TintLwinOo News 🇲🇲


Гео и язык канала: Весь мир, Английский
Категория: Telegram



Гео и язык канала
Весь мир, Английский
Категория
Telegram
Статистика
Фильтр публикаций


.
ကိုယ်တွေက တောင်ခမ်းဆို တောင်ခမ်းလိုက်တာပဲ။ အမ်း ဆို အမ်းလိုက်တာပဲ။  ဂွ ဆို ဂွလိုက်တာပဲ။ ခုလည်း ဗန်းမော်ဆို ဗန်းမော်လိုက်တာက အဓိကပြဿနာပဲ။ ခဲပစ်ရာ နောက်ကိုပဲ လိုက်နေတာ အဓိက ပြဿနာ ဖြစ်နေတယ်လို့ပဲ မြင်မိတယ်။

ဖြစ်နေတဲ့နေရာလည်း စစ်ကူဖြည့်၊ လေကြောင်းပစ်ကူ ယူပြီးတိုက်။ ရန်သူ့နောက်ချန်ကိုလည်း ဖိအားပေး ဗုံးကြဲရင် အဲ့လို မြို့သိမ်းဖို့ ရန်သူ့အတွက်  မလွယ်ဘူး။ လက်ရှိ ပေးလိုက်ရတဲ့ မြို့တွေကလည်း ခံစစ်မပြင်ဘဲ ရော့အင့်ဆိုပြီး ပေးလိုက်ရတာ တမြို့မှ မရှိခဲ့ဘူး။ ရက်အတော်ကြာအောင် ၊ လအတန်ကြာသည့်တိုင် အသက်ပေးပြီး ကာကွယ်နေခဲ့ကြတာပဲ။

ရန်သူ့နောက်ချန်မှ ဖိအားမပေးရင်....လက်ရှိ တင်းမာမှု ဖြစ်နေတဲ့ နေရာတွေဟာ ဆုတ်လွယ်၊ ပြောင်းလွယ်မှ မရှိရင် ဘယ်လောက်ကြာကြာ ခံစစ်ပြင်ပြင် အချိန်တန် အမ်းလို၊ လားရှိုးလို၊ လောက်ကိုင်လိုပဲ ဖြစ်မှာပဲ။

(နရီမိုး)


၂၀၂၅ ပြက္ခဒိန်နှစ် အတွက် ပြန်တမ်းဝင် ရုံးပိတ်ရက်/အလုပ်ပိတ်ရက်များ
-
Crd. သိန်းဝင်းဦး


၂၀၁၄ ခုနှစ်၌ လူဦးရေ သန်းခေါင်းစားရင်း ကောက်ယူရာတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ သန်း ၅ သိန်း ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ရှေ့ပြေးလူဦးရေစာရင်း ဖော်ပြရာ၌  လူဦးရေ ၅၁ သန်း ၃ သိန်း ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် လူဦးရေစာရင်းနဲ့ ၂၀၂၄ ခုနှစ်စာရင်း၌ ယခင်လူဦးရေထက် ၂ သိန်း လျော့ကျနေသည်ကို တွေ့ရသည်။

PM


31.12.2024

ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ (၅၁ ဒဿမ ၃) သန်းကျော်ရှိကြောင်း ထုတ်ပြန်
.


Видео недоступно для предпросмотра
Смотреть в Telegram
.
ဆီးရီးယားနိုင်ငံ Damascus မြို့တော်၊ Mezzeh စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းရှိ လက်နက်ခဲယမ်းသိုလှောင်ရုံများနှင့် အခြားစစ်ဘက်ဆိုင်ရာ ယာဉ်/ပစ္စည်းများအား တူရကီကျောထောက်နောက်ခံ ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ၏ လက်ဝယ်သို့ မကျရောက်စေရန်အတွက် အစ္စရေးစစ်တပ်မှ အပြင်းအထန် ချေမှုန်းဖျက်ဆီးနေသည့် ရုပ်သံဗီဒီယို -

NOM


.
ဆီရီးယားက ထွက်ပြေးသွားပြီးနောက် ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အာဆတ်ရဲ့ မော်စကိုရောက် ဓါတ်ပုံ -

BaMg


Репост из: Kyaw Swar
နခခ ၅ အရင်က နေရာခံစစ်
ယခု လှုပ်ရှားခံစစ် ဖြစ်ပါသည်။

နခခ ၅ မှ ဖောက်ထွက် အရာရှိ စစ်သည်များ
ကို AA ရခွေးများ ဖမ်းမိတယ်ဆိုတာ
ဂျင်းသတင်းသာ ဖြစ်ပါသည်။

ခွေးရေးခွေးယုံသတင်းများကို သတိထားပါ။

https://t.me/kyawswar49111


Видео недоступно для предпросмотра
Смотреть в Telegram
.
အစ္စရေးဂျက်လေယာဉ်တွေဟာ Daraa နဲ့ ဆီးရီးယားတောင်ပိုင်းက လက်နက်သိုလှောင်ရာ နေရာတွေကို ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဂျီဟတ်တွေလက်ထဲ ကျရောက်သွားမယ့် အရေးကနေ ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ။

NOM


.
ခုချိန် အာဆတ်သမ္မတပြုတ်ကျပြီး သူပုန်နိုင်သွားတဲ့ အကြောင်းအရာက အတော်လေး Trend ဖြစ်နေတယ်။ ခက်တာက ဒီနိုင်ငံနဲ့ လက်ရှိ မြန်မာနိုင်ငံက သမိုင်းကြောင်းမတူဘူး။ သမိုင်းကြောင်းမတူဘူးဆိုတာက လက်နက်ကိုင်အုပ်စုများတာကို ပြောတာမဟုတ်ဘူး။ မဲခိုးပြီး အစိုးရပြန်ဖြစ်ချင်လို့ ဒီမိုကရေစီအရည်ခြုံပြီး လက်နက်ကိုင်ကြတာ နဲ့…..တိုင်းရင်းသားနဲ့ဖက်ဒရယ်အရည်ခြုံပြီး ဖအေသေရင် သားက ဒီနယ်မြေမှာ လက်နက်ကိုင်အင်အားစုခေါင်းဆောင်ဖြစ်ချင်နေတဲ့ ပုံစံတွေက ဆီးရီးယားနဲ့ အကွာကြီး ကွာသွားတာပဲ။
----
လက်ရှိ ဆီးရီးယားကို အစိုးရပြုတ်ကျသွားစေတဲ့အထိ ဦးဆောင် သူပုန်အဖွဲ့ တွေဆိုတာလည်း ညွှန့်ပေါင်းမဟာမိတ်တပ်ဖွဲ့တွေပဲ။ သူတို့နောက်ကွယ်မှာ အမေရိကန်နဲ့ တူရကီရှိကြတယ်။ ဆီးရီးယား ဘက်က ရုရှားပါပေးရတယ်ဆိုတာကလည်း နေတိုးအဖွဲ့ကို ချိန်ခွင်လျှာ လုပ်နိုင်ဖို့ မြေထဲမှာပင်လယ်မှာ စစ်အခြေစိုက်စခန်း လာဖွင့်ထားရတယ်။ ဒီလောက်ပဲ။ အကုန်လုံးက သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားပဲ။ အာဆတ်ပြုတ်သွား လည်း တက်လာတဲ့ အစိုးရနဲ့ ရုရှားက ဆက်သွားမှာပဲ။ ခုလည်း အာဆတ်ပြုတ်သွားလို့ သိပ်ပျော်မနေနဲ့။ လက်နက်ကိုင်အဖွဲ့ပေါင်း ၃၀ အထက်ရှိတဲ့ အဲ့နိုင်ငံက Failed State ဖြစ်သွားရုံထက်မပိုဘူး။ တက်လာတဲ့ခေါင်းဆောင်ကလည်း အမေရိကန်က ဆုကြေးငွေ ထုတ်ပြီး ဝရမ်းကပ်ထားခံရတဲ့ မောင်။ ဒါလည်း အကျိုးစီးပွားပဲ။
-----
လက်ရှိ နစက က တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုတာက ၂၀၂၀ မဲခိုးမှုပြဿနာကြောင့် ပဲ။ ဒါက တောင်ကိုရီးယားကို သွားနှိုင်းလို့လည်း မရဘူး။ ဖွဲ့စည်းပုံကြောင့်လည်း မဟုတ်ဘူး။ မဲမခိုးရင် အရေးပေါ် အခြေအနေမဖြစ်ဘူး။  တပ်မတော်က အာဏာ ထထိမ်း/သိမ်းမှ UEC မှာ အဓိက တာဝန်ရှိတာဆိုပြီး လွှဲချလို့လည်း မရဘူး။ အဲ့ဒီ UEC ကို အတိုင်ပင်ခံက သွားစစ်တာ နှစ်ကြိမ်အထိ RECORD ရှိတယ်။ လွတ်လပ်တဲ့ ပြည်ထောင်စု အဆင့် UEC ကို ဘယ်အစိုးရကမှ သွားစစ်စရာမလိုဘူး။ မဲစာရင်းပြန်စစ်ပေးဖို့နေနေ သာသာ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကိုတောင် မထုတ်ပြန်နိုင်တဲ့၊ တနည်းအားဖြင့် ထုတ်ပြန် ပေးဖို့ ငြင်းဆန်တဲ့ UEC ကို ဘာယုံကြည်ချင်စရာ တကွက်မှမရှိဘူး။ ဦးတင်အေး လက်ထက်မှာ မဲစာရွက်ပေါ် ဖယောင်းလိမ်းထားပါတယ်ဆိုပြီး စွပ်စွဲလို့ ဦးဥာဏ်ဝင်း တစ်ယောက် ဂျေးထဲအောင်းရမလိုလို ဖြစ်တဲ့ ကိစ္စမျိုးက အထင်အရှားရှိခဲ့တယ်။ ဆိုလိုတာက… ကိုယ်မှန်တယ်ထင်ရင် အဲလို ရှင်းရဲရမှာမဟုတ်ဘူးလား။ တပ်မတော်က ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာ တစ်ဖွဲ့တည်း၊ တစ်ယောက်တည်းကို မဟုတ်ဘူး။ UEC ၊ တရားရေး၊ အထူးလွှတ်တော်၊ သမ္မတအထိ၊ နောက်ဆုံး ကာလုံအထိ နည်းလမ်း တကျ တောင်းဆိုခဲ့တာ။ တပ်မတော်က အာဏာထယူမှ နည်းလမ်းမမှန်ဘူး ပြောရအောင် မဲခိုးနေတာ ပြန်ရှင်းပြသင့်တယ်ဆိုတဲ့ အမှန်တရား စောက်ပေါက်ကျတော့ ဘာစို့နေလို့ ဒီလူငယ်တွေက ပြောမထွက်ရဲကြတာလဲ။
----
လက်ရှိတိုင်းပြည်မှာက စစ်ကိုင်းတိုင်းထဲက ဗိုလ်နဂါးတို့လို သစ်ခိုးထုတ်၊ ရေနံမြေ ခိုးထုတ်နဲ့ ပျော်ပါးနေတဲ့ PDF တွေလည်း အများကြီး။ NUG ရဲ့ COC ထဲကနေ ပျော်ပျော်ကြီး ခေါင်းဖြတ် လူသတ်နေကြတာလည်း အများကြီး။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုချင်လို့ပါလို့ ပြောပြီး လက်နက်ဖြုတ် ရွေးကောက်ပွဲဝင်ဆိုတော့ ဟင်အင့်လို့ ပြောတဲ့ ဂွမ်မော်တို့လို သောက်ခြောက်တွေကလည်း အများကြီး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးပြီးသားအခြေအနေမှာ -င်ယားပြီး လားရှိုးတက်သိမ်းတဲ့ တကန့်ပျက်လို တိုင်းရင်းသား တွေကလည်း အများကြီး။ စစ်မှုထမ်းရမှာကြောက်လို့ ပြည်မထဲက ဘုန်းကြီးကျောင်းတွေ မှာ ပလိန်းကြီး လာထားကြတဲ့ ပလောင်တွေလည်း အများကြီး။ ပြီးရင် ဒီကောင်တွေကပဲ ဗမာက လူမျိုးကြီးဝါဒဆိုပြီး ပြောကြတာလည်း ထုနဲ့ဒေးပဲ။
----
အစိုးရအနေနဲ့ NUG ကို လမ်းဘေး ခွေးဘဝ ရောက်စေချင်ရင် NLD ကို ရွေးကောက်ပွဲထဲ ပြန်တွန်းတင်လိုက်။ AA ကို ခွေးဖြစ်စေချင်ရင် ဘင်္ဂလီတွေကို ၈၂ ခုနှစ် ဥပဒေအတိုင်း စစ်ဆေးလို့ သက်သေပြနိုင်တဲ့သူတိုင်း နိုင်ငံသားပေးမယ်လို့ တရားဝင်ကြေညာလိုက်။ ပြီးရင် ရခိုင်ကို ဧရာဝတီရော၊ မကွေးဘက်ကရော ဖြတ်လေးဖြတ် သေချာဖြတ်။ အဂတိလိုက်စားတဲ့ ဘယ်ဝန်ထမ်းမဆို ထောင်နှစ်ကြီးကြီးချလိုက်။ ကချင်မှာလည်း ဗန်းမော်နဲ့ မံစီလောက်ပဲ မကြည့်နဲ့။ စိတ်ပါရင် လိုင်ဇာနဲ့ မိုင်းဂျားယန်တို့ကို အပြင်းပြေ ဗုံးကြနေလို့ ရတယ်။ တောင်ခမ်းပဲ မကြည့်နဲ့။ စိတ်ပါရင်… နမ့်ဆန်ကို ပြာဖြစ်အောင် လုပ်လို့ရတယ်။ လုပ်ပါလို့လည်း တောင်းဆိုနေရတာပဲ။ လက်နက်ကိုင်ပေါင်း ရာကျော်ရှိတဲ့ ဒီနိုင်ငံမှာ အစိုးရလည်း အင်အားချိနဲ့လို့မရဘူး။ ဒီအစိုးရရဲ့ အာဏာစက် ပြန့်အောင် ကာကွယ်ပေးရတဲ့ …တပ်မတော်ရဲ့အင်အားလည်း ချိနဲ့နေလို့မရဘူး။

(နရီမိုး)


.
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးနောက် အစ္စရေးစစ်တပ်ဟာ ဂိုလန်ကုန်းမြင့်တလျှောက် နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်မဲ့ဇုန်အတွင်းအထိ ချီတက်ခဲ့ကာ ဆီးရီးယားပိုင်နယ်မြေကို သိမ်းပိုက်လိုက်တယ်လို့ Independent သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စစ်မဲ့ဇုန်ကို ထိန်းချုပ်ဖို့အတွက် မြေပြင်တပ်ဖွဲ့တွေကို ဝန်ကြီးချုပ် နေတန်ယာဟုက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားစစ်သားတွေက သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်ခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြယ်သွားတယ်လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

NOM


Репост из: Pae Toe Media
မြန်မာပြည်မှာ ပထမဆုံးအကြိမ်အဖြစ်
တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု ရန်သူ့လက်ကျရှုံးသွားရော

အဲဒီ့နေရာကို တိုင်းမှူးအသစ်ခန့်ထားတော့
မနေလိုဘူးဆိုပြီး သတင်းပို့သတဲ့

နောက်တော့ တပ်မအချို့ ခက်ခဲတဲ့နေရာရောက်နေတော့
ရာထူးတိုးပို့တော့
မနေလိုဘူး ဆိုပြီး ငြင်းကြသတဲ့

ရန်သူဟာ စစ်တိုက်ဖို့ပဲ
စိတ်ဝင်စားခဲ့ချိန်မှာ
ဒီဘက်က နေရာ နဲ့ အဆင့်အတွက်
တွန်းတိုက်ခဲ့ကြရတယ်

စစ်သားစိတ်ဆိုတာ ပြန်လည်တိုက်ခိုက်
ချေမှူန်းလိုစိတ်ပဲ

ယနေ့ ကိုးကန့်တွေ တကျော့ပြန်
အောင်ပွဲဆင်လာတာ
အဲဒီ့စိတ် မပျောက်မပျက်အောင်
လက်ဆင့်ကမ်း အမွေပေးနိူင်ခဲ့လို့ပဲ

ကိုးကန့်တွေဟာ ငွေရှာတော်ကြတယ်
ကောင်းကောင်း နေထိုင်တတ်တယ်
ဇိမ်ခံတတ်တယ် ဒါပေမယ့်
စစ်သားစိတ်မပျောက်ခဲ့ဘူး

ဒီဘက်ကတော့ စစ်သားစိတ်ပျောက်ခဲ့ကြတယ်မနေဘူး မစားဘူးတာတွေ
ရရှိခံစားပြီးနောက်
ဒီနေရာတော့ ဒီအချိန်တော့
ငါမလုပ်ဘူး ကျန်တဲ့ကောင်လုပ်နဲ့
ငြင်းကြတယ်
မငြင်းပဲ စစ်သားစိတ်အပြည့်နဲ့
လုပ်ကိုင်နေသူကိုလည်း
ကျည်လွတ်မြေကနေ အားမပေးဘူး
ဂေါက်ရိုက်ပြ ပွဲတက်ပြ
မိသားစုပုံတွေနဲ့ ခနဲ့ကြနဲ့
ဘယ်မလည်း ခများတို့ရဲ့
စစ်သားစိတ် ဆိုတာ
ကျန်တဲ့ လူသားဆန်တဲ့စိတ်ဆိုတာ
ဝေလာဝေး

ကိုးကန့်တွေ စစ်တိုက်သွားတာ နမူနာ ယူကြည့်ပေါ့
သူတို့ စစ်ရှုံးခဲ့တာ သူတို့ခေါင်းဆောင်ညံ့လို့ဆိုပြီး လက်ညှိးမထိုးကြဘူး
ငါတို့ရအောင် ပြန်တိုက်မယ်ဆိုပြီး
တိုက်ခိုက်ကြတာ

ခုတော့ ဒီဘက်ကမကြာခဏကြားနေရတာကလက်ညိုးထိုးစကားတွေ
ထိုးတဲ့သူတွေကြည့်တော့
အတင်းတွန်းတိုက်ပြီး နေရာလု
ထိုင်ခုံမှာ ထိုင်ပြီး နေရာ ယူထားသူတွေ
သံဝေဂ တွေ အတော်ရမိတယ်
အောင်စိတ်မရှိပဲ စစ်မနိူင်ဘူး

မောင်လူအေး
(အကြိုက်ဆုံးpost)


Репост из: မှိုင်းဝေ
ကျောက်တော် သင်္ဘောဖြစ်စဥ် ၁၀ လပြည့်ပြီ

အခွင့်အခါသင့်ချိန်မှာ သွေးကြွေးဆပ်ဖို့ အမြဲတင်နေမှာပါ။

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒီဖြစ်စဥ်ကို မေ့မထားဘူး

မှိုင်းဝေ


Репост из: အောင်နိုင်သူ
#အထိန်းကွပ်မဲ့နေတဲ့ကမ္ဘာကြီးဖြစ်ပြီလား

ဆီးရီးယား မြန်မာ ယူကရိန်း အစ္စရေး
အရေးအခင်းတွေကြည့်ပြီးတော့
ကမ္ဘာကြီး က အန္တရာယ်အကြီးဆုံးအချိန်
ကို ရောက်နေပြီလို့ မြင်မိတယ်။ ဆရာမိုးတင့်
ပြောသလို ကမ္ဘာကြီး က စစ်ဖြစ်ရမယ့်အချိန်
ကို ရောက်နေပြီ တဲ့ ။

ဘာကြောင့် ဒီလောက်တောင် စစ်မက်ထူပြော
ချိန်ရလာရသလဲလို့ ကျွန်တော် ဆန်းစစ်ကြည့်
တဲ့ အခါ ၂ ချက်ကို သတိပြုမိတယ်။

ပထမ အချက်က လူတွေရဲ့ အတ္တလောဘ
အာဏာလောဘကြီးမှုနဲ့ အတူ နိုင်ငံကြီးတွေ ရဲ့
အင်အားချိန်ခွင်ရှာအားပြိုင်မှု ကြောင့်
ဖြစ်ရတယ်လို့ ယူဆတယ်။

ဒုတိယ အချက်က ခေတ်မီ စစ်လက်နက်
နည်းပညာ ပေါက်ကွဲခေတ်ကို ရောက်လာနေ
တာကြောင့် ယူဆမိပါတယ်။

ဒီမှာ ပျောက်ဆုံးနေတဲ့ အချက်တစ်ချက်က
ကိုယ်ချင်းစာ တရား လို့ ခေါ်ရမယ့် စာနာစိတ်ကို
အခြေခံတဲ့ ဥာဏ်ပညာ အမြော်အမြင်နဲ့ ဖြေရှင်း
ဖို့ မေ့နေကြတာပဲ။ ဖြေရှင်းပေးနိုင်လောက်တဲ့
ကမ္ဘာ့ခေါင်းဆောင်တွေ မရှိသလို တစ်ချိန်က
ဩ ဇာ ရှိခဲ့ဖူးတဲ့ UN လို အဖွဲ့အစည်းကြီးက
လည်း ဘာလုပ်ပိုင်ခွင့် အခွင့်အာဏာ မှ ရှိမနေ
တော့ ဘဲ ဘေးရောက်သွားရတာ လည်း ပါပါ
တယ်။

အသိဥာဏ်ပညာ က လူတွေနဲ့ ခေတ်မီစစ်လက်နက်
နည်းပညာ ပေါက်ကွဲမှု ကို အထိန်းအထေ မလုပ်
နိုင်တော့ဘူး။အာဏာလောဘ မီးနဲ့ စစ်လက်နက်
နည်းပညာပေါက်ကွဲမှု က ကမ္ဘာကြီးကို မင်းမူလာ
တာ ဝမ်းနည်းစရာပါ။

တစ်ချိန်က ကမ္ဘာကြီး ကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တွေ ရှိခဲ့ဖူးတယ်။

အခုလည်း ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တစ်ခေတ် ကို ရောက်လာနေပြီ။

ဟိုတုန်းက ခေတ် ပြောင်းလဲမှုမှာ အသိဥာဏ်ပညာ
တနည်းပြောင်ရရင် အိုင်ဒီယိုလော်ဂျီ အားကောင်း
ခဲ့လို့ လူတွေရဲ့ ဒုက္ခကို ကယ်တင်နိုင်ခဲ့တယ်။

အခုခေတ်ပြောင်းလဲမှု က အိုင်ဒီယိုလော်ဂျီ အား
ကောင်းလာတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ
မှု က သာ အားကောင်းလာတာမို့ ကမ္ဘာကြီးမငြိမ်းချမ်း
ရတာလို့ ယူဆမိပါတယ်။လူ့အဖွဲ့အစည်း ရော
လူ့ယဥ်ကျေးမှုတွေ ပါ ပျက်စီးရတော့ မလို ဖြစ်လာ
ရတာဟာ မှန်ကန်တဲ့ အိုင်ဒီယိုလော်ဂျီ ငုတ်လျှိုး
ပျောက်ကွယ်လာလို့ပဲ။

ခေတ်ပြောင်းလဲမှု ကို လေ့လာကြည့်တော့
( ၁ ) ဘီ ၄ ရာစု ၅ ရာစု ၆ ရာစု ကာလတွေကို
အသိဉာဏ် ပေါက်ကွဲခေတ်လို့ ပညာရှင်တွေက
တင်စားကြတယ်။

အဲဒီခေတ် က ဗုဒ္ဓမြတ်စွာဘုရားပွင့်တယ်။
ဂျိမ်းဘာသာဘုရား မဟာဝီရ ၊ ဆိုကရေးတီး
အပါအဝင် ဂရိအတွေးအခေါ်ပညာရှင် အများ
အပြားထွက်ခဲ့သလို တရုတ်မှာ ကွန်ဖြူရှပ်
လောင်ဇူး ဆွန်ဇူ တို့ ဟာ လည်း အဲဒီခေတ်က
တွေးခေါ်ပညာရှင် အဖြစ် ဒီနေ့တိုင်ထင်ရှား
နေကြတယ်။ ဒီမိုကရေစီ ဆိုတာကလည်း
အဲဒီခေတ် က ဂရိက နေ စခဲ့တာ ဒီနေ့တိုင်
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တုန်းပဲ။

အသိဉာဏ်ပညာ အားကောင်းတဲ့ ခေတ်မို့
အဲဒီတုန်းက ကမ္ဘာကြီး က ငြိမ်းချမ်းခဲ့ပါတယ်။

( ၂ ) အေဒီ ၁၄ ရာစု ၁၅ ရီနေဆန်း(Renaissance)
ခေတ် ၊ ဥာဏ်သစ်အရေးတော်ပုံခေတ် လို့
ဆိုကြတယ်။

စာပေညာရှင်တွေနဲ့ ယဥ်ကျေးမှု
အနုပညာရှင်တွေ အများကြီး ထွက်ခဲ့တဲ့ခေတ်။
စာပုံနှိပ်စက်တွေ ပေါ်လာသလို
စာပေပညာရှင် ပီးထရတ်တို့ အီရပ်ဇမပ် တို့
အီတာလျံ ကဗျာဆရာကြီး ဒန်တီ တို့ ရှိတ်စပီးယား
နဲ့ လီယိုနာဒို ဒါဗင်ချီ တို့ ပေါ်ပေါက်ခဲ့သလို
သိပ္ပံပညာ မှာ လည်း ကော့ပါ့နီးကပ် တို့ ဂယ်
လီလီယို တို့ ဟာ တစ်ခေတ်ထူထောင်ခဲ့ကြတယ်။

အသိဥာဏျပညာနဲ့ သိပ်ပ ပညာ က Chance &
balance ဖြစ်လို့ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပါသေးတယ်။

( ၃) ၁၈ ရာစု ၁၉ ရာ စု စက်မှုတော်လှန်ရေးခေတ်။
သိပ္ပံပညာအလွန်အမင်း ထွန်းကားလာပြီး အသိပညာ
မှေးမှိန်လာလို့ နယ်ချဲ့ ကျူးကျော်မှု တွေ ကြောင့်
စက်မက်ထူပြောလာတဲ့ ခေတ်ကို ပြန်ရောက်သွား
တယ်။

( ၄ ) ၂၁ ရာစု ဒီနေ့ခေတ် ကတော့ သတင်းနည်း
ပညာပေါက်ကွဲတဲ့ခေတ် ၊ AI နည်းပညာထွန်းကား
လာတဲ့ခေတ် ၊ ခေတ်မီစစ်လက်နက်နည်းပညာ
ပေါက်ကွဲလာတဲ့ ခေတ်လို့ ဆိုရမှာ ဖြစ်တယ်။

ဒီလို နည်းပညာတွေ အလွန်အမင်း
ကန့်သတ်မဲ့ တိုးတက်လာသလောက် တစ်ဖက်
ကနေ လုံးဝ မှေးမှိန်သွားတာက အသိဥာဏ်ပညာ
ရဲ့ အခန်းကဏ္ဍပဲ။ ဒီလို အသိဥာဏ်ပညာ က
သာ စာနာမှု တရားမျှတမှု လူသန်းဆန်မှုတွေနဲ့
ဖြေရှင်းပေးဖို့ လို အပ်ပါတယ်။သူ ဟာ
နည်းပညာပေါက်ကွဲခေတ် မှာ လူတွေ ရဲ့
လောဘ အတ္တ တွေကို ထိန်းထေ ပေးရန်တာဝန်
ရှိပေမယ့် လုံးဝ မလုပ်နိုင်တော့ တာ တွေ့ရတယ်။

ဒါကြောင့် ကမ္ဘာကြီးဟာ စစ်မက်တွေ ထူပြော
နေရတာပဲ။ မထိန်းပေးနိုင်ရင်တော့ ရှေ့လျှောက်
ပိုဆိုးဖို့ ပဲ ရှိတာမို့ ငြိမ်းချမ်းပါစေ ကမ္ဘာကြီးရေ
လို့ ပဲ ဆုတောင်းပေးရပါတော့မယ်။

အောင်နိုင်သူ


.
လက်နက်ကိုင်သူပုန်တွေ အသွင်ယူပြီး လှုပ်ရှားခဲ့တဲ့ အကြမ်းဖက်သမားတွေဟာ ဆီးရီးယားကို အလုံးစုံသိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

NOM


(ဒီဇင်ဘာ-၈၊ ၂ဝ၂၄)

ဘာသာမဲ့အများစု စကင်ဒီနေးဗီးယန်းတိုင်းပြည် နော်ဝေး ဒိန်းမတ်နိုင်ငံများမှာ သူဆို့ လူဦးရေ အချိုးအစားနဲ့ တွက်ရင်
ရာဇဝတ်မှုကျူးလွန်လို့ ထောင်ကျသူနဲ့ သူခိုးသူဝှက် အလွန်နည်းတယ်၊ မရှိဘူးလို့တောင် ကြွားလို့ရတယ်

ခရစ်ယာန်အများစု အနောက်နိုင်ငံတွေမှာ အကျင့်ပျက်ခြစားမှု့ အလွန်နည်းတယ်

မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်း မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်း
ဟီရီဩတပ္ပ သွန်သင်ချက်ရှိနေတဲ့
မြန်မာ့လူ့အဖွဲ့အစည်းကြီးကျမှ

အပေါ်ဆုံးမှ အောက်ဆုံးအထိ အကျင့်ပျက်ခြစားမှု အမြစ်တွယ်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်

တားဆီးကြဖို့ ထိန်းသိမ်းကြဖို့ ကြိုးစားသူထက် အကျင့်ပျက်ခြစားမှု ရေစီးကြောင်းမှာ မျောပါသူ များနေတယ်

ကျွန်တော်တို့ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာရှင်လည်း မဟုတ်။ လစ်ဘရယ်အလွန်အကျွံလည်း မဟုတ်

ဗုဒ္ဓဘာသာအများစု လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအသီးသီး အကျင့်ပျက်ခြစားမှု အရိုးစွဲနေကြခြင်းပါ။

အကျင့်ပျက်ခြစားမှု ထူပြောလွန်းတဲ့ တိုင်းပြည်တိုင်း တရားဥပဒေစိုးမိုးမှု ရေစုန်မျောတတ်ပါတယ်၊ တစ်ဆက်တည်း လုံခြုံရေးလစ်ဟာပြီး စစ်မက်ဖြစ်ပွားတတ်တယ်၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုတ်ပြန်လေ့ရှိပါတယ်

မိမိနိုင်ငံ မိမိလူ့အဖွဲ့အစည်းကြီးကို အမှန်တကယ်ချစ်မြတ်နိုးသူများ၊ အစိုးရတာဝန်ရှိသူများ၊ ဆရာတော် သံဃာတော်များ၊ ဘာသာရေး၊ ပညာရေး လူမှုရေး အဖွဲ့အစည်းဝင်များ၊ စာပေဂီတအနုပညာရှင်များနဲ့ မျိုးဆက်သစ် လူငယ်မောင်မယ်များ

တိုင်းပြည် ရေတိမ်မနစ်ရအောင် အချိန်မီ ဟောပြောစည်းရုံးသင့်ပါတယ်

#HtayOung #OungMarine


တောင်ကိုရီးယားသမ္မတအပေါ်  ပါလီမန်က စွပ်စွဲပြစ်တင်မှု လုံလောက်မဲမရ၍ အရေးနိမ့်

၇ ဒီဇင်ဘာ ၂၀၂၄

🔳တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးအပေါ် ပါလီမန်က စွပ်စွဲပြစ်တင်ခြင်းအတွက် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သောမဲမရသဖြင့် အရေးနိမ့်သွားပါတယ်။

🔳တောင်ကိုရီးယားသမ္မတ ယွန်ကို ဖြုတ်ချရန်ကြိုးစားမှု ပထမအကြိမ်တွင် မအောင်မြင် ဖြစ်သွားခဲ့တာပါ။

🔳လိုအပ်တဲ့မဲအရေအတွက်ရဖို့ ငါးမဲအလိုနှင့် အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

🔳အတိုက်အခံအမတ် ၁၉၂ ဦးနှင့် ယွန်ရဲ့အာဏာရ ပြည်သူ့အာဏာပါတီမှအမတ်(၃)ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြတာပါ။

🔳“စုစုပေါင်း ၁၉၅ မဲရရှိပြီး အဲဒီအရေအတွက်ဟာ စုစုပေါင်းအမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စအပေါ် မဲပေးဆုံးဖြတ်မှုအထမမြောက်ကြောင်း ကြေညာပါတယ်” လို့ ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ပြောပါတယ်။

🔳အာဏာရပါတီရဲ့ ပါလီမန်ခေါင်းဆောင်က ပြစ်တင်စွပ်စွဲမှု အထမမြောက်ခဲ့ခြင်းကြောင့် သူရာထူးက နှုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာပါတယ်။

🔳အတိုက်အခံပါတီ ခေါင်းဆောင်ကတော့ လက်လျှော့ဦးမှာမဟုတ်ဘဲ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှု အထမြောက်အောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

YMG


Репост из: Pae Toe Media
Lucky Baskhar ဆိုတဲ့ ဇာတ်ကားကြည့်ရင်း ဘာသွားမြင်လဲဆိုတော့ လူလည်တွေရဲ့ ပရဟိတအပေါ် ငွေမဲ ခဝါချတာကိုပါ။

"ဘာစကာ" ဆိုတဲ့ ဘဏ် casher ငမွဲလေးက ဘဝမှာ မထင်မှတ်ထားလောက်တဲ့အထိ ငွေကြေးတွေ ပိုင်ဆိုင်သွားတယ်။
သူပိုင်တဲ့ငွေတွေက တရားဝင်နည်းနဲ့ ရလာခဲ့တာတော့ မဟုတ်ခဲ့ဘူး။
ဒီလိုပါပဲ အပြင်လောကမှာ လူတယောက်ဟာ ငွေ သိန်း သောင်းဂဏန်းအထက် ချမ်းသာလာခဲ့ပြီဆို တလုံးတခဲတည်း ထီပေါက်တာ မဟုတ်ရင် တရားမဝင်လမ်းကြောင်းကသာ ဖြစ်ဖို့များပါတယ်။

"ဘာစကာ"က သူပိုင်ဆိုင်တဲ့ တရားမဝင်ငွေမဲတွေကို တရားဝင်ငွေဖြူဖြစ်စေဖို့ ထီထိုးတယ်၊ အစိုးရဘက်က သတိမထားမိအောင် Digital Money ငွေကြေး စာရင်းတွေကို မသုံးဘဲ ငွေသားသီးသန့်ကိုသာ အရောင်းအဝယ်လုပ်တယ်။

နောက်ဆုံးတော့ သူပိုင်ဆိုင်သမျှကို အကုန်သယ်သွားပြီး အမေရိကန်မှာ အချေချသွားနိုင်ခဲ့တယ်။

ကျနော်တို့နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုစာအတွင်း ပရဟိတဖောင်ဒေးရှင်းအကြီးကြီးတွေပါ ပေါ်လာတယ်။
နောက် အစွယ်အပွားတွေ အဖြစ်နဲ့ ဝန်းရံဖောင်ဒေးရှင်း အသေးလေးတွေကလည်း ဒုနဲ့ဒေး ဖြစ်လာတယ်။

တစ်ဖက်က ကြည့်ရင် လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေ များလာတာ ကောင်းပါတယ်။

ဒါပေမယ့် ဒီဖောင်ဒေးရှင်းဖြစ်တည်လာပုံတွေက အဲ့လောက်ရိုးရှင်းခဲ့သလား...?
ဒီဖောင်ဒေးရှင်းတွေအတွက် ငွေကြေးတွေက ဘယ်ကလာခဲ့သလဲ...?
တခုချင်းစီမှာ ဘယ်လောက်ပမာဏအထိ ပိုင်ဆိုင်နေခဲ့သလဲ...?
ဘယ်လိုအကျိုးပြုတွေလုပ်ငန်းတွေ ချပြနိုင်ခဲ့လဲ....? မေးခွန်းတွေ အများကြီး ရှိလာစေခဲ့တယ်။

တရားဝင်ချပြလို့ မရတဲ့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် ခဝါချရတဲ့အခါ နည်းလမ်းတွေအများကြီးထဲက အလွယ်ဆုံးနည်းတွေဟာတော့ တရားဝင်လောင်းကစားတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ လည်ပတ်စေလိုက်တာပါပဲ။

လူတယောက်မှာ ငွေမဲ သိန်း ၅ သောင်း ပိုင်ဆိုင်ထားရင် သိန်း ၁၀၀၀ ဖိုး အစိုးရထီထိုးလိုက်မယ်။
သိန်း ၁၀၀၀ ဖိုး ထီအစောင်ရေ အများကြီးထဲက အကြောင်းတိုက်ဆိုင်လို့ သိန်း ၅၀၀ ထီ တစောင် ပေါက်ခဲ့မယ်။

အဲ့ဒိသိန်း ၅၀၀ ကို အခြေတည်ပြီး စီးပွားရေးလုပ်လိုက်တာ သိန်း သောင်းချီ ထပ်ပိုင်ဆိုင်လာခဲ့တာပါပေါ့။

ပြီးတော့မှ ထီပေါက်ငွေ သိန်း ၅၀၀ အခြေတည် စီးပွားလုပ်လို့ရလာတာပါဆိုတဲ့ နဂို ငွေမဲ သိန်း ၅ သောင်းထဲက အစိုးရကို ဝင်ငွေခွန် ဆောင်ပေးလိုက်ရင် ပိုင်ဆိုင်သမျှ အကုန် ငွေဖြူတွေ ဖြစ်သွားစေတော့တာပါ။

ဒီလိုနည်းနဲ့ တရားဝင်ဖွင့်ထားတဲ့ ကာစီနိုတွေမှာလည်း သူဌေးကြီးတွေက ငွေမဲတွေကို ခဝါသွားချလေ့ရှိကြတယ်။

နောက်တခုက ပရဟိတ။
ဘယ်က ဘယ်လို ရလာ ရောက်လာမှန်း မသိနိုင်တဲ့(မသိအောင်လုပ်ထားတဲ့) ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်မယ်ဆို ပရဟိဖောင်ဒေးရှင်း (သို့) NGO အဖွဲ့အစည်းတွေကို ဖွဲ့လိုက်ကြတာပါပဲ။

ပြီးတော့မှ လူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ သုံးပါတယ်လို့ သိန်း ၁၀၀၀ လောက် အသုံးပြပြီး သိန်း တစ်သိန်းလောက်ကို ကိုယ့်လူတွေနဲ့ ကိုယ့်အဖွဲ့စည်းတွေကို ခိုင်မာအောင် ခွဲဝေ အသုံးပြုလိုက်ကြတာပါပဲ။

ဒီအတတ်ပညာတွေ ဒီစည်းမျဉ်းဥပဒေသတွေကို INGO အောက်မှာ လုပ်ခဲ့ဖူးသူတွေ၊ Activist တွေ၊ လော်ဘီတွေက ကောင်းကောင်း တတ်မြောက်ကြတယ်။
ပြည်သူလူထု အများစုမှာတော့ တနေ့စာ တနေ့တောင် မနည်းရှာဖွေနေရတော့ ငွေဖြူငွေမဲတွေ ခဝါချတာတွေဟာ ဘာမှန်းတောင် မကြားဖူးကြဘူး။

အဲ့ဒိ မသိနားမလည်မှုအပေါ်ကို အသုံးချရင်း လူထုကို ၁၀၀ ဖိုးလောက် ပေးကမ်းလိုက် ၁ သောင်းဖိုးလောက် ကိုယ်ကျိုးရှာလိုက်နဲ့ ဒီလူတွေကို လူထုခမျာမှာတော့ ကယ်တင်ရှင်သူရဲကောင်းကြီးတွေ အဖြစ် တရားသေစွဲမှတ်သွားကြတယ်။

ဘာဖောင်ဒေးရှင်း ညာဖောင်ဒေးရှင်းဆို သတိသာ ထားရပါလိမ့်မယ်။
အားလုံးက ထောင်မြင်လို့ ရာစွန့်ပေးမယ့် မီးခိုးမထွက်တဲ့ လုပ်ငန်းတွေ။

စီးပွားရေးရုပ်ရှင်ကြည့်ရတာ ကြိုက်ရင် Lucky Baskhar ဆိုတဲ့ အိန္ဒိယဇာတ်ကားလေး ရှာကြည့်စေချင်ပါတယ်။


ဘင်္ဂလားပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြန်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာနက ယနေ့ ဒီဇင်ဘာ (၇)ရက် နေ့လယ်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထို လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာ (၁၁)ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံကမ်းလွန် - အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။


.
နိုင်ငံရေးနည်းနဲ့ လုပ်မှ ရမယ်၊ လက်နက်နဲ့ တိုက်ယူလို့ မရဘူးလို့တော့ ပုံသေကြီးတွက်လို့ မရပြန်ဘူး။

လက်ရှိ ကမ္ဘာမှာ လက်နက်နဲ့တိုက်ယူလို့ ရသွားတဲ့နိုင်ငံတွေ ရှိနေတယ်။ လက်နက်နဲ့ သိမ်းယူလို့ ပေးလိုက်ရတဲ့ မြို့တွေ၊ နယ်မြေတွေ ရှိနေတယ်။

နေရာတကာ ငြိမ်းချမ်းရေးစကား ပြောချင်ရင်တော့ အဆုံးသတ်မှာ ထွက်ပြေးရလိမ့်မယ်။

မောင်ချိန်ခွင်


Репост из: အောင်နိုင်သူ
#ဘယ်လိုလုပ်သင့်သလဲ

စနိုက်ဘာတွေ ထောက်ထားတယ်
စနိုက်ဘာတွေ ထောက်ထားတယ်
ဆိုတဲ့ စကား ကို ဒီကာလ မှာ
ခဏ ခဏ ကြားရတတ် တယ်။
ကျွန်တော် အမြင်ပြောရရင်တော့
စနိုက်ဘာထောက်ထားတယ်ဆိုရင်
ထောက်ထားတဲ့နေရာတွေ ကို ရှင်းဖို့
လိုပြီပေါ့။

ဘယ်လို ရှင်းမလဲ။

လူနဲ့ တက်ရှင်းမလား
လက်နက်ကြီးနဲ့ ရှင်းမလား
ဒရုန်းတွေနဲ့ ရှင်းမလား
လေကြောင်းပစ်ကူနဲ့ ရှင်းမလား

ဒီနည်းလမ်း ၄ ခု ထဲ က
တစ်ခုခုကိုတော့ မြေပြင်ကွန်မန်ဒါတွေ
အနေနဲ့ အမှန်ကန်ဆုံးရွေးချယ်ပြီး
အမြန်ဆုံးလုပ်ရမှာပါ။

အသင့်တော်ဆုံးရွေးချယ်ရမယ့်
နည်းလမ်းကို မြေပြင်ကွန်မန်ဒါ
တွေပဲ သိပါလိမ့်မယ်။

နောက်တစ်ချက် က
မြေအနေအထား။

မောင်တော နခခ၅
ဘယ်လို တောင့်ခံနိုင်သလဲ မေးရင်
တော့ ရန်သူက ကျည်ကွယ် မျက်ကွယ်
ယူပြီး တိုက်လို့မရနိုင်တဲ့ မြေပြန့်လွင်ပြင်
ဖြစ်နေတာတွေ့ ရတယ်။

တနည်းပြောရရင် နခခ၅ ပတ်လည်က
သတ်ကွင်းတွေကို ရန်သူ ဘယ်လို မှ
ကျော်မရဘူးဆိုတာတွေ့ရတယ်။

ဒါ့ကြောင့် ခံစစ်မှာ တောင်ကုန်းတောင်တန်း
တွေထက် စာရင် မြေပြန့်လွင်ပြင် က ပို
ကောင်းနေတာတွေ့ရတယ်။

ဒါဆိုရင် တောင်ကုန်းတောင်တန်းရှိတဲ့
နေရာတွေ ခံစစ်ဘယ်လို တည်ဆောက်
ကွမလဲ။

ရန်သူ့ အတွက် ကျည်ကွယ် မျက်ကွယ်
ဖြစ်နေတဲ့ နေရာတွေ ရန်သူခိုအောင်းနေတဲ့
နေရာတွေကို လေကြောင်း ကနေ ကတုံးတုံး
ပြီး သတ်ကွင်းဖြစ်အောင် လုပ်ပစ်သင့်တယ်။

ဒီလို ကတုံး တုံးတဲ့ နေရာမှာလည်း
အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်း
ကတော့ ကျွန်တော် အမြဲပြောပြောနေတဲ့
လေကြောင်းကနေ လောင်စာဆီတွေ အရင်
ပတ်ဖြန်းပြီးမှ မီးလောင်ဗုံးချပစ်လိုက်မယ်
ဆိုရင်တော့ အသက်သာဆုံးနဲ့ အကောင်းဆုံး
နည်းလမ်းလို့ပဲ မြင်မိပါတော့တယ်။

နပိုလီယန် ကတော့ မြေကို ပိုင်မှ စစ်ကို
နိုင်မယ်လို့ ပြောခဲ့လေတယ်။

ပိုင်တဲ့မြေမျိုးဖြစ်မနေရင် ပိုင်တဲ့ မြေမျိုး
ဖြစ်အောင် လေကြောင်းကနေ ပြုပြင်
ပေးသင့်တယ်။

အောင်နိုင်သူ

Показано 20 последних публикаций.