Репост из: နရီမိုး
တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ အကျအဆုံးတွေ ရှိတတ်တာ သဘာဝပါပဲ။ တဖက်ဖက်က အရှုံးပေးပါပြီလို့ မပြောသရွေ့တော့ စစ်ပွဲဆိုတာ ဆက်ရှိနေမှာပဲ မဟုတ်လား။ တကယ်တော့ တိုင်းစစ်ဌာနချုပ်အဆင့်ကျပြီ ဆိုကတည်းက အကောင်းဖက်က ရှုမြင်ဖို့ အတော်လေး ခက်ပါတယ်။ ဒါကပဲ ကိုယ်တွေပြောပြောနေတဲ့ စစ်ပွဲ တွေပဲ မဟုတ်လား။
တပ်မတော်အနေနဲ့ကြည့်ရင်တော့ တိုင်းစစ်ဌာနချုပ် တခုကျတိုင်း အရည်အသွေးကို မေးခွန်းထုတ်တာ ခံရမှာပါပဲ။ ဒါက Trust နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်မယ်ဆိုတဲ့ အနာဂတ်ပလန်တွေလည်း လူကြီး တွေဆီ ရှိကောင်း ရှိမှာပါ။ ဒါပေမယ့် အရေးကြီးတာ တခုကတော့ တိုက်နေတဲ့ စစ်သည်တွေရဲ့ ယုံကြည်မှုကိုပါ မတိုက်စားခံရဖို့ အရေးကြီးပါတယ်။
ဆိုလိုတာက ....လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ဘယ်လို ချေမှုန်းမယ် ၊ ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွစေမယ့် မိန့်ခွန်းတွေ ၊ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို ငံ့လင့်နေကြချိန်မှာ အနာနဲ့ဆေး မတည့်မှာမျိုး စိုးရိမ်ပါတယ်။ သဇင်ဦး ရေးသလို စစ်ရှောင်ရခိုင် မိသားစုက ပြည်မထဲ ခိုဝင်လာချိန် ကျန်ခဲ့တဲ့အမျိုးသားမှန်သမျှက AA ထဲမှာ ဆိုတဲ့ အခင်းအကျင်းကို လက်ရှိတပ်မတော် ရင်ဆိုင်နေရတာပါ။ လူသားချင်း စာနာထောက်ထားမှုတွေနဲ့ ရခိုင်လူမျိုးတွေကို စောက်ရှောက်ရတာက တပိုင်းသပ်သပ်၊ ကိုယ့်စစ်သည်တွေကို ဒူးထောက်ပြီး ကမ္ဘာသိ အရှက်ခွဲခံရတာက တပိုင်းသပ်သပ်ပါ။
နောက်ဆုံးအချိန်ထိ ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တွေရဲ့ သွေးကြွေး၊ ချွေးကြွေးတွေ အဟောသိကံ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ စကားကုန် ဆိုရရင်...ဗမာချင်း အညှာဒေသက အလောင်း လက်နက်ရတာ ကြည့်ရတာထက် ၊ ဇောင်းကြွနေတဲ့ EAO အကြမ်းဖက်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပဲ စောင့်မျှော်ကြည့်ချင်ပါတယ်။
(နရီမိုး)