Фильтр публикаций


Репост из: Thazin Oo 🇲🇲
❗️❗️❗️❗️❗️❗️❗️❗️

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ယနေ့ ၂၀၂၅ မတ်လ ၈ ရက်နေ့ မနက် ၈နာရီ ဝန်းကျင်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာသို့ အကြမ်းဖက်များမှ လာရောက်တိုက်ခိုက်ရာ...၈နာရီ ၄၅ မိနစ်ခန့်တွင် ရန်သူ့ဘက်ဟိုးတစ်စီး ပျက်စီးခဲ့ပြီး ၉နာရီခန့်တွင် ရန်သူ့တည်နေရာသို့ လေကြောင်းပစ်ကူ ၂ကြိမ် ရရှိခဲ့ကာ နေ့လည် ၃နာရီခန့်တွင် အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်တွင်....
PDF ကျား ၂လောင်း၊ MA 22 သေနတ် ၁လက်၊ ၎င်းကျည်အိမ် ၁ခု၊ ကျည် ၂၅ တောင့်၊ သံပြားကာဘက်ဟိုး (၁)စီး  သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အင်းတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေးစားဖွယ်ရာ ရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်မှုများကို ဂုဏ်ယူစွာဖြင့် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

🇲🇲သဇင်ဦး
❗️❗️❗️❗️❗️❗️❗️❗️
https://t.me/Thazinoo969


Репост из: ခင် ညို ချော
KIA ဆိုတာ ကချင်ပြည်မှ မဟုတ်ဘူး တနိုင်ငံလုံး သိမ်းလို့ရရင် သိမ်းမဲ့အဖွဲ့အစည်း..

ဟိုးအရင်ကတည်းက ဘိန်းရှု၊ လက်နက်ကိုင်ပီး ပြည်သူကို ဆပ်ကြေးကောက် ပေါ်တာဆွဲလာတာ ဒေသခံ ပြည်သူတွေသာ အသိဆုံး

အိမ်ဆောက်ရင်လည်း အခွန်းပေးရတယ်..နောက်ဆုံး လမ်းဘေးကွမ်းယာရောင်းတဲ့ဆိုင်ထိ အခွန်လိုက်ကောက်..

ကောက်လို့ ရတဲ့ အခွန်တွေကိုကျ ပြည်သူအတွက်သုံးခဲ့တာ မရှိဘူးတဲ့..

ဒေသခံပြည်သူအချို့ဆီက ကြားသိရတာ..

*နွေဉီးတော်လှန်ရေးပေါ်လာမှ ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားလိုဖြစ်နေတာပါ*

ခင်ညိုချော


သွားရှုပ်လို့တော့မရဘူး...
သူတို့ဟာ သူတို့တောင် ရှုပ်နေကြတာ...😝..
လက်နက်ကိုင်ပြီး ​ပြည်သူကို အဖျက်အမှောင့်ချည်း လုပ်နေတဲ့
အကြမ်းဖက်ကောင်တွေဆိုတော့
လက်ရှိမှာလည်း အေးဆေးနေဖို့ စိတ်ကူးတောင်မယဥ်နဲ့...

ဂန့်သွားရင်လဲ ငရဲကို တန်းဒိုးရမှာလဲ
သိထားဦး....


Репост из: နရီမိုး
ပြောင်းလဲခြင်း
______

အရာခပ်သိမ်းမှာ ဘယ်အရာမှမမြဲဘူး။
ပြောင်းလဲနေတာ သဘာဝတရားပဲ။

ဘယ်သူ့ကိုမှမကြည့်နဲ့ ကိုယ့်ကိုယ်ကိုကြည့် အင်မတန်ငယ်တဲ့အရွယ်ကစပြီး
ခုအိုမင်းရင့်ရော်တဲ့အထိ တဖြည်းဖြည်းပြောင်းလဲလာတာ သတိထားရမယ်။

ပြောင်းလဲတာကလည်း အကောင်းပြောင်းလာတာလား အဆိုးဘက်ကိုပြောင်းလာတာလား.?
ခန္ဓာကြီးကတော့ အသေအချာ အဆိုးဘက်ကို ပြောင်းသွားတာ။

ခန္ဓာကိုယ်ကြီး ဘယ်လောက်ပဲအဆိုးဘက်ကိုပြောင်းပြောင်း ကောင်းသထက်ကောင်းအောင် စိတ်ကလေးကိုတော့ ပို၍ပို၍ကောင်းအောင် ပြုပြင်ထားရမယ်။

ဆိုးသွား အိုသွားတဲ့ခန္ဓာကြီးကို မအိုမနာမသေအောင် ပြင်လို့မရပေမယ့် ခန္ဓာကြီးထဲက ဒီစိတ်ကိုတော့ ပြင်လို့ရတယ်လေ။

စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားလိုက်ရင် လောကကြီးမှာ လက်ရှိလည်း အေးချမ်းစွာနေရတယ် တမလွန်မှာလည်း ချမ်းသာရတယ်။

ဒါကြောင့်မို့ ခန္ဓာကြီးဘယ်လိုပဲ အဆိုးဘက်ကို ပြောင်းလဲပါစေ မိမိစိတ်ကိုတော့ ကောင်းသထက်ကောင်းအောင် ပြောင်းကြပါစို့။

ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏




*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း*

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက်
#Fifty Two News#
၇-၃-၂၀၂၅ ရက်တွင် စစ်ကိုင်းခရိုင်တရားရုံးက တရားခံ (၁) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

၁။ မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် လုပ်ရပ်အတွက် မိုင်းများပြုလုပ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အား အထိတ်တလန့်နှင့် ထိခိုက်စေရန် အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၌ မိုင်းခွဲတိုက်ခိုက်ခြင်း ကျူးလွန်ခဲ့သူ တရားခံ ဆန်းမင်းဌေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)အရ အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)အရ အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်(တပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၂။ မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အထိတ်တလန့်နှင့် ထိခိုက်စေရန် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း ကျူးလွန်ခဲ့သူ တရားခံ ဆန်းမင်းဌေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)အရ အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ် (တပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။


မင်းကင်းမြို့နယ် မအူကုန်းကျေးရွာအနီး အကြမ်းဖက် PDF အလောင်း လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက် #FiftyTwoNews

မတ်လ ၇ ရက် ညနေ ၅ နာရီခွဲခန့်က မင်းကင်းမြို့နယ် မအူကုန်းရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ

-အကြမ်းဖက် PDF ၁ လောင်း
-မောင်းပြန်သေနတ် ၁ လက်
-ကျည်အိမ် ၂ ခု
-၅.၅၆ မမကျည် ၁၇ တောင့်
-Student's Revolutionary Force တံဆိပ်ပါကျည်ကာအင်္ကျီ ၁ ထည်
-TYT အမျိုးအစား လမ်းလျှောက်စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543


ဖလမ်းမြို့အနီး အကြမ်းဖက် CDF အလောင်း လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိ

၂၀၂၅ ခုနှစ်၊ မတ်လ ၈ ရက် #FiftyTwoNews

မတ်လ ၇ ရက် ညနေ ၄ နာရီခွဲခန့်က ဖလမ်းမြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အကြမ်းဖက် CDF များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ

-အကြမ်းဖက် CDF ၁ လောင်း
-M-4 သေနတ် ၁ လက်
-၅.၅၆ မမကျည် ၂၅ တောင့်
-၄၀မမ ဗုံးသီး ၅ လုံး
-ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543


Репост из: နရီမိုး
#ကုသိုလ်ကံကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ အနာရောဂါ ကင်းနေတာပဲ။ကုသိုလ်တရားဟာ ကျန်းမာမှုကိုဖြစ်စေတယ်။
ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာဟာ တခြားအရာနဲ့ ကုစားလို့မရဘူး။

လောကလူတွေဟာ အသက်ရှည်ချင်ကြတယ်။

“အသက်ရှည်ကြပါစေ ”လို့ဆုတောင်းဆုယူလုပ်ကြတယ်။

သို့သော် အသက်ရှည်ခြင်းရဲ့ အကြောင်း ရင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုကို မေ့လျော့နေရင်တော့ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရမှာမဟုတ်ဘူး။

ဒါကြောင့်မြတ်စွာဘုရားက “အာယုံ- အသက်ရှည်ခြင်းကို ပတ္ထယန္တေန-လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်ဟာပုညကြိယာသု- ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့၌၊အပ္ပမာဒံ- မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒ တရားကို၊ ပသံသန္တိ-ချီးမွမ်းကြတယ်”လို့ဟောတော်မူတယ်။

ဆိုလိုတာဟာ အသက်ရှည်ဖို့ရာအတွက် ကုသိုလ် ကောင်းမှုကိုမမေ့နဲ့လို့ပြောတာဖြစ်တယ်။

ကုသိုလ်ကို မမေ့ရဘူး၊ကုသိုလ်ကောင်းမှုကို အမြဲ
ကြိုးစား အားထုတ်ရမယ်။ ။

နောက်တစ်ခု လူတွေဟာ ကျန်းမာချင်ကြတယ်။

အာရောဂိုယ-ရောဂါကင်းချင်တယ်။ရောဂါကင်း ချင်သည့်အတွက်“အနာရောဂါကင်းရပါလို၏။အနာရောဂါ ကင်းကြပါစေ”လို့ ဆုတောင်းကြတယ်။

အနာရောဂါ ကင်းခြင်း၏ အကြောင်းတရားက
ကုသိုလ် တရားပဲ။

ကုသိုလ်ကံကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ အနာရောဂါကင်းနေတာပဲ။

ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာဟာ တခြားအရာနဲ့ ကုစားလို့မရဘူး။

အခြားအကြောင်းကြောင့် ဖြစ်တဲ့ ရောဂါဝေဒနာ ဟာ ကု စားလို့ ရတယ်။

ဒါကြောင့်ကံကောင်းနေအောင် ကုသိုလ် ကောင်းမှုပြုဖို့ အမြဲတမ်း သတိရနေတဲ့ အပ္ပမာဒတရားဟာ အရေးပါဆုံးပဲလို့ပြောတာဖြစ်တယ်။

အပ္ပမာဒတရားသည် ဘာကြောင့် အရေးပါသလဲ ဆိုရင် ကုသိုလ်ကို ပြုမိအောင် တိုက်တွန်း နှိုးဆော်ပေးတတ်တဲ့ သဘာဝတရားဖြစ်လို့ပါပဲ။

အပ္ပမာဒ တရားရှိရင် ကုသိုလ် လုပ်မိတယ်။

ကုသိုလ်လုပ်မိသည့် အတွက်ကြောင့်ကုသိုလ်ကံကို အခြေခံပြီးတော့ ကျန်းမာမှုကိုရတယ်လို့ ဆိုလိုတယ်။

ဆေးဝါးဓါတ်စာ မှီဝဲလို့ကျန်းမာတယ်၊ရာသီဥတုကောင်းလို့ကျန်းမာတယ်ဆိုတာတွေဟာ အထောက် အကူ လောက်ပဲ ဖြစ်တယ်။

သဘာဝ ခန္ဓာကိုယ်ထဲမှာ ကံက ပေးလိုက်လို့ ရလာတဲ့ ရောဂါမျိုးစေ့ပါလာလို့ ဖြစ်လာတဲ့ရောဂါကျတော့ ဘယ်လိုမှ ကာကွယ်မပေးနိုင်တော့ဘူး။

ရာသီဥတု အစာအဟာရက ပျောက်အောင်မတတ်နိုင်ဘူး ။

ဒါကြောင့် တချို့က ပြောကြတယ် မဟုတ်လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ် တယ်။

ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့အကုသိုလ်ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။

ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး အလောဘအဒေါသစတဲ့ ကုသိုလ် တရားတွေ တိုးပွားလာတယ်။

ထိုအလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ကုသိုလ် တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့် စင် လာတယ်။ကျန်းမာလာတယ်။

ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။

ဒါကြောင့် ကုသလရဲ့ အဓိပ္ပါယ်ကို“ကျန်းမာခြင်း”
လို့လည်း ပြောတယ်။

ကုသလဆိုတာ ကျန်းမာခြင်း ဖြစ်တယ်။ ..

ဒီသဘာဝတရားတွေ ရင်ထဲ နှလုံးထဲမှာ ဖြစ်လို့ရှိရင် ကျန်းမာတယ်တဲ့။

ဘာဖြစ်လို့တုန်း ဆိုတော့ အလောဘဆိုတာ Generosity ပဲ။

ပေးချင်တယ်၊ကမ်းချင်တယ်၊လှူချင်တယ်၊ တန်းချင်တယ်။ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။

အိမ်မှာ နေရင်းကလဲ မျှဝေသုံးစွဲတယ်။

ကိုယ်စားတဲ့အစာ အာဟာရကို သူများ မျှဝေပေးတယ်ဆိုတာ အင်မတန်မွန်မြတ်တဲ့အလုပ် ဖြစ်တယ်။

အဒေါသ ဆိုရင်လည်း ရင်ထဲမှာ အမုန်းတရား
မထားဘဲနဲ့ တစ်ဦးပေါ်တစ်ဦး အကျိုးလိုလားတဲ့
စိတ်တွေမွေးတယ်။
အဲဒါလည်း အင်မတန် မွန်မြတ်တဲ့ စိတ်ပဲ။

အမောဟဆိုတာလည်း လုပ်သင့်တာနဲ့မလုပ်သင့်တာကို ခွဲခြားသိပြီး မလုပ်သင့်တာကိုရှောင်တယ်၊လုပ် သင့်တာကို လုပ်တယ်။

ဒီတရားတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်း ကျိုး ချမ်းသာတွေရလာပြီပေါ့။

လောဘ၊ဒေါသ၊မောဟတရားတွေ ဖြစ်လာပြီဆိုရင် အားလုံးဟာ အလွဲလွဲ အချော်ချော်နဲ့ စိတ်ကိုပူ လောင် စေတယ်။

ထို စိတ်ပူလောင်မှုကြောင့်ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူ လောင်စေတာပါပဲ။

စိတ်ပူရင် ရုပ်ပူသွားတာပေါ့။

ဒါကြောင့်ကျန်းမာခြင်းရဲ့ အဓိကသည် ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။

ကုသိုလ်စိတ်ဓါတ်တွေပဲပေါ့။အခုလိုကုသိုလ်စိတ်ဓါတ်တွေဖြစ်လာပြီဆိုရင် စိတ်နှလုံး ဖြူစင် အေး ချမ်းလာသည့်အတွက် ကျန်းမာမှုက ပိုကောင်းလာတာဖြစ်တယ်။

ဒါကြောင့် “ကုသိုလ်ကောင်းမှု မမေ့နဲ့” လို့ မြတ်စွာ ဘုရားက ဟောတာဖြစ်တယ်။

#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


Репост из: FACT CHECK
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စကစ ၂ ဦးသေတယ်လို့ Khit Thit မှ ဗြောင်လိမ်ရေးသား
==========
မတ်လ ၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် စစ်ဆေးရေးဂိတ်အား PDF များမှ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း မြေပြင်သတင်းများအရသိရှိရ
-
Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ပုံကြီးချဲ့အမြတ်ထုတ်ကာ လူအထင်ကြီးအောင် စနိုက်ပါနဲ့ပစ်တာ စကစ ၂ ဦးသေတယ်လို့ အထောက်အထားမရှိဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်

#Disinformations
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ


Репост из: တိုက်ပွဲသတင်းစုံ
နယ်မြေရှင်းလင်းခြင်း (နားခေါ်)

မတ် ၇ ရက် (ယနေ့) မနက်ပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မသီးဒေသ၊ နားခေါ်ဘုန်းကြီးကျောင်းတွင် ခံစစ်ပြုတပ်စွဲထားသည့် TNLA စခန်းအား နယ်မြေရှင်းစစ်ကြောင်းများမှ သိမ်းပိုက်ရရှိ။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၄ လောင်း
(၂) Type-81 သေနတ် ၃ လက်
(၃) ကျည်အိမ်/ကျည်ဆန်/ဒုံးသီးများ
(၄) ပစ်ကျင်း/ဘန်ကာများ

သိမ်းပိုက်ရရှိခဲ့ပါသည်။
-
Congratulations ပါ တပ်မတော်သားများ။ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ


ကလေးမြို့နယ် တင်သားကျေးရွာအနီး အကြမ်းဖက် PDF အလောင်း လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် #FiftyTwoNews

မတ်လ ၆ ရက် နံနက် ၉ နာရီခွဲခန့်က ကလေးမြို့နယ်တွင် နယ်မြေရှင်းနေသည့် လုံခြုံရေး အဖွဲ့များသည် တင်သားကျေးရွာအနီး အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ

-အကြမ်းဖက် PDF ၃ လောင်း
-Type-81 သေနတ် ၁ လက်
-ကျည် ၁၀ တောင့်
-ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Fifty Two News
သတင်းပေးပို့လိုပါက
https://t.me/FiftyTwo543


Репост из: နရီမိုး
ဘဝမှာ တစ်ယောက်ယောက်ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့
သဘောထားလိုက်ပါ။

ကိုယ် ပါသွားလို့
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့ အချိန်မှာ
အကြွေး တစ်ခု ဆပ်ခွင့်ရလိုက်တာပဲလို့
ဖြေကြည့်လိုက်ပါ။
ကိုယ် ခံစားရသလို ပြန် ခံစားစေရမယ် ဆိုတဲ့
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့
အတုံ့အလှည့်တွေက ထပ်လာနေအုံးမှာပဲလေ။

ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေက
ကြီးလွန်းတဲ့ အခါ
ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ လို့ သဘာထားပါ
အတိုး မများခင်ဆပ်ရတာ
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်း ကြီးပါစေ ဆိုတာမျိုးနဲ့တော့
မတုန့်ပြန်ပါနဲ့ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့ သတ္တဝါတွေမှာ
❝ ကံသာ ❞ အားကိုးရှိတာပါ။
ကိုယ့် သံသရာ ကောင်းဖို့

ကိုယ်ပဲလုပ်ရ မှာလေ။
ကိုယ့်သံသရာ ပြတ်ဖို့လဲ ကိုယ်ပဲ ဖြတ်ရ မှာ
ကိုယ့် ဝဋ်ကြွေးတွေ ကျေဖို့ကိုယ်ပဲ ဆပ်ရမှာလေ ။

အကြွေးဆပ်ရင်း
အကြွေးတွေ ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်ဖို့ပါပဲလေ ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)


Репост из: FACT CHECK
ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်းပိုင်းတွင် စကစတပ်များတိုက်ခိုက်ခံရပြီး ထိခိုက်မှုများတယ်လို့ Khit Thit မှ ဗြောင်လိမ်
==========
မတ်လ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်းပိုင်းတွင် စကစတပ်များနဲ့ PDF များတိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း‌မြေပြင်သတင်းများအရသိရှိရ
-
Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ အောက်တန်းကျစွာဖြင့် အများအထင်လွဲမှားအောင် တမင်အပုတ်ချဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်

#Disinformations
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ



Показано 15 последних публикаций.