ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
( ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် )
ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျား
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်တွင် ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ဤသမိုင်းဝင် နေ့ထူးနေ့မြတ်သည် ကိုလိုနီနယ်ချဲ့တို့၏ကျူးကျော် အုပ်စိုးမှုကို သက်ဆိုးရှည်စေမည့် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သောနေ့၊ မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်နှင့်ဇာတိမာန် ရှင်သန်တက်ကြွလာစေရန် သန္ဓေတည်ပေးခဲ့သောနေ့တို့ဖြစ်ခြင်းကြောင့် မြန်မာပြည်သူပြည်သားအားလုံး မမေ့အပ်သည့်နေ့ ဖြစ်ပါသည်။
ကိုလိုနီနယ်ချဲ့တို့သည် ၎င်းတို့၏အကျိုးစီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများကို ထုတ်ယူသုံးစွဲပြီး မတရားဖိနှိပ်အုပ်ချုပ်ခဲ့ကြသည့်အပြင် မြန်မာတိုင်းရင်းသားများ အဆင့်မြင့်ပညာ မသင်ကြားနိုင်အောင်၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းမလိုက်နိုင်အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြန်မာတိုင်းရင်းသားပြည်သူများက မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ခွင့်ရရှိရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသဖြင့် ကိုလိုနီနယ်ချဲ့တို့က ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်။
ဤအက်ဥပဒေသည် မြန်မာလူငယ်များ တက္ကသိုလ်ပညာဆက်လက်သင်ယူခွင့်မရနိုင်အောင် အမျိုးမျိုး ကန့်သတ်ချုပ်ချယ်ထားသည့်အတွက် မျိုးချစ်စိတ်ပြင်းထန်သည့် ကိုဘရှင်၊ ကိုဖိုးကွန်း၊ ကိုဖေသိန်းတို့ ပါဝင်သည့် ကျောင်းသားကြီး(၁၁)ဦးက ဦးဆောင်ကာ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသည်။ ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည့် အချိန်မှစ၍ တိုင်းတစ်ပါးသား လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာတစ်မျိုးသားလုံးကို ဝံသာနုရက္ခိတ စိတ်ဓာတ်နိုးကြားတက်ကြွလာအောင် လှုံ့ဆော်နှိုးဆွပေးခဲ့သည်။ နိုင်ငံနှင့်ပြည်သူလူထုအား သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်များ ပေါက်ဖွားရင့်ကျက်လာအောင်လည်း ဖန်တီးလှုံ့ဆော်ပေးခဲ့သည်။
မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုသည် စွမ်းအားဖြစ်ကြောင်း သက်သေပြကမ္ပည်း စိုက်ထူနိုင်ခဲ့သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်မပျက်သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၀၄) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ခင်ဗျား
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ယုံကြည်မှုအပေါ် အခြေခံသောဆက်ဆံရေးသည် စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံး၌ ပိုမိုသဟဇာတရှိသော အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည် ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကိုသာ ပေါ်ပေါက်စေမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အန္တရာယ်ဖြစ်စေမည်ကို သတိထားကြရန် လိုအပ်မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်း