နိုင်ငံတကာ သတင်းများ
===================
၁။ ပိုလန်မှ ယူကရိန်းသို့ ဂျာမနီထုတ် Leopard 2 တင့်ကားစုစုပေါင်း ၁၄ စီး စေလွှတ်မည်ဟု ကတိပြုထားကာ လက်ရှိတွင် တင့်ကား ၄ စီးစေလွှတ်ထားရှိပြီး နောက်ထပ် တင့်ကား ၁၀ စီးအား ယခုသီတင်းပတ်အတွင်း ပေးပို့သွားမည်ဟု မတ်လ ၇ ရက်နေ့၌ ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန တွင် ဖော်ပြ
၂။ ရေလက်ကြားကို လှေများဖြင့် ဖြတ်ကူးနေမှုများအား ရပ်တန့်ရန် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတားဆီးရေး ဥပဒေသစ်တစ်ရပ်အား မတ်လ ၇ ရက်နေ့တွင် ပြုလုပ်သည့် ဗြိတိန်ပါလီမန်၌ ပြည်ထဲရေးဝန်ကြီး Suella Braverman က ကြေညာခဲ့ ကြောင်း CGTN သတင်းဌာနတွင် ဖော်ပြ
၃။ ယူကရိန်း၏ စွမ်းအင်ကဏ္ဍရပ်နှင့် ရာသီဥတုပြောင်းလဲမှုကဏ္ဍရပ် အစရှိ သည့် နယ်ပယ်များအတွင်း ပံ့ပိုးကူညီရာတွင် အတ္တလန္တိတ်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen သည် မတ်လ ၇ ရက်နေ့၌ ကနေဒါသို့ ရောက်ရှိလာခဲ့သည်ဟု CGTN သတင်းဌာနတွင် ဖော်ပြ
၄။ မတ်လ ၇ ရက်နေ့တွင် အီတလီမြို့တော် ရောမမြို့အနီး အီတလီလေတပ်မှ လေ့ကျင့်ရေးလေယာဉ် ၂ စင်း တိုက်မိခဲ့ရာ လေယာဉ်မှူး ၂ ဦးလုံး သေဆုံးခဲ့သည်ဟု ANSA သတင်းအေဂျင်စီက တင်ပြခဲ့ကြောင်း CGTN သတင်းဌာနတွင် ဖော်ပြ
၅။ မတ်လ ၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ တပ်ဖွဲ့ဝင်များသည် မြောက်ကိုရီးယားနယ်စပ်အနီး၌ အမြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ရပ် သည် ရန်စသောလုပ်ရပ်ဖြစ်သည်ဟု မြောက်ကိုရီးယားဘက်မှ ပြစ်တင်ရှုတ်ချခဲ့ကြောင်း TASS သတင်းဌာနတွင် ဖော်ပြ
၆။ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မြောက်ကိုရီးယား၏ မောင်းသူမဲ့လေယာဉ်များ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် တောင်ကိုရီးယား၏ မောင်းသူမဲ့လေယာဉ်များကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှု အား ဇူလိုင်လအစောပိုင်းတွင် စတင်ရန် စီစဉ်ထားသည်ဟု မတ်လ ၈ ရက်နေ့၌ တောင်ကိုရီးယားမှတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာနတွင် ဖော်ပြ
၇။ ဆိုမာလီယာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေကာ အကူ အညီလိုအပ်နေသူများထံသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် ခက်ခဲနေသည် ဟု အကူအညီပေးရေးအေဂျင်စီများက ပြောကြားခဲ့ကြောင်း မတ်လ ၈ ရက်နေ့၌ CGTN သတင်းဌာနတွင် ဖော်ပြ
၈။ ဂျော်ဂျီယာနိုင်ငံ၏ နိုင်ငံခြားအေးဂျင့်ဥပဒေမူကြမ်းသည် အီးယူ၏ မျှော်မှန်း ချက်နှင့် ဆန့်ကျင်ဘက်နေဖြစ်ပြီး အဆိုပါဥပဒေအား လက်ခံကျင့်သုံးခြင်းသည် ဂျော်ဂျီ ယာနှင့် အီးယူနိုင်ငံသားများအတွက် အဆင်ပြေလိမ့်မည်မဟုတ်ဟု အီးယူနိုင်ငံခြားရေး နှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell က ပြောကြားခဲ့ ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြ
၉။ တိုက်ပွဲအခြေအနေများတွင် အသက်ကယ်ဆယ်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ယူကရိန်းတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးရန် ကနေဒါ ဆေးဘက်ဆိုင်ရာ သင်တန်းဆရာများအား ပိုလန်သို့ စေလွှတ်ထားသည်ဟု မတ်လ ၇ ရက်နေ့၌ ကနေဒါဝန်ကြီးချုပ် Justin Trudeau နှင့် ကာကွယ်ရေးဝန်ကြီး Anita Anand က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြ
၁၀။ စက်တင်ဘာလအတွင်း ကျင်းပရန်စီစဉ်ထားသည့် ဆလိုဗက်ကီးယား ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီလပိုင်းအလို မတ်လ ၆ ရက်နေ့ညပိုင်းက ယာယီ ဝန်ကြီးချုပ် Eduard Heger သည် ၎င်း၏ OLaNO ပါတီမှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်ဟု CGTN သတင်းဌာနတွင် ဖော်ပြထား
၁၁။ မတ်လ ၇ ရက်နေ့က အနောက်ဘက်ကမ်း(West Bank) ရှိ Jenin ဒုက္ခသည်စခန်းတွင် ပြုလုပ်သည့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးတစ်ခုအတွင်း ပါလက်စတိုင်း ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း CGTN သတင်းဌာနတွင် ဖော်ပြထား
၁၂။ ပြီးခဲ့သည့်နှစ်က ပေါက်ကွဲပျက်စီးခဲ့သော Nord Stream နှင့် Nord Stream 2 ပိုက်လိုင်းများအား ဗုံးခွဲတိုက်ခိုက်မှုတွင် ယူကရိန်းနိုင်ငံအနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ယူကရိန်းနိုင်ငံရေးသမား Mikhail Podolyak က ငြင်းဆိုခဲ့ကြောင်း TASS သတင်းဌာနတွင် ဖော်ပြထား
၁၃။ ဘီလာရုဇ် Buk-MB2 လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် တီထွင် ထားသည့် ပြည်တွင်း 9M318 မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ပဏာမစမ်းသပ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု မတ်လ ၇ ရက်နေ့၌ စစ်ဘက်-စက်မှုလုပ်ငန်း ကော်မတီက ကြေညာခဲ့ကြောင်း TASS သတင်းဌာနတွင် ဖော်ပြထား
၁၄။ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သည် လာမည့်လအတွင်း အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်သည် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်နှစ်နိုင်ငံအတွက် သမိုင်းဝင်အချိုးအကွေ့တစ်ခု ဖြစ်လာလိမ့် မည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ခဲ့ကြောင်း Yonhap သတင်းဌာနတွင် ဖော်ပြထား
#ကိုငြိမ်းမောင်
https://t.me/konyeinmg969