20 Jan, 16:54
ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ယွန်းဂျင်း (Lim Ji Yeon)ရဲ့ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။The Gloryထဲက ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ယွန်းဂျင်းကို ဂျိုဆွန်းခေတ် အမျိုးသမီး အဖြစ် ကာရိုက်တာ အသစ်တစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပြီး မင်းသားကလည်း Oasis ဇာတ်ကားနဲ့ Best New Actorဆု ဆွတ်ခူးရရှိထားသူမို့ မထွက်ခင်ကတည်းက ရေပန်းစားနေတဲ့ ကားလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအို့ထယ်ယောင်း(Lim Ji Yeon)ဆိုတဲ့ ဂျိုဆွန်းခေတ်က အမျိုးသမီးဟာ ထက်မြက် သွက်လက်ပြီး ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။အမြဲလိုလို ကူညီတတ်တဲ့ အကျင့်စရိုက်ကြောင့် လူချစ်လူခင်လည်း ပေါများသူပါ။ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက် ရှိနေပါတယ်။ အဲဒါကတော့ သူ့ နာမည်၊ ဂုဏ်ပုဒ်နဲ့ ခင်ပွန်းတို့ကအတုအယောင်တွေ ဖြစ်နေတာပါပဲ။အဲဒီလိုနဲ့ တစ်နေ့မှာတော့ ဂျိုဆွန်းတစ်ခွင်ကို နယ်လှည့်ပြီး ပုံပြင် လိုက်ပြောပြတဲ့ ပုံပြင်ဆရာလေး ချွန်းဆွန်းဟွီ(Choo Yeong Woo)နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။လျှို့ဝှက်ချက်တွေ ရှိတဲ့ အမျိုးသမီး အို့ထယ်ယောင်းနဲ့ သူမကို မြင်မြင်ချင်း ချစ်မိသွားတဲ့ ပုံပြင်ဆရာ ချွန်းဆွန်းဟွီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။Crd to CM
19 Jan, 06:07
ဂန်ဂျီယွန်းဟာ Headhunting ကုမ္ပဏီတစ်ခုရဲ့စီအီးအိုဖြစ်ပြီး ကုမ္ပဏီတည်ထောင်ပြီး ၅နှစ်အတွင်းမှာပဲ Headhunting နယ်ပယ်မှာ ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တာကြောင့် အသက်၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူလေးတွေအတွက် စံပြအမျိုးသမီးအဖြစ် ရပ်တည်နေခဲ့ပါတယ်။ သူမရဲ့အလုပ်အကိုင်မှာ အောင်မြင်ပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ ဂန်ဂျီယွန်းဟာ တစ်ဖက်မှာတော့ သူမရဲ့အလုပ်ကလွဲပြီး ဘာကိုမှ မလုပ်ကိုင်တတ်သူတစ်ဦးဖြစ်နေပြန်ပါတယ်။ သူမရဲ့ကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးသူကတော့ သူမရဲ့အတွင်းရေးမှူး ယူအွန်းဟိုပဲဖြစ်ပါတယ်။ ယူအွန်းဟိုဟာ ၆နှစ်အရွယ်သမီးလေးကို တစ်ကိုယ်တည်းပျိုးထောင်နေတဲ့ Single Father ဖြစ်ပြီး ကုမ္ပဏီအလုပ်တင်မကဘဲ အိမ်မှုကိစ္စတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်တဲ့ အားကိုးရတဲ့အတွင်းရေးမှူးပဲဖြစ်ပါတယ်။ မြင်တွေ့နေကျ ရုံးတွင်းရိုမန့်စ်တွေကို ကျော်လွန်ပြီး အချစ်၊အလုပ်နဲ့ ဘဝရဲ့ရှုပ်ထွေးမှုတွေကို ဆန်းသစ်တဲ့ပုံစံနဲ့ ပြသသွားမယ်လို့ဆိုထားတဲ့ ဒီဇာတ်ကားလေးမှာ ဘယ်လိုအမှတ်ရစေမယ့် ဇာတ်ကွက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားသွားမလဲဆိုတာ အတူတူ ကြည့်ကြရအောင်နော်။
18 Jan, 11:35
17 Jan, 17:45
17 Jan, 17:44
16 Jan, 14:58
15 Jan, 16:32
15 Jan, 16:31
14 Jan, 14:20
13 Jan, 15:32
12 Jan, 08:06
11 Jan, 03:30