[Zawgyi]
(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနေစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းအား ခေတ္တပိတ်ထားမည်
---------------------------------
(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်း၊ ဇန်နဝါရီလ(၄)ရက်နေ့၊ ညနေ(၄)နာရီ (၂၀)မိနစ်အချိန်တွင် အလံတင်အခမ်းအနားနှင့် (၇)နာရီအချိန်တွင် နိုင်ငံတော်အလံအလေးပြုပွဲနှင့် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအား ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ် ။
သို့ဖြစ်၍ အခမ်းအနားကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သည့်အတွက် ပြည်လမ်းအတိုင်း မြောက်မှတောင်သို မောင်းနှင်လာသောယာဉ်များသည် မြေနီကုန်းတံတားအောက်မီးပွိင့်တွင် ညာဘက်သိုချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို မောင်းနှင်လာသောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသိုချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသိုလည်းကောင်း ဆက်လက်မောင်းနှင်ကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲမှ အသိပေးနှိုးဆော်ထားပါတယ် ။
#News
#DrSP