စိတ်ဓာတ်ကောင်းမွန်မှုနဲ့ စည်းကမ်းလိုက်နာမှုတို့ဟာ ဆက်စပ်နေတာကြောင့် စိတ်ဓာတ်ကောင်းရင် စည်းကမ်းလိုက်နာမှုလည်း အားကောင်းလာမှာဖြစ်ကြောင်း၊ စည်းကမ်းဆိုတာ လူ့ကျင့်ဝတ်တစ်ခုဖြစ်သလို တပ်မတော်ရဲ့ကျောရိုးနဲ့ အသက်ဝိညာဉ်လည်းဖြစ်တာကြောင့် အလေးထားလိုက်နာစောင့်ထိန်းကြဖို့လိုအပ်ကြောင်း၊ စည်းကမ်းအမျိုးမျိုး သတ်မှတ်ထားပေမယ့် အမျိုးအစားခွဲခြားမယ်ဆိုရင် တိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်တဲ့ ဆောင်ရန်စည်းကမ်းနဲ့ ရှောင်ရန်စည်းကမ်းဆိုပြီး နှစ်မျိုးသာရှိတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဆောင်ရန်စည်းကမ်းဆိုတာက မပျက်မကွက်လိုက်နာရမယ့်အချက်တွေဖြစ်ပြီး ရှောင်ရန်စည်းကမ်းကတော့ လုံးဝမပြုလုပ်ရန် တားမြစ်ထားတဲ့ အချက်တွေဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။