Dec -23ဂန့်ဂေါ်ရွာအနီး ချဉ်းကပ်လာတဲ့ TNLA သူပုန်ကို ချေမှုန်းရှင်းလင်းခြင်းဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းအချိန်က ဂန့်ဂေါ်-ယင်းကူပင်-ညောင်ဘော လမ်းဆုံတွင် အကြမ်းဖက် TNLA ၁၀ ဦး ခန့် ရောက်နေကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိခဲ့။
-
ထို့နောက် Surveillance Drone ဖြင့် ထောက်လှမ်းကြည့်ရှုရာ ၎င်းလမ်းဆုံနေရာတွင် အကြမ်းဖက် ၁၅ ဦးရှိနေ ကြောင်း တွေ့ရှိရပြီး Drop Bomb ချ တိုက်ခိုက်ခဲ့၍ အကြမ်းဖက် ၁ ဦး သေဆုံး အလောင်းထမ်းကာ တောအုပ် အတွင်း ဝင်ပြေးသွားခဲ့။
-
ရန်သူများ ဝင်ရောက်သွားတဲ့ တောအုပ်အား Drone ဖြင့် ထပ်မံတိုက်ခိုက်ရာ အကြမ်းဖက်သမား ၁ ဦး ဒဏ်ရာရရှိပြီး လူနာနှင့် အလောင်းများ သယ်ဆောင်၍ ဂေါ်ရခါးဘုရားကျောင်းအတွင်း ဝင်ရောက်သွားခဲ့။
-
အဆိုပါနေရာအား ထပ်မံတိုက်ခိုက်ခဲ့ရာ မြောက်ဘက်ရှိ ဇီးဖြူပင်လမ်းဆုံနေရာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူအား မောင်းထုတ် ချေမှုန်းရှင်းလင်းနိုင်ခဲ့။
-
ဒေသခံများ၏ သတင်းနှင့် Surveillance Drone ၏ ထောက်လှမ်းမှုများအရ အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက် TNLA ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကာ ထိုအဖွဲ့သည် ငစိုင်းခေါင်းဆောင်တဲ့ အကြမ်းဖက် TNLA အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲသတင်းစုံ