Togo 2019
အလက်စကာခွေးချစ်တတ်သူများအတွက်ဒီကားလေးဟာဆိုရင်တော့ ၁၉၂၅ ခုနှစ်ကအဖြစ်အပျက်ကို ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။
သင်ဟာ ခွေးလေးတွေကိုချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ဒီဇာတ်ကားဟာ လက်လွတ်မခံဘဲကြည့်သင့်တဲ့အထဲ ပါပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ အလက်စကာပြည်နယ်မှာရှိတဲ့ နှုံးမြို့လေးမှာ ဆုံဆို့နာရောဂါဖြစ်နေတော့ ကလေးတွေအများဆုံး ကူးစက်ခံနေရပါတယ်။ ဆုံဆို့နာရောဂါအတွက် ဆေးကိုတော့ နှုံးမြို့ကနေ မိုင် ၆၀၀ ကျော်ဝေးတဲ့ နီနာနာဆိုတဲ့မြို့မှာ ဖော်ပြီးသွားပြီဖြစ်ပါတယ်။
ပြဿနာကတော့ မုန်တိုင်းကြီးကြီးမားမားတစ်ခုဖြစ်လာတာပါပဲ။ ၁၉၂၅ ဝန်းကျင်ဆိုတော့ အမိုးပွင့်လေယာဉ်တွေပဲရှိနေသေးတော့ လေကြောင်းကပို့ဖို့အတွက်က ရွေးချယ်မှုတစ်ခုမဟုတ်နိုင်ခဲ့ပါဘူး။
အဲ့အတွက် တစ်ခုတည်းသောရွေးချယ်စရာကတော့ စွတ်ဖားမောင်းတဲ့ခွေးတွေနဲ့ အချိန်မီသွားဖို့ပါပဲ။
ခွေးစွတ်ဖားမောင်းတဲ့အတော်ဆုံးသူဖြစ်တဲ့ လီယိုနာ့နဲ့ သူ့ခေါင်းဆောင်ခွေး ထိုဂိုဟာ ဒီရဲ့ခရီးကြမ်းကိုနှင်ရင်း သမိုင်းမှာနာမည်တွင်သွားဖို့အတွက် ဖြစ်လာပါတော့တယ်။