𝕊𝕙𝕒.....𝕒𝕟𝕕.....𝕒𝕒𝕣 (𝟚𝟘𝟙𝟝)
Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး
အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့
တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။
ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။
မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့
ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။
ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့
အာလီယားလေးကိုမြင်တော့