*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၂)*
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
#Fifty Two News#
၁၇-၁၂-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးက တရားခံ (၆) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
၁။ မုံရွာမြို့နယ် နတ်လူထိပ္ပန်ရပ်ကွက်နှင့်ထနောင်းတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ဝင် စနေ၊ ဖြိုးလေး၊ မှင်စာတို့နှင့်အတူ တောပုရွာမှ မုံရွာမြို့သို့ ပန်းရောင်း လာသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးအား ဖမ်းဆီး၍ သတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ တောပုရွာအား တိုက်ခိုက်ရာတွင်ပါဝင်ခြင်း၊ အကြမ်းဖက်သင်တန်းများတက်ရောက်၍ မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်စွပ်စွဲ၍ အကြိမ်ကြိမ် သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုအား စောင့်ကြည့်သတင်းပေးခြင်း၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့များအား အကြိမ်ကြိမ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့် တရားခံ အောင်မျိုး၊ မြင့်ဇော်ဦးနှင့် မျိုးနိုင်ဝင်းတို့ ၃ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ၊ ၅၀(က)အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ၊ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်စီ(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၂။ ဖောင်းပြင်မြို့နယ် နောင်မြင်သာကျေးရွာနှင့်မနူနာကျေးရွာတို့တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ဝင်များနှင့်သိရှိခြင်း၊ အကြမ်းဖက်အဖွဲ့များထံသို့ ငွေကြေးထောက်ပံ့ပေး ခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ စောဦးနှင့် သန်းတိုးအောင်(ခ)ကိုတိုး တို့(၂)ဦးအား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ၊ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
၃။ ပုလဲမြို့နယ် ရွာထင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များမှ တရားမဝင် ရောင်းချနေသည့်ထီလက်မှတ်များအား ရောင်းချပေးခြင်း၊ ဒေသခံများထံသို့ အကြမ်းဖက်အဖွဲ့များ၏ သတင်းများအားဖြန့်ဝေခြင်း၊ အကြမ်းဖက်အဖွဲ့များအတွက် ငွေကြေးများကောက်ခံ၍ ထောက်ပံ့ပေးခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်အားပေး Post များအား Like & Share ခြင်းများ ပြုလုပ်ခဲ့သည့်တရားခံ မြင့်ငွေအား အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။