၁၂၉ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၄ ရက် ပြင်ပပေါက်ဈေးတွေအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ၄၃၄၀ ကနေ ၄၄၄၀ ကြား၊ တရုတ် ယွမ်ငွေ တစ်ယွမ်ကို ၆၁၇ ကျပ်၊ ထိုင်းဘတ်ငွေ ပြင်ပပေါက်ဈေးအနေနဲ့ ဘတ်ပေးကျပ်ယူဆိုရင် တစ်ဘတ်ကို ၁၂၇ ဒသမ ၃၉ ကျပ်၊ ကျပ်ပေးဘတ်ယူဆိုရင် တစ်ဘတ်ကို ၁၃၀ ဒသမ ၇၂ ကျပ်ရှိတယ်လို့ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပြီး ကျပ်ပေး ဘတ်ယူငွေလဲနှုန်းက ဗဟိုဘဏ်က ထုတ်ရောင်းပေးတဲ့ ငွေလဲနှုန်းနဲ့ အတူတူနီးပါးရှိနေတာ....
Webpage>>...
https://positiveanglenews.com/2024/12/04/ဗဟိုဘဏ်က-ဒေါ်လာ-၃၈-သန်းက/

VK Link>>...
https://vk.com/wall-220066330_9580

Telegram»...
https://t.me/positiveanglenews

#PAN


လက်ဘနွန်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄

အစ္စရေးဘက်မှ အပစ်အခတ်ရပ်စဲရေး စာချုပ်ချိုးဖောက်ခဲ့သည်ဟုဆိုကာ ဟစ်ဇ်ဘိုလာအဖွဲ့မှ အစ္စရေးစစ်စခန်းတစ်ခုအား ပြီးခဲ့သည့်တနင်္လာနေ့က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဟစ်ဇ်ဘိုလာက အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အား ထပ်ခါတလဲလဲချိုးဖောက်ခဲ့ခြင်းကြောင့် သတိပေးပစ်ခတ်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်မှလည်း ဟစ်ဇ်ဘိုလာမှ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအား စတင်ချိုးဖောက်သည်ဟုဆိုကာ လဘနွန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအချို့တွင် လူသေဆုံးမှုများရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အစ္စရေးမှ အကြိမ်ရေ ၅၀ ကျော် ချိုးဖောက်ခဲ့ကြောင်း လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri က ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ခေတ္တအပစ်အခတ်ရပ်စဲခဲ့သော်လည်း....

Webpage>>...
https://positiveanglenews.com/2024/12/04/လက်ဘနွန်အပစ်အခတ်ရပ်စဲရ/

Telegram»...
https://t.me/positiveanglenews

#PAN


တောင်ကိုရီယားသမ္မတအား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းကို အတိုက်ခံများတင်သွင်း
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းတစ်ရပ်ကို အတိုက်ခံပါတီများကတင်သွင်းခဲ့ကြောင်းသိရသည်။

အဆိုပါဥပဒေကြမ်းအား ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။

သမ္မတ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီ ၆ ပါတီမှ ခဏတာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးနီးပါး ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင် ကန့်ကွက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပူတွဲစွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းရန်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်းအား လာမည့် ကြာသပတေးနေ့တွင် အစီရင်ခံတင်ပြပြီး သောကြာသို့မဟုတ် စနေနေ့တွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မှုအောင်မြင်ရန်....

Webpage>>...
https://positiveanglenews.com/2024/12/04/တောင်ကိုရီယားသမ္မတအား-စ/

VK Link>>...
https://vk.com/wall-220066330_9578

Telegram»...
https://t.me/positiveanglenews

#PAN


ပေါင်းတည်မြို့နယ်၊ ရွာလှကျေးရွာရှိ အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

ပဲခူးတိုင်း‌ဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု၊ ရွာလှကျေးရွာရှိ အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ၂ ဦးအား ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဆင်လူးအုပ်စု၊ ရွာလှကျေးရွာနေ အုပ်ချုပ်ရေးမှုး ဉီးခင်ထွဋ်၊ အသက် ၆၂ နှစ်၊ (ဘ)ဉီးထွန်းကြည်၊ သားဖြစ်သူ အောင်ဇော်ထွဋ်၊ ၃၀ နှစ်၊ (ဘ)ဉီးခင်ထွဋ်၊ ကောက်ရိတ်စက်မောင်းနှင်သူတို့သည် နေအိမ်အတွင်းအတူရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဉီးခန့်မှ ခြေလျင်ရောက်ရှိလာပြီး နေအိမ်ပတ်လည်အား ဝိုင်း၍ သေနတ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် အချက် ၁၅ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခဲ့မှုကြောင့် ဉီးခင်ထွဋ်တွင် ဉီးခေါင်းပွင့်ထွက်ဒဏ်ရာ(ဉီးနှောက်ထွက်).....

Webpage>>...
https://positiveanglenews.com/2024/12/04/ပေါင်းတည်မြို့နယ်၊-ရွာလ/

VK Link>>...
https://vk.com/wall-220066330_9576

Telegram»...
https://t.me/positiveanglenews

#PAN


UPDATE NEWS
*************

ဆိပ်ဖြူ​မြို့နယ်၊ အင်းဂံရွာ၊ ညောင်ဂိုးဝကျေးရွာ စျေးကွက် များမှတဆင့် ပေါက်မြို့နယ်၊ ကျွန်းရင်းရွာ၊ ရှားပင်ရေမှ ချက်ကန်ကျေးရွာသို့ ဒီဇယ်နှင့် စားသောက်ကုန်များ သယ်ယူနေပြီး ၎င်းရွာများမှ တဆင့် ထီးလင်း၊ ဂန့်ဂေါ၊ ဆောမြို့များအထိ အကြမ်းဖက်အဖွဲ့များမှ သယ်ယူနေကြောင်း သိရသည်။

#PAN


စစ်အုပ်ချုပ်ရေးကြေညာစဉ် လွှတ်တော်အတွင်း ဝင်ရောက်ခဲ့သည့် တောင်ကိုးရီးယားစစ်တပ် တာဝန်ယူရမည်ဟုဆို
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၄

တောင်ကိုးရီးယားသမ္မတ စစ်အုပ်ချုပ်ရေးကြေညာချိန် အမျိုးသားလွှတ်တော်အတွင်းဝင်ရောက်ခဲ့သော တောင်ကိုးရီးယားစစ်တပ်က တာဝန်ယူရမည်ဟု လွှတ်တော်အတွင်းရေးမှူးချုပ်ကဆိုသည်။

“ဒီနေ့ကစပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့စတာတွေကို လွှတ်တော်ထဲ လုံးဝ ဝင်ခွင့်မပြုဘူး”ဟု အတွင်းရေးမှူးချုပ် ကင်မင်ကီကဆိုသည်။

သမ္မတယွန်၏ အမိန့်အတိုင်း လွှတ်တော်အတွင်းဝင်ရောက်လာသော စစ်အုပ်ချုပ်ရေးတပ်များသည် ဖြစ်စဉ်အချို့ကို ကျူးလွန်ခဲ့ပြီး မကြာမှီ CCTV မှတ်တမ်းများ ထုတ်ဖော်သွားမည်ဟုဆိုသည်။

စစ်အုပ်ချုပ်ရေးရုတ်သိမ်းရန် လွှတ်တော်မဲခွဲခြင်းမပြုမှီကာလအတွင်း အမျိုးသားလွှတ်တော်အတွင်းသို့ တောင်ကိုးရီးယားစစ်တပ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ရဟတ်ယာဉ်များဖြင့် အနည်းဆုံး ၂၄ ကြိမ်အထိ ဝင်ရောက်ခဲ့ကြောင်း.....

Webpage>>...
https://positiveanglenews.com/2024/12/04/စစ်အုပ်ချုပ်ရေးကြေညာစဉ/

VK Link>>...
https://vk.com/wall-220066330_9575

Telegram»...
https://t.me/positiveanglenews

#PAN


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ....

Webpage>>...
https://positiveanglenews.com/2024/12/04/နိုင်ငံတော်စီမံအုပ်ချ-50/

VK Link>>...
https://vk.com/wall-220066330_9573

Telegram»...
https://t.me/positiveanglenews

#PAN


UPDATE NEWS

ယနေ့ နံနက်၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်၊မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်ပြည်ခိုင်ဖြိုပါတီရုံးဝင်း၏မြောက်ဖက်(ရေနုတ်​တူးမြောင်းနှင့်သုံးအိမ်ခြား)မြို့သစ်ကြီးစျေးအနီး၊နှမ်းလုံးကြိုင်တိုက် အနောက်မီးဖိုဆောင်ပေါ်သို့ ရှော့တိုက်ဗုံးဟုယူဆရသည့် လက်နက်ကြီးဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဥ်အတွင်း လူထိခိုက်မှုမရှိကြောင်းသိရသည်။


#PAN


ယနေ့ စက်သုံးဆီဈေးနှုန်းများ


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

Показано 20 последних публикаций.