Репост из: We Check Community
အွန်လိုင်းအမေးအဖြေ (၂)
မိုဘိုင်း အင်တာနက် ရံဖန်ရံခါ ရရှိနေခြင်း (April 2 ရက်နေ့က We Check တွင်တင်ခဲ့ပြီး)
----------------------------------------------------
မေး: တစ်ခါတလေ mobile internet တွေ VPN အချို့နဲ့ ခဏတဖြုတ် ရတာရှိတယ်။ ဘာကြောင့်လဲ။ Internet Service Provider (ISP) တွေက လုပ်ပေးထားတာလား။
ဖြေ: မိုဘိုင်းအင်တာနက်တွေ ဘာကြောင့် တခါတလေ ရလဲဆိုတဲ့ မေးခွန်းမှာ ပြောစရာနဲနဲ ရှိပါတယ်။ ဒါတွေက ISP တွေ လည်ရင် လည်သလို လုပ်ပေးနိုင်ပါတယ်။ ဘာတွေလုပ်ပေးနိုင်လဲဆိုရင် Bridge Connection တည်ဆောက်တာတွေပါဝင်မယ်။ LTE, EDGE, HSPA ဆိုတဲ့ နည်းပညာတွေလည်းရှိသေးတော့ ထို နည်းပညာတွေထဲက တခုခုကို တစ်ဖက်လှည့်နဲ့ ဖွင့်ပေးထားလို့ရပါတယ်။
အခုက မလုပ်ပေးထားဘူးလေ။
ကျွန်တော်တို့ တစ်ခါတစ်လေ ရတယ်ဆိုတာက အင်တာနက်လိုင်းတွေသည် Completely Shut Down လုပ်ထားတာ မဟုတ်ဘူးဆိုတာသိထားရမယ်။ ကျွန်တော်တို့ကို Upload Speed နဲ့ Download Speed တွေသာ သုညကပ်တဲ့အထိ လျှော့ချထားတာ ဖြစ်တယ်။ ဒါကြောင့် တစ်ချို့ VPN တွေမှာ connected ဖြစ်တာကြုံရမယ်။ တစ်ချို့ speed အနည်းငယ်သာရပြီး ချိတ်ဆက်သွားသော်လည်း အဲဒီ VPN က လိုင်းကို ဆွဲမြှင့်ပေးတဲ့ VPN ဖြစ်လာခဲ့မယ်ဆိုရင် အင်တာနက်က ရရှိမှာဖြစ်ပါတယ်။ တစ်ချို့သော VPN တွေက ဒါကို free internet လို့ခေါ်ကြပါတယ်။ ဒါပေမယ့်လို့ ရရှိဖို့ ခက်ခဲပါတယ်။ ငွေကြေးနဲ့ဝယ်ယူ သုံးစွဲရမှာပါ။ ကိုယ်ပိုင် VPN Tunnel ရှိရင်တော့ တစ်မျိုးသတ်မှတ်နိုင်ပါတယ်။
Server နဲ့ Hand Shake ဖြစ်ပြီး Connection Establish မပြုတ်မခြင်း အင်တာနက် ရရှိနေမှာပါ။ မိမိဘက်က upload download speed ကျသွားလဲ ဟိုဘက်က ထောက်ပံ့ပေးနိုင်ရင် ရရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအဖြေက စိတ်ကူးသက်သက်လည်း ဖြစ်နိုင်သလို သီအိုရီတစ်ခုသာ ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံက completely shut down မဟုတ်သေးတာ သတိပြုရပါမယ်။ ဒီအဖြေကလည်း အငြင်းပွားနိုင်တဲ့အဖြေဖြစ်ပါတယ်။ ကြိုးစားကြည့်ရင်ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ connection တွေက မိပြီးသားပါ။ connection မိရင် ကြိုက်တာလုပ်လို့ရပါတယ်။ ကြိုးစားမှုနဲ့နည်းပညာ နားလည်မှု အများကြီးလိုအပ်ပါတယ်။ ကျွန်တော်လည်း မလုပ်နိုင်ပါဘူး။
(အထက်ပါ အကြောင်းအရာ မေးခွန်းအား We Check Community မှ မေးမြန်းထားပြီး IT နည်းပညာနယ်ပယ်မှ လေ့လာသူတစ်ဦးက ပြန်လည်ဖြေကြားထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒီ အမေးအဖြေနှင့် ပက်သက်ပြီး ဆွေးနွေးလိုသည်များရှိပါက သည်းခံပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်။)
We Check
We Check Community